Likes

5/30/2013

Huawei နှင့် အဆက်အသွယ် ဖြတ်တော့မည့် အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီး Sprint


Huawei နှင့် အဆက်အသွယ် ဖြတ်တော့မည့် အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီး Sprint

အမေရိကန်နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Sprint Telecom နှင့် ယင်းအား ဝယ်ယူရန် ကြိုးပမ်းနေသည့် ဂျပန်နိုင်ငံမှ SoftBank တို့သည် အရောင်းအဝယ် အထမြောက်ပါက အနာဂတ်တွင် တရုတ်ကုမ္ပဏီကြီး Huawei ထုတ် နည်းပညာနှင့် ပစ္စည်းများအား အသုံးပြုတော့မည် မဟုတ်ဟု အမေရိကန် အာဏာပိုင်းများအား ကတိကဝတ် ပြုခဲ့ကြသည်ဟု သိရှိရသည်။

SoftBank သည် Sprint ၏ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုအား ဒေါ်လာ ၂၀ ဘီလီယံဖြင့် ဝယ်ယူရန် အဆိုပြုထားပြီး အမေရိကန် အာဏာပိုင်များနှင့် ဆက်သွယ်ရေး ကြည့်ကြပ်မှုအဖွဲ့များ၏ ဆုံးဖြတ်ချက်အား ရယူရန် ကြိုးပမ်းစဉ် ယခုကဲ့သို့ ကတိပြုခဲ့ကြခြင်းဖြစ်သည်။
Sprint အား လက်ရှိ အများစု ပိုင်ဆိုင်သည့် Clearwire သည် Huawei ၏ နည်းပညာနှင့် ပစ္စည်းများအား အသုံးပြုခဲ့ဖြင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရပြီး ဆီးနိတ်လွှတ်တော် အထိပင် ရောက်ရှိခဲ့သည်။

Huawei သည် နည်းပညာ၊ ဆက်သွယ်ရေးနှင့် ဖုန်း တို့နှင့် ဆက်စပ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီကြီးဖြစ်ပြီး လတ်တလော နှစ်များအတွင်း အနောက်နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ကုမ္ပဏီ၏ တရုတ်အစိုးရနှင့် ဆက်စပ်ပတ်သက်မှုမျာအား သင်္ကာမကင်း ဖြစ်နေသဖြင့် ကုမ္ပဏီ၏ ဆောင်ရွက်ချက်များနှင့် ထုတ်လုပ်သည့် ပစ္စည်းများအား အသေးစိတ် စောင့်ကြည့်လေ့လာ နေကြသည်။

Huawei အနေဖြင့် မူပိုင်ခွင့်ချိုးဖောက်ခြင်း၊ အီရန်သို့ ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချခြင်းစသည့် နိုင်ငံတကာ ဥပဒေများနှင့် မလွတ်ကင်းသည့် ဆောင်ရွက်မှုအများအပြားအား ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် လုံခြုံရေးအတွက် မသင်္ကာဖွယ်ရများ ရှိနေခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ အစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။




HTC one








Android ရဲ့ အစောပိုင်းကာလမှာ နံပါတ် ၁ နေရာကို ရယူထားခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဖွား အမှုဆောင်ချုပ်ကြီး Mr. Peter Chou ရဲ့ ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီဟာ လတ်တလော ကာလာမှာတော့ ပြိုင်ဖက်ကြီး ၂ ခု ဖြစ်တဲ့ Samsung နဲ့ Apple တို့ကို မယှဉ်နိုင်ပဲ ဈေးကွက်နေရာ ကျဆင်းလာခဲ့ရပါတယ်။

HTC အနေနဲ့ ယင်းတို့ ထုတ်လုပ်တဲ့ ဖုန်းတွေကို ထိပ်တန်းဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကြိုးပမ်းထုတ်လုပ် နေခဲ့ပေမယ့် အမြဲတမ်းလိုလို တစ်ခုခု လိုအပ်နေတယ်လို့ခံစားနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်းHTC One X နဲ့ HTC One X+ ဆိုပြီး ထိပ်တန်းဖုန်း ၂ လုံး ထွက်ရှိလာခဲ့ပေမယ့် မျှော်မှန်းထားသလောက် မအောင်မြင်ပဲ Galaxy S III နောက် ရောက်ရှိခဲ့ရ ပြန်ပါတယ်။

ဒါအခြေအနေဟာ ၂၀၁၃ မှာ တော့ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ HTC အနေနဲ့ ယင်းတို့ရဲ့ ဦးဆောင်ဖုန်း (flagship) အဖြစ် တစ်မျိုးတည်းသာ ထုတ်လုပ်တော့မှာဖြစ်ပြီး အဲဒီဖုန်းကတော့ HTC One ပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာGalaxy S III ရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကို နောက်တစ်ကြိမ် စွမ်းဆောင်နိုင်မယ့် ဖုန်းကတော့ ဒီ HTC One ပဲ ဖြစ်ပါတယ်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

ဒီဖုန်းက ပထမဆုံး ကိုင်ကြည့်လိုက်မိတဲ့အခါမှာ သင့်အနေနဲ့ ပါးစပ် အဟောင်းသား ဖြစ်သွား ပါလိမ့်မယ်။

ခဏတာ ကိုင်တွယ်အသုံး ပြုပြီးတဲ့အခါမှာတော့ အံအားသင့်ဖွယ်ရာမှ ရင်သပ်ရှုမော ဖွယ်ရာအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ HTC One ဟာ သုံးစွဲသူတွေ အားလုံးရဲ့ လေးစားမှုကို ရရှိသင့်ပါတယ်။ ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ အရတော့ လက်ရှိအချိန်မှာဒီဖုန်းကို ယှဉ်နိုင်တဲ့ဖုန်း ဈေးကွက်ထဲမှာ မရှိသေးပါဘူး။ iPhone 5 ရော အသစ်ထွက်လာတဲ့ Galaxy S IV ပါ မမှီပါဘူး။

HTC ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြထားချက်အရဒီဖုန်းဟာ “သတ္တုကိုယ်ထည် အပြည့်အား သုညကွာမှု တည်ဆောက်ခြင်း” နည်းပညာ အသုံးပြုထားပြီးဖုန်းတစ်လုံးအားထုဆစ်ရန် မိနစ် ၂၀၀ ကြာမြင့်ကြောင်းသိရှိရသည်။ လွန်စွာပေါ့ပါးပြီး (၅.၀၄ အောင်စ) လွန်စွာမှလည်း ပါးလွှာသော်လည်း (၀.၃၆ လက်မ) ကိုင်တွယ်ရသည်မှာ ကျစ်လစ်သိပ်သည်းလှသည်။

အနည်းငယ်ကွေးထားသည့် နောက်ကျောပြင်ဟာသင့်လက်ဝါးထဲ နစ်ဝင်သွားမှာဖြစ်ပြီး အနားသပ်များကို လုံးထားသဖြင့် ကိုင်တွယ်အသုံးပြုရ လွယ်ကူပါသည်။

မျက်နှာပြင်

HTC One ရဲ့ မျက်နှာပြင်ဟာ ၄.၇ လက်မ ကျယ်ဝန်းပြီး Gorilla Glass 2 သုံး Super LCD 3 မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ 1920x1080 pixels ရှိလို့ တီဗီတွေမှာ အသုံးပြုနေတဲ့ resolution ပမာဏ (1080p Full HD) ပဲ ဖြစ်လို့ လွန်စွာမှ မြင့်မားလှတဲ့ 468 pixels per inch ပမာဏကို ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်တွင်းက ဖုန်းတွေထဲမှာ အမြင့်ဆုံးပါပဲ။ဒါပေမယ့် ဒီလောက် မြင့်မားလှတဲ့ pixels တွေကို သာမန်မျက်လုံးနဲ့ မြင်တွေ့ဖို့ မဖြစ်နိုင်တာတော့ သေချာပါတယ်။ ဒါကြောင့်လည်း ၄.၇ လက်မ အရွယ် ဖုန်းမှာ 1080p resolution ရတယ်ဆိုတာ တကယ်တော့ ဘာမှမထူးပါဘူး။

ဖုန်းမျက်နှာပြင်ရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းမှာ စပီကာ ၂ လုံး ပါရှိပါတယ်။ ဒါအပြင့် ၈၈ ဒီဂရီ အကျယ်ရိုက်နိုင်တဲ့ 2.1 Megapixel ရှိတဲ့ ရှေ့ ကင်မရာ ပါရှိပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ထိတွေ့မှုနဲ့ အသုံးပြုရတဲ့ ခလုတ် ၂ ခုသာ ထည့်သွင်းထားပါတယ်။ ဒါအပြင် USB/HDMI အပေါက်နဲ့ ပါဝါခလုတ်တို့ကိုလည်းတွေ့ရှိရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

ဖုန်းရဲ့ အတွင်းပိုင်းဟာလည်း အကောင်းဆုံးတွေနဲ့ ပြည့်နှုက်နေပါတယ်။ အဆင့်မြင့် ဖုန်းတွေမှာ ရှိသင့်တဲ့ အချက်တွေ အားလုံးနဲ့ ပြည့်စုံနေပါတယ်။ Processor က 1.7 GHz quad-core Snapdragon 600 ဖြစ်ပြီး 2GB RAM ၊ 32 GB (သို့) 64 GB သိမ်းဆည်းမှု ၊ NFC ၊ LTE ၊ 4 MP (Ultrapixle) ကင်မရာတို့ ပါဝင်ပါတယ်။ အထူးသဖြင့် processor ဟာ မြန်နှုန်း 1.7 GHz ရှိ ပြီး Quadcore ဖြစ်တာကြောင့် လွန်စွာမှကို စွမ်းဆောင်ရည် မြင့်မားလှပါတယ်။

ဒါ့အပြင့် HTC ရဲ့ မူပိုင် ImageChip 2 ကို ဖုန်းရဲ့ 4 MP နောက်ကျော ကင်မရာမှာ ထည့်သွင်းပေးထားလို့ ဓာတ်ပုံ ရိုက်ကူးရာမှာ ထူးခြားကောင်းမွန်ပါတယ်။ 4MP ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် HTC က ဒီဟာကို စွမ်းဆောင်ရည်မြင့် အလင်းများ Ultrapixle ကင်မရာလို့ ခေါ်ဆိုနေပါတယ်။

ဒီကင်မရာဟာ သဘာဝအလင်းကို ပိုမိုရယူနိုင်လို့ ပုံထွက်မှာ 13 MP ကင်မရာတစ်ခုအလားကောင်းမွန်တာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဖုန်းကင်မရာမှာ တုန်ခါမှုထိန်းညှိုခြင်းနဲ့ f2.0 aperture တို့ပါဝင်တာကလည်း ထူးခြားလှပါတယ်။ဘက်ထရီကတော့ 2300mAh ရှိလို့ သာမန်သုံးစွဲမှု အနေနဲ့ဆိုရင် တစ်နေ့တာစာ ခံနိုင်ရည် ရှိမှာပါ။ One ဟာ Android 4.1 (Jelly Bean) အသုံးပြုပြီး HTC ရဲ့ မူပိုင်ဆော့ဖ်ဝဲSense 5.0 ထည့်သွင်း ပြုပြင်ထားပါတယ်။

Sense 5 မှာ ပါဝင်လာတဲ့ BlinkFeed ကို အသုံးပြုပြီး သင်၏ လူမှုကွန်ယက်များနှင့် နေ့စဉ်လုပ်ဆောင်စရာများ အားလုံးကို ဖုန်းရဲ့ ဖန်သားပြင်ပေါ်မှာ စုစည်းပြီးသား ရရှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


ဇင် မင်း ထွန်း ရေးသားထားတာပါ 

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့



ယနေ့ခေတ်က Android ခေတ်လို့ပြောရင် မှားမလားမသိ
မမှားဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေကို ကလေးကအစ
ကိုင်လာကြတယ် ဖုန်းကိုင်သူတိုင်းကလည်း  သိကြတယ် ဒီလိုဆိုတော့
Android နဲ့ မြန်မာပြည်မှာ စီးပွားအတော်ဖြစ်လာကြတယ်
ထားလိုက်ပါတော့ အခုတင်ပေးချင်တာက APK ဆိုတဲ့ Android software
iconတွေကို ကွန်ပျူတာမှာ မမြင်ရပါဘူး အခုဆော့ဝဲလေးကိုကွန်ပျူတာမှာ
သွင်းလိုက်ရင် မြင်ရပီဗျာ ...

အရင်ဆုံး ဒီဆောဝဲလေးကို ဒေါင်းလိုက်ပါ 
ဖိုင်ဆိုဒ်က- 7.96MB
နာမည်က muzhiwan ပါ

Mobile Reviews : HTC First


စမတ်ဖုန်းလောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် HTC First ဆိုတဲ့ စမတ်ဖုန်းသစ်ကို မိတ်ဆက် ပြသခဲ့ပါတယ်။ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ အရာကတော့ ဖုန်းမျက်နှာပြင်ကို Facebook မျက်နှာပြင်အတိုင်း မြင်တွေ့ အသုံးပြုနိုင်မယ့် Facebook Home ကြောင့်ပါပဲ။ Facebook phone လို့လဲ အမည်ပေး သတ်မှတ်ကြပါသေးတယ်။ နာမည်ကျော် လူမှုကွန်ယက် Facebook နဲ့ နာမည်ကြီး မိုဘိုင်း Brand ဖြစ်တဲ့ HTC တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုပါ။ အခုအခါမှာ Facebook ကို ကမ္ဘာတစ်ဝှမ်းလုံး လူတိုင်းနီးပါး အသုံးပြုကြတဲ့ အခြေအနေ ဖြစ်နေတာကြောင့် HTC First ရဲ့ ရောင်းအားက မြင့်မားလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။


Facebook Home မျက်နှာပြင်
ဖုန်းရဲ့ မျက်နှာပြင်က Android OS ကို အသုံးပြုထား ပေမယ့်လည်း လူတိုင်းတွေ့မြင်နေကျ သာမန်မျက်နှာပြင် မဟုတ်ဘဲ Facebook ရဲ့ မျက်နှာပြင်ကို မြင်တွေ့ရမှာပါ။ Facebook မျက်နှာပြင်ဆိုတဲ့အတိုင်း Facebook မှာ ဓာတ်ပုံတွေ၊ Status တွေကို အသစ်တင်တိုင်း အလိုအလျှောက် လှည့်ပတ်ဖော်ပြပေးမှာပါ။ တီထွင်သူတွေကတော့ မည်သည့် Application ကိုမှ သွားနှိပ်စရာမလိုဘဲ Facebook ကို အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ခဲ့တာပါ။ ဓာတ်ပုံတွေ၊ Status တွေ Comment တွေအတွက်လည်း Like လုပ်နိုင်တဲ့အပြင် Comment တွေပါ ရေးသားနိုင်မှာ ဖြစ်ပါတယ်။
ဒီဇိုင်းပုံစံ
HTC First က Facebook Home ကြောင့် ဆန်းသစ်တဲ့ ဖုန်းတစ်လုံး ဖြစ်စေတာပါ။ Facebook Home ကိုဖယ်ပြီး ဒီအတိုင်း လေ့လာကြည့်မယ် ဆိုရင်တော့ အခြား Android ဖုန်းတွေထက် ထူးခြားမှုမရှိပါဘူး။ ၄.၃ လက်မ မျက်နှာပြင်နဲ့ ဒီဇိုင်းပုံစံက သာမန်ဖုန်းတစ်လုံး ပုံစံပါပဲ။
ကင်မရာ
ကင်မရာကတော့ 5MP ထဲပါ။ 1080p Full HD Video တွေ ဖမ်းယူနိုင်တယ်လို့ ဆိုပါတယ်။ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် Panorama လုပ်ဆောင်ချက်တွေ၊ Flash မီးကို အလွယ်တကူ ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေ၊ Scene Mode အမျိုးမျိုးတွေကို ရွေးချယ်နိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 1.6MP ရှိပါတယ်။
စွမ်းဆောင်ရည်
HTC First က 3G GSM Network အပြင် 4G LTE Network ကို ထောက်ပံ့ပေးနိုင်ပါတယ်။ 1.4GHz dual-core Processor ကို ထည့်သွင်း အသုံးပြုထားတာကြောင့် Apps တွေ ဂိမ်းတွေကို မြန်ဆန်သွက်လက်စွာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Quad-Core Processor တွေ သုံးထားတဲ့ စမတ်ဖုန်းတွေ အများအပြား ပေါ်ထွက်နေတာကြောင့် နောက်ဆုံးထွက် HTC First အနေနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ခြေတစ်လှမ်း နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။ RAM ကတော့ 1GB ပါပဲ။
Android OS
Facebook Home UI ကို Install ထည့်သွင်းထားတဲ့ Android OS ကို အသုံးပြုထားတာပါ။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို Android OS က နောက်ကွယ်ကနေ လုပ်ဆောင်ပေးမှာဖြစ်ပြီး Facebook Home က အပြင်ကနေ အုပ်ပေးထားတဲ့ ပုံစံမျိုးပါ။ Android OS ကတော့ Version 4.1 (Jelly Bean) ဖြစ်ပါတယ်။

သုံးသပ်ချက်
HTC First က Facebook Home ကို ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းတစ်လုံးပါ။ Facebook Home Launcher ကို ဒေါင်းလုပ်ရယူနိုင်ပြီ ဖြစ်ပေမယ့် မူရင်း ထည့်သွင်းထားတဲ့ Launcher လောက်တော့ အသုံးပြုရ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ HTC First မှာ အမြင့်စား Device တွေ အသုံးမပြုထားတာကြောင့် ဈေးနှုန်းသက်သာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
Features အသေးစိတ်ကို အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။
General2G NetworkGSM 850 / 900 / 1800 / 1900
3G NetworkHSDPA 850 / 900 / 1900 / 2100
HSDPA 850 / 1900 / 2100 – for AT&T
4G NetworkLTE 700 / 1700 / 2100
SIMMicro-SIM
Announced2013, April
StatusAvailable. Released 2013, April
BodyDimensions126 x 65 x 8.9 mm (4.96 x 2.56 x 0.35 in)
Weight123.9 g (4.34 oz)
DisplayTypeSuper LCD capacitive touchscreen, 16M colors
Size720 x 1280 pixels, 4.3 inches (~342 ppi pixel density)
MultitouchYes
- Facebook Home UI
SoundAlert typesVibration, MP3, WAV ringtones
LoudspeakerYes
3.5mm jackYes
MemoryCard slotNo
Internal16 GB, 1 GB RAM
DataGPRSYes
EDGEYes
SpeedHSPA+
WLANWi-Fi 802.11 a/b/g/n, dual-band, Wi-Fi hotspot
BluetoothYes, v4.0 with A2DP, LE
NFCYes
USBYes, microUSB v2.0
CameraPrimary5 MP, 2592×1944 pixels, autofocus, LED flash
FeaturesGeo-tagging, touch focus, face detection
VideoYes, 1080p@30fps
SecondaryYes, 1.6 MP
FeaturesOSAndroid OS, v4.1 (Jelly Bean)
ChipsetQualcomm MSM8930 Snapdragon 400
CPUDual-core 1.4 GHz Krait
GPUAdreno 305
SensorsAccelerometer, gyro, proximity, compass
MessagingSMS (threaded view), MMS, Email, Push Email
BrowserHTML5
RadioTBD
GPSYes, with A-GPS support and GLONASS
JavaYes, via Java MIDP emulator
ColorsWhite, Black, Red, Pale Blue
- Active noise cancellation with dedicated mic
- Dropbox (25 GB storage)
- SNS integration
- MP4/H.263/H.264/WMV player
- MP3/eAAC+/WMA/WAV player
- Google Search, Maps, Gmail,
YouTube, Calendar, Google Talk
- Document viewer
- photo viewer/editor
- Voice memo/dial
- Predictive text input
BatteryNon-removable Li-Po 2000 mAh battery
Stand-byUp to 432 h
Talk timeUp to 14 h 20 min

Ref & Credit to : Smart Pro Journal , GSM Arena

Mobile Reviews: Huawei Ascend P2


ကမ္ဘာ့ဈေးကွက်ကို တွင်ကျယ်တဲ့ ခြေလှမ်းတွေနဲ့ ထိုးဖောက်လာတဲ့ Huawei ဟာ လအနည်းငယ်လောက်က Gorilla Glass 2 သုံးထားတဲ့ 4G LTE စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာဘာလဲဆိုရင် ယခင်က အောင်မြင်ခဲ့ပြီးသား Ascend P1 ကို ထပ်မံတိုးမြှင့်ထားတဲ့ P2 စမတ်ဖုန်းဖြစ်ပြီး Android နောက်ဆုံးထွက် ဗားရှင်းနဲ့အတူ ဈေးကွက်ထဲမှာ ရှိနေတဲ့ Galaxy ဖုန်းတွေနဲ့ HTC ရဲ့ One Series ဖုန်းတွေကို ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုပါတယ်။ Huawei ဟာ နောက်ပိုင်းထွက်ထားတဲ့ ဖုန်းတွေကို ပါးလွှာမှုနဲ့ မြန်ဆန်မှုကို ဦးစားပေးလာပြီး သူတို့ရဲ့ ကိုယ်ပိုင် Chipset နဲ့တောင်မှ ဈေးကွက်ကို တိုးလာပါတယ်။
ယခု P2 မှာလည်း Huawei K3V2 Chipset ကို တွေ့မြင်ရမှာဖြစ်ပြီး Camera ကလည်း 13MP အမိုက်စားကို ဆက်စပ် Feature တွေနဲ့အတူ အသုံးပြုနိုင်ပါလိမ့်မယ်။ UI ကို အခြားစမတ်ဖုန်းတွေနဲ့ မတူဘဲ Emotion ပုံစံမျိုးဖြစ်အောင် ပြုလုပ်ထားပြီး Ascend P1 တုန်းက ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်နိုင်ခဲ့တာကြောင့် ယခု P2 ကိုတော့ Application တွေ ဂိမ်းတွေဆော့ကစားတဲ့ အခါမှာ မြန်ဆန်တဲ့ Loading Time ကို ရရှိအောင် စွမ်းဆောင်ပေးထားပြီး ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအဖြစ် ထုတ်လုပ်လိုက်ပါတယ်။ Built-in theme ပေါင်း တစ်ရာကျော် ပါဝင်လာပြီး မိမိလိုအပ်သလို ဖန်တီးနိုင်ပါလိမ့်မယ်။
ဒီဖုန်းကို တစ်ကမ္ဘာလုံး ဈေးကွက်အနေနဲ့ ဖြန့်ချိမှာဖြစ်ပြီး US ဈေးကွက်အတွက်တော့ ထုတ်လုပ်မယ်လို့ မဆိုသေးပါဘူး။ အစောပိုင်းတုန်းက Octa core နဲ့ ထွက်ရှိလာမယ်လို့ဆိုပြီး အမှန်တကယ် ပြသလိုက်တဲ့ အချိန်မှာတော့ 1.5GHz quad-core chip နဲ့သာ ထွက်ရှိလာပါတယ်။ ဒါပေမယ့် သူဟာ 4G Network မှာ အသုံးပြုနိုင်မှာဖြစ်ပြီး Download ပြုလုပ်မှုကို 150Mpbs ရအောင် စွမ်းဆောင် ပေးပါလိမ့်မယ်။ Huawei ရဲ့ Ascend Mate, D2 တို့လိုမျိုးပဲ အရည်အသွေးမြင့် စမတ်ဖုန်း P2 ရဲ့ပါဝင်မှုတွေကို လေ့လာကြည့်ရအောင်။
Display
IPS နည်းပညာကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် အခြားစမတ်ဖုန်းတွေလိုမျိုး မြင်ကွင်းကြည့်တဲ့ အခါမှာ ဝေဝါးတာမျိုး မဖြစ်စေဘဲ ဘက်ပေါင်းစုံ ဘယ်ထောင့်ကနေ ကြည့်ကြည့် ရှင်းလင်းပီသတဲ့ ရုပ်ထွက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 4.7″ ကို 312ppi ပုံရိပ် ဖော်ပြနိုင်စွမ်းနဲ့ 8.4mm အထူဟာ P2 ကို ထိပ်တန်းစမတ်ဖုန်းအဖြစ် သတ်မှတ်သွားနိုင်ပါတယ်။ Screen Size ကိုလည်း 720 x 1280 ဖြစ်တာကြောင့် HD ပုံရိပ်တွေကို ဝေဝါးတာ မရှိစေဘဲ ဖော်ပြပေးနိုင်ပါတယ်။ မျက်နှာပြင် ကာကွယ်နိုင်စွမ်းကိုလည်း သံနဲ့ ခြစ်မိရင်တောင် အရာထင်နိုင်စွမ်း မရှိတဲ့ Corning ရဲ့ ဒုတိယမျိုးဆက် Gorilla ကို သုံးစွဲထားပြီး Emotion UI 1.6 က သာမန်ထက်ပိုတဲ့ အရသာကို ပေးစွမ်းပါလိမ့်မယ်။
Store And Battery
16GB သိုလှောင်နိုင်စွမ်းရှိတဲ့ Huawei ဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် OS အတွက်တော့ 2GB နီးပါး ပေးစွမ်းရပါလိမ့်မယ်။ ဒါ့အပြင် SD Card ထပ်မံထည့်သွင်းလို့ မရတာကလည်း သူ့ရဲ့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် 1GB RAM ကလည်း အကောင်းဆုံး အထောက်အပံ့ ပေးစွမ်းပါလိမ့်မယ်။ 2420mAh Battery ကို ရရှိနိုင်မှာဖြစ်ပြီး 2G ကွန်ရက်မှာ ဖုန်းပြောဆိုမယ် ဆိုရင်တော့ တစ်ရက်နီးပါး အသုံးခံနိုင်ပါလိမ့်မယ်။ Wi-Fi အသုံးပြုပြီး အင်တာနက် သုံးမယ်ဆိုရင်တော့ မိနစ် 800 နီးပါး သုံးစွဲနိုင်မှာဖြစ်ပြီး 4G ကွန်ရက်မှာ ဝင်ရောက်သုံးစွဲမယ် ဆိုရင်တော့ အချိန်အတော်ကြာ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် HD ဂိမ်းတွေသာ ဆော့ကစားမယ်ဆိုရင် တစ်ရက်တာ နီးပါးလောက်ကို သုံးစွဲနိုင်အောင် အထိကို ထောက်ပံ့ပေးထားပါတယ်။
Other
122g အလေးချိန်ရှိပြီး ယခင်ဖုန်းများလိုပဲ ပလက်စတစ်ကိုယ်ထည်နဲ့ ဖက်ရှင်ကျတဲ့ ပုံစံဒီဇိုင်းကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ တည်နေရာပြစနစ်အတွက် AGPS စနစ်ကို ထောက်ပံ့ပေးထားတာကြောင့် မြို့တွင်းလမ်းတွေကို သွားရောက်တဲ့အချိန်မှာ သာမကဘဲ အလှမ်းဝေးတဲ့ မြို့ပြင်လမ်းတွေကိုပါ ကောင်းမွန်စွာ လမ်းညွှန်ပြသပေးပါလိမ့်မယ်။ Multi Touch ကို 10 Point အထိ ပြုလုပ်နိုင်စွမ်းရှိမှာဖြစ်ပြီး NFC ကို အထောက်အပံ့ ပေးထားပါတယ်။ ဒါ့အပြင် earphone ကနေတစ်ဆင့် music နဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူတွေ အတွက်လည်း Dolby mobile လို လုပ်ဆောင်မှု အပေါင်းကို ဖြည့်သွင်းပေးထားပါတယ်။
Software/ Hardware
Android ရဲ့ အောင်မြင်ပြီးသား OS နဲ့အတူ Huawei ရဲ့ UI ပေါင်းစပ်လိုက်တဲ့ အချိန်မှာ Ascend P2 ဟာ Galaxy မျိုးဆက် ဖုန်းတွေထက်တောင် အနည်းငယ် သာသယောင် ရှိသွားပါတယ်။ Smart Reading ပါဝင်လာတာကြောင့် E-Book ဖတ်ရှုနေရင်းနဲ့ မိမိသိချင်တဲ့ စကားလုံးတွေကို Wiki ပေါ်ကို တက်ရောက် ရှာဖွေနိုင်ပါလိမ့်မယ်။ Quad-core 1.5GHz CPU ကို Huawei ရဲ့ Chipset နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ HD ဂိမ်းတွေ ဆော့ကစားတဲ့ Loading တက်ချိန် သာမန်ထက် မြန်ဆန်သွားပါပြီ။ ဒါ့အပြင် Huawei ရဲ့ Chipset အားသာချက်က ဘတ္ထရီစွမ်းအားကို ပုံမှန်ထက် ချွေတာနိုင်စွမ်းရှိပြီး Touch Screen အထိအတွေ့က နေရာအလိုက်ကိုသာ ဘတ္ထရီစွမ်းအားကို သုံးစွဲပါတယ်။ Sensor ၄ မျိုးကတော့ ပုံမှန်ဖုန်းတွေမှာ ပါဝင်ပြီးသား အတိုင်းပါပဲ။
Camera
13MP ကင်မရာဟာ 4032 x 3224 pixel အရည်သွေးရှိတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိလာပြီး ယခုနောက်ဆုံးထွက် စမတ်ဖုန်းတွေမှာသာ ပါဝင်လာတဲ့ HDR လို ဖန်ရှင်မျိုးတွေကို မြင်တွေ့ရပါမယ်။ ဗီဒီယို ရိုက်ကူးမှုတွေကိုတော့ 1080p အရည်အသွေးနဲ့ ဖမ်းယူရိုက်ကူးနိုင်စွမ်း ရှိမှာဖြစ်ပြီး အလင်းအမှောင် မညီတဲ့ ရှုခင်းတွေကို ရိုက်ကူးရင်တောင်မှ သေသပ်တဲ့ ပုံရိပ်ကို ရရှိအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ရှေ့ဘက် ကင်မရာငယ်ဟာ 1.3 ဖြစ်ပြီး 720p အရည်အသွေးသာ စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကင်မရာရိုက်ကူးမှုအတွက် ဖုန်းရဲ့ ဘေးထောင့်နားမှာ Key တစ်ခု ပါဝင်လာပြီး စမတ်ကင်မရာတစ်လုံး ကိုင်ဆောင်ထားရသလို ဖြစ်နေပါလိမ့်မယ်။
Huawei Ascend P2 ရဲ့ အသေးစိတ်အချက်အလက်များကို အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်။

General2G NetworkGSM 850 / 900 / 1800 / 1900
3G NetworkHSDPA 900 / 2100
4G NetworkLTE
SIMMicro-SIM
Announced2013, February
StatusAvailable. Released 2013, April
BodyDimensions136.2 x 66.7 x 8.4 mm (5.36 x 2.63 x 0.33 in)
Weight122 g (4.30 oz)
DisplayTypeIPS LCD capacitive touchscreen, 16M colors
Size720 x 1280 pixels, 4.7 inches (~312 ppi pixel density)
MultitouchYes
ProtectionCorning Gorilla Glass 2
- Emotion UI 1.6
SoundAlert typesVibration, MP3 ringtones
LoudspeakerYes
3.5mm jackYes
- Dolby Mobile Plus sound enhancement
MemoryCard slotNo
Internal16 GB, 1 GB RAM
DataGPRSYes
EDGEYes
SpeedHSDPA; HSUPA; LTE, Cat4, 150 Mbps DL; 50 Mbps UL
WLANWi-Fi 802.11 b/g/n, dual band, DLNA, Wi-Fi hotspot
BluetoothYes, v4.0 with A2DP, LE, EDR
NFCYes
USBYes, microUSB v2.0
CameraPrimary13 MP, 4032 x 3224 pixels, autofocus, LED flash
FeaturesGeo-tagging, HDR, face and smile detection
VideoYes, 1080p@30fps, HDR
SecondaryYes, 1.3 MP, 720p@30fps
FeaturesOSAndroid OS, v4.1.2 (Jelly Bean)
ChipsetHuawei K3V2
CPUQuad-core 1.5 GHz
SensorsAccelerometer, gyro, proximity, compass
MessagingSMS(threaded view), MMS, Email, Push Mail, IM
BrowserHTML5
RadioFM radio
GPSYes, with A-GPS support and GLONASS
JavaYes, via Java MIDP emulator
ColorsBlack, White
- SNS integration
- Active noise cancellation with dedicated mic
- DivX/XviD/MP4/H.263/H.264/WMV player
- MP3/eAAC+/WMA/WAV player
- Google Search, Maps, Gmail,
YouTube, Calendar, Google Talk
- Organizer
- Document viewer/editor
- Photo viewer/editor
- Voice memo/dial/commands
- Predictive text input
BatteryLi-Ion 2420 mAh battery
Stand-by(2G) / Up to 310 h (3G)
Talk time
Ref & Credit: Mobile Guide Journal, GSM Arena

DFU mode ဆိုတာ ဘာလဲ... ဘယ်လိုဝင်ရမလဲ...

မေး။ DFU mode ဆိုတာ ဘာလဲ... ဘယ်လိုဝင်ရမလဲ...

ဖြေ။ DFU mode ဆိုတာ Device Firmware Upgrade အတိုကောက်ပါ။ 
စက်ပျက်သွားရင် ပဲဖြစ်ဖြစ် အမှားရှာချင်ရင်ပဲဖြစ်ဖြစ် စနစ်အသစ်မှအဟောင်း ပြောင်းချင်ရင်ပဲဖြစ်ဖြစ် အဲ့ဒီ mode ကို အရင်ဝင်ပြီးမှ 
လုပ်ရပါတယ်...

မေး။ DFU mode ဝင်ရတာ timing တွေ အဆင့်တွေ တအားများပြီး ထပ်ခါထပ်ခါ လုပ်နေရလို့ အလွယ်ကူဆုံး နည်းလမ်းလေးများ မရှိဘူးလား...

ဖြေ။ ဘာဆော့ဝဲလ် ဘာအဆင့်မှ မလုပ်ဘဲ အလွယ်ဆုံးနည်းကတော့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ပါ။
ဖုန်းကို ကွန်ပြူတာက ပြန်ပြီး မတွေ့ မချင်း home ခလုပ် နဲ့ power ခလုပ်ကို ပြိုင်တူ ဖိထားပါ။
ကွန်ပြူတာနဲ့ ပြန်ချိတ်မိတဲ့ အခါမှာ ဖုန်းက အဲ့ဒီ mode ထဲရောက်နေတာကို တွေ့ ရပါမယ်။

မေး။ Fireware အဟောင်းတွေကို ဘယ်လို ပြန်တင်လို့ ရနိုင်ပါသလဲ။

ဖြေ။ အကန့် အသတ်တော့ ရှိပါတယ်။ အရမ်းဟောင်းနေတဲ့ ဟာတွေဆိုရင် အရင် save ထားတဲ့ ဖိုင်တွေ ရှိမှ အဆင်ပြေပါတယ်။
ပုံမှန်ကတော့ iTunes ကနေ shift + restore နှိပ်ပြီး လိုအပ်တဲ့ Firmware ရှိတဲ့ နေရာကို ပြပြီး ရွေးလိုက်ရင် အိုကေပါပြီ။

မေး။ အိုင်ဖုန်းမှာ ပရင့် စခရင် ဘယ်လို ရိုက်လို့ ရပါသလဲ။

ဖြေ။ ပါဝါ ခလုပ်ကို ဖိထားပြီး home ခလုပ်တချက်နှိပ်လိုက်တာနဲ့ မျက်နှာပြင်ပေါ်က အရာအားလုံး ဓါတ်ပုံစုထားတဲ့နေရာကို အလိုအလျောက်ရောက်သွားပါလိမ့်မယ်

မေး။ Jailbreak ဆိုတာဘာလဲ။ သုံးရင် စက်ဟမ်းပါသလား။

ဖြေ။ Jailbreak ဆိုတာ ဂိမ်းတွေ ဆော့ဖ်ဝဲတွေကို ပိုက်ဆံပေးစရာမလိုဘဲ တင်လို့ ရအောင် လုပ်ပေးတဲ့ အရာပါ။
အတွင်း စနစ်ပိုင်းဆိုင်ရာ ဖိုင်တွေကို သာမန်လူတွေ မတို့ မထိနိုင်အောင် အမှားတွေ မလုပ်မိအောင် ပန်းသီးကုမ္ပဏီက ပိတ်ထားပါတယ်။
ဂျေးလုပ်လိုက်ပြီဆိုတာနဲ့ Cydia ကနေ တဆင့် အတွင်းစနစ်တွေ ကို ပြောင်းပစ်၊ လိုအပ်သလို လုပ်ယူပစ်လို့ ရပါတယ်။
ဂိမ်းတွေကို လည်း ဟက်ဆိုက်တွေကတဆင့် ဒေါင်းပြီး တင်လို့ ရသွားပါတယ်။ တရားလည်း ဝင်ပါတယ်။
တခုခု ဖြစ်ပြီဆိုတာနဲ့ မူလ firmware ပြန်တင်လိုက်တာရင် နဂိုအတိုင်း factory default ပြန်ဖြစ်သွားပါတယ်။
ဂရန်တီလည်း မပျက်ပါဘူး။ စိတ်ချလက်ချ သုံးလို့ ရပါတယ်။

ံHtar Htar Lwin (AUG, BAT, APK)
Credit to Sai Yan Naing Oo (BAT Group)

Fast & Furious 6: The Game v1.0.4 APK


လိုချင်သူများ
















Call Recorder Pro 1.8





Call Recorder

ပါ ပြောဖိုမလိုတော့ဘူးထင်ပါတယ် လိုချင်သူများ

အောက်မှာဒေါင်းရန် 


Y210 Series တွေကို Recovery ကနေ Root,မြန်မာစာ,လက်ကွက်အကုန်ထည့်နည်း

ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။



            Y210 Recovery Installer

                     Update.zip 


ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။

ဖုန်းကိုပါဝါပိတ်ပါ။

ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။

Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။

Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။

Screenshot - 5_29_2013 , 4_52_29 PM

မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။

Screenshot - 5_29_2013 , 4_53_49 PM

Screenshot - 5_29_2013 , 4_53_51 PM

အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။

Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။
DSC_0674

ပေးထားတဲ့ Update.zip ကို Install zip From SD Card ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။

ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar Font,FrozenKeyboard,Root Access

တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။

Everything.me launcher မကြိုက်ရင် ဆွဲခ ဖိုး ပြန် လျော် ပေးမယ်ဗျာ



Lancher ခက်လန်းလန်းလေး သုံးရအောင် 

ကိုသုံးဘူးနေကျ lancher တွေနဲ အရမ်းကွာပါတယ် ရိုးရိုးလေးနဲမိုက်တာပေါ့ 

အရမ်းမိုက်ပါတယ် သုံးကြည့်ပါ အကြိုက်တွေစေရပါမည် 

အဲ့ lancher ထဲမှာကိုဘဲ နောက်ထက် အများကြီးပါပါသေးတယ်

ဆွဲလိုက်လို မကြိုက်ရင် ဆွဲခ ဖိုး ပြန် လျော် ပေးမယ်ဗျာ

အဲ့လောက်ကို ညွန်းလိုက်မယ် 

Everything.me launcher

ကဲ VIDEO ဖိုင်ကြည့်ချင်တယ်ဆိုလည်း

မှတ်ချက်

ဒီ Lancher ထည့်လိုက်တာနဲ ကျန်တဲ့ software တွေ ဘာတွေတောင်ထည့်စရာမလိုလောက်အောင် ပါ သေး ပါတယ်







unnamed

Screenshot_2013-04-14-16-30-06 Screenshot_2013-04-14-16-30-18 Screenshot_2013-04-14-16-30-39 Screenshot_2013-04-14-16-31-01 Screenshot_2013-04-14-16-29-14 Screenshot_2013-04-14-16-29-49

Unordered List

Related Posts Plugin for WordPress, Blogger...