Likes

Showing posts with label Apple Tutorials. Show all posts
Showing posts with label Apple Tutorials. Show all posts

7/01/2014

Mac OSX User Guide for Myanmar by Apple4MM

           10012430_10203458535133124_2026098071_n (1)


ကျွန်တော်တို့ Apple4MM အဖွဲ့သားတွေစုပေါင်းပြီး ရေးသားခဲ့ကြတဲ့ Mac OSX User Guide for Myanmar by Apple4MM စာအုပ်ကို ယနေ့ထုတ်ဝေပေးပါမယ်။

Mac OSX ကိုစတင်အသုံးပြုတဲ့ End User တွေအနေနဲ့ Mac အခြေခံ အကြောင်းနဲ့ အသုံးပြုပုံတွေကို သိပ်ရင်းနှီးကျွမ်းဝင်မှူမရှိတဲ့အတွက်ကြောင့် Apple4MM အဖွဲ့သားတွေ စုပေါင်းတိုင်ပင်ပြီး မြန်မာလို ဒီစာအုပ်ကို ရေးသားခဲ့ရခြင်းဖြစ်ပါတယ်။

Facebook Group ထဲမှာလည်း Mac OSX User Guide ကိုမြန်မာလိုအတွက် တော်တော်များများတောင်းဆိုကြတဲ့အတွက်ကြောင့် ရေးသားပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။

ဤစာအုပ်ကို ဖတ်ရှူပြီးရင်တော့ End User အနေနဲ့ Mac OSX ကိုကောင်းကောင်းမွန်မွန် အသုံးပြုတတ်သွားမှာဖြစ်ပါတယ်။


စာအုပ်ပါ Title များကတော့

About Apple4MM
Author lists
Introduction
Getting Started with Mac
OSX Menu Bars & Items
Using File & Others
Activity Monitor
Preview
Using Trackpad
Using Magic Mouse
Using LaunchPad , Mission Control , Dashboard
Keyboards & Shortcuts
Dock
Macbook Pro Ports
Apple ID
System Preferences
Zawgyi Font & Keyboard Installation
iCloud
Safari
App Store
Myanmar App for Mac
Using iPhoto
Using Contact
Using iTunes
Photo & Graphic Software for Mac
Office Suite for Mac
Mac OSX USB Boot & Clean Install
Password on Mac
Using OSX Disk Utility
Additional Articles
Networking with PC
Others Mac OSX Topics
Ending

စာအုပ်ကို နှစ်မျိုးထုတ်ပေးထားပါတယ်။ Epub နဲ့ PDF ဖိုင်နှစ်မျိုးပါ။ မိမိနှစ်သက်ရာကို Free Download ပြုလုပ်ပြီးဖတ်ရှူနိုင်ပါတယ်။

Download Link

EPUB for iBooks :

Dropbox Link

Mediafire Link

PDF


Dropbox Link

Mediafire Link




credit - http://www.apple4mm.com/

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

6/04/2014

How to Downgrade from iOS 8 Beta To iOS 7











      Apple က iOS 8 Beta 1 ကို Developer တွေ အတွက် ထုတ်ပေးလိုက်ပြီးသည်.နောက်ပိုင်းတွင် 

ကျွန်တော်တို. iOS User တွေကလည်း iOS 8 ၏ ထူးခြား ချက်တွေကို ကြိုက်နှစ်သက်ပြီး Jailbreak 

အပျက်ခံကာ iOS 8 ကို install လုပ်ကြပါတယ်.....ထိုသို. Upgread လုပ်ပြီး နောက် 

အကြာင်းအမျိုးမျိုးကြောင့် Downgread လုပ်ချင်သူတွေအတွက် Downgread လုပ်နည်းကို 

ပြန်၇ှယ်ပေးလိုက်ပါတယ်....

     Downgread လုပ်ရာတွင် Apple ၏ နောက်ဆုံး Version ဖြစ်သော iOS 7.1.1 ကိုသာ install 

လုပ်ခွင်ပြုပါလိမ်မည်။အောက်ကလင်.တွင် IPSW 7.1.1 ကို ဒေါင်းပါ။


                     iOS 7.1.1 Download Here



( 1 ) iTunes ကို Run လိုက်ပါ။ပြီးလျှင် iDevice ကို USB ကြိုးဖြင် PC တွင် ချိတ်ပေးပါ။

( ၂ ) မိမိ တို. ၏ အရေးကြီးသော Data တွေ ရှိပါက Backup လုပ်ပေးပါ။





 


( 3 ) မိမိ တို. ၏  iDevice ကို DFU mode ဝင်ပေးပါ။DFU mode ရန်   Home button နှင့်

Sleep/Wake (Power)button နှစ်ခုကို ပြိုင်တူ ဖိထားပေးပါ။အောက်ကပုံလေးအတိုင်ပါ။









10 seconds လောက်ကြာအောင် ဖိထားပြီး (ပန်းသီး logo 

လေးပေါ်လာပြီးပြန်ပျောက်သွားလျှင်) Sleep/Wake (Power) button ကို လွတ်ပေးပြီးHome button 

ကိုမလွတ်ဘဲးဆက်ဖိထားပေးပါ။ iTunes တွင်  iPhone in recovery mode 

လိုပေါ်လာသည့်အထိ Home button ကိုဖိထားပေးပါ။ပေါ်လာလျှင် DFU Mode ဝင်လို.ပြီးပါပြီ။


( 4 ) ကွန်ပျူတာက Shift Key ကို ဖိထားပြီး iTunes က Restore ကို ကလစ် ပေးပါ။









( 5 ) မိမိ တို. ဒေါင်းထားသော ipsw ဖိုင်သိမ်းထားသောနေရာကိုသွားပြီး iOS 7.1.1 ဖိုင်ကိုရွေးပေးပါ။




 


Restore လုပ်နေပါလိမ်မည်.....ပြီးအောင်စောင်.ပေးပြီး.....ခဏကြာလျှင် မိမိ တို. ၏ iDevice ကို iOS 

7.1.1 ကို Downgread လုပ်လို. ပြီးပါပြီ ခင်ဗျ။



credit - www.myanmaridroidappfree.com



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

5/25/2014

JailBreak လုပ်ထားတဲ့ Iphone တွေအတွက် အင်တာနက်ဖွင့်ရင် 3G ဆိုတဲ့နေရာမှာ ကိုယ်ကြိုက်ရာစာလုံး ပြောင်းနည်း

                             



JailBreak လုပ်ထားတဲ့ Iphone တွေအတွက်

အင်တာနက်ဖွင့်ရင် 3G ဆိုတဲ့နေရာမှာ ကိုယ်ကြိုက်ရာစာလုံး 


ဥပမာ 4G , LTE, H
စသဖြင့်ပေါ့ ပြောင်းပေးတဲ့နည်းလေးကိုမသိသေးတဲ့သူတွေအတွက်ပြန်ရှယ်ပါမယ်


ဖုန်းနဲ့လုပ်မယ်ဆိုရင် iFile


PC နဲ့လုပ်မယ်ဆိုရင် iFunBox လိုပါမယ်


ဖုန်းနဲ့အတွက်ပြောပြပါ့မယ် (iFile မရှိရင် Cydia ထဲကဝင်ပြီးဒေါင်းပါ)


iFile ထဲဝင် ပြီးရင် 


System/Library/Frameworks/UIKit.framework/English.IproJ/Localizable.strings 

ကိုသွားပါ

ပြီးရင် Edit 


ပြီးရင် "3G" = "3G" ဆိုတဲ့နေရာမှာပြင်


ဥပမာကိုယ်က LTE ဖြစ်ချင်ရင် "3G" = "LTE" ပေါ့ 4G ဆိုရင်လည်း အဲ့လိုပဲပြောင်းပေးရမှာပါ


ပြီးရင် Save ကိုနှိပ်ပါ ပြီးရင် Respring ချပေးလိုက်ပါ



ဒါဆိုရင်ရပါပြီ



credit - GabRiel Strk‎

5/24/2014

IOS 7.1.1 အတွက်မြန်မာဖောင့်သွင်းနည်း



Jailbreak မရသေားသော IOS 7.1.1 တွင်မြန်မာစာ ကိုအသုံးပြုချင်သူတွေအတွက် Apple Store မှ Myfont ကို အသုံးပြုပြီး မြန်မာဖောင့်ကို Install လုပ်နိုင်ပါပြီ။ install မလုပ်ခင် မြန်မာဖောင့်သုံးမယ့် App ကိုအရင်ဖွင့်ထားပါ ။install လုပ်ပြီးသည့်နောက်ပိုင်းတွင် application တွေကို Backgrund တွင် Run နေခြင်း ကို မ kill ရပါ။ Kill လိုက်ပါက မြန်မာစာများပျောက်သွားပါလိမ်မည်။ ပြန်မြင်လိုပါက နောက်တစ်ကြိမ် install လုပ်ပေးရပါလိမ်မည်။









ကျွန်တော်ပြန်ရှယ်သော နည်းပညာသည် မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့ပါလျှင် Like and Share လုပ်ပေးချင်းဖြင့် ကျွန်တော်ကို ကူညီပေးပါလို့တောင်းဆိုပါသည်။


အားလုံးကိုလေးစားလျှက်





အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

5/22/2014

Apple’S ICloud Activation Lock ကိုကျော်နည်း [How To Bypass ICloud Activation]

iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple’s iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၁ ကြောင်းကို “Magic Line” လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code ကတော့အောက်ပါအတိုင်းပါ။
188.226.251.76 http://Albert.Apple.com/
host file ကတော့ C:\Windows\System32\Drivers\etc အောက်မှာရှိပါတယ်။ ယင်းဖိုင်ကို notepad နဲ့ဖွင့်ပြီး အပေါ်က code တစ်ကြောင်းကိုဖြည့်လိုက်ပါ။ ထည့်သွင်းပုံနမူနာကတော့အောက်ပုံအတိုင်းပါ။
ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ ဖုန်းနဲ့ကွန်ပျူတာနဲ့မချိတ်ခင်မှာဖုန်းကိုပါဝင်အရင်ပိတ်လိုက်ပါ။ ပြီးမှပြန်ဖွင့်ပြီးကွန်ပျူတာနဲ့ချိတ်ပါ။ ပြီးရင် iTunes ကိုပြန်ဖွင့်ပြီး activation လုပ်လို့ရပါပြီ။ iCloud မိနေတဲ့ users တွေအားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

2/14/2014

Apple Logo မှာပဲရပ်နေတဲ့ iDevice တွေကို Advance Safe Mode ထဲဝင်ပြီး ပြန်ဖြေရှင်းနည်း





Firmware တတ်မလာတော့ပဲ Apple Logo မှာပဲရပ်နေတဲ့ iDevice တွေကို 
Advance Safe Mode ထဲဝင်ပြီး ပြန်ဖြေရှင်းနည်း

၁ iDevice ကို လုံးဝ Power ပိတ်သွားအောင်လုပ်ဖို့အရေးကြီးပါတယ် .


- Power Button + Volume Down + Home ကိုစုံဖိထားပါကလည်း power ပိတ်လို့ရပါတယ်


- Power ကျသွားရင် အားလုံးလွှတ်လိုက်ပါ


- Power ပိတ်လို့မရရင် အားကုန်သွားအောင်စောင့်ပါ



၂ iDevice က Power ပြန်တတ်တဲ့အချိန် Apple Logo ပေါ်တဲ့အချိန်မရောက်ခင် သတိတရနဲ့


 စောင့်ကြည့်ပါ



- အားကုန်ပြီး Power ပိတ်တဲ့သူများ အတွက် အထူးအရေးကြီးပါသည်


- အားသွင်းရင်း Power auto ပြန်တတ်လာတဲ့အချိန်ကို အလွတ်မခံပါနဲ့



၃ Apple Logo ပေါ်လာပြီဆိုတာနဲ့ Volume Up ကိုချက်ချင်းဖိထားပါ



- Power တတ်တဲ့အချိန်နဲ့ Volume Up နှိပ်တဲ့အချိန် မှာ အချိန်တွေအများကြီးကွာလို့မရပါ


- Lock Screen ကိုရောက်တဲ့အထိ တစ်ချက်မှ ပြန်မလွှတ်သွားမှာသာ စိတ်ချရမည်


- Lock Screen စပြီးအလုပ်လုပ်ရင်တော့ Volume Up ကို လွှတ်လိုက်လို့ရပါပြီ



၎ အခုရောက်သွားတဲ့ နေရာကို Advance Safe Mode လို့ သတ်မှတ်ပါ



- Jailbreak မလုပ်ခင်က ရှိတဲ့ Normal Mode ကိုရောက်သွားတာဖြစ်ပါတယ်


- အခုတော့ Firmware ကို ပြန်တတ်မလာအောင်ဒုက္ခပေးတဲ့ Error ကို ခဏတာ 


အနိုင်တိုက်လို့ပြီးပါပြီ

၅ အခု ပြန်တတ်မလာတော့တဲ့ Firmware ကို ပြန်ကယ်တင်ဖို့ 


ဒုတိယအကြိမ်အခွင့်အရေးရနေပါပြီ



PDF ဖိုင်ဖြင့်ဒေါင်းရန်




အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

2/13/2014

Activation ကို ကျော်ခွ၍ iOS 7+ ကို သွင်းယူနည်း

iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် 
Activation screen ကို Bypass ကျော်လွှားနိုင်မယ့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။ 

ယခု နည်းလမ်းလေးကို iDevice များအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ပဲ "iPhone 4"
တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးပြီး iOS 4+, 5+, 6+, 7+ နှင့် UDID Register 
မရှိတဲ့ Beta Developer iOS version များမှာပါ အလုပ် လုပ်နိုင်ပါလိမ့်မယ်.. 

လုပ်ငန်းစဉ်အဆင့်များကို တစ်ဆင့်ခြင်း လိုက်နာလုပ်ဆောင်မည်ဆိုပါက မည်သူမဆို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤနေရာတွင် WinScp ကို အတွေ့အကြုံရှိပြီး အသုံးပြုထားဖူးသူများ အနေနှင့် ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်..

>> Download iCloudByPass_iPhone_4.rar

လုပ်ငန်းစဉ်များ မစတင်မီ Download လုပ်ထားသော "iCloudByPass_iPhone_4" Folder ထဲမှ WinScp, TinyUmbrella တို့ကို ဦးစွာပထမ PC တွင် Install လုပ်ပါ။

"SSH_ram_iPhone4.jar" နှင့် "SSH_ram_iPhone4_RevA.jar" တွင် "..RevA.jar" java file သည် 

iPhone 4 (8Gb) အတွက် သုံးရန်ဖြစ်ပါသည်..

>> လုပ်ငန်းစဉ်အဆင့်များ <<

အဆင့် ၁)
iPhone ကို PC နှင့် ချိပ်ဆက်မထားသေးပဲ "SSH_ram_iPhone4.jar"

(သို့) "SSH_ram_iPhone4_RevA.jar" ကို Run ပါ။

အဆင့် ၂)
iPhone ကို PC နှင့် ချိပ်ဆက်၍ DFU mode ဝင်ပါ။
အောက်ဖော်ပြပါပုံအတိုင်း "Success!......" အစရှိသော အစိမ်းရောင် စာတန်းပေါ်လာသည်ထိ စောင့်နေပါ။


အဆင့် ၃)
iPhone တွင် Apple Logo နှင့် ဘားတန်းလေး ဖော်ပြပါပုံအတိုင်း ပေါ်လာပါမည်။


အဆင့် ၄)
PC မှ နေ၍ WinScp ကို Run ပြီး အောက်ပါအတိုင်း ဖြည့်စွက်ပါ။ 

  • Host name: localhost
  • Port number: 2022
  • User name: root
  • Password: alpine 
ဟုပေးပြီး "Login" နှိပ်ပါ။

အဆင့် ၅)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကိုဖွင့်ပါ။
ထို့နောက် "mount.sh" ဟု ရိုက်ပြီး Execute လုပ်ပါ။


အဆင့် ၆)
"mnt1" folder ကို ရှာပါ (တိုက်ရိုက် မတွေ့လျှင် Back arrow နှင့် ရှာပါ)


အဆင့် ၇)
"mnt1 -> Applications -> Setup.app ကို မိမိ PC ၏ အခြားနေရာတစ်ခုတွင် Backup အဖြစ် Save လုပ်ပါ။
Save သိမ်းပြီးနောက် iPhone ထဲမှ "Setup.app" ကို Delete ဖျက်ပစ်ပါ။


အဆင့် ၈)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကို ပြန်ဖွင့်ပါ။
ထို့နောက် "halt" ဟု ရိုက်ပြီး Execute လုပ်ပါ။
ယခုအခါတွင် iPhone သည် Recover mode ပြောင်းသွားပါမည်။

အဆင့် ၉)
PC မှ TinyUmbrella ကို ဖွင့်၍ ဘယ်ဖက်ခြမ်းမှ မိမိ၏ iPhone ကိုရွေးပြီး 

"EXIT RECOVERY" နှင့် ထွက်လိုက်ပါ။

အဆင့် ၁၀)
iTunes နှင့် ချိပ်ဆက်ကာ iOS 7+ ကို Restore လုပ်နိုင်သွားပြီး iCloud Activation ကို အောင်မြင်စွာ ကျော်လွန်နိုင်သွားပါပြီ..

အားလုံးပဲ Activation ကို ချောမွေလွယ်ကူစွာ ဖြတ်ကျော်နိုင်ကြပါစေ.. Good Luck!! 


credit- မိုးသကြား 


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

2/03/2014

Cydia Source များ iOS 7 တွင် install လုပ်၍မရခြင်းအား ဖြေရှင်းရန်


                    




Cydia Source များ iOS 7 တွင် install လုပ်၍မရခြင်းအား ဖြေရှင်းရန်
----------------------------------------------------------------------
Jailbreak လုပ်ထားပြီးတဲ့ iOS 7 device တွေပေါ်မှာ တချို့တွေက Cydia Source တွေ 

Download ချလို့မရတာတွေ ဖြစ်တက်ပါတယ်
.
အဲ့ဒီ ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိပါတယ်။ အဆင်ပြေကြတဲ့သူတွေ များပါတယ်။
.
ဖြေရှင်းနည်းကတော့ jailbreak လုပ်ထားတဲ့ Device ကို ကွန်ပျူတာနဲ့ပြန်ချိန်ပါ။

 ေ
နာက်ပြီး Evasi0n နဲ့နောက်တစ်ကြိမ် jailbreak ပြန်လုပ်ပါ။
.
Evasi0n မှာ အဆင့်တစ်ဆင့်ရှိပါတယ်။ Device ထဲကနေ Evasi0n ဆိုတဲ့ App ကလေးကို run ပေးတဲ့ အဆင့်ပါ။
.
အဲ့ဒီ အဆင့်ကိုရောက်ရင် Evasi0n ကို အရင်လို မဖွင့်ပေးဘဲနဲ့။ Evasi0n ကိုဖိပြီး ဖျက်လိုက်ပါ။

နာက်ပြီး ကွန်ပျူတာထဲမှာ run နေတဲ့ Evasi0n ကို task manager ထဲကနေ ပိတ်လိုက်ပါ
.
နောက်ပြီးတော့ Cydia ကိုပြန်ဖွင့်ပါ။ Cydia မှာ source update လုပ်ဖို့ Noti ပြလာရင် 

Update All ကိုရွေးပြီး source လုပ်ပါ။
.
ဒါဆိုရင်တော့ Cydia ထဲကနေ ကျွန်တော်တို့လိုချင်တဲ့ Source တွေကို Download ချလို့ရပါပြီ။

credit - Cloud Myanmar

အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...


                                                         


Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။
ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

>>Reset Password<<

နည်းလမ်း (၁)

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။



၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။



၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။



၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့်
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ)



၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။






နည်းလမ်း (၂)

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။



၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။



၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။





၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။



နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ...


*****************************************


>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။



Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။



Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။




  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။


နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။




Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ....


credit - မိုးသကြား


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

1/30/2014

IOS တွင် လွယ်ကူစွာ Frimware ပြန်တင်နည်း.....(ကွန်ပျူတာမလို.)

                          

















ကျွန်တော် ဒီနေ.တင်ပြချင်တာလေကတော. IOS User တွေလက်၇ှိဖြစ်ပေါ်နေကြတဲ့အခက်အခဲးတစ်ခုကိုလွယ်ကူစွာဖြေရှင်းနည်းလေးပါ။မိမိတို.သွင်းလိုက်သော Cydia App တွေကြောင်. Facebook app တွင် သုံးနေရင်ပြန်ထွက်သွားခြင်း...Safari ဝင်လို.မရခြင်း စသည်.အခက်အခဲးကို...ဖြေရှင်းသောနည်းလမ်တွေ၇ှိသော်၊ ထိုနည်းလမ်းတွေဖြင်.မရပါကနောက်ဆုံးတွင် Restore လုပ်မှအဆင်ပြေကြပါတယ်....Restore ပြန်လုပ်ရာတွင် Computer,IPSW,Itunes,USB ကြိုးလိုအပ်လာပါပြီ။တစ်ခုအဆင်မပြေပါက....Restore လုပ်လို.အဆင်မပြေကြပါ။ Computer မရှိသူတွေကတော.  ဆိုင်ပြေးကြရပါတယ်.....ထိုအခက်အခဲးတွေကိုဖြေရှင်းရန်....ကွန်ပျူတာမလိုပဲ Frimware ပြန်တင်နည်းကို ပုံးလေးတွေဖြင်.ရှင်းပြပေးပါမယ်......

(၁) Cydia တွင် http://cydia.myrepospace.com/komin27/ ကို Add လုပ်ပြီးမိမိ တို. ဖုန်းတွင်..... ilex R.A.T ကို install လုပ်ပေးပါ။" IOS User တိုင် ilex R.A.T ကို install လုပ်ထားစေချင်ပါတယ်...အခက်ခဲဖြစ်ပါက အလွယ်တကူ Restore ပြန်လုပ်နိုင်ပါသည်။."


install လုပ်ပြီးပါက ထို App ထည်းဝင်လိုက်ပါ။


 iLEX R.A.T. (သို.) iLEX RESTORE ကိုဝင်ပြီး ok ပေးလိုက်ပါ။ ခဏစောင်.နေပေးပါခင်ဗျ....၁၀ မီးနစ်လောက်စောင်.လိုက်၇င် Restore ပြုလုပ်ခြင်းအောင်မြင်ပါပြီ ခင်ဗျ။


 iLEX R.A.T.



iLEX RESTORE

အဆင်ပြေပါစေ။

KOMIN


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

IOS User ဘော်ဘော် တို. အတွက် Winterboard Theme အလန်းလေးလာပြီ ဗျို.(4)


Theme တွေပြောင်းသုံးရတာ ဝါသနာပါသော IOS User ဘော်ဘော် တို.အတွက် အရမ်းမိုက်တဲ. Theme လေးပေးချင်ပါတယ်..... ဒီ Theme လေးကိုသုံးမယ် ဆိုရင်....မိမိ တို. ဖုန်းမှာ....Winterboard ရှိရပါမယ်......မရှိပါက  install လုပ်ပေးပါ ခင်ဗျ...ပြီးရင် 

  Carla IOS 7 ကို install လုပ်ပေးပါ ခင်ဗျ။

 



Setting>Winterboard>Select  Themes>Carla နှင်.စထားသော Theme တွေကို ရွေးပေးပြီး Respring လုပ်ပေးပါ ခင်ဗျ။



 ကဲ.လန်းရဲ.လားလို.အောက်ကပုံလေးတွေ....ကြည်.လိုက်ပါအုံး......









လိုချင်ပါတယ်....ဆိုရင်တော.... Cydia>Manage>Sources>Edit>Add>http://cydia.myrepospace.com/komin27/ ကို Add ပြီး install လိုက်ပါ ခင်ဗျ။

credit - KOMIN(MYANMAR IDROID APP FREE)

 အဆင်ပြေကြပါစေ။


ဒေါင်းလုပ်လုပ်နည်း *Step 1. ပေးထားသော လင့်မှာ click တစ်ချက်နှိပ်ပါ *Step 2. 5 second လောက်စောင့်ပါ။ *Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။ *Step 4. Download Link ကျလာလိမ့်မည်.။ အဆင်ပြေပါစေဗျာ ( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Unordered List

Related Posts Plugin for WordPress, Blogger...