Likes
Showing posts with label Mobile Knowledge. Show all posts
Showing posts with label Mobile Knowledge. Show all posts
7/02/2014
LG မှာ ပါလာတဲ့ knock code ကို အခြား ဖုန်းတွမှာ သုံးရအောင်
အရင်ဆုံးလိုအပ်တာလေးကို ဒေါင်းလုပ်ပါ
                                        Download
ဒေါင်းပြီးရင် install လုပ်ပါ
ကယ်အောက်မှာ ပုံလေးတွေနဲ တစ်ဆင့်ဆီ ပြထားပါတယ်
မလုပ်ခင် သင့်ဖုန်းကို Patten Lock ချထားပါ
ကယ် အဆင်ပြေပါပြီ ကျွန်တော် စမ်းသပ်လို့ရတဲ့ Model က i9505 ပါ
Android  4.2.2  အထက် အသုံးပြုလို့ရတယ်လို့ရေးထားပါတယ် 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်
5/22/2014
Windows တွင် adb ကို သုံးခြင်း
Windows တွင် adb ကို သုံးခြင်း
ဒီအကြောင်းမှာ သိပြီးသားသူတွေ အတွက်ကတော့
အလွယ်လေးပါ
မသိသေးသူများအတွက်သာ ရည်ရွယ်ပါသည်
သိပြီးသားသူများကလဲ
လိုအပ်သည်များ ဖြည့်စွက် ပြောပြအကြံပေးခဲ့နိုင်ပါသည်
(ဘာလို့ adb ကို ထည့်ရတာလဲ
ဖုန်းကို ကွန်ပြူတာကနေ ကလိချင်ကြလို့
ဒါကအလွယ်ဖြေတာ
ပါဠိသံ နှောပြီးဖြေရရင်တော့ဖြင့်
Android Debug Bridge (ADB) အကြောင်းကို
အနုလုံပဋိလုံ သုံးသပ်ချင်ကြလို့
ဘာလို့သုံးသပ်ချင်ကြတာလဲဆို
အားနေလို့
ဟီးးးးး
မဟုတ်ပါဘူး
လေ့လာချင်ကြလို့ပါဗျာ
တော်ကြာ Developer တွေ ကျနော့ကို လေးခွနဲ့ပစ်ကြလိမ့်မယ်
)
adb.exe
AdbWinApi.dll
AdbWinUsbApi.dll
အထက်ပါ သုံး Files လိုပါတယ်
ဒေါင်းလုဒ်လင့်က အောက်ပါ Post မှာ ရှိပါတယ်
https://www.facebook.com/photo.php?fbid=10203883222866187&set=a.2473822610134.141469.1389506898
adb အတွက်ဆို လိုတာက အပေါ်က သုံးဖိုင်ပဲနော်
အလွယ်ဆုံးနည်းကတော့ အဲ့သုံးဖိုင်ကို
C:\Windows\System32
ထဲ ပစ်ထည့်လိုက်ခြင်းပါ
ဒါဆို ကြိုက်တဲ့နေရာကနေ
adb.exe ဆိုတာကို ခေါ်သုံးလို့ရပါပြီ
adb ကို ဘယ်လိုခေါ်သုံးမလဲဆိုရင်
cmd ကိုဝင်ပြီး adb လို့ရိုက်ကြည့်လိုက်ပါ
cmd ကို ဘယ်လိုဝင်ရသလဲဆို
Run Box ထဲမှာ cmd ဟု ရိုက်ခြင်းဖြင့်ဝင်နိုင်ပါတယ်
Run Box ကို ဘယ်လို ရှာမလဲဆို
Windows Key + R ကို တွဲနှိပ်ခြင်းဖြင့်
Run Box ကို ခေါ်နိုင်သည်
Windows Key ဆိုတာ သင့်ကီးဘုတ်ပေါ်မှ တံခါးလေးပေါက်
အတွန့်လေးပုံဖြစ်ပါတယ်
*********************************
အထက်ပါနည်းအတိုင်း System32
ထဲ ပစ်ထည့်လိုက်ခြင်း ကို မလုပ်လိုဘဲ
ဆရာကြီး စတိုင် ဖြင့်သော်လည်းကောင်း
သိချင်သောကြောင့်သော်လည်းကောင်း
ကလိချင်သောကြောင့်သော်လည်းကောင်း
တစ်ခြားရှုပ်ရှုပ်ရှက်ရှက် နည်း တစ်ခု ကို
လုပ်ကြည့်လို့ရပါသေးတယ်
ဘဒွတ်ရွှတ်ဒတ် လေသံဖြင့်ပြောရမည်ဆိုလျှင်
Environment Variables မှ
System Variables တွင်
တွင် ထည့်ပေါင်းခြင်းဖြစ်သည်
အခုပြောမည့်နည်းကို အတိုခြုံးသာ ပြောပါမည်
adb.exe
AdbWinApi.dll
AdbWinUsbApi.dll
ဒေါင်းလုဒ်ဆွဲဖြင်းဖြင့် ရလာသော
Folder ကို ကွန်ပြူတာထဲတွင် သိမ်းထားပါ
အဲ့ဒီ တည်နေရာက
D:\Android\Android SDK platform-tools
ထဲမှာ ရှိတယ်ဆိုပါဆို့
အဲ့ဒီ Path ကို copy မှတ်ထားပါ
Run Box တွင်
SystemPropertiesAdvanced လို့ရိုက်ထည့်ပါ
Environment Variables ကို နှိပ်ပါ
အပေါ် User Variables အကွက် နှင့်
အောက် System Variables အကွက် နှစ်ခုတွေ့မည်
အောက် System Variables အကွက် မှ
Path ကို Double Click နှိပ်
Variable Value ဆိုသည့်အကွက် နောက်ဆုံးတွင်
Cursor ချ
Semi-colon လေးရေး Semi-colon ဆိုတာ <;> ဒီလိုပုံပါ
မျက်စေ့တစ်ဖက်မှိတ်ပြတာ
ပြီးရင် အပေါ်က မှတ်ထားတဲ့
D:\Android\Android SDK platform-tools\ ဆိုတာကို Paste လုပ်လိုက်
ပြီးရင် အိုကေပေးပြီး တစ်ဆင့်ခြင်းထွက်လိုက်
ရင် အောင်မြင်စွာ ထည့်သွင်းပြီးသွားပါပြီ
D:\Android\Android SDK platform-tools\ ဆိုတာကိုတော့
သွားမဖျက်နဲ့ပေါ့ဗျာ
**********************************
ရှုပ်သွားတယ်လား
ကိစ္စမရှိပါဘူး
အပေါ်က အလွယ်နည်းအတိုင်းလုပ်လဲ ရပါတယ်ဗျာ
Screen Shot တွေတော့ မရိုက်ခဲ့လိုက်တော့ဘူး
တက်သုတ်ရိုက်ပြီးရေးလိုက်ရတယ်ဆိုတော့
မရှင်းတာ လေးတွေ ရှိရင်လဲ
မေးပေါ့ဗျာ
Credit : Thuya Htet Naung
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်
5/16/2014
Mobile Network အကြောင်း
Mobile Network အကြောင်း
**********************
ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်းပါ။ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။
GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။
3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်
HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။
HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။
4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။
credit - ဖုန်းချစ်သူများ
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်
Root ဆိုတာ ဘာလဲ
Root လုပ်ထားပါက မမြင်တွေ့နိုင်တဲ့ System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင် ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။ Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။
Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။
ဒါပေမယ့် Root ပြုလုပ်ခြင်းကို တားမြစ်တာဟာ မလုပ်သင့်တဲ့အရာပါ။ သာမန်ပညာတတ် တစ်ယောက် အနေနဲ့တော့ ကိုယ့်ရဲ့ ဖုန်းစနစ်ကို ပျက်ဆီးသွားစေမယ့် လုပ်ရပ်မျိုးကို
အလွယ်တကူ ပြုလုပ်ကြမှာမဟုတ်ပါဘူး။ နောက်ပြီးကိုယ်ကြုံတွေ့ နေရတဲ့ အသေးအဖွဲ Software ပြဿနာလောက်ကိုတော့ Service Center ထိ အချိန်ပေးပြီးသွားရမယ်ဆိုတာက သိပ်ပြီး ကျေနပ်စရာမကောင်းလှပါဘူး။
တစ်ကယ်တော့ Android မှာ Root လုပ်ခြင်းဟာ ကွန်ပြူတာမှာဆိုရင် Administrator User နဲ့ Guest User နီးပါးလောက် ကွာခြားပါတယ်။ ဒါမှမဟုတ် Hidden Files တွေကို
မြင်ရခြင်းနဲ့ မမြင်ရခြင်း ကွာသလိုမျိုးပါပဲ။ ဒီ Android ကို ဖုန်းထုတ်လုပ်သူတွေ မပိုင်ပါဘူး။ ဖုန်းထုပ်လုပ်သူတွေဟာလည်း Android ကို Google ကနေ အခမဲ့ ရယူထားတာဖြစ်လို့ Android ကို သူတို့လည်း မပိုင်ဆိုင်ပါဘူး။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေ ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း Developer ရပိုင်ခွင့်နဲ့ တောင်းဆိုတော့မှာ ဖုန်းရဲ့ OEM ကို Unlock လုပ်ဖို့အတွက် မပေးချင် ပေးချင်နဲ့ ပေးရပါတော့တယ်။ Bootloader ကို ပိတ်ပင်ထားတာဟာလည်း ဥပဒေအရ မညီညွတ်ပါဘူး။ Bootloader ဆိုတာ နားလည်လွယ်အောင် ပြောရရင် Android ကိုစတင် မောင်းနှင်မည့် စနစ်ပါပဲ။
Boodloader ကို Lock ချထားတဲ့အတွက် ဖုန်းဝယ်ယူစဉ်ကပါတဲ့ Android (Stock ROM) ကိုပဲ သုံးလို့ရပြီး ကျွန်တော်တို့ စိတ်ကြိုက် Android စနစ် (Custom ROM) တွေကို ထည့်လို့မရတော့ပါဘူး။ နည်းနည်းရှုပ်သွားပြီးလား... Laptop တစ်လုံးနဲ့ယှဉ်ပြီး ဥပမာပေးရအောင်...။ တစ်ကယ်လို့ ကျွန်တော်တို့က Windows 7 ပါတဲ့ ASUS Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုပါစို့။ အဲဒီ့ Laptop ထဲကို Windows 8 ထည့်ချင်လည်း ထည့်လို့ရတယ်၊ တစ်ခြား Ubuntu တို့လို OS တွေလည်း ထည့်ချင်ထည့်လို့ရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးထားတာ Laptop (Hardware) အတွက်ပါပဲ။ ဝယ်တုန်းက Windows 7 ကို ဖြုတ်ပြီး တစ်ခြား OS ထည့်လိုက်လို့ Warranty ပျက်သွားပြီလို့ မရှိပါဘူး။ ဒါဆို သဘောပေါက်မှာပါ။ ကျွန်တော်တို့ ဖုန်းဝယ်ထားတာလည်း Hardware ကိုပါပဲ။ ဒါကြောင့် OS ဖြစ်တဲ့ Android ကို ကျွန်တော်တို့ ကြိုက်တာ ထည့်ခွင့်ရှိရမှာပေါ့။ အဲဒါအပြင် ဖုန်းထဲမှာပါတဲ့ Android ကိုတောင်မှ ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာမှ မဟုတ်တာ။ ဒါဆိုရင် Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာ မဟုတ်လား လို့ မေးလို့ရပါတယ်။ Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာဆိုပေမယ့် အဲဒါအတွက် ကျွန်တော်တို့ ပိုက်ဆံပေးဖို မလိုပါဘူး။ သူတို့ဘာသာ Marketing သဘောအရ ပြုလုပ်ပေးတာပါ။ ခုနက ASUS Laptop ကိုပဲ ပြန်ကြည့်ပါဦး ။ Laptop ဝယ်တုန်းက ASUS က အပိုထည့်ပေးလိုက်တဲ့ Application တွေနဲ့ Tools တွေကို တွေ့ရမှာပါ။ ဒါတွေက Laptop ဝယ်လို့ ASUS က မေတ္တာလက်ဆောင်ပေးထားတဲ့ သဘောပါပဲ။ ဟုတ်ပါတယ် ဖုန်းထုတ်လုပ်သူတွေလည်း Android ကို Google ကပေးတဲ့အတိုင်း ဖုန်းထဲ ထည့်ပေးလိုက်လည်း ဖြစ်ပါတယ်။ Marketing သဘောအရ ဖုန်းထုတ်လုပ်သူအချင်းချင်း Stroke ROM တွေ ပြိုင်ဆိုင်ရေးပြီး ပြင်ဆင်ထည့်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့က ဘာလို့များ ပိုက်ဆံအပိုပေးရမှာလဲ...?
ကျွန်တော်တို့ဖုန်းရဲ့ Android ကို ကျွန်တော်တို့ကြိုက်တာ ထည့်ခွင့်ရှိရမယ်။ Google ကနေ Android Icecream Sandwich ထွက်လာရင်လည်း ကျွန်တော်တို့ သုံးချင်တယ် Android Jelly Bean ထွက်လာရင်လည်း သုံးချင်ပါတယ်။ ဖုန်းဝယ်တုန်း ကတည်းက ပါလာတဲ့ Android Gingerbrad ကြီးကို ရိုးနေပြီဗျာ...။ ဒါကို ခင်ဗျား လက်ခံတယ်ဆိုရင် စနစ်တစ်ခုလုံးပြောင်းပစ်တာမျိုးတောင်မဟုတ်တဲ့ Root လုပ်တာလေးကို ကျွန်တော်တို့ ဘာလို့များ မလုပ်သင့်/လုပ်ခွင့်မရှိရမှာလဲဗျာ ။ ဒါကြောင့် ကျွန်တော်တို့ ဝယ်ထားတာ ဖုန်းရဲ့ စနစ်ပိုင်းကို ကျွန်တော်တို့စိတ်တိုင်းကျ ကြည့်ရှုခွင့် လေ့လာခွင့် ပြင်ဆင်ခွင့် ရှိရမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းကို စဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ Samsung ဆိုတဲ့ပုံနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ပုံ အစားထိုးထည့်ခွင့်ရှိရပါမယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ရပိုင်ခွင့်အနေနဲ့ ဖုန်းရဲ့ ကိုယ်ထည်မှာ Samsung ဆိုတဲ့စာတန်းကို ထည့်နိုင်ပါတယ်။
Root လုပ်လိုက်ရင် ဘာအကျိုးထူးမှာလဲ? ဒါ Android ကို Root လုပ်သင့်မလုပ်သင့် စဉ်းစားနေတဲ့သူတွေ မေးနေကျမေးခွန်းပါပဲ။ Root လုပ်ရင် ဘာတွေ ထူးမှာလဲဆိုတော့ ဒါလေးက နမူနာပါ။ Nandroid - ကိုယ့်ရဲ့ ဖုန်းတစ်ခုလုံးရဲ့ စနစ်တစ်ခုလုံးကို Backup ပြုလုပ်ထားနိုင်ပါတယ်။ Backup ကို ကွန်ပြူတာထဲမှာပဲဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်း ပျက်သွားတဲ့အခါ အမျိုးအစားတူ ဖုန်းတစ်ခုကို ဝယ်ပြီး Restore ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဖုန်းအတိုင်း တစ်ထပ်တည်း ပြန်ရပါလိမ့်မယ်။ ဒီလိုမျိုး တစ်ထပ်တည်းပြန်ရအောင် Service Center ကရော စွမ်းဆောင်နိုင်လို့လား။ Root ပြုလုပ်ထားရင် ကိုယ့်ဖုန်းပျက်သွားမှာလား ဆိုပြီး အမြဲ စိတ်ပူနေရမှလား..။ သိပ်လည်း စိတ်မပူပါနဲ့ Nandroid နဲ့ Backup ပြုလုပ်ထားရင် System file တစ်ခုခုကို မတော်တဆဖျက်မိတာတောင် ပြဿနာမရှိပါဘူ။ နည်းပညာပိုင်းအတွက် မသိတာရှိရင် သိတဲ့သူတွေကိုမေးပါ။ ကျွန်တော်တို့လည်း ခင်ဗျားလိုပါပဲ . . ဘာမှမသိခဲ့ပါဘူး။ သိတဲ့သူတွေကို မေးမြန်းအကူအညီတောင်းရင်း နည်းနည်းလေး နားလည်လာတာပါ။ အဆိုးဝါးဆုံး ဖြစ်နိုင်ခြေကတော့ Brick ဖြစ်တယ်လို့ ခေါ်တဲ့ လုံးဝဖွင့်မရတော့တဲ့အခြေအနေ ဖြစ်သွားတာပါပဲ။ အဲဒီ့လိုဖြစ်လာခဲ့ရင်တောင်မှ Stock ROM လို့ခေါ်တဲ့ ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Android စနစ်ကို ပြန်ပြီး ထည့်သွင်းလိုက်ရင် ဝယ်စဉ်ကအတိုင်း ပြန်ရပါလိမ့်မယ်။
Root မလုပ်သင့်တဲ့ အကြောင်းပြချက်-
- ကိုယ့်ကိုကိုယ် IT နည်းပညာနဲ့ပတ်သက်ရင် ခပ်တုံးတုံးလူလို့ထင်ရင်
- ကိုယ့်ဖုန်းကို ပိုပြီး မြန်လာအောင်၊ မလိုအပ်တဲ့ အမှိုက် (Stock Apps) တွေဖယ်ထုတ်တာမျိုး လုပ်ဖို့မလိုဘူးဆိုရင်
- ဖုန်းထုပ်လုပ်သူတွေက ပြုလုပ်ပေးထားတာတွေကသာ အကောင်းဆုံးလို့ တရားသေ ယူဆထားရင်
- Root Access ရမှ ထည့်သွင်းလို့ရမယ့် Apps တွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်
- ကိုယ့်ရဲ့ဖုန်းစနစ်ကို မလေ့လာချင်ဘူး/မကလိချင်ဘူး/ ဖုန်းအတွက်နဲ့ အချိန်မပေးနိုင်ဘူး ဆိုရင်
- ကိုယ့်ရဲ့ ဖုန်း(Android) ကို Apple iPhone လိုပဲ ဘာမှ ပြုပြင်ဖန်တီးခွင့်မရှိဘူးလို့ ယူဆထားရင်
- Open Source ရဲ့ အဓိပ္ပါယ် (ရပိုင်ခွင့်) ကို သေချာနားမလည်ဘူး ဆိုရင်
- ဖုန်းထုတ်လုပ်သူတွေက တစ်ဖက်သက်ချမှတ်ထားတဲ့ Rule တွေကို ပြောသမျှ ခေါင်ငြိမ့်တတ်တဲ့သူ ဆိုရင်
- ဖုန်းဆိုတာ ဖုန်းဆက်လို့ရရင် ပြီးတာပဲလို့ သဘောထားတဲ့သူဆိုရင် Root မလုပ်ပါနဲ့....
Root လုပ်သင့်တဲ့ အကြောင်းပြချက် -
- Root မလုပ်သင့်တဲ့အကြောင်းပြချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်
- ကိုယ့်ဖုန်းကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယူဆရင်
- ကိုယ်ဝယ်ထားတဲ့ဖုန်းကို ကိုယ်ပိုင်တယ်လို့ ယူဆရင်
- Root ပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ အခွင့်အရေး/ရပိုင်ခွင့်လို့ ယုံကြည့်ရင် ဒါဆို Root လုပ်ဖို့ ကြိုးစားကြည့်နိုင်ပါပြီ။
Root လုပ်ပြီးရင် ဘာလုပ်ရမလဲ ?
အကြံပေးချင်တာကတော့ Root လုပ်ပြီးရင် အရင်ဆုံး မိမိဖုန်းရဲ့ Original Firmware ကို Backup ပြုလုပ်ထားပါ။ ဒါကအရမ်းကိုအရေးကြီးပါတယ်.....
Root လုပ်ပြီးပီဆိုရင်တော့ user တစ်ယောက်ဟာ အနည်းနဲ့အများတော့ မိမိဖုန်းကိုလက်တည့်စမ်းကျမှာပါ ။ အဆင်မပြေခဲ့ရင် Restore ပြန်လုပ်နိုင်အောင်ပါခင်ဗျာ
credit -  ဖုန်းချစ်သူများ
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်
Firmware ဆိုတာ ဘာလဲ
Firmware ဆိုတာ Hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို 
ဆိုလိုတယ်။ ဥပမာအားဖြင့် Micro Controller လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း 
Firmware က Hardware နဲ့ Software ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ 
software လိုပဲ ၎င်းဟာ Micro Processor ဒါမှမဟုတ် Micro Controller က လည်ပတ် 
လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ် တစ်ခုဖြစ်တယ်။ ဒါပေမယ့် Hardware ပိုင်းအစနဲ့ 
တင်းကျပ်စွာ ချိတ်ဆက်နေတဲ့ အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။
ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ သူတို့ကိုယ်နှိုက်က
 ကိုယ်ပိုင် Software ကို Run တဲ့ အထူးပြု ကွန်ပျူတာ တွေ ဖြစ်တယ်။
 ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း Software (”firmware”) သိမ်းဆည်း ပါရှိတယ်။ 
ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ Firmware ကို အိမ်ရှင် Host System မှ 
ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ် ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ 
တွေက တွေ့ရှိလာတယ်။ ရလဒ် အဖြစ် လက်ရှိ Hardware အများစုဟာ
 ၎င်းလိုအပ်တဲ့ Firmware ကို Host ကွန်ပျူတာတွေထဲ မသွင်းမချင်း 
အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ 
ဒီလို Firmware အလုပ်ဝန်ကို Device Driver ကကိုင်တွယ်ပေးပါတယ်..
အများအားဖြင့် Firmware တွေရဲ့ ဗားရှင်းကို 
ယင်း ပါဝင်တဲ့ ကိရိယာပစ္စည်းလေးများမှာ ထည့်သွင်းဖော်ပြထားတတ်ပါတယ်။ 
credit - www.mmithelper.com
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်
4/03/2014
Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေအတွက်
Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ ၊
Viber code တောင်းရတာအဆင်မပြေသူတွေ၊
အရင်သုံးလက်စ Viber message တွေ ၊sticker တွေကို
ဖုန်းထဲမှာအသစ်ပြန်သွင်းထားတဲ့ Viber ထဲမှာပြန်ထည့်ချင်သူတွေအတွက်ရည်ရွယ်ရေးသားပါတယ်
------------------------------------------------------------
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။
Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။
အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက
အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊
ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။
Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊
အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။
Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး
ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ
root access တော့ရှိဖို့လိုပါလိမ့်မယ်အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊
Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
4/01/2014
iPhone 5S ရဲ့ Touch ID Fingerprint Sensor ကို အသုံးပြုနည်း ငါး နည်း
iPhone 5S မှာ ပါတဲ့ Touch ID ဟာ သင့် iPhone ကို Unlock လုပ်ဖို့အတွက် အရင် အသုံးပြုနေကျ 4-digit PIN code တွေကိုအသုံးပြုစရာမလိုဘဲ သင့် လက်ချောင်း ကိုအသုံးပြုပြီးလွယ်ကူစွာ Unlock လုပ်ဖို့ပြုလုပ်ပေးထားပါတယ်။ iTunes , App Store တွေကနေ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း Touch ID ကိုသုံးနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။ PIN Code တွေကိုအသုံးပြုနေကျသူတွေဆိုရင်တော့ Touch ID ဟာ ပိုမိုလွယ်ကူအဆင်ပြေလို့သင်သဘောကျမှာသေချာပါတယ်။ ဖုန်းကို Lock လုပ်မထားတတ်တဲ့သူတွေအတွက်လည်းTouchID ကအသုံးပြုချင်စရာကောင်းအောင်စွဲဆောင်နိုင်ပါတယ်။
Touch ID ကို Setup လုပ်ရတာလွယ်ကူလှပါတယ်။ Settings>General>Touch ID & Passcode>Touch ID ကိုသွားပြီးညွှန်ကြားချက်တွေအတိုင်းပြုလုပ်ပါ။ Touch ID ကို အသုံးပြုရတာလွယ်ကူပေမယ့် ပိုမိုကောင်းမွန်စွာအသုံးပြုဖို့နည်းလမ်းတွေရှိပါတယ်။
လက်ချောင်းတွေကို နှစ်သက်တဲ့ အနေအထားနဲ့ Scan လုပ်နိုင်ပါတယ်။
သင့်လက်ချောင်းတွေကို Touch ID မှာ မှတ်ပုံတင်ဖို့ပြုလုပ်တဲ့အခါမှာ ပဲဖြစ်ဖြစ် ၊ Touch ID ကို အသုံးပြုပြီး Unlock လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် ပုံမှန်အနေအထားအတိုင်းပြုလုပ်စရာမလိုဘဲ နှစ်သက်ရာ အနေအထားနဲ့ ပြုလုပ်နိုင်ပါတယ်။ Touch ID က 360 ဒီဂရီ အနေအထားကို ဖတ်နိုင်ပါတယ်။
အများဆုံးလက်ချောင်းငါးချောင်း အထိ မှတ်ပုံတင်နိုင်ပေမယ့် အနည်းငယ်ပဲ မှတ်ပုံတင်ပါ။
Touch ID မှာ အများဆုံး လက်ချောင်းငါးချောင်းအထိ မှတ်ပုံတင်ထားလို့ရပါတယ်။ ဒါပေမယ့် လက်ချောင်းများများ  မှတ်ပုံတင် ထားလေလေ Scan လုပ်တဲ့အချိန် ကြာမြင့်လေလေဖြစ်ပါတယ်။ Touch ID ကမှတ်ပုံတင်ထားတဲ့ လက်ချောင်းတွေအများကြီးနဲ့လိုက်တိုက်စစ်နေရလို့ဖြစ်ပါတယ်။အဲဒီအတွက် လက်ချောင်း အနည်းငယ်သာမှတ်ပုံတင်ထားသင့်ပါတယ်။
လက်ချောင်းတွေကို ခွဲခြားပါ။
လက်ချောင်းတွေ တစ်ခုထက်ပို မှတ်ပုံတင်ထား မိပြီးဘယ်လက်ချောင်းက ဘယ် Fingerprint ဆိုတာ မသိတော့ဘူးဆိုရင် Touch ID Settings ထဲသွားပြီး လက်ချောင်းကို Scan လုပ်ပါ။ဒါဆိုရင် သက်ဆိုင်ရာ Fingerprint ကို ပြပေးပါမယ်။
ငါး ကြိမ် အထိကြိုးစားပါ။
Touch ID ကိုအသုံးပြုပြီးသင့်ဖုန်းကို Unlock လုပ်ဖို့ကြိုးစားတဲ့ အခါမှာ  သုံးကြိမ်အထိ အဆင်မပြေသေးရင် PIN Code ထည့်ဖို့ပြောပါလိမ့်မယ်။ Touch ID ကိုအသုံးပြုဖို့ ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ဟာ ငါး ကြိမ် ဖြစ်တဲ့အတွက် သင်ကြိုးစားဖို့ နှစ်ကြိမ် ကျန်ပါသေးတယ်။
Home Button တစ်ခုလုံးကို ခြုံငုံပြီး အသုံးပြုပါ။
Touch ID ဟာ သင့်လက်ချောင်းတွေကို ကောင်းမွန်စွာ Scan လုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မှာ အဆင်မပြေတာတွေလည်းဖြစ်တတ်ပါတယ်။အဲဒီလိုအခြေအနမှာ သင့် လက်ချောင်း ကို Home Button တစ်ခုလုံးအပေါ်မှာခြုံငုံ ပြီး အသုံးပြုပါ။
iPhone 5S အသုံးပြုနေတဲ့သူတွေ ဆိုရင်လည်း အတွေ့အကြုံကိုမျှဝေခဲ့ပါအုံး။
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
credit - http://www.mmithelper.com/
ref:MMICT 
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။
2/27/2014
Apple Store မှာတင် တစ်ခါတည်း Cracked လုပ်ပြီး Free download ဆွဲယူခြင်း
iPhone, iPad, iPod Touch များအတွက် 
Apple Store မှာ ပိုက်ဆံနှင့်ရောင်းသော Applications များကို 
Apple Store မှာတင် တစ်ခါတည်း Cracked လုပ်ပြီး Free download ဆွဲယူခြင်း
( Requirement : Jailbroken & LinkStore jailbreak tweak )
- ( $99.99 တန် Team Viewer Pro ကို Free ရယူပုံ ဥပမာ )
credit - တော်ဝင်နည်းပညာ ICT Solution Group 
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
2/24/2014
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer  တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။
Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System)  တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux  ဟာလဲ Free and Open Source ဖြစ်ပါတယ်။  ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။
Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile  ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း  Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code  တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။
နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ့   ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
Android မှာ Linux ကဲ့သို့ ပင် Mobile devices (ေ၇ွ့ လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက်
မှတ်ဥာဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) : မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊ အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။
ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) :
မလိုအပ်တဲ့လုပ်ငန်းဆောင်တာများအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။
ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်တဲ့ networking စတဲ့စွမ်းအင်မြင့် Features များလဲပါဝင်ပါတယ်။ Android ဟာ  GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ပေးပါတယ်။
အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေစေရန်)၊ Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။  Multiple Language Support, Web Browser, JavaSupport , Multitasking,Multi touch, Screen capture ,Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features  များကိုရရှိနိုင်ပါတယ်။
တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။
Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီးရေးသား တဲ့အခါမှာ ၄င်း  apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာမဟုတ်ပါဘူး။
ဥပမာ ကျနော်တို့  Contact Book application တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။  အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို့ အတွက် SQLite လို libraries တွေ  စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native Libraries  တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်တာပါ။ ၄င်း Native Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင် ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။
SQLite :application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင်မြင့်မားတဲ့ Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။
Surface Manager
WebKit- modern web browser engine တမျိုးပါ။ Safari ၊ Chrome နှင့် အခြား browser များတွင်သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။
Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။
FreeType-bitmap and vector font rendering
Surface Manager- Application  ပေါင်းစုံက  ၂ ဖက်မြင် ၃ ဖက်မြင် အလွှာများအဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့ ၊ သက်ဆိုင်ရာ subsystem တွေအထိ display access ကို စီမံခန့် ခွဲနိုင်တဲ့ libraries ဖြစ်သည်။
Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင် ဖိုင်တွေရဲ့ format  တွေဖြစ်တဲ့ ( MPEG4, 3GP, MP3, JPG, PNG စတဲ့ ဖိုင်အမျိုးစားများ ထောင့်ပံ့တဲ့ libraries များဖြစ်သည်။
SSL -Secure Socket Layer  လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။
Libc - ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။
အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက်အသုံးချနိုင်ပါတယ်။ ဒါပေမယ့်တချို့  mobile ကိ၇ိယာ ထုတ်လုပ်သူများက မိမိတို့ ထုတ်လုပ်မယ့် hardware များနှင့်ကိုက်ညီစေရန်  စံထား C Library များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic  ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂ ရပ်ကြောင့်ပါ။
နည်းပညာအပို်င်းအရ moblie devices များကို သယ်ယူရအဆင်ပြေစေရန် သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ mobile devices များဟာလည်း battery မှစွမ်းအင်ကို ရယူသုံးစွဲနေရတဲ့အချိန် battery များရဲ့ စွမ်းအင်သိုလောင်နိုင်မှု ကိုလည်း ချက်ခြင်းကြီး တိုးတက်အောင်မလုပ်နိုင်သေးတဲ့အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့ အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။
ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာသုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်း တို့ ကြောင့် Bionic ကိုထည့်ထသွင်းထားပါတယ်။
Android  Run time ကိုတော့ JVM နဲ့  အနည်းငယ် နှိုင်းယှဉ်တင်ပြလိုတာကြောင့် နောက်တပိုင်းမှ ရေးသားပါတော့မယ်။
credit -  Ye` Paing Phyo
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
Rom or Firmware
ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်လေးထဲက နေပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
Custom ROM ဆိုတာဘာလဲ ? ROM ဆိုတာ Read Only Memory ပါ။ ဒါပေမယ့်
ဒီ Android မှာတော့ ROM ဆိုတာကို ဖုန်းတစ်ခုချင်းအတွက် စီမံထားတဲ့ Android OS
 ကိုဆိုလိုတာပါ။ဥပမာ- HTC Desire ဖုန်းနဲ့  Samsung Galaxy ဖုန်းတို့ က Android ကို
သုံးထားတာချင်းတူပေမယ့် အပြင်အဆင်လေးတွေ နည်းနည်းတော့ ကွာကြပါတယ်
ဖုန်းထုတ်လုပ်သူတွေက Android ကို Google ကပေးတဲ့အတိုင်း မထုတ်လုပ်ဘဲ ထူးခြား
နေအောင်လို့  နည်းနည်းလေးတော့ အလှအပလေးတွေ လိုက်ထည့်တတ်ပါတယ်။ အဲဒါကြောင့်
 လည်း widget လေးတွေ Message Box တွေကအပြင်အဆင်လေးတွေက ဖုန်းတခုနဲ့ တခုမတူညီကြပါဘူး။
အဲဒီလို အပြင်ပိုင်း အလှအပ အပြင်အဆင်လေးတွေအပြင် Android ကိုကိုယ့်ဖုန်းရဲ့  Hardware န
ဲ့ ဟန်ချက်ညီအောင်လည်း ပြင်ဆင်ရပါသေးတယ်။ဥပမာ- Camera 3.5 megapixel သုံးထားတာလား
 5 megapixel သုံးထားတာလား ဆိုတာ ကို Android နဲ့ လိုက်လျှောညီထွေဖြစ်အောင် ချိန်ညှိထားတာမျိုးတွေရှိပါတယ်။
အဲဒီလို ဖုန်းနဲ့ ဟန်ချက်ညီ တဲ့ Android ကို ROM လို့ ခေါ်ပါတယ်။ Samsung Galaxy Note 2 နဲ့ ဟန်ချက်ညီတဲ့
Android OS ကို Samsung Galaxy Note 2 ROM လို့ ခေါ်မှာ ပါ။Google ကပေးထားတဲ့ Android ကိုဘယ်သူအခမဲ့
ရယူနိုင်ပေမယ့် ဖုန်းရဲ Hardware ရဲ့  ဟန်ချက်ညီအောင် ပြင်ဆင်ဖို့ ကတော့ ပညာရှင် မဟုတ်သူတွေအတွက် မဖြစ်နိုင်ပါဘူး ။
အဲဒါကြောင့် ကိုယ့်ဖုန်းအတွက် ROM ကို Update လုပ်ချင်တဲ့အခါမျိုးမှာ ဖုန်းထုတ်လုပ်သူ ဆီက ကိုယ့်ဖုန်း အတွက် ROM ကိုရရှိမှ
 ကိုယ့်ရဲ့  Android ကို version မြှင့်နိုင်တော့မှာပါ။ အဲဒီလို ဖုန်းဝယ်ကတည်းကပါလာတဲ့ ROM ကို Official ROM လို့ ခေါ်ပါတယ်။
ရှေ့ကပြောခဲ့သလို Google က Android ကိုအခမဲ့ ပေးထားတာဖြစ်လို့  ဘယ်သူမဆိုလွပ်လပ်စွာ Download ရယူပြုပြင်နိုင်တာကြောင့်
 ပြင်ပက Developer တွေက ဖုန်းတချို့ အတွက် ဟန်ချက်ညီညီ အသုံးပြုနိုင်မယ့် ROM တွေကို ဖန်တီးပြီး ဖြန့် ဝေလေ့ရှိပါတယ်။အဲဒါကို
Custom ROM လို့ ခေါ်ပါတယ်။ ဥပမာ- Developer တစ်ယောက်က Android ကို Google ကနေ Download ယူပြီး Samsung Galaxy Note 2
 ရှိနေမယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်။ အဲဒီ့လို Samsung ကမဟုတ်ဘဲအပြင်က Developer တွေရေးထားတဲ့ ROM တွေကို Custom ROM လို့ ခေါ်ပါတယ်
Custom ROM တွေက ဖုန်းထုတ်လုပ်သူတွေဖြန့်ဝေပေးတဲ့ ROM မဟုတ်တာကြောင့် ROM ကောင်းမကောင်းဆိုတာ Developer ရဲ့ အစွမ်းအစပေါ်မူတည်နေပါတယ်။
အဲဒါကြောင့် Custom ROM တွေဟာ ကိုယ့်ဖုန်းအတွက်ပြည့်အ၀ စိတ်ချရစေတဲ့ ROM တွေတော့ မဟုတ်ပါဘူး။
ဒါဆိုကျနော်တို့  Custom ROM တွေကို ဘာလို့ ထည့်ကြသလဲ………? ဆိုကြပါစို့  ကျွန်တော်ဆီမှာ
Huawei C8600 Android ဖုန်းလေး ရှိတယ်ပေါ့ဗျာ။ အဲဒီမှာ Android က 2.1 ပဲပါတယ်။ကျွန်တော်က
Flash Player Apps ထည့်ချင်နေတယ်။ဒါပေမယ့် ထည့်မရပါဘူး။ 2.3 မှ ထည့်လို့ ရမယ်လို့ လာပြောနေပြီ
။အဲဒါဆို ဘာလုပ်မလဲ။ Android ကို version မြှင့်မှာပေါ့။အဲဒီတော့ Huawei C8600 အတွက် Android 2.2
ကိုလိုက်ရှာတော့ Huawei က C8600 အတွက် Android 2.2 ကိုမလုပ်ရသေးဘူး၊လုပ်လည်းမလုပ်တော့ဘူး။
သူတို့ က Phone Model အသစ်တွေကိုပဲ ထုတ်ရောင်းနေပြီလေ။Model ပိုမြင့်တဲ့ C8655 ဒါမှမဟုတ် C8800
မှာ Android 2.3 ပါပြီးသားတဲ့ အဲဒါကိုပဲဝယ်ဖို့ ညွှန်းပါတယ် Flash Apps လေးတခုအတွက်နဲ့ ကိုယ်ကလည်း
 ဖုန်းအသစ် မ၀ယ်ချင်ဘူး အဲဒီတော့ C8600 အတွက်တခြား Developer တွေဖန်တီးပေးထားတဲ့ Android 2.2 ROM ကိုရှာရပါတော့တယ်။
Android version မြင့်သွားတဲ့အခါမှာ Framework Level တွေမြင့်ကုန်လို့ နောက်ပိုင်းထွက်တဲ့ apps တွေက
 Framework အမြင့်တွေနဲ့ ရေးဆွဲထားတာ များတာကြောင့် Android version နိမ့်ရင်သုံးလို့ မရတော့ပါဘူး။
 ဒါကြောင့် Android version မြှင့်ဖို့ အတွက် Stock ROM update မရတဲ့ဖုန်းတွေက Custom ROM ကိုပဲ အားကိုးရတော့တာပဲ။
Cutom ROM တွေက Stock ROM တွေထက်ပိုမြန်တယ်၊စွမ်းရည်ပိုကောင်းတယ်၊Memory အသုံးပြုနှုန်းနည်းတယ်၊
Battery အစားသက်သာတယ်။ဘာလို့ လဲဆိုတော့ Custom ROM တွေထဲမှာ Stock ROM တွေထဲမှာ တွေ့ ရတတ်တ
ဲ့ အသုံးမလို တဲ့ဟာတွေကို ဖယ်ထုတ်ပြီးသား ဖြစ်နေလို့ ပါ။
Stock ROM နဲ့ တွဲပါတဲ့ Apps တွေက ဖြုတ်ချလို့ မရတာများပါတယ်။
ဥပမာ - Huawei က ဘာမှန်းမသိတဲ့ တရုတ်လိုရေးထားတဲ့ Apps တွေက ကျနော် တို့ အတွက်တော့
 အမှိုက်တွေပါပဲပြီးတော့ ဖယ်ထုတ်လို့ လည်းမရဘူးလေ နောက်ပြီး Developer တွေက
တစ်ကယ်အသုံးတည့်မယ်ထင်တဲ့ Apps တွေလောက်ထည့်ပေးလိုက်တာဆိုတော့ Stock ROM
တွေထက် Battery အစားသက်သာ ပါတယ်။ဒီတော့ Custom ROM ကိုမကြိုက်တဲ့သူ ရှိပါ့မလား။
သူ့မှာလည်းအားနည်းချက်လေးတော့ ရှိတာပေါ့။Developer ကသူ့စိတ်ကြိုက်ဖန်တီးထားတာဆိုတော့
သူနဲ့ အကြိုက်ချင်းတူရင်တော့ ကောင်းတာပေါ့။အကြိုက်ချင်းမတူတဲ့အခါတွေကျတော့ သုံးရတာသိပ်စိတ်တိုင်းမကျရင်တော့ဘူး။
အဲဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့် Custom ROM ကိုထပ်ရှာတင်ရပြန်ရော။ နောက်ပြီးတစ်ချို့ Custom ROM တွေမှာ ဆိုရတော့
 wifi မရတာမျိုး Bluetooth မရတာမျိုး၊3G မရတာမျိုးတွေလိုအသေးအဖွဲ့ ပြသနာလေးတွေရှိတတ်ပါတယ်။ကိုယ်က
 Bluetooth အသုံးနည်းတဲ့ သူဆိုရင် Bluetooth Bug ပါတဲ့ Custom ROM နဲ့ လည်းကိုယ်နဲ့ အဆင်ပြေနေမှာပဲမဟုတ်လား။
Custom ROM တွေကနာမည်ကြီးတဲ့ ROM ကိုပဲရွေးသုံး စေချင်ပါတယ်။ Cyanogen နဲ့  MIUI တို့ က နာမည်ကြီးတဲ့ Custom ROM ပြုလုပ်ပေးတဲ့ သူတွေပါ။
Cyanogen ကတော့ Custom ROM အမြောက်အများရေးပေးခဲ့တဲ့ နာမည်အကြီးအဆုံး Group ပါပဲ။
 သူတို့ ရဲ့ Cyanogen Mod ROM တွေက Google ကပေးထားတဲ့ Code အတိုင်းကို ဖုန်းနဲ့ အံဝင်ဂွင်ကျ ဖြစ်အောင်
 ရေးသားထားတာဖြစ်လို့ Clean ROM ဆိုပြီးနာမည်ကြီးပါတယ်။ တစ်ခြား Custom ROM တွေထက် Error နည်းသလိုပြည့်စုံတဲ့
ROM လည်းဖြစ်ပါတယ်။(တစ်ချို့ Custom ROM တွေဆိုရင် Cyanogen လို Android တခုလုံးအပြည့်အစုံမပါတာမျိုး ဖုန်းထဲမှာရှိတဲ့
Android ပေါ်မှာ Update လုပ်သွားတဲ့ Custom ROM မျိုးလည်းရှိတတ်ပါတယ်။)
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
2/15/2014
ITunes Gift Card တွေအခမဲ့ယူမယ်
အခုပြောပြမဲ့နည်းကတော့ App Store မှာသုံးဖို့ iTunes Gift Card တွေယူမဲ့နည်းပဲဖြစ်ပါတယ်။ iTunes Gift Card အပြင် Amazon Card, XBOX Card, Facebook Gift Card အစရှိတာတွေပါယူနိုင်ပါတယ်။
Android ကော iOS ကောရပါတယ်။
iOS
  1. ပထမဆုံးဖုန်းကနေ ဒီကို သွားပါ။
  2. Get Started ကိုနှိပ်ပါ။
  3. Profile တစ်ခုသွင်းခိုင်းပါလိမ့်မယ်။ Install ကိုနှိပ်ပါ။
  4. သူတို့ သွင်းခိုင်းတဲ့ free application တစ်ခုကိုသွင်းပြီး ၁ မိနစ်လောက်ကစားပေးပါ။
  5. Credit အပေါ်မူတည်ပြီး ရပါလိမ့်မယ်။ တစ်ခုကို ၁၅၀ လောက်ရပါတယ်။
  6. Credit ၃၀၀၀ ပြည့်ရင် $10 တန် iTunes Gift Card ရမှာဖြစ်ပါတယ်။
Android
  1. Free My Apps ကို ဒီမှာ သွင်းပါ။
  2. Connect With Facebook ကိုနှိပ်ပါ။
  3. သူ့တို့သွင်းခိုင်းတဲ့ free apps တွေကို Google Play ကနေသွင်းပါ။ (Google Play ဝင်မရသူတွေအတွက်ပြဿနာရှိပါတယ်။)
  4. Credit အပေါ်မူတည်ပြီး ရပါလိမ့်မယ်။ တစ်ခုကို ၁၅၀ လောက်ရပါတယ်။
  5. Credit ၃၀၀၀ ပြည့်ရင် $10 တန် iTunes Gift Card ရမှာဖြစ်ပါတယ်။
credit - www.myanmarmobileapp.com
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
2/14/2014
Android သုံး ဖုန်း Power စဖွင့်တာနဲ့ အဆင့်ဆင့် ဘယ်လို အလုပ်လုပ်သလဲ
ပထမအဆင့်
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ Boot ROM Code လုပ်တဲ့အလုပ်က Bootlaoder ကို RAM ထဲကို ၀န်တင်တယ်၊ RAM ထဲရောက်တဲ့ Bootloader စတင်အလုပ်လုပ်တယ်၊
ဒုတိယ အဆင့်
Bootloader ဆိုတာ Software Program သေးသေးလေးပါ၊ သူ့ထဲမှာ ကုတ်တွေရေးထားတယ်၊ အဲ့ဒီ့ကုတ်တွေက Bootloader လုပ်မယ့် အလုပ်ဖြစ်တဲ့ ညွန်ကြားချက်တွေပါ၊ Bootloader စတင်အလုပ်လုပ်တဲ့ အခါမှာ အဆင့် နှစ်ဆင့် နဲ့ အလုပ်လုပ်ပါတယ်၊ ပထမအဆင့်က Network, Memory တို့လို လိုအပ်သမျှ Program တွေ အားလုံးကို External RAM ထဲကို ၀န်တင်ပါတယ်၊ ဒုတိယ အဆင့်မှာတော့ Kernel စတင် အလုပ်လုပ်ဖို့လိုအပ်တဲ့ Network နဲ့ Memory တို့ကို စတင်စေပါတယ်၊ ဒီဆင့်ကဲဖြစ်စဉ်နှစ်ခုကို ဖြစ်ပေါ်စေတာက init.S ဆိုတဲ့ Stack တွေခွဲခြားတဲ့ဖိုင်ပါ၊ သူက Stacks တွေကို ခွဲထုတ်ပီး BSS Segments တွေကို 0 ကနေစတင်စေတယ်၊ ပီးတော့ main.c ဖိုင်ထဲက _main() funciton ကိုခေါ်တယ်၊ _main() Function က Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ Clock,borad,keyboard,console တို့ကို စတင်တယ် အဓိက ဖြစ်တဲ့ Linux Tag ကိုဖန်တီးတယ်၊ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ စတင်အလုပ်လုပ်စေတယ်၊
တတိယအဆင့်
Kenel စတင်အလုပ်လုပ်ပီဆိုတာနဲ့ System စတင်တဲ့အလုပ်တွေဖြစ်တဲ့ cache, protected memory, scheduling နဲ့ Drivers ၀င်တင်ခြင်းတွေကိုစလုပ်တယ်၊ ပီးရင် System File ထဲက 'init' ဖိုင်ကိုရှာပီး System စတင်ဖို့အတွက် root process ကိုစတင်တယ်၊
စတုထ္ထအဆင့်
init process က System process အားလုံးရဲ့ မိခင်ပါပဲ သူက အားလုံးရဲ့ အရင် စလို့ပါ၊ init process က အလုပ်နှစ်ခုကိုလုပ်ပါတယ်၊ ၁. /sys, /dev, /proc တို့ကို စတင်ခြင်း၊ ၂. init.rc file ကိုစ Run စေခြင်းပါ၊
init process ကို init ရဲ့: android source/system/core/init မှာရှာတွေ့နိုင်ပါတယ်၊
init.rc ကို android source/system/core/rootdir/init.rc မှာရှာတွေ့နိုင်ပါတယ်၊
readme.txt ကို andorid source/system/core/init/readme.txt
init ဖိုင် အလုပ်စလုပ်မယ်၊ လုပ်တဲ့ အလုပ်တွေနဲ့ services တွေက အများကြီးပါပဲ၊
init နဲ့ oom_adj တို့ကို နေရာချခြင်း. the init process အတွက် security context ကို နေရာချခြင်း
Global environment Setting ချတယ်၊ cpu အတွက် cgroup ကိုတည်ဆောက်ပီးအလုပ်လုပ်စေတယ်
mtd အပိုင်းကို စတင်တယ်၊
System directories ရဲ့ permissions ကို ပြောင်းတယ်
data folders နဲ့ sub folders တွေရဲ့ Permission ကိုပြောင်းတယ်၊
Network ကိုစတင်တယ်၊ ,Memory Management စလုပ်တယ်၊
location, audio နဲ့ စိတ်ကြိုက် Share လုပ်မယ့် ၀န်ဆောင်မှူတွေကို စီစဉ်ဖို့အတွက် System Manager ကိုစတင်တယ်၊
zygote ကို app_process တစ်ခုအနေနဲ့ စတင်ပါပီ၊ ဒီအဆင့်မှာတော့ Android Logo ကို ဖုန်းမျက်နှာပြင်မှာ စတင်မြင်တွေ့ရပါပီ၊
ပဉ္စမအဆင့်
Zygote နဲ့ Dalvik Java မှာ Virtual Machine ရဲ့ Instance တစ်ခုစီက Applications တစ်ခုစီအတွက် Memory မှာ နေရာယူထားပါတယ်၊ အကယ်၍ Virtual Machine ထဲက Instance တွေအများ ကြီးရှိနေခဲ့မယ်ဆိုရင် Instance တစ်ခုစီအတွက် memory မှာ နေရာတွေအများကြီးပေးရမှာဖြစ်တဲ့ အတွက် အချိန်နဲ့ memory နေရာ အတော်များများကို ယူသွားပါလိမ့်မယ်၊ ဒီပြသနာကိုရှင်းဖို့အတွက် Zygote က ကူညီပေးပါတယ်၊
Zygote က Shared Code တွေကို Dalvik VM က တစ်ဆင့် အသုံးပြုနိုင်အောင်စီစဉ်ပေးပါတယ်၊ ဒီ့အတွက်ကြောင့် Memory အသုံးပြုမူ နည်းသွားပီး Application Run မယ့် အချိန်ကိုလဲ ချုံ့ပေးသွားပါတယ်၊ Zygote က Core library ကို ကို System Boot စတင်ကတည်းက ၀န်တင်ထားပါတယ်၊ Core Classes က Read-Only ဖြစ်ပီး Android Software Development Kid ရဲ့ အစိတ်အပိုင်းတစ်ခုသာလျှင်ဖြစ်ပါတယ်၊ Java Virtual Machine ထဲက instance တစ်ခုစီမှာ ကိုယ်ပိုင် Cole Library Class File တွေရှိပီး Objects တွေလဲ အများကြီးပါဝင်ပါတယ်၊
Zygote အလုပ်စတင်ပီဆိုတာနဲ့ ZygoteInit class ကိုဝင်တင်တယ်၊
Zygote Class ကို အောက်က လင့်မှာ ရှာနိုင်ပါတယ်၊
Android Source/frameworks/base/core/java/com/android/internal/os/ZygoteInit.java
Zygote Class တွေရဲ့ အလုပ်လုပ်မှူမှာ
registerZygoteSocket() - server socket မှာ Zygote Command Connection အတွက် Registers လုပ်တယ်၊
preloadClasses() - ကြိုတင်ဝန်တင်ဖို့လိုအပ်တဲ့ Classes တွေအားလုံးကို စာရင်းလုပ်ထားတဲ့ text File ကို တင် အလုပ်လုပ်စေတယ်၊
“preloaded-classes” ဖိုင်ကို <Android Source>/frameworks/base မှာရှာနိုင်ပါတယ်၊
preloadResources() - preloadReaources ဆိုတာကတော့ native themes and layouts, နဲ့ androd.R ဖိုင်မှာပါသမျှ Methods တွေကို ၀န်တင်ခြင်းပါ၊
ဒီအဆင့်မှာတော့ bootanimation ကိုစတင်မြင်နိုင်ပါပီ၊
ဆဋ္ဌမ အဆင့်
System Service or Services
အထက်က အဆင့်တွေအားလုံပီးသွားတော့ runtime က Zygote ကို System Servers ကိုစတင်ဖို့ လှမ်းပြောမယ်၊ System Servers ကို Assembler နဲ့ Java ကုတ်တွေ သုံးပီးရေးပါတယ်၊ System Server မှာ System Service တွေ အားလုံးပါပါတယ်၊ Zygote က မူရင်းလုပ်နေတဲ့ အလုပ်တွေအမြင် အခြား အလုပ်တစ်ခုအဖြစ် System Services ကိုစတင် ဖို့အတွက် startSystemServer Method ကိုခေါ်တယ်၊ startSystemServer မှာ အောက်ပါ အလုပ်တွေပါဝင်တယ်၊
1. Power Manager စတင်ခြင်း
2. Activity Manager ဖန်တီးခြင်း
3. Telephony Registry စတင်ခြင်း
4. Package Manager စတင်ခြင်း
5. System Process အဖြစ် Activity Manager Service နေရာချခြင်း
6. Context Manager စတင်ခြင်း
7. System Context Providers စတင်ခြင်း
8. Battery Service စတင်ခြင်း
9. Alarm Manager စတင်ခြင်း
10. Sensor Service စတင်ခြင်း
11. Window Manager စတင်ခြင်း
12. Bluetooth Service စတင်ခြင်း
13. Mount Service စတင်ခြင်း
အခြား ၀န်ဆောင်မှူများ
1. Status Bar Service စတင်ခြင်း
2. Hardware Service စတင်ခြင်း
3. NetStat Service စတင်ခြင်း
4. Connectivity Service စတင်ခြင်း
5. Notification Manager စတင်ခြင်း
6. DeviceStorageMonitor Service စတင်ခြင်း
7. Location Manager စတင်ခြင်း
8. Search Service စတင်ခြင်း
9. Clipboard Service စတင်ခြင်း
10. Service များစစ်ဆေးခြင်း
11. Wallpaper Service စတင်ခြင်း
12. Audio Service စတင်ခြင်း
13. HeadsetObserver စတင်ခြင်း
14. AdbSettingsObserver စတင်ခြင်း
သတ္တမဆင့်
Memory ထဲမှာ System Services စတင် အလုပ်လုပ်ပီဆိုရင်တော့ Booting process ပီးဆုံးသွားပါပီ၊ ACTION_BOOT_COMPLETED ဖြစ်တဲ့ အတွက် Broadcase Action စတင်ပါပီ၊
ဒီမှာရှင်းပြထားတာ တွေက နားမလည်မှူတွေ ရှိနေနိုင်ပါတယ်၊ ဒီ့အတွက် ကျွန်တော်တို့ နေ့စဉ် ကဏ္ဍ တစ်ခုစီအနေနဲ့ အရှင်းဆုံးပုံနဲ့ ပြန်ရှင်းပြသွားမှာပါ၊ System File Pratition နဲ့ ပက်သက်သမျှ ကို ရှင်းရာမှာ အထက်က Boot Process မှာပါတဲ့ အချက်တွေပြန်ပါလာမှာဖြစ်သလို အားလုံးကို တစ်ခုစီပြန်ရှင်းပြမှာဖြစ်တဲ့ အတွက် လက်တလော မရှင်းတာရှိရင် စိတ်မပျက်ပဲ နောက်ရက်တွေ တစ်ခုစီရှင်းပြတာကိုလာဖတ်စေချင်ပါတယ်ခင်ဗျာ၊
အမှားပါတာတွေ့ရင် brightermyanmar@gmail.com ကို စာပို့ပီး အကြောင်းကြားနိုင်ပါတယ်၊
ဒီpost ကို pdf ဖိုင်အနေနဲ့ ဒေါင်းယူချင်ရင် အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ
http://sh.st/MLE1
credit - Brighter Myanmar
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
2/06/2014
Facebook က မြန်မာကို ဖုန်းပြန်ခေါ်ပြီ
လော့ကျပြီး ဖုန်းနံပါတ်အတောင်း ခံနေရတဲ့
Facebook အကောင့်တွေကို Unlock
လုပ်ရာမှာ ပဲ ဖြစ်ဖြစ် ... ကိုယ့်ရဲ့ ကိုယ်ပိုင်
Facebook အကောင့်ကို ကိုယ်ပိုင် 
ဖုန်းနံပါတ်လေးနဲ့ Verify လုပ်ထားချင်ရင်ပဲ ဖြစ်ဖြစ်
ဒီနည်းလေးကို သုံးနိုင်ပါတယ် ...
အနည်းငယ်တော့ ပညာသားပါတာမို့ စနစ်တကျနဲ့
ဇွဲရှိရှိ လုပ်ပေးပါလို့ ကြိုပြောထားချင်ပါတယ်
ကွန်ပျူတာနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး Chrome Browser ကို အသုံးပြုလုပ်ဆောင်ရမှာလည်း
ဖြစ်ပါတယ် ..
ကဲ .. စ လိုက်ကြစို့
အရင်ဆုံး Chrome Browser ကို ဖွင့်ပြီး Facebook အကောင့်လော့ဖြည်တဲ့ အဆင့်တွေအတိုင်း
ပုံမှန်အတိုင်း လုပ်ဆောင်သွားပါ ..
ဖုန်းနံပါတ် ထည့်ရမယ့် အဆင့်ကိုရောက်တဲ့အခါ ကိုယ်သုံးမယ့် မြန်မာဖုန်းနံပါတ်တစ်ခုကို ထည့်ပါ
ဖုန်းပါတ်ထည့်ပြီးရင် Sending me a text ဆိုတဲ့ စာတမ်းပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ ထဲက
အောက်နားမှာရှိတဲ့ Inspect element ကို ရွေးပါ
အောက်ကပုံအတိုင်း ကုဒ်တွေ ပွင့်လာပါမယ်
ကုဒ်တွေထဲက code_smd ဆိုစားပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး sms ကို voice လို့ ပြင်ပေးလိုက်ပါ .. code_voice လို့ ဖြစ်သွားအောင် ပြင်လိုက်တာပါ
ပြီးရင် enter နှိပ်လိုက်ရင်လည်း ရပါတယ် .. element window ရဲ့ လွတ်နေတဲ့ နေရာကို ကလစ်တစ်ချက်လောက်နှိပ်ပြီး ညာဖက် အစွန်က ကြက်ခြေခပ်လေးကို နှိပ်ပြီး element window ကို ပိတ်လိုက်ပါ
ပြီးရင် Continue ကို နှိပ်လိုက်ပါ ..
နောက်တစ်ဆင့်မှာ ကုဒ် ထည့်ရမယ့်အဆင့်ကို ရောက်သွားရင် အောင်မြင်ပါပြီ .. နည်းနည်းလောက် စောင့်လိုက်ရင် ဖုန်းဝင်လာပါလိမ့်မယ် ..
Facebook က ပြောတဲ့ စကားသံဟာ တော်တော်မြန်တဲ့အတွက် သေချာနားထောင်ဖို့တော့ လိုပါတယ် ..
ကုဒ်ကို လေးလုံး ပြောလာမှာ ဖြစ်ပါတယ် ..
တကယ်လို ကုဒ်ထည့်ရမယ့် အဆင့်ကို မရောက်ပဲ .. အောက်မှ ပြထားသလို Error Message တစ်ခုခု ကျလာခဲ့ရင် Cancel ကိုနှိပ်ပြီး ဖုန်းနံပါတ်ထည့်တဲ့ အဆင့်ကနေ ပြန်လုပ်ပါ ..
အဲဒီလို လုပ်တာမှ Error Message တက်နေတုန်းပဲ ဆိုရင်တော့ အားလုံးကို ပိတ်ပြီး နာရီဝက်လောက်စောင့်ပြီးမှ အစကနေပြန်ဝင်လုပ်ပါ ...
တစ်ခါတစ်ခါ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ရင်း ဖုန်းနံပါတ်ထည့်ရမယ့် အဆင့်မှာ အောက်ကပုံအတိုင်း Giving me a call ဆိုတဲ့ Function တစ်ခု တိုးလာတာကို ကြုံရတတ်ပါတယ် ..
အဲဒါဆိုရင်တော့ အဲဒီ Giving me a call ကို အမှတ်လေးတပ်ပေးပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်တာနဲ့ ခဏလောက်အကြာမှာ ဖုန်းဝင်လာပါလိမ့်မယ် ...
တစ်ခုကြိုပြောချင်တာက စိတ်ရှည်ဖို့ ပါပဲ ...
ကျွန်တော်ဆို .. ဒီပို့စ်ကို တင်ဖို့ ဒီနည်းကို စမ်းတာ ၂ ပါတ်လောက်ကြာပြီး ညတိုင်း မိုးလင်းခဲ့ပါတယ် ..
အခုတော့ .. ၄ ကြိမ်လောက်လုပ်ရင် တစ်ကြိမ်လောက်က ကုဒ်ထည့်တဲ့အဆင့်ကို ရောကပြီး တစ်ကြိမ်လောက်က Giving me a call ဆိုတဲ့ Function ပါလာတာမျိုးကို ကြုံရပါတယ် ..
သတိထားမိတာတစ်ခုက မနက် အစောပိုင်း ( ၄ နာရီနဲ့ ၇ နာရီကြား ) တွေမှာ အခုလို အောင်မြင်တာကို တွေ့ရပါတယ် ..
ကဲ .. အောက်မှာ ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ် .. လေ့လာကြည့်ပါဦး
ဗွီဒီယိုဖိုင်ကို ဒေါင်းယူထားချင်တဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီနေရာ မှာ တင်ပေးထားပါတယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ ..
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
Credit to >> သဇင်ကိုကို 
အိုင်တီမုဆိုး 
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။
Unordered List
Related Posts Plugin for WordPress, Blogger...