Likes

Showing posts with label Apple Game. Show all posts
Showing posts with label Apple Game. Show all posts

5/16/2014

Infinity Blade 3 အတွက်လိုအပ်တဲ့ Gems,Money,Skill Points တွေကို iFunboxမှတစ်ဆင့်ထည့်သွင်းရယူနည်း




Infinity Blade 3 အတွက်လိုအပ်တဲ့ Gems,Money,Skill Points တွေကို 

iFunboxမှတစ်ဆင့်ထည့်သွင်းရယူနည်းကိုပြောပြပေးပါမယ်ခင်ဗျာ။

.ယခုလိုပြုလုပ်ရန်အတွက်မိမိရဲ့iDeviceဟာJailbreak ဖြစ်ရန်မလိုအပ်ပါဘူး။

ကျွန်တော်ကiFunboxကနေထည့်သွင်းပုံကိုရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်ပါ..

(Jailbroken iDevice ဆိုရင်တော့ iFileကနေလဲသွင်းလို့ရပါသေးတယ်)

၁. မိမိကွန်ပြူတာတွင်တော့iFunbox ရှိဖို့လိုအပ်ပါတယ်

၂. အောက်တွင်ပေးထားသော Download link ကိုဒေါင်းပါ..

၃. iDeviceနှင့်ကွန်ပြူတာကိုချိတ်ဆက်ပေးပြီး iFunbox ကိုဖွင့်ပါ..

၎. ထို့နောက် ဒေါင်း၍ရလာသည်ကို iFunbox အတွင်းရှိ User Application >> Inifinity 

Blade III >> Document အတွင်းသို့ Copy & Paste ပြုလုပ်ပေးပါ..

၅.ပြီးလျှင် Refresh ပြုလုပ်ပေးပြီးမှ Safe Remove လုပ်ပါ။

Inifinity Blade III ကိုRunလိုက်သောအခါတွင် Gems,MoneyများHackပြီးပါပြီ..
.
****အရေးကြီးသည်မှာ အဆင့်(၁)စ၍မပြုလုပ်မီ Inifinity Blade 3 App ကို ဖွင့်Run 

ထားသည်ဆိုပါက Multitasking ဖြင့်App ကို Kill ပေးရန်လိုအပ်ပါသည် *****

Infinity Blade III Hack ယူရန် >> http://adf.ly/n9c1d

iFunbox မရှိသေးပါကယူရန် >> www.ifunbox.com

အဆင်ပြေကြပါစေ....

HtetWai(iOS Knowledge Bank.MM)


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

1/01/2014

Fifa14 On Jailbreak Device များအတွက် Unlock လုပ်နိုင်ပါပြီ


fifa-14 copy
Fifa14 ကို unlock မဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့အသင်း၊ဖလားပွဲများကို မကစားရသူတွေ အတွက် အခုတော့ အဆင်ပြေသွားပါပြီ..ပထမဆုံးမိမိဖုန်းက jailbreak လုပ်ပြီးသားဖြစ်ရပါမယ်..လုပ်ပုံကလည်း လွယ်လွယ်လေးပါ..ပထမဆုံးမိမိ apple ID နဲ့ ဆွဲထားတဲ့ Fifa14 ipa ဖိုင်ရှိရပါမယ်..itools ရှိရပါမယ်..လုပ်အပ်တဲ့ဖိုင်တွေကို အောက်မှာရယူနိုင်ပါတယ်..
မရှိသေးသူတွေ အတွက် အောက်မှာဒေါင်းလိုက်ပါ..
ပထမဥိးစွာ Fifa14 ကိုဖုန်းထဲမှာ ရှိရပါမယ်.. မိမိဖုန်းကို pc နဲ့ချိတ်ပါ(pc မှာ itunes ရှိရပါမယ်)ပြီးရင် itools ဖွင့်ပါ..အောက်ပါပုံအတိုင်းတွေ့ပါမယ်..
mmas
ပြီးရင်  Browse ကိုနှိပ်ပါ..fifa14 app>data>gui>data>xml>screenslayouts>mail menu>ကိုဝင်လိုက်ရင် Play_locked.xml ကို Play_unlocked.xml လို့ပြောင်းပေးပါ
နောက်ထပ် Play_unlocked.xml ကို Play_locked.xml လို့ပြောင်းပေးပါ.. အဲဒီမှာ တစ်ခုသတိထားရမှာက ပထမ play_locked.xml ကိုrename ပေးမယ် ဆိုရင် အက္ခရာတစ်ခုခုထည့်ထားလိုက်ပါ..ဘာဖြစ်လို့လဲဆိုတော့ play_unlocked.xml ကအောက်မှာ ရှိပြီးသားမို့ တစ်ခုခုထပ်ထည့်ပြီးနောက်မှ ပြင်ယူပါ..ကျွန်တော် တော့ အဆင်ပြေပါပြီ..ဆော့လိုက်ပါဦးမယ်  :D
Myo Minn Thant(Myanmar Mobile App Store)

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

6/10/2013

Ugly Animals For ios

5/11/2013

IOS [HACK] Ninjas vs Samurai: Epic Castle Defense v1.0



HACK FEATURES:
unlimited gold
unlimited crystals

Instructions:

1 - Install the game
2 - Download this hacked file: Download Link
3 - Use a file browser of your choice (iFile, DiskAid, iFunBox…)
4 - unzip it 
5-  copy all into /var/Mobile/Application/Ninjas vs Samurai Epic Castle Defense/Documents/
6- run the game enjoy the hack!

5/06/2013

Wave Cam V1.0.2 For iPhone/iPad



Apple သမားတွေအတွက် Font Camera နဲ့ ဓါတ်ပုံရိုတ်တဲ့ ကိုကိုမမများ အရမ်းးလန်းတဲ့ဆော့ဝဲလေးလာပါပြီ ။
ကိုယ့်ကိုယ်ကို တစ်ကိုယ်လုံးပုံ ရိုက်ချင်သူများအတွက် အရမ်းကိုအဆင်ပြေတဲ့ဆော့ဝဲလေးပါ ။


လေထဲတွင် လက်ဖြင့် စခရင်ရဲ့အပေါ်ထောင့်နေရာက လက်ဝါပုံအဝိုင်းလေးနေရာကို လက်ဝါးပြလိုက်တာနဲ့ အချိန်သုံးစက္ကန့် ပြင်ဆင်ခွင့်ပြန်ပေးပြီး Auto  ဓါတ်ပုံရိုက်သွားပါမယ် ။


Download Here

5/02/2013

iPhone ကနေ Call တွေကို Recording လုပ်နိုင်ဖို့ 

iPhone နဲ့  Android phone တွေအကြောင်း ယှဉ်ပြီးပြောလာကြရင် iPhone က ဘယ်နေရာက ဘယ်လိုအားသာချက် ရှိတယ်လို့ ပဲဆို ဆို၊ နောက်ဆုံးမှာ Android သမားများတွေက Android phone ရဲ့  Features တွေနဲ့  ကိုင်ပေါက်လာတဲ့ အခါကျရင်တော့ ကျွန်တော်တို့ တွေမှာ ပြောအား မရှိလှပါဘူး။ 

ဟုတ်ပါတယ် iPhone ရဲ့  iOS ဟာ Open source မဟုတ်တဲ့ အတွက် Android လောက် Features မစုံလင်ပါဘူး၊ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice တွေမှာတော့ Tweaks တွေကိုသုံးလိုက်တဲ့ အခါမှာ နောက်ထပ် feature တော်တော်များများကို ထပ်မံ သုံးနိုင်လာပါတယ်၊ ဒါဟာ Jailbreak လုပ်ခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်ပါတယ်.. 

ဟိုးတစ်လောက ကျွန်တော့်ထံသို့  ဆက်သွယ်မေးမြန်းလာတဲ့ စာတွေထဲမှာ Phone Call တွေကို record လုပ်လို့ ရတဲ့ App လေးများ မရှိဘူးလားလို့  တော်တော်များများက မေးဖူးကြပါတယ်။ 

ရှိတော့ရှိပါတယ် ဒါပေမယ့် Recording service ပေးတဲ့ website တစ်ခုခုမှာ Register လုပ်ရပါတယ်၊ ဒါ့အပြင် recording hour ကိုလည်း ဝယ်ယူရပြန်ပါတယ်၊ Call recording လုပ်နိုင်ဖို့ ၊ ပြန်လည် နားထောင်ဖို့  အတွက်လည်း Internet connection ရှိနေမှ ရတဲ့အတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး။ 

ယခုတော့ Cydia ၏ Tweak တစ်ခုဖြစ်တဲ့ "Audio Recorder" က အဲဒီလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။
Phone call များကို Internet connection မလိုပဲ မိမိဖုန်းထဲမှာတင် recording လုပ် သိမ်းထားနိုင်ပြီး အချိန်မရွေး ပြန်လည် နားထောင်နိုင်ရုံသာမက email အဖြစ်ပေးပို့ ခြင်း၊ မလိုအပ်ပါကလည်း ပြန်လည် ဖျက်ပစ် နိုင်ပါသေးတယ်။ 


တစ်ခုသတိပြုဖို့  ရှိတာကတော့ "Audio Recorder" သုံးပြီး recording လုပ်ပါက ယခုပြောဆိုနေမှုများကို recording လုပ်မှာဖြစ်ကြောင်း voice message ကို Call ရဲ့  အစမှာ နှစ်ဖက်စလုံးက ကြားရမှာဖြစ်ပြီး အဲဒီ function ကိုတော့ "Disable" လုပ်နိုင်မှာ မဟုတ်ပါဘူး။ 

"Audio Recorder" ကို iPhone 4S နှင့် iPhone 5 တို့ မှာသာ အသုံးပြုနိုင်ပါတယ်။ Speaker ဖွင့်ပြီး သုံးဖို့  အတွက်တော့ iPhone 4S မှာပဲ အလုပ် လုပ်နိုင်ပါလိမ့်မယ်။ 

"Audio Recorder" ကို Cydia Store မှာ $3.99 နဲ့  ဝယ်ယူရရှိနေပါပြီ.. 

ဝယ်ယူဖို့  အခက်အခဲရှိနေတဲ့ မိတ်ဆွေများ အတွက်တော့ FREE ရယူနိုင်ဖို့  အတွက် Cydia မှာ "http://igoldhouse.myrepospace.com" ကို Add လုပ်ပြီး "Audio Recorder" လို့  ရှာပြီး install လုပ်၍ သုံးနိုင်ကြပါပြီ... version ကတော့ (v0.2-220) ဖြစ်ပါလိမ့်မယ်။ 

"Audio Recorder" ရဲ့  Setting ကို Settings ထဲမှာ တွေ့ ရှိ ပြုပြင်နိုင်ပါတယ်... 


မိုးသိကြား

International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်.. 


ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၅၅) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၅၅) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်.. 

>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ << 

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။ 
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)


ကဲ... Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်... ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်... 


လုပ်ငန်းစဉ် 

အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။ 
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။ 


အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။ 


ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။ 


အဆင့် ၃)
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်) 



Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။ 


အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။ 
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်) 


အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။ 


အဆင့် ၆) 
"Welcome to the iTunes Store" page တွင် "Continue

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree

အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။ 



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။
  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။
  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)
  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။



အဆင့် ၈)
"Provide a Payment Method" တွင် "None" ကိုရွေးပါ။ 

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။ 


  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။ 
  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


အဆင့် ၉)
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။ 

အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။ 


အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။ 


အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။ 


အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ... 

5/01/2013

I Tool Final Version

IM+ Pro Version For iPhone/iPod/iPad






IM+ Pro Version ပါ။ Google Talk, Facebook Chat, Beep, Neighbors, Windows Live/ MSN, Yahoo!, Skype Account တွေနဲ့ သုံးလို့ရတဲ့ chatting software လေးပါ။ Jailbreak လုပ်ထားတဲ့ iPhone/iPod/iPad တွေမှာ သုံးနိုင်ပါတယ်။ ဒါပေမဲ့ Off-the-Record Messaging အတွက် $5.98 နဲ့ဝယ်ရမှာဖြစ်ပါတယ်။ Beep Messaging Service အတွက် $1.28 နဲ့ဝယ်နိုင်မှာဖြစ်ပါတယ်။ သာမန် သုံးသူတွေအတွက် ကတော့ အထက်ပါနှစ်ခု ကမလိုပါဘူး။ လိုချင်ရင် Local iapstore နဲ့ iapfree စတဲ့ cydia tweaks တွေသုံးနိုင်ပါတယ်။
IM+ Pro ဟာ Accounts တွေ အများကြီး သုံးသူတွေအတွက် တော်တော် အဆင်ပြေစေမှာပါ။


IM+ Pro




Jailbreak လုပ်စရာမလိုဘဲ IPhone/Pad ထဲသို့ Cracked App,Game များသွင်းခြင်း




iPhone/Pad ကို Jailbreak လုပ်စရာမလိုပဲ ပိုက်ဆံပေးဝယ်ရသော iOS app,game များကို free down ၍ iPhone/Pad ထဲသို့ တိုက်ရိုက်သွင်းနိုင်သည့် K-Software လေးပါ။ iDevices အားလုံးနဲ့ iOS version အားလုံးအတွက်အသုံးပြုနိင်ပါတယ်။ မိမိတို့ရဲ့ iDevices များကို Jailbreak လုပ်ထားစရာမလိုပဲ ဒီဆော့ဝဲလေးထဲကနေ app,game ဂိမ်းတွေကို freedownload ရယူပြီး စက်ထဲသို့တိုက်ရိုက်သွင်းနိုင်မှာဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
ဒီဆော့ဝဲကိုအသုံးပြုပြီး Cracked iOS app,game များကို Jailbreak လုပ်မထားတဲ့ iPhone/Pad/Pod touch များထဲကိုသွင်းပုံသွင်းနည်းကိုအောက်မှာဆက်လက်ရှင်းပြပါ့မယ်။
အရင်ဆုံး မိမိရဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ပြီးလျှင်အပေါ်မှာ download ရယူခဲ့တဲ့ Kuaiyoun ဆော့ဝဲကိုကွန်ပျူတာထဲမှာ install လုပ်ပြီးပါ။ ပြီးလျှင်အခု install လုပ်လိုက်တဲ့ Kuaiyoun ဆော့ဝဲကို run လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါမယ်။ ဒီဆော့ဝဲထဲကနေ download လုပ်လို့ရနိုင်တဲ့ iOS app,game ဆော့ဝဲလေးတွေပေါ်လာမှာပါ။ Kuaiyoun ဆော့ဝဲရဲ့ searchbox ထဲမှာ မိမိလိုချင်တဲ့ဆော့ဝဲကိုရိုက်ထည့်ပြီးတော့လည်း ရှာနိုင်ပါတယ်။
အခုတော့ step လေးတွေဆက်ပြောပါမယ်။ download လုပ်ချင်တဲ့ ဆော့ဝဲတစ်ခုထဲကိုဝင်လိုက်ပါ။


လိုချင်တဲ့ဆော့ဝဲထဲကို ရောက်သွားပြီဆိုရင် အဲဒိဆော့ဝဲကို download လုပ်ဖို့အတွက်ပုံမှပြထားတဲ့အတိုင်း ခလုတ်အနီလေးကို နှိပ်ပြီး download ရယူပါ။

application ကိုစတင် download လုပ်နေတာကိုမြင်ရမှာပါ။

app,game ကို download လုပ်ပြီးသွားပြီဆိုရင်တော့ မိမိရဲ့ iPhone/Pad ထဲကိုသွင်းဖို့ ပုံထဲမှာမျှားပြထားတဲ့ ခလုတ်လေးကိုနှိပ်ပြီး install လုပ်နိုင်ပါတယ်။

Kauiyoun ဆော့ဝဲကိုအသုံးပြုပြီး Download လုပ်ထားတဲ့ iOs app,game ဖိုင်တွေကိုကြည့်ချင်ရင်တော့ download app list ထဲက app တစ်ခုပေါ်မှာ right click နှိပ်ပြီး အောက်ပုံထဲကအတိုင်း စာကြောင်းခြောက်ကြောင်းမြောက် ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

cycloramic-v2-1-for-iphon






iTunes Store ရဲ့ 2012 ခုနှစ်အတွက်အကောင်းဆုံးတီထွင်မှုဆုကိုရရှိခဲ့တဲ့ iPhone application လေးဖြစ်ပါတယ်။ iPhone 5/4S/4 သုံးမျိုးလုံးမှာအသုံးပြုနိုင်ပါတယ်။ ဖုန်းလေးကိုစားပွဲပေါ်မှာထောင်ထားပြီး ဒီဆော့ဝဲလေးထဲက “Go” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့ ဖုန်းက စားပွဲပေါ်မှာထောင်လျက်လေး 360 ဒီဂရီလှည့်ပြီး ဗီဒီယို/ဓာတ်ပုံရိုက်ပေးမှာပါ။ ဓာတ်ပုံရိုက်ဖို့ရော / Video ရိုက်ဖို့ရောနှစ်မျိုးသုံးနိုင်ပါတယ်။ Vibrate တုန်ပြီး စားပွဲပေါ်မှာထောင်လျက်လေးလည်ပြီး ဓာတ်ပုံရိုက်ပေးမှာပါ။ MyanmarMobileApp မှာ Cycloramic နောက်ဆုံး version တင်ပေးလိုက်ပါတယ်။ ဆန်းသစ်တဲ့တီထွင်မှုဆုရရှိထားတဲ့ iPhone application လေး “Cycloramic” ကိုအောက်က link မှာရယူနိုင်ပါတယ်။

ဒေါင်းရန်

Facebook version




iPhone/Pad/Pod touch တွေအတွက် Facebook version အသစ် Facebook v6.0.1 ကိုတင်ပေးလိုက်ပါတယ်။ ဒီ version မှာတော့ facebook application ကိုအသုံးပြုပြီး facebook ထဲက page တွေ ၊ ဓာတ်ပုံတွေကြည့်နေချိန်မှာ facebook ထဲက သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ကိုလာစကားပြောခဲ့ရင် chatbox/facebook messenger ထဲကိုတကူးတက၀င်ပြီး message ရိုက်နေစရာမလိုတော့ဘဲလက်ရှိအသုံးပြုနေတဲ့စာမျက်နှာမှာတင် လှမ်းပြီး chat နိုင်တဲ့ chat heads လို့ခေါ်တဲ့ features ပါဝင်လာပါတယ်။ ဒါ့အပြင် fb message ထဲကနေ chat ရာမှာ sticker ပုံလှလှလေးတွေကိုလည်းပေးပို့လို့ရပါပြီ။ Facebook v6.0.1 for iPhone/Pad/Pod touch ကိုအောက်က link မှာရယူပါ။

4/28/2013

Ice Age Village V1.1.4 Game ကို Coin နဲ့ Acon ခိုးနည်း


Post ရဲ့ခေါင်းစဉ်အတိုင်းပါပဲ။ ပိုက်ဆံနဲ့ အစေ့လေးတွေကို ၈၈၈၈၈၈၈၈၈၈၈၈၈ တန်ဖိုးအထိရောက်အောင် ခိုးနည်းလေးပါ။ Online ပေါ်ပဲ တက်တက် ဘယ်အချိန်ဖြစ်ဖြစ် စိတ်ကြိုက် သုံးလို့ရပါပြီ။  iPhone/iPod ဒါမှမဟုတ်ရင် iPad က jailbreak လုပ်ပီးသားဖြစ်ရမှာပါ။ Ice Age village game မရှိသေးသူများလဲ iTunes ကနေ Free ပေးထားတဲ့အတွက် Download လုပ်ယူနိုင်ပါတယ်။
လုပ်ရတာ ပိုလွယ်ဖို့ iFile ထက်ကို iTools နဲ့ဆို ပိုအဆင်ပြေမှာပါ။ iTools နဲ့က Ice Age App ကို ရှာလို့ပိုလွယ်တယ်လေ။
အရင်ဆုံး Download ဆွဲပါ။
Download  ဆွဲပီးရင် အောက်က အဆင့်အတိုင်းလိုက်လုပ်ရအောင်…..
  1. iDevices မှာ Ice Age app ဖွင့်ထားရင် ပီးပီး Multitasking ကနေပါ ပိတ်လိုက်ပါ။
  2. iTools ကိုဖွင့်ပီး ဘယ်ဘက်ခြမ်းက File System ကို သွားပါ။
  3. File system ရောက်ရင် ညာဘက်ခြမ်းက App (User) ကိုသွားပီး Ice Age app ကိုရှာပါ။
  4. Download လုပ်ထားတဲ့ zip ဖိုင်ကို ဖြည်ပီး အထဲက Documents ဖိုဒါထဲမှာ ရှိတဲ့ file တွေအားလုံးကို Copy ကူးပီး အဆင့် ၂ က Ice Age app ထဲက documents ဖိုဒါထဲကို ကူးထည့်ပါ။
  5. ပီးသွားပီးဆိုရင်တော့ iDevice ကို သေချာသွားအောင် ပိတ်ပီးပြန်ဖွင့်လိုက်ပါ။ (Reboot လုပ်တာကို ပြောတာပါ)
  6. စက်ပြန်တက်လာရင် Ice Age game ထဲဝင်လိုက်ရင် တရုတ်စာတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါဆိုရင် ညာဘက်ခြမ်းအောက်နားကက Shop တွေ Friend တွေ ရှိတဲ့နေရာမှာ Option ရှိပါတယ်။ အဲဒီ Option ကိုသွားပါ။
  7. Option box ပေါ်လာရင် ဒုတိယမြောက်အကြောင်း ကိုသွားပါ။ Setting ပါ။ ရောက်သွားရင် တတိယအကြောင်းဖြစ်တဲ့ Language ကိုသွားပါ။
  8. Language ရောက်ရင်တော့ USA အလံလေးကို ရွေးလိုက်ရင် English လိုရပါပြီ။
  9. Enjoy your game ;)

Iron Man 3 – The Official Game V1.0.0 -APK+OBB-(588Mb)


၂၀၁၃ ဧပြီလ 25 ရက်နေ့မှာတော့ Iron Man 3 ဂိမ်းထွက်ရှိလာပါပြီ။ Iron Man 3 ဂိမ်းကိုနာမည်ကျော် Mobile Game ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gameloft ကဖန်တီးထားခြင်းဖြစ်ပါတယ် ။ Iron Man 3 ဂိမ်းကို Iron Man 3 ရုပ်ရှင်ဇာတ်ကား ၊ ဇာတ်ညွှန်းနှင့် မူရင်းရုပ်ပြစာအုပ်မှ ဇာတ်လမ်းသွားများကိုအခြေခံ၍ Iron Man 3 ဂိမ်းအသစ်ကိုရေးဆွဲထားတယ်လို့ဆိုပါတယ်။ ဒီဂိမ်းမှာတော့ Iron Man ဇာတ်ကောင်တစ်ခုတည်းမဟုတ်ဘဲ Iron Man ရဲ့အဖော်အဖြစ် အခြား Iron Man ၀တ်စုံသုံးခုဖြင့်ပြောင်းလဲကစားနိုင်မှာဖြစ်သလို လက်နက်များကိုလည်း upgrade မြှင့်တပ်ဆင်နိုင်မှာဖြစ်ပြီး အရင်တုန်းကထွက်ရှိထားတဲ့ Iron Man ဂိမ်းများနဲ့မတူတဲ့အချက်က ဒီဂိမ်းမှာ Iron Man ဇာတ်ကောင်က Endless Runner အနေနဲ့ကစားရမှာဖြစ်ပါတယ်။
တော်‌‌တော်‌‌လေးကိုကစားလို့‌ကောင်းပြီး ရုပ်‌ထွက်‌ပိုင်းလည်း‌ကောင်းမွန်‌တာကို‌တွေ့ရမှာပါ။
ရုပ်‌ထွက်‌ကလည်း 3D ဖြစ်‌တာ‌ကြောင့်‌ အ‌တော်‌‌လေးကို‌ကောင်းမွန်‌ပါတယ်‌။ ဒီ ဂိမ်း‌လေးထဲမှာ‌တော့ Iron Man ဟာ သူရဲ့ အဓိက ရန်‌သူ‌တော်‌‌တွေဖြစ်‌တဲ့Crimson Dynamo, Ezekiel Stane, Living Laser and the mighty M.O.D.O.K. နဲ့စွန့်‌ စွန့်‌စားစား ရင်‌ဆိုင်‌တိုက်‌ခိုက်‌ရမှာပါ.
မတူညီတဲ့ နိုင်‌ငံ ‌တွေရဲ့ ‌နေရာ ၃ ‌နေရာဖြစ်‌တဲ့ မာလီဘူး ကမ်း‌ခြေ ။ နယူး‌ယောက်‌ခ်‌ နဲ့ တရုတ်‌နိုင်‌ငံ
စတဲ့‌နေရာ ‌တွေကို Level အလိုက်‌ ကစားရမှာဖြစ်‌ပါတယ်‌
လမ်းတ‌လျှောက်‌မှာ power ‌တွေ ဖြည့်‌ခွင့်‌‌ပေးထားပါတယ်‌။ ရန်‌သူကိုတိုက်‌ခိုက်‌ဖို့အတွက်‌ မိမိဖုန်းရဲ့ စကရင်‌ကို အသုံးပြု၍ ဘယ်‌ညာ ‌ရှောင်‌တိမ်းနိုင်‌သလို ကိုပစ်‌ရမဲ့ရန်‌သူ့ယာဉ်‌ကိုလည်း touch ‌ပေး၍တိုက်‌ခိုက်‌ရမှာဖြစ်‌ပြီး ဆက်‌တိုက်‌ ပစ်‌ခတ်‌နိုင်‌ပါတယ်‌။
လမ်းတ‌လျှောက်‌‌လေဆာ‌ရောင်‌ခြည်‌အတားအဆီးများကို‌တော့သတိထား‌ရှောင်‌ရှားရမှာဖြစ်‌ပါတယ်‌။
Iron Man 3 v1.0 for Android  ကိုPlay Store မှာ download ရယူနိုင်ပြီးအောက်က link မှာ download ရယူနိုင်ပါတယ်။

Required Android O/S : 2.3+

Download Here:


Apk file ကိုမိမိရဲ့ဖုန်းထဲမှာသွင်းပြီး Done နဲ့ထွက်ပေးလိုက်ပါခင်ဗျ။Data zip —>extract—> ပြီးလျှင်’com.gameloft.android.ANMP.GloftIMHM’ Folder 
ကိုမိမိဖုန်းရဲ့ Internal SD card, Android, OBB မှာထဲ့ပေးလိုက်ပါခင်ဗျ။ OBB File မရှိလျှင် New Folder လုပ်ပြီး Name ကို OBB ဟုပေးလိုက်ပါ။


Thanks: Aung bobolwin ; bobolwin36@facebook.com

4/26/2013

Jailbroken iDevices တွေအတွက်.. Cydia ထဲမှ.. အနှစ်များ




1. Activator (Source: BigBoss)
§  အရမ်းကိုမိုက်တဲ့ဟာလေးပါ... iDevices မှာပါတဲ့.. မရှိမဲ့ရှိမဲ့.. ခလုတ်ကလေး ၂ ၊ ၃ ခုကို.. နှိပ်စရာမလိုအောင်.. Touchscreen ကိုကောင်းကောင်းအသုံးချလို့ ရသလို... ကိုယ်လိုအပ်သလို ကြိုက်သလို ပက်ပက်စက်စက် Shorcut တွေပေးလို့ ရပါတယ်ဗျာ... သူကအရင်တုန်းကတော့... Settings ထဲမှာဘဲဝင်ကလိရပေမယ့်.. အခုနောက်ပိုင်း အပြင်မှာ icon တစ်ခုအဖြစ်ပါလာတာတွေ့ ရပါတယ်...


2. AppSync for iOS 4.0+ (or) iOS 5.0+ (Source: cydia.hackulo.us)
§  တော်တော်များများသိပြီးသား ဖြစ်မှာပါ.. Cracked လုပ်ထားတဲ့.. App တွေကို.. ပက်ပက်စက်စက် အပူအပင်မရှိ.. ထည့်လို့ ရပါတယ်... (သူ့ Capacity ထက်တော့ ပိုထည့်လို့ မရဘူးပေါ့ဗျာ..) နောက်ပြီး.. သူ့ ကို Sources တော်တော်များများကနေယူလို့ ရပါတယ်.. (e.g.. cydia.xselliza.com, cydia.hackulo.us, h7v.org, etc...)


3. Barrel Cracked (Source: www.sinfuliphonerepo.com)
§  Pages တွေကို တစ်ခုနဲ့ တစ်ခု Swipe လုပ်တဲ့အခါမှာ.. icon လေးတွေအရွှေ့ ကို.. အလန်းလေးတွေဖြစ်အောင်လုပ်ထားတဲ့.. Software ပါ... iDevices သုံးတဲ့သူတိုင်းအတွက် မရှိမဖြစ်လေးပါဗျာ...


4. SBSettings (Source: BigBoss)
§  Wifi ဖွင့်တာပိတ်တာ.. Screen Brightness ချိန်တာ.. Bluetooth အဖွင့်အပိတ်.. ကုန်ကုန်ပြောမယ်.. Power ဒေါင်းတာ.. Reboot လုပ်တာ.. Respring လုပ်တာ.. Airplane mode ပြောင်းတာ.. နိုင်ခြံကားမှာ ဆိုရင်.. 3G နဲ့ .. EDGE ပြောင်းတာကအစ ရတယ်.. (ဒီမှာ သုံးလို့ မှမရတာ).. နောက်ပြီး.. သူက Activator နဲ့ .. ချိတ်ထားတာဆိုတော့.. Activator ရှိရင်ပိုအဆင်ပြေတယ်... တစ်ချက်ပွတ်လိုက်တာနဲ့ .. စားသောက်ဖွယ်မျိုးစုံပါတဲ့.. စားပွဲဝိုင်းကြီးနဲ့ တူတယ်... စစချင်းဆိုရင်တော့.. သူက.. Signal Bar ကနေ.. ဘေးကိုပွတ်လိုက်ရင်ရပြီ... မကျေနပ်သေးရင်.. Activator နဲ့ .. ပက်ပက်စက်စက် ပြင်လို့ ရသေးတယ်..


5. Call Delete Cracked (Source: www.sinfuliphonerepo.com)
§  အိုင်ဖုန်းမှာ... ကိုဖျက်ချင်တဲ့.. Recent Calls တွေကို.. တစ်ခုချင်းဖျက်လို့ မရဘူး... All Clear ပဲရတယ်.. ဒါလေးသွင်းပြီးတဲ့အခါမှာတော့... ကြိုက်တဲ့သူဆီ.. ဆက်ချင်သလောက်ဆက်.. ပြီးရင်.. Swipe To Delete Manually ပဲ.. ကိုယ်ဖျက်ချင်တဲ့.. call ကိုပွတ်လိုက်.. ဘေးမှာ.. Delete လေးပေါ်လာလိမ့်မယ်.. ငါးရံ့ နှစ်ကောင် ဖမ်းချင်သူတွေအတွက်တော့.. လက်မလွှတ်သင့်တဲ့.. အရာလေးပါ... (နို့ မို့ ရင်ဖုန်းစစ်လိုက်တာနဲ့ .. အကုန်မိကုန်မှာ.. ခုတော့.. အေးဆေး)


6. AnyRing Cracked (Source: www.sinfuliphonerepo.com)
§  အိုင်ဖုန်းမှာ.. Ringtone format ပြောင်းနေရလို့ စိတ်ညစ်နေလား.. ဒါလေးသွင်းလိုက်ပါ... Phone Ring လား.. SMS Ring လား.. ကြိုက်တာပြော.. အေးဆေး.. Ringtones အချင်းချင်းလဲ.. Bluetooth နဲ့ ပို့ လို့ ကရသေး.. (Android တွေမပါ.. သန့် သန့် လေးသာဖြစ်သဖြင့်.. iDevices အချင်းချင်းပဲရပါတယ်) ဖုန်းထဲမှာသာ.. Ringtones ကို Playlist လုပ်ပြီးထည့်ထားလိုက်.. ကြိုက်တာပြောင်းပေတော့...


7. iBlacklist Cracked (Source: www.sinfuliphonerepo.com)
§  သောက်ညင်ကပ်နေတဲ့သူ.. အမုန်းကြီးမုန်းနေတဲ့သူတွေဆို... ဖုန်းမပြောနဲ့ .. Message ပါပို့ လို့ မရအောင်.. လုပ်ထားတဲ့.. ဟာပါ.. သူ့ မှာ.. Whitelist နဲ့ .. Blacklist ဆိုပြီး.. ၂ မျိုးပါပါတယ်.. တစ်ခုခုထဲကို.. ကြိုက်တဲ့ Contacts တွေထည့်ထားပြီး.. ကြိုက်တဲ့ဟာကို.. Active list မှာ.. Active လုပ်ထားလိုက်ပါ.. Whitelist နဲ့ .. Blacklist ကတော့.. အဲ့ထဲမှာ ဘာလဲဆိုတာရှင်းပြီးသား.. (မောလာလို့ )


8. Lockdown pro (Source: www.sinfuliphonerepo.com) {not run ios 5xx}
§  iprotect ထက်စာရင်.. ဒါကိုပိုပြီး.. prefer ဖြစ်ပါတယ်... iprotect က.. Settings ထဲထိဝင်လုပ်နေရတဲ့အချိန်မှာ.. ဒီကောင်က.. App တစ်ခုချင်းစီအလိုက်.. Home Screen မှာ.. Lock ပုံလေးကို.. တို့ လိုက်ယုံနဲ့ .. Lock လုပ်ပြီးဖြစ်မှာပါ...


9. Multicleaner Cracked (Source: www.sinfuliphonerepo.com)
§  ဖွင့်ပြီးသား.. app တွေကို.. Home Screen နှိပ်ယုံနဲ့ .. complete exit မဖြစ်ပါဘူး.. အနောက်မှာ.. App က Run နေပါသေးတယ်.. သူ့ တို့ ကိုဖျက်ဖို့ ဆိုရင်.. Home Screen ကို Double Press လုပ်ရပါတယ်.. ပြီးရင်.. App တစ်ခုချင်းစီကို.. ဖိပြီး.. ငြီးငွေ့ စရာကောင်းလောက်အောင်.. လိုက်ဖျက်ရပါတယ်.. ဒါတွေအကုန်လုံးအတွက်.. Multicleaner ကတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်.. Activator နဲ့ ပေါင်းပြီး. သူက Shorcut လုပ်လို့ ရပါတယ်.. Shortcut တစ်ချက်ထဲနဲ့ .. နောက်မှာ Run နေတဲ့.. app ပေါင်းသောင်းခြောက်ထောင်ကို.. အကုန်လုန်း.. ဖျက်ပေးသွားမှာဖြစ်ပါတယ်..


10. iFile Cracked (Source: www.sinfuliphonerepo.com)
§  iDevice ရဲ့ File Manager ပါ.. System files တွေကအစပါလို့ .. အသုံးမတော်ရင်.. Danger ပါ.. ဒါပေမယ့်.. သူ့ ရဲ့ကောင်းကွက်ကတော့.. ဓာတ်ပုံတွေ.. သီချင်းတွေကို.. bluetooth နဲ့ .. အိုင်ညီအစ်ကို.. အချင်းချင်း.. Share လို့ ရပါတယ်... သူ့ ကိုတော့.. PC မှာ.. 91 တို့ .. DiskAid တို့ နဲ့ .. တွဲရမှာဖြစ်ပြီး.. သုံးတတ်ရင်တတ်သလို တော်တော်အရသာရှိပါတယ်.. .ipa တွေကိုလဲ.. ထည့်သိမ်းထားလို့ ရတော့.. ဂေါ်တာပေါ့ဗျာ..


11. Installous 4 (Source: www.sinfuliphonerepo.com)
§  Cracked လုပ်ပြီးသား app တွေ.. ဂိမ်းတွေ.. အခမဲ့.. ဒေါင်းလို့ ရတဲ့.. browser app လေးပါ.. တော်တော်များများ.. အဲဒီမှာရှိပါတယ်.. သူက.. iFile နဲ့ လဲတွဲသုံးလို့ ရသေးသဗျ... အသေးစိတ်ကတော့.. ကလိသာကြည့်တော့ဗျို့ ..


12. Lockinfo (Source: www.sinfuliphonerepo.com)
§  Lock Screen ကို Android ပုံစံ.. ပြောင်းပြီး.. အမြင်ဆန်းချင်တဲ့.. User များအတွက်ပါ.. Lock Screen ကို.. Weather လေးတွေ Calendar လေးတွေ.. ထားချင်တယ်ဆိုရင်.. Settings ထဲမှာ ၀င်ကလိလို့ ရပါတယ်.. အသစ်လိုချင်သေးရင်.. Plug-in တွေထပ်ဒေါင်းလို့ ရပါသေးတယ်..


13. PasswordPilot (Source: BigBoss)
§  AppStore ကနေ.. ကိုယ့် iTunes အကောင့်နဲ့ .. app တွေဆွဲတိုင်း.. password ရိုက်ထည့်ပေးနေရတဲ့.. ဒုက္ခကကင်းဝေးမှာဖြစ်ပါတယ်... Settings ထဲမှာ တစ်ခါတည်း.. ကိုယ့် password ကိုရိုက်ထည့်ထားလိုက်ရင်.. Password အတွက်.. အချိန်မကုန်တော့ဘူးပေါ့ဗျာ..


14. Wifi Passwords (Source: BigBoss)
§  ကိုယ့် iDevices ထဲကို.. သူများက wifi passwords ကိုကိုယ်မသိအောင် passwords ရိုက်ထည့်ပေးလိုက်ရင်.. ဘာရိုက်လိုက်တယ်ဆိုတာ.. ပြန်ကြည့်လို့ ရတဲ့.. app ပါ...


15. Make It Mine (Source: ModMyi)
§  Singal Bar ဘေးမှာပေါ်နေတဲ့.. Carrier နဲ့ .. နာရီပေါ်နေတဲ့.. Banner နေရာမှာ.. ကိုယ်ကြိုက်တဲ့.. စာသားကို.. ရေးချင်ရာရေး.. ပြီး.. ပေါ်နေအောင်လုပ်လို့ ရပါတယ်..


16. AndroidLock XT (Source: www.sinfuliphonerepo.com)
§  ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး.. Android လိုမှ.. lock ချချင်တဲ့.. အရူးတွေအတွက်.. :P


17. emojiPad (Source: BigBoss)
§  ချစ်စရာ.. Smileys လေးတွေနဲ့ .. keyboard တစ်ခုရမှာဖြစ်ပါတယ်.. သူ့ ကို Enable လုပ်ပြီး.. Settings ထဲမှာ.. Add new keyboard လုပ်ပြီး.. emoji ဆိုတာကိုရှာရွေးလိုက်ရင်.. System keyboard ထဲမှာ.. ချစ်စရာ.. Smiley လေးတွေပါလာမှာဖြစ်ပါတယ်..


18. LabelSlider နဲ့ .. LiveClock (Source: BigBoss)
§  LabelSlider က.. Unlock လုပ်တဲ့ Slide နေရာမှာ.. ကိုယ်ကြိုက်တာရေးထည့်လို့ ရတာ.. LiveClock က.. iphone မှာ Clock Icon က.. Live ဖြစ်သွားတာ..


19. Icon Renamer နဲ့ .. Gridlock (Source: icon renamer က BigBoss, GridLock က.. Sinful)
§  Icon Renamer က.. ကြိုက်တဲ့ icon ကို.. ကြိုက်သလို နာမည်ပေးတာ.. Gridlock က.. Icon တွေကို.. ထားချင်သလို ထားလို့ ရတာ..




20. WinterBoard (Source: theme တစ်ခုကို.. ဒေါင်းလိုက်တာနဲ့ ပါပြီးသား)
§  Theme ပေါင်းသောင်းခြောက်ထောင်ကို ဒီကောင်လေးနဲ့ apply လုပ်ရပါမယ်။


21. DreamBoard (Source: cydia.xsellize.com)
§  ဒီကောင်ကတော့ အဆင့်မြင့် theme တွေ apply လုပ်ရင်သုံးတယ်။ ဘယ်လိုအဆင့်မြင့်လဲဆိုတာ ကိုယ်တိုင် စမ်းကြည့်ရင် သိရပါလိမ့်မယ်။


22. Graviboard (Source: cydia.xsellize.com)
§  Home Screen မှာ စက်ကို တချက် shake လိုက်ရုံနဲ့ icon လေးတွေ gravity နဲ့အတူ ရွေ့ချင်တိုင်းရွေ့ပြီး မျောနေတာကို တွေ့ရပါလိမ့်မယ်။ ဖန်စီဆန်ဆန်လေးပါ။ setting အနေနဲ့ Settings> Graviboard> Activation Methods> Motion အောက်က Shake Device ကို အမှန်ခြစ်ပါ။ Settings> Graviboard ထဲဝင်ပြီး Allow Laungching Apps ကလွှဲလို့ ကျန်တာတွေကို On ပေးပါ။ ကျတော်လုပ်သလိုမဟုတ်ပဲ ကိုယ့်စိတ်တိုင်းကျ setting ပေးနိုင်ပါတယ်။


23. Direct Closer Pro (Source: cydia.xsellize.com)
§  ပုံမှန်အရ multitask background ထဲဝင်နေတဲ့ apps ကို ပိတ်ချင်ရင် run နေတဲ့ icon လေးကို wiggling ဖြစ်တဲ့အထိ ဖိရပါတယ်။ ဒီ tweak လေးရှိရင် တခါထဲ close လုပ်လို့ရမှာပါ။


24. GPower Pro (Source: cydia.xsellize.com)
§  Power key ကို ၂.၅ စက္ကန့်ကြာကြာနှိပ်ထားရင် ပုံမှန်အားဖြင့် slide to power off ဆိုတဲ့ စာတန်းလေးတစ်ခုပဲပေါ်ပါတယ်၊ ဒီ tweak သွင်းထားရင်တော့ slide to power off အပြင် slide to reboot နဲ့ slide to respring ဆိုတဲ့ စာတန်းနှစ်ကြောင်း တိုးလာပါမယ်။


25. Infinidock (Source: repo.biteyourapple.net)
§  Home Screen ရဲ့ dock မှာ icon, 4 ခုပဲ ထားနိုင်လို့ အားမလိုအားမရဖြစ်နေရင်တော့ ဒီ tweak က ဖြေရှင်းပေးပါလိမ့်မယ်။ dock ကို page တွေနဲ့ ခွဲထားလို့ရသလို dock page တစ်ခုစီတိုင်းမှာ အများဆုံး icon, 10 ခု ထားလို့ရနိုင်ပါတယ်။


26. Infinifolders (Source: repo.biteyourapple.net)
§  iOS 4 မှာ default အနေနဲ့ folder တစ်ခုကို icon, 12 ခု (iPad မှာဆို 20 ခု) သာ လက်ခံ ထဲ့သွင်းနိုင်ပါတယ်။ ဒီ tweak ရှိနေရင်တော့.. Folder တစ်ခုထဲမှာ icon ကြိုက်သလောက် ထဲ့ထားလို့ရပါတယ်။


27. CallController (Source: repo.biteyourapple.net)
§  အရေးကြီးကိစ္စပြောနေရင်း ဖုန်းလာလို့ ရုတ်တရက်ကပြာကယာ ဖြစ်ရတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီ tool လေး သုံးပြီးတော့ ဖုန်းလာတဲ့အချိန် ဖုန်းကိုတဖက်မှောက်လိုက်တာနဲ့ silent ဖြစ်စေနိုင်ပြီး.. shake လိုက်တာနဲ့ network busy ဖြစ်စေနိုင်ပါတယ်။ ကျတော်ကတော့ setting ကို Flip Over > Mute Ringer နဲ့ Shaking > Busy Signal ဆိုပီး ပေးထားပါတယ်။


28. Click2Call (Source: repo.biteyourapple.net)
§  အရေးကြီးပုဂ္ဂိုလ်ထူး ဘယ်သူဘယ်ဝါလေးတွေကို အလွယ်တကူဖုန်းခေါ်နိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Home Screen မှာ shortcut တင်.. ပီးရင် အဲ့ဒီလူနာမည်ကို တချက် နှိပ်ပြီးခေါ်ရုံပဲ။


29. iShakeLock (Source: BigBoss)
§  ဖုန်းကို Lock/ Unlock လုပ်ဖို့အတွက် Power ခလုပ်နှိပ်စရာနည်းလမ်းတစ်မျိုးပဲ ရှိတာမဟုတ်ဘူး ဆိုတာ ဒီ tweak လေး သုံးကြည့်ရင် သိရပါလိမ့်မယ်။ နားကြပ်က controller buttom နှိပ်ပြီး lock/ unlock လုပ်လို့ရသလို.. status bar (အပေါ် ဘက်ထရီပုံပေါ်တဲ့နား) ကို ဖိထားပြီး (သို့) အပေါ်မှအောက်သို့ဆွဲပြီး (သို့) ဘယ်မှညာ (သို့) ညာမှဘက်သို့ဆွဲပြီးတော့လဲ လုပ်ဆောင်နိုင်ပါတယ်။ ပြောနေရင် ရှုပ်တယ်၊ ကိုယ်တိုင် လက်တွေ့စမ်းကြည့်ရင် နားလည်သွားပါလိမ့်မယ်။ iShakeLock Settings ထဲမှာ Destination ကို sleep လို့ပေးပီး vibrate ကို off ထားရင် ပိုအဆင်ပြေတယ်။


30. Move2Unlock (Source: repo.biteyourapple.net)
§  Lock ဖြည်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ပေးမှာပါ။ Lock Screen တစ်ခုလုံးရဲ့ ကြိုက်တဲ့နေရာကနေပြီး.. အတိုင်းအတာတစ်ခုထိ slide လုပ်လိုက်ရင် lock ပွင့်သွားတယ်။


31. Celeste Bluetooth File Sharing (Source: ModMyi) ($$$)
§  App Store ကဟာတွေနဲ့မတူဘူး၊ ဒီ tweak က ပုံမှန်ဖုန်းတွေမှာလိုပဲ.. Bluetooth သုံးပြီး iPod တွေ Photo တွေထဲကနေ တိုက်ရိုက် သီချင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေ ပို့လို့ရတယ်။ လက်ခံလို့လဲရတယ်၊ ထွက်တာက ဒီနှစ်.. March လ လောက်ကထဲကလားမသိဘူး၊ အခုထိ အဆင်ပြေတဲ့ crack မပေါ်သေးဘူး.. တခုမဟုတ် တခု ဖောက်နေတာပဲ.. ရေလျှံနေသူများ ၉ ဒေါ်လာနဲ့ဝယ်ပြီး စမ်းကြည့်ကြပေါ့ဗျာ.. :)


32. PwnTunes (Source: BigBoss) ($$$)
§  iTunes နဲ့ ချိတ်စရာမလိုပဲ.. ပုံမှန် မန်မိုရီကတ်(သို့)စတစ်ခ် တွေထဲ သီချင်းကူးသလိုပဲ သီချင်းတွေ ကော်ပီကူးထဲ့လိုက်လို့ရနိုင်ပါတယ်၊ storage device တစ်ခုအနေနဲ့လဲ သုံးလို့ရပါတယ်။ သူလဲ အဆင်ပြေတဲ့ crack မထွက်သေးပါဘူး ။


33. BiteSMS (Source: repo.biteyourapple.net)
§  SMS ဝင်လာရင် လျင်မြန်စွာ reply လုပ်နိုင်တယ်၊ vol key နှိပ်ပီး screen ကို ထိလိုက်တာနဲ့ လျက်မြန်စွာ sms compose လုပ်နိုင်တယ်။ sms word counter ပါတယ်။ ကိုယ်မမြင်စေချင်တဲ့ contact နဲ့ပတ်သက်တဲ့ conversation တွေကို hide လုပ်ထားလို့ရတယ်။


34. Android Delete (Source: repo.biteyourapple.net)
§  App တွေကို ဖျက်တဲ့အခါမှာ Android လိုပဲ အမှိုက်ပုံးလေးထဲ ထဲ့ပေးရတဲ့ စတိုင်လ် လုပ်ထားပါတယ်။


************** 14/10/2011 updated by အက်စ်အိုအီးအမ်အိုင်အန် **************


35. Cyntact (Source: cydia.xsellize.com)
§  iphone ထဲမှာရှိတဲ့ contact တွေရဲ့ဘေးမှာ ကိုယ်ထည့်ထားတဲ့ Contact Picture လေးတွေပေါ်အောင်လုပ်ထားတဲ့ tweak ပါ။


36. Magnifier for Safari (Source: repo.biteyourapple.net)
§  iphone/ipod နဲ့ Safari သုံးတဲ့အခါ Font Size တွေကို Adjust လုပ်လို့ ရတဲ့ tweak ပါ။ Original Site ကိုက Font ကို Fix လုပ်ထားရင်တော့ Adjust လုပ်လို့ မရပါဘူး။ Font Size ကို Adjust လုပ်ချင်ရင် Safari ဖွင့်ပြီးရင် အလယ်တည့်တည့်က Bookmark လုပ်တဲ့ icon လေးမှာ Adjust FontSize ဆိုတာ ပါလာပါလိမ့်မယ်။


37. MultiIconMover (Source: BigBoss)
§  iDevice တွေမှာ Icon တွေကို Move လုပ်ရာမှာ တစ်ခုချင်းစီဆွဲပြီး Move လုပ်ရလို့ စိတ်ညစ်နေပါသလား။ ဒီ tweak လေးကိုသုံးလိုက်ပါ။ အရင်ဆုံးကိုယ် Move လုပ်ချင်တဲ့ icon လေးကိုဖိထားလိုက်ပါ။ icon လေးတွေ လှုပ်လာပြီဆိုရင် ကိုယ် Move လုပ်ချင်တဲ့ icon တွေကို လိုက်တို့ ပြီး Select လုပ်ပါ။ ပြီးရင် ကိုယ်ရွှေ့ ချင်တဲ့ Page ကိုသွားပါ (ဒီမှာ ပြောစရာကတော့ ကိုယ်ရွှေ့ ချင်တယ့် Page မှာ လွတ်နေတဲ့ icon နေရာက ၅ ခုဆို ၅ ခုဘဲ Select မှတ်ပါ။ ၄ ခုဆို ၄ခုပဲ မှတ်ပါ။) ပြီးရင် Home Button ကိုနှိပ်လိုက်ပါ။ Select လုပ်ထားတဲ့ icon တွေအားလုံး အဲဒီ Page ကို ရွှတ်ခနဲ ရောက်သွားပါလိမ့်မယ်။ 


38. PictureMe (Source: cydia.xsellize.com)
§  iphone နဲ့ ကိုယ့်ဟာကိုပြန်ရိုက်ရင် Front Camera က Resolution မကောင်းပါဘူး။ Back Camera နဲ့ ရိုက်ဖို့ ကလဲ အလယ်က Camera ပုံလေးကို Touch လုပ်နိုင်မှ။ အဲဒါတွေကို ဖြေရှင်းပေးမယ့်ဟာပါ။ သူက Camera မှာ Settings တစ်ခုအပိုပါလာပါတယ်။ အဲဒီ Settings ထဲမှာ Timer, Time Delay, Rapid Shot နဲ့ Amount ဆိုပြီးပါပါတယ်။ Timer ကိုဖွင့်ပြီး Time Delay ကို 25 Sec ထိထားလို့ ရပါတယ်။ ကိုယ့်ဟာကို Back Camera နဲ့ ရိုက်မယ်ဆိုရင် Touch ကိုလိုက်ရှာပြီး ထိစရာမလိုတော့ဘူးပေါ့။ Timer လေးနဲ့ ဆို အငြိမ်ဘဲ။ Rapid Shot နဲ့ Amount ကတော့ ကိုယ့်ဟာကို ကလိသာကြည့်တော့ဗျာ။


39. iAP Cracker (Source: repo.insanelyi.com)
§   ဒါကတော့ iPod, iPhone, iPad တွေရဲ. apps တွေ Games တွေ တော်တော်များများကို in-App Purchase ကိုFree လုပ်လို.ရမဲ. application လေးပါ.. တော်တော်အဆင်ပြေပါတယ်.. သူနဲ.အဆင်ပြေတဲ. application list ကို ဒီမှာ www.insanelyi.com/topic/5891-iap-cracker-compatibility-list/ မှာကြည်.လို.ရပါတယ်..

---------------------------30/May/2012 Updated by Zin Minn -------------------------

40. IntelliScreenX($$$)
§  ဒါကတော့ IOS built-in notification center ထက်အများကြီးလန်းတဲ့ notification center အသစ်ပါ။ ဖန်ရှင်တွေစုံလွန်းသလို security ပိုင်းမှာလည်းသေချာလုပ်ထားတာမို့ အခုထိ ဘယ် source မှ cracked version မတင်နိုင်သေးပါဘူး။ သွင်းပြီးရင် NC ကနေတဆင့် facebook, twitter တို့ကို အဆင်သင့်သုံးနိုင်သလို quick compose message shortcut တွေ၊ RSS feed တွေလည်း ပါပါသေးတယ်။ ဒါ့အပြင် sbsetting ထက် ပိုမိုလှပတဲ့ theme ပါတဲ့ quick setting( 3g,wifi, airplane mode) ကိုလည်းထည့်ပေးထားပါတယ်။ 9.99 ဒေါ်လာဖြစ်ပြီး ရေလျှံနေသူများအတွက် ၀ယ်သာဝယ်ပလိုက်ပါ လို့ပြောပါရစေ။

41. Reveal (Source: repo.insanelyi.com)
§  lockscreen မှာ message တွေ၊ noti တွေတက်ရင် စာလုံးတွေအရမ်းများတဲ့အခါမှာ အပြည့်အစုံမပေါ်ပါဘူး။ ဒီ tweak လေးက အပြည့်အစုံပေါ်အောင်လုပ်ပေးပါတယ်။

41. Unlockize (Source: repo.insanelyi.com)
§  တော်တော်လန်းတဲ့ lock tweak ပါပဲ။ ပုံစံ ၆မျိုးလောက် ထည့်ထားပေးသလို အဲ့ဒီပုံစံအားလုံးကို တပြိုင်ထဲ on ပေးထားရင်လည်း tweak ကနေပြီး အလှည့်ကျလုပ်ပေးလို့ သင့်ဖုန်းကို unlock လုပ်တိုင်း ပုံစံတစ်မျိုးစီနဲ့ unlock style ကိုခံစားရမှာပါ။

43. Springtomize 2 (Source: repo.insanelyi.com)
§  သင့် springboard ကို ပုံစံမျိုးစုံနဲ့ app တစ်ခုထဲက ကလိချင်ရင် springtomize 2 ကိုသာသွင်းလိုက်ပါ။ icon size ပြောင်းတာ၊ animation တွေချိန်းတာ၊ font တွေချိန်းတာ၊ NC ကို theme ပြောင်းတာ၊ tv tube animation တွေ အပြင် feature များစွာပါဝင်ပါတယ်။

44. iSwipe (Source: repo.insanelyi.com)
§  Android မှာပါတဲ့ swype ကို သင့် ios ပေါ်မှာမြည်းစမ်းခွင့်ပေးမယ့် tweak ပါ။ beta အဆင့်ပဲရှိသေးလို့ android ကဟာလောက်တော့ မကောင်းနိုင်ပါဘူး။ install လိုက်ရင် စကားလုံးအသစ်တွေထည့်ဖို့ app တစ်ခုကိုလည်းပဲ springboard ပေါ်တင်ပေးပါတယ်။ setting တွေဘာတွေ ချိန်းစရာမလိုပါ။

45. iCleaner (Source:BigBoss repo)
§  PC မှာလူသုံးအလွန်များတဲ့ CCleaner လိုမျိုးလို့ဆိုရင် သိကြမယ်ထင်ပါတယ်။ Log တွေ unnecessary file တွေကိုရှင်းထုတ်ပေးပါတယ်။

46. NCSettings (Source: modmyi.com/cydia/)
§  SBSettings လိုမျိုး setting တစ်ခုပါပဲ။ sbsettings လောက်လုပ်ဆောင်ချက်တွေမပါဝင်သလို addon တွေလည်းထပ်ထည့်လို့မရပါဘူး။ သာတာတစ်ခုပဲရှိပါတယ်။ သူ့ရဲ့ theme က သပ်သပ်ရပ်ရပ်ရှိပါတယ်။

47. Zephyr (Source: repo.insanelyi.com)
§  အကောင်းဆုံး multitasking ပါပဲ။ screen ဘယ်ညာအစွန်ကနေ slide ဆွဲပြီး switch လို့ရသလို screen bottom ကနေ အပေါ်ကို slide ရင် switcher bar တက်လာပါလိမ့်မယ်။ သင့်ဖုန်းရဲ့ home button နာတာကို အရမ်းသက်သာစေပါတယ်။ သွင်းကိုသွင်းသင့်တဲ့ tweak လို့ပြောချင်ပါတယ်။

48. DashboardX (Source: repo.insanelyi.com)
§  Android တွေမှာလို widget တွေကို screen ပေါ်မှာထားချင်ရင် ဒီtweak ကိုသုံးပါ။ ထွက်ထားတာသိပ်မကြာသေးတဲ့ tweak ဖြစ်လို့ addon တွေသိပ်များများစားစားမရှိသေးတာက အားနည်းချက်တစ်ခုပါ။

49. OpenBackup (Source: modmyi.com/cydia/)
§  သင့်ဖုန်းကို jailbreak အသစ်တစ်ခုထွက်တိုင်း restore လုပ် jailbreak အသစ်ပြန်လုပ်ပြီးရင် source တွေ tweak တွေ တစ်ခုချင်းစီ ပြန်သွင်းနေရပါသလား။ openbackup က သင့်ရဲ့cydia ထဲက source တွေနဲ့ tweak တွေအားလုံးနီးပါးကို backupလုပ်ထားရင် တစ်ချက်နှိပ်ရုံနဲ့ အပြီးအစီးသွင်းပေးပါတယ်။

50. CallBar (Source: repo.insanelyi.com)
§  သင့်ဖုန်းကို ကလိနေတာပဲဖြစ်ဖြစ် ဂိမ်းနှိပ်နေတုန်းမှာဖြစ်ဖြစ် တစ်ဖက်ကဖုန်းဝင်လာရင် အနှောက်အယှက်ဖြစ်တာကြုံဖူးမှာပါ။ callbar က သင့်ဖုန်းဆီ အ၀င်call လာရင် သင့်အလုပ်ကို အနှောက်အယှက်မဖြစ်စေဘဲ notification banner နေရာကနေ သင့်ကိုအသိပေးမှာပါ။

51. MyAssistant (For Siri users only) (Source: repo.insanelyi.com)
§  Siri ကို ငါဒီလိုမေးရင် ဒီလိုဖြေပါလို့ ကိုယ့်ရဲ့ custom answer တွေထည့်ထားပေးလို့ရပါတယ်။ ၀ိုင်ဖိုင်ဖွင့်တာ သရီးဂျီဖွင့်တာကို siri ကနေခိုင်းလို့ရပါတယ်။

52. International Locations for Siri (For Siri users only) (Source: repo.insanelyi.com)
§  Siri က location တွေနဲ့ပါတ်သက်လာရင် us map ကိုပဲ default enabled ထားလို့ အခြားနိုင်ငံတွေမှာအသုံးမ၀င်ပါဘူး။ ဒီ tweak ကတော့ US အပြင်အခြားနိုင်ငံတွေမှာပါ location ရှာနိုင်အောင် enabled လုပ်ပေးတယ်လို့ ဆိုပါတယ်။ (မစမ်းကြည့်ရသေးပါ)

53. AssistantServer Installer (Source: repo.insanelyi.com)
§  Siri alternative for iDevices below 4s ပါ။ ဒါပေမယ့် Google ရဲ့ Speech to text API ကိုသုံးထားလို့ Apple ရဲ့ siri ဆာဗာတွေကိုမချိတ်ဆက်ပဲ google ရဲ့ ဆာဗာကိုပဲ direct ချိတ်သွားမှာပါ။ အဲ့ဒီအတွက် 4s ဆီက token တွေမလိုတော့ပါဘူး။ စမ်းသုံးကြည့်တာကတော့ မဆိုးပေမယ့် siri လောက် အာလာပသလာပ မပြောနိုင်ပါဘူး။ နောက်ပြီး စကားပြောရင် 10 sec အောက်ဖြစ်ရပါမယ်။ API ရဲ့ limit ကြောင့်ပါ။ p.s spire ကိုအရင်သွင်းထားဖို့လိုအပ်ပါမယ်။

54. vWallpaper 2 ( Source: repo.insanelyi.com)
§  Video တွေ effect တွေကို springboard ပေါ်မှာ live wallpaper အနေနဲ့လုပ်ပေးပါတယ်။ panorama wallpaper လည်းရှိပါတယ်။ ဒီtweak က ကျွန်တော့်အတွက်တော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။

55. Zeppelin (Source: modmyi.com/cydia/)
§  MM 900 ဆိုတဲ့ နာမယ်ကြီးကို မြင်ပြင်းကပ်နေပါသလား။ any carrier name ကို logo လေးတွေနဲ့အစားထိုးပေးမယ့် tweak ပါ။ cydia ပေါ်မှာ သူ့အတွက် logo ပေါင်းသောင်းခြောက်ထောင်ရှိပါတယ်။ ဘောလုံးဝါသနာပါလား ဘောလုံးအသင်းလိုဂိုတွေတင်ထားလို့ရတယ်။ ရုပ်ရှင် ဇာတ်ကောင်တွေရဲ့ logo တွေလည်းရှိပါတယ်။

56. Forecast (Source: xsellize repo)
§  Notification center ထဲမှာbuilt in ပါတဲ့ weather widget ကို lockscreen ပေါ်မှာထားပေးပါတယ်။

57. WeatherIcon (Source: BigBoss repo)
§  Springboard ပေါ်က weather app ရဲ့ အိုင်ကွန်မှာ မိုးရွာရင် မိုးရွာနေတဲ့ပုံ။ နေသာရင် နေလုံးပုံ စတဲ့ live weather info တွေကိုပြပေးပါတယ်။

58 .Belfry (Source: BigBoss ) only for ipad
§  iphone native apps တွေဖြစ်တဲ့  Weather,Clock,Stocks,Calculater,Voice Memo's, and Compass ... အဲဒါတွေကို Ipad ပေါါ မှာသုံးလို့ ရမှာပါ......

59. Spire (Source BigBoss )
§  Non iphone4S တွေအတွက် Siri  ဆိုတဲ့  personal assistant ပါ Siri ကို ကြိုက်တဲ့လူတွေအတွက်တော့အရမ်းကောင်းပါတယ်......

60. Phone Buzzers (Source BigBoss repo)
§  ကိုယ်တစ်ယောက်ယောက်ကို ဖုန်းခေါ်တဲ့အချိန်မှာ တစ်ဖက်က ကိုယ့်ရဲ့ဖုန်းကိုလက်ခံလိုက်တဲ့အချိန် vibrate ပြီးတော့ အချက်ပေးပါတယ်။

61. Safari Download Enabler ( Source BigBoss )
§  ios5+ Device  တွေအတွက် safari ကနေ down ချင်တဲ့downloader များအတွက်အဆင်ပြေပါတယ် ifle dropbox logmein တို့ နဲ့လဲလင့်ချိတ်လို့ ရပါတယ်.....



Unordered List

Related Posts Plugin for WordPress, Blogger...