Likes

5/22/2014

Windows တွင် adb ကို သုံးခြင်း



Windows တွင် adb ကို သုံးခြင်း
ဒီအကြောင်းမှာ သိပြီးသားသူတွေ အတွက်ကတော့
အလွယ်လေးပါ
မသိသေးသူများအတွက်သာ ရည်ရွယ်ပါသည်
သိပြီးသားသူများကလဲ
လိုအပ်သည်များ ဖြည့်စွက် ပြောပြအကြံပေးခဲ့နိုင်ပါသည်
(ဘာလို့ adb ကို ထည့်ရတာလဲ
ဖုန်းကို ကွန်ပြူတာကနေ ကလိချင်ကြလို့
ဒါကအလွယ်ဖြေတာ
ပါဠိသံ နှောပြီးဖြေရရင်တော့ဖြင့်
Android Debug Bridge (ADB) အကြောင်းကို
အနုလုံပဋိလုံ သုံးသပ်ချင်ကြလို့
ဘာလို့သုံးသပ်ချင်ကြတာလဲဆို
အားနေလို့
ဟီးးးးး
မဟုတ်ပါဘူး
လေ့လာချင်ကြလို့ပါဗျာ
တော်ကြာ Developer တွေ ကျနော့ကို လေးခွနဲ့ပစ်ကြလိမ့်မယ်
)
adb.exe
AdbWinApi.dll
AdbWinUsbApi.dll
အထက်ပါ သုံး Files လိုပါတယ်
ဒေါင်းလုဒ်လင့်က အောက်ပါ Post မှာ ရှိပါတယ်
https://www.facebook.com/photo.php?fbid=10203883222866187&set=a.2473822610134.141469.1389506898
adb အတွက်ဆို လိုတာက အပေါ်က သုံးဖိုင်ပဲနော်
အလွယ်ဆုံးနည်းကတော့ အဲ့သုံးဖိုင်ကို
C:\Windows\System32
ထဲ ပစ်ထည့်လိုက်ခြင်းပါ
ဒါဆို ကြိုက်တဲ့နေရာကနေ
adb.exe ဆိုတာကို ခေါ်သုံးလို့ရပါပြီ
adb ကို ဘယ်လိုခေါ်သုံးမလဲဆိုရင်
cmd ကိုဝင်ပြီး adb လို့ရိုက်ကြည့်လိုက်ပါ
cmd ကို ဘယ်လိုဝင်ရသလဲဆို
Run Box ထဲမှာ cmd ဟု ရိုက်ခြင်းဖြင့်ဝင်နိုင်ပါတယ်
Run Box ကို ဘယ်လို ရှာမလဲဆို
Windows Key + R ကို တွဲနှိပ်ခြင်းဖြင့်
Run Box ကို ခေါ်နိုင်သည်
Windows Key ဆိုတာ သင့်ကီးဘုတ်ပေါ်မှ တံခါးလေးပေါက်
အတွန့်လေးပုံဖြစ်ပါတယ်
*********************************
အထက်ပါနည်းအတိုင်း System32
ထဲ ပစ်ထည့်လိုက်ခြင်း ကို မလုပ်လိုဘဲ
ဆရာကြီး စတိုင် ဖြင့်သော်လည်းကောင်း
သိချင်သောကြောင့်သော်လည်းကောင်း
ကလိချင်သောကြောင့်သော်လည်းကောင်း
တစ်ခြားရှုပ်ရှုပ်ရှက်ရှက် နည်း တစ်ခု ကို
လုပ်ကြည့်လို့ရပါသေးတယ်
ဘဒွတ်ရွှတ်ဒတ် လေသံဖြင့်ပြောရမည်ဆိုလျှင်
Environment Variables မှ
System Variables တွင်
တွင် ထည့်ပေါင်းခြင်းဖြစ်သည်
အခုပြောမည့်နည်းကို အတိုခြုံးသာ ပြောပါမည်
adb.exe
AdbWinApi.dll
AdbWinUsbApi.dll
ဒေါင်းလုဒ်ဆွဲဖြင်းဖြင့် ရလာသော
Folder ကို ကွန်ပြူတာထဲတွင် သိမ်းထားပါ
အဲ့ဒီ တည်နေရာက
D:\Android\Android SDK platform-tools
ထဲမှာ ရှိတယ်ဆိုပါဆို့
အဲ့ဒီ Path ကို copy မှတ်ထားပါ
Run Box တွင်
SystemPropertiesAdvanced လို့ရိုက်ထည့်ပါ
Environment Variables ကို နှိပ်ပါ
အပေါ် User Variables အကွက် နှင့်
အောက် System Variables အကွက် နှစ်ခုတွေ့မည်
အောက် System Variables အကွက် မှ
Path ကို Double Click နှိပ်
Variable Value ဆိုသည့်အကွက် နောက်ဆုံးတွင်
Cursor ချ
Semi-colon လေးရေး Semi-colon ဆိုတာ <;> ဒီလိုပုံပါ
မျက်စေ့တစ်ဖက်မှိတ်ပြတာ
ပြီးရင် အပေါ်က မှတ်ထားတဲ့
D:\Android\Android SDK platform-tools\ ဆိုတာကို Paste လုပ်လိုက်
ပြီးရင် အိုကေပေးပြီး တစ်ဆင့်ခြင်းထွက်လိုက်
ရင် အောင်မြင်စွာ ထည့်သွင်းပြီးသွားပါပြီ
D:\Android\Android SDK platform-tools\ ဆိုတာကိုတော့
သွားမဖျက်နဲ့ပေါ့ဗျာ
**********************************
ရှုပ်သွားတယ်လား
ကိစ္စမရှိပါဘူး
အပေါ်က အလွယ်နည်းအတိုင်းလုပ်လဲ ရပါတယ်ဗျာ
Screen Shot တွေတော့ မရိုက်ခဲ့လိုက်တော့ဘူး
တက်သုတ်ရိုက်ပြီးရေးလိုက်ရတယ်ဆိုတော့
မရှင်းတာ လေးတွေ ရှိရင်လဲ
မေးပေါ့ဗျာ

Credit : Thuya Htet Naung


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...