Likes

5/22/2014

Apple’S ICloud Activation Lock ကိုကျော်နည်း [How To Bypass ICloud Activation]

iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple’s iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၁ ကြောင်းကို “Magic Line” လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code ကတော့အောက်ပါအတိုင်းပါ။
188.226.251.76 http://Albert.Apple.com/
host file ကတော့ C:\Windows\System32\Drivers\etc အောက်မှာရှိပါတယ်။ ယင်းဖိုင်ကို notepad နဲ့ဖွင့်ပြီး အပေါ်က code တစ်ကြောင်းကိုဖြည့်လိုက်ပါ။ ထည့်သွင်းပုံနမူနာကတော့အောက်ပုံအတိုင်းပါ။
ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ ဖုန်းနဲ့ကွန်ပျူတာနဲ့မချိတ်ခင်မှာဖုန်းကိုပါဝင်အရင်ပိတ်လိုက်ပါ။ ပြီးမှပြန်ဖွင့်ပြီးကွန်ပျူတာနဲ့ချိတ်ပါ။ ပြီးရင် iTunes ကိုပြန်ဖွင့်ပြီး activation လုပ်လို့ရပါပြီ။ iCloud မိနေတဲ့ users တွေအားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

1 comments:

Unknown said...

thanks ပါ။တကယ်ဖြည်လိုရသွားပါပြီး၊
ipad 2 လေးပါ။ကျေးဇူးအထူးတင်ပါသည်။

Unordered List

Related Posts Plugin for WordPress, Blogger...