Likes

Showing posts with label Apple Error. Show all posts
Showing posts with label Apple Error. Show all posts

12/04/2013

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

                          



Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။ 
ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်... 

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်... 

>>Reset Password<< 

နည်းလမ်း (၁) 

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။ 
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။ 

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။ 

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။ 


၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။ 


၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။ 


၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့် 
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ) 


၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။ 





နည်းလမ်း (၂) 

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။ 

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။ 


၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။ 


၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။ 



၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။ 


နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။ 
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ... 

*****************************************


>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။ 

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။ 


Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။ 


Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။ 


  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။


နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။ 



Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ.... 


credit - http://www.moethagyar.info/

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

12/03/2013

iOS 7 ၏ ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်းများ



iOS 7 ၏ ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်းများ



ios-7-logo





ကွန်ပြူတာမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းမှာပဲဖြစ်ဖြစ် ဘယ် Operating System မဆို အသစ်ထွက် လာပြီးတဲ့ နောက်မှာတော့ အနည်းနဲ့ အများဆိုသလို ပြဿနာတွေနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ ထိုနည်းတူပါပဲ Apple ရဲ့ ပြောင်းလဲမှုများစွာနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ iOS 7 လည်း Glitch တွေ ၊ Bug တွေ ၊ Problem တွေနဲ့ မကင်းပါဘူး။
ယခုဆိုရင် iPhone နဲ့ iPad သုံးစွဲသူ အားလုံးနည်းပါးဟာ iOS 7 သို့ အဆင့်မြှင့်တင်ပြီးတဲ့ အခြေအနေမှာ ရှိနေပြီး ကြုံတွေ့နေရတဲ့ ပြဿနာများကလည်း တစ်နေ့တစ်ခြား များပြားလို့ လာနေပါတယ်။ အချို့သော ပြဿနာများကတော့ သာမန် Glitch တစ်ခုမျှသာ ဖြစ်သော်လည်း အချို့ပြဿနာများကတော့ ဖုန်းသုံးစွဲမှုကို ရပ်ဆိုင်းသွားစေတဲ့အထိ ကြီးမားတာကို တွေ့ရပါတယ်။
အောက်မှာ ဖော်ပြထားတာကတော့ လက်ရှိ သုံးစွဲသူအများစု ကြုံတွေ့နေရတဲ့ iOS 7 ပြဿနာများနဲ့ ဖြေရှင်းရန် နည်းလမ်းများပဲ ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ ဤဆောင်းပါးတွင် iPhone လို့ အဓိကထား ရည်ညွှန်းရေးသား ထားပေမယ့် ပြဿနာများနဲ့ ဖြေရှင်းနည်းများဟာ iPad နဲ့ iPod Touch များနဲ့လည်း သက်ဆိုင်ပါတယ်။

ပြဿနာ: Apple logo မှ မတက်တော့ခြင်း
iOS 7 ကို update လုပ်ရင်းနဲ့ ဖြစ်တတ်တဲ့ glitch ပါ။ ဤ glitch ကြောင့် ဖုန်းကို reboot လုပ်ပြီးတဲ့အခါမှာ ပြန်ပွင့်မလာတော့ပဲ Apple logo နေရာမှာ ရပ်တန့်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သင့်အနေနဲ့ iTunes နဲ့ ထပ်မံချိတ်ဆက်ပြီး DFU (Device Firmware Upgrade) ပြုလုပ်ကြည့်သင့်ပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Power ခလုတ်အား စက္ကန့် အနည်းငယ်ကြာ ဖိထားပြီး ပိတ်လိုက်ပါ။
၂) မိမိ၏ ကွန်ပြူတာပေါ်တွင် iTunes အားဖွင့်ပြီး ဖုန်းအား ချိတ်ဆက်လိုက်ပါ။
၃) Power ခလုတ်နဲ့ Home ခလုတ်တို့ကို ၁၀ စက္ကန့်ကြာ ပြိုင်တူနှိပ်ထားပြီး Power ခလုတ်အား လွှတ်လိုက်ပါ။ Home ခလုတ်အား ဆက်နှိပ်ထားပါ။
၎) iTunes ပေါ်တွင် “iTunes has detected an iPhone in recovery mode. You must restore this iPhone before it can be used with iTunes.” ဟူသော အသိပေးချက် ပေါ်လာသည်အထိ Home ခလုတ်အား နှိပ်ထားပါ။
၅) ဤအချိန်၌ သင့် iPhone မျက်နှာပြင်ပေါ်သည် Blank ဖြစ်နေရမည်။ Logo (သို့) အခြားစာတန်း တစ်ခုခု ပေါ်နေပါက DFU Mode မဟုတ်ပေ။
၆) iTunes ၏ ဘယ်ဘက်ကော်လံပေါ်၌ iPhone အား ရွေးချယ်ပါ။ ထို့နောက် Summary > Restore အား ရွေးချယ်ပါ။
၇) သင့်အနေနဲ့ iOS 7 Update အား ပြန်လုပ်ရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ပြဿနာ: ဘက္ကထရီ လျင်မြန်စွာ ကုန်ခြင်း
iOS 7 အနေနဲ့ iOS 6 ထက် ဘက္ကထရီ ပိုစားတယ်ဆိုတာ လူတိုင်း သတိထားမှာပါ။ ဖုန်းရဲ့ ဘက္ကထရီသက်တမ်းဟာ မိမိရဲ့ အသုံးပြုပုံအပေါ် မူတည်တယ်ဆိုပေမယ့် အောက်ပါ အချက်များကို ဆောင်ရွက်ခြင်းဖြင့် ဤပြဿနာကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်ပါမယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Parallax Effect လို့ခေါ်တဲ့ Home Screen ရဲ့ 3D ပုံထွက်ကို Settings > General > Accessibility > Reduce Motion သို့သွားပြီး ပိတ်လိုက်ပါ။
၂) အသုံးမများတဲ့ App တွေကို အလိုအလျောက် Refresh လုပ်ခြင်းအား Settings > General > Background App Refresh ၌ ပိတ်ထားပါ။
၃) AirDrop အား မျက်နှာပြင်ကို အောက်မှအထက်သို့ swipe လုပ်ပြီးနောက် Control Center ထဲမှ Toggle အား ရွေးချယ်ခြင်းဖြင့် ပိတ်ထားပါ။
၎) Settings > Notification Center သို့ ဝင်ရောက်ပြီး အလိုမရှိသည့် App များအား ဖယ်ရှားပါ။

ပြဿနာ: Wi-Fi နှင့် Bluetooth အလုပ်မလုပ်ခြင်း
iOS 7 ကို update လုပ်ပြီးတဲ့နောက်မှာ Wi-Fi နဲ့ Bluetooth အလုပ်မလုပ်တဲ့ ပြဿနာကို သုံးစွဲသူ အတော်များများ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။ Setting ထဲမှာလည်း အရောင်မှိန်နေပြီး နှိပ်လိုက်တဲ့အခါမှာလည်း ပွင့်မလာတာ (သို့) ပွင့်လာသည့် ပုံစံမပေါက်ပဲ အရောင်ပြန်မှိန်ပြီး ပိတ်သွားတာနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ သင့်အနေနဲ့ iPhone နဲ့ Router ကို ပိတ်/ဖွင့် လုပ်ကြည့်နိုင်ပါတယ်။ ဒါမှ မရဘူး ဆိုရင်တော့ -
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) ဖုန်းအား Airplane mode သို့ ပြောင်းပါ။ ယင်းနောက် Settings > General > Reset > Reset Network Settings သို့သွားပြီး Reset လုပ်ပါ။
၂) ဒါမှမဟုတ်ရင် Settings > Control Center သို့သွားပြီး Access on Lock Screen အား ပိတ်ပါ။ ပြီးရင် iPhone အား ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ။
၃) သင့်ရဲ့ Wi-Fi စနစ်ကို စစ်ဆေးကြည့်ပါ။ Router ရဲ့ Firmware ကို update လုပ်ပါ။

ပြဿနာ: Keyboard တုန့်ပြန်မှု နှေးကွေးခြင်း
iPhone 4 မှာလည်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာပါ။ သုံးစွဲသူတွေက iOS 7 ကိုက တုန့်ပြန်မှုနှေးတယ်လို့ ပြောနေကြပါတယ်။ အထူးသဖြင့် ဒီ Virtual Keyboard နဲ့ စာရိုက်တဲ့ အချိန်မှာပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
Settings > iCloud သို့သွားပြီး Documents & Data အား ပိတ်လိုက်ပါ။

ပြဿနာ: iTunes Store ဆက်တိုက် Crash ဖြစ်နေခြင်း
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Music app အား ဖွင့်ပါ။ ဘယ်ဖက် အပေါ်ထောင့်မှ Store အား နှိပ်ပါ။ iTunes Store ပွင့်လာဖွယ် ရှိပါတယ်။
၂) Home ခလုတ်အား ၂ ချက်ဆက်နှိပ်ပါ။ Multitasking Menu ပေါ်လာပါလိမ့်မယ်။ iTunes Store ပွင့်နေလျှင် ပိတ်လိုက်ပါ။ ပြီးနောက် Settings > iTunes & App Store သို့သွားပြီး Apple ID အား ရွေးချယ်ပြီး Sign Out လုပ်လိုက်ပါ။ ပြီးလျှင် Log In ပြန်လုပ်ပြီး iTunes Store app အား ဖွင့်ကြည့်ပါ။ ရပါလိမ့်မယ်။

ပြဿနာ: iMessage (သို့) FaceTime အလုပ်မလုပ်ခြင်းသုံးစွဲသူ အတော်များများဟာ iOS 7 သို့ အဆင့်မြှင့်ပြီးတဲ့အခါမှာ iMessage နဲ့ FaceTime ဆက်သွယ်ရေးစနစ်များ အလုပ်မလုပ် တော့တဲ့ Bug နဲ့ ကြုံတွေ့နေရပါတယ်။ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) FaceTime (သို့) iMessage အား Setting သို့ ဝင်ရောက်ပြီး အပိတ်-အဖွင့် လုပ်ကြည့်ပါ။၂) Settings > Cellular ၌ Cellular Data အား ပိတ်ပါ။ ဖုန်းအား Wi-Fi နှင့် ချိတ်ဆက်ပါ။ ပြီးရင် Settings > General > Reset > Reset Network Settings သို့ သွားပြီး Reset လုပ်ပါ။၃) ဒါမှ မရသေးဘူး ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Restore လုပ်ကြည့်ပါ။ Data ကို backup လုပ်ဖို့ မမေ့ပါနဲ့။
ပြဿနာ: Lock Screen အား အခြားသူများက ဖြတ်ကျော်နိုင်ခြင်း
iOS 7 မှာ Lock Screen ကို မသမာသူများက ဖြတ်ကျော်ပြီး မိမိဖုန်းအတွင်းက အချက်အလက် အချို့အား ရယူနိုင်တဲ့ Bug ရှိနေကြောင်း အားလုံးသိရှိပြီး ဖြစ်ပါတယ်။ မသမာသူများရဲ့ ရန်က ကာကွယ်နိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း၁) Settings > Control Center သို့သွားပြီး Access on Lock Screen အား ပိတ်ထားပါ။၂) Apple အနေနဲ့လည်း Bug ကို ဖြေရှင်းပေမယ့် Software Update ကို ထုတ်ထားပြီးပါပြီ။ Settings > General > Software Update သို့သွားပြီး မဖြစ်မနေ Update လုပ်သင့်ပါတယ်။
ပြဿနာ: အသုံးပြုနေသည့် App များက အလိုအလျောက် Logout လုပ်နေခြင်း
သုံးစွဲသူ အများစုဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် Mailbox နဲ့ Snapchat app များမှာပါ။ App တီထွင်သူများကတော့ ဒီပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစာနေကြပေမယ့် iOS 7 ရဲ့ နောက်ကွယ်ကနေ အလိုအလျောက် Refresh လုပ်ပေးတဲ့စနစ်က အဓိက တရာခံလို့ လက်ခံထားကြပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Settings > General > Background App Refresh သို့သွားပြီး ပြဿနာရှိနေသည့် App များအတွက် ပိတ်ထားလိုက်ပါ။

ပြဿနာ: iPhone အား ဖွင့်မရတော့ခြင်း
iOS 7 သို့ အဆင့်မြှင့်ပြီးတဲ့နောက် လူအနည်းစုကတော့ ဤပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ Charger တပ်လည်း အကြောင်းမထူး။ ကွန်ပြူတာနဲ့ ချိတ်ကြည့်လည်း အကြောင်းမထူး ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေက များပြားလှပေမယ့် အောက်ပါ နည်းလမ်းတွေကို စမ်းကြည့်သင့်ပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Apple ရဲ့ ကေဘယ်ကြိုးနဲ့ အားသွင်းခလုတ် “အစစ်”ကို အသုံးပြုပါ။ Apple အနေနဲ့ မကြာမီမှာ ပြင်ပ ကုမ္ပဏီတွေက Apple ထုတ်ပစ္စည်းတွေအတွက် ကေဘယ်ကြိုးတွေ၊ အားသွင်းခလုတ်တွေ ထုတ်လုပ်နေတာကို တားမြစ်ပါတော့မယ်။
၂) Power ခလုတ်အား ၁၀ စက္ကန့် နှိပ်ထားပြီး Reboot ဖြစ်-မဖြစ် စောင့်ကြည့်ပါ။
၃) မူရင်း အခြေအနေ ပြန်ရောက်စေရန် Factor Reset လုပ်ကြည့်ပါ။
၎) အထက်မှာ ဖော်ပြခဲ့သလို ဖုန်းအား ကွန်ပြူတာနှင့် ချိတ်ဆက်ပြီး DFU Mode အား စမ်းကြည့်ပါ။
၅) ဒါမှ မရသေးဘူး ဆိုရင်တော့ Apple Store (သို့) တရားဝင် အရောင်းဆိုင်သို့ အမြန်ဆုံး သွားရောက်ပါ။

ပြဿနာ: မူးဝေအော့အန်ခြင်း
iOS 7 မှာ ပါဝင်လာတဲ့ Parallax Effect ရယ် ၊ အရောင်တောက်ပတဲ့ icon တွေရယ် ၊ မြင်ကွင်းပြောင်းလဲမှုမှာ zoom လုပ်တာတွေရယ်ကြောင့် iOS 7 သုံးစွဲသူ အများစုဟာ မူးဝေခြင်း၊ အော့အန်းခြင်း စတဲ့ဝေဒနာတွေကို ခံစားနေရတာကို တွေ့ရှိရပါတယ်။ iOS 7 ရဲ့ လှုပ်ရှားမှု animation တွေအားလုံးကို ပိတ်ထားဖို့ လက်ရှိအချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။ သက်သာရာ ရပါလိမ့်မယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Settings > General > Accessibility သို့သွားပြီး Reduce Motion အား နှိပ်ပါ။
၂) Wallpaper ကို လှုပ်ရှားမှု မရှိတဲ့ Static Wallpaper များကိုသာ သုံးစွဲပါ။ Settings > Wallpapers & Brightness သို့သွားပြီး ရွေးချယ်ပါ။
၃) စာလုံးများရဲ့ အရွယ်အစားကို အနည်းငယ် ကြီးလိုက်ပါ။ Settings > General > Text Size မှာ လုပ်ဆောင်နိုင်ပါတယ်။
၎) ဖောက်ထွင်းမြင်ရမှု (Transparency) ကို Settings > General > Accessibility > Increase Contrast မှာ လျော့ချပါ။

ပြဿနာ: Text Message ပို့မရခြင်း
သုံးစွဲံသူ အနည်းငယ် ကြုံတွေ့နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ iOS 7 သို့ ပြောင်းလဲပြီးမှ ဖြစ်တာပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) မိမိရဲ့ Text Message အား ဖိနှိပ်ပြီး “Send as text message.” ပေါ်လာသည့်အခါ ရွေးချယ်ပြီး နှိပ်လိုက်ပါ။၂) ဒီပြဿနာဟာ iMessage မှာ ဖြစ်နေတယ် ဆိုရင်တာ့ iOS 7 က SMS ပေးပို့မှုစနစ်အား အလိုအလျောက် ပိတ်ထားတာ ဖြစ်နိုင်ပါတယ်။ Settings > Messages သို့သွားပြီး Send as SMS အား နှိပ်ပြီးဖွင့်လိုက်ပါ။၃) အထက်မှာ ဖော်ပြထားတဲ့ iMessage နဲ့ FaceTime ပြဿနာ ဖြေရှင်းနည်းအား စမ်းသပ်ကြည့်ပါ။
ဒီတစ်ခေါက်တော့ ဒီမျှပါပဲ။ လာမည့် ရက်တွေ၊ လတွေမှာ ထပ်မံကြုံတွေ့ လာရတဲ့ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများကိုလည်း ထပ်မံဖော်ပြ ပေးသွားပါမယ်။ သင့်အနေနဲ့လည်း ဤစာရင်းမှာ မပါဝင်တဲ့ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းနိုင်ခဲ့တယ် ဆိုရင်လည်း အခြားစာဖတ်သူများထံ အောက်တွင်ဖော်ပြပြီး မျှဝေပေးပါလို့ တိုက်တွန်းလိုပါတယ်။

credit - www.mmconsumerguide.com

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Unordered List

Related Posts Plugin for WordPress, Blogger...