Likes

5/30/2013

Huawei နှင့် အဆက်အသွယ် ဖြတ်တော့မည့် အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီး Sprint


Huawei နှင့် အဆက်အသွယ် ဖြတ်တော့မည့် အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီး Sprint

အမေရိကန်နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Sprint Telecom နှင့် ယင်းအား ဝယ်ယူရန် ကြိုးပမ်းနေသည့် ဂျပန်နိုင်ငံမှ SoftBank တို့သည် အရောင်းအဝယ် အထမြောက်ပါက အနာဂတ်တွင် တရုတ်ကုမ္ပဏီကြီး Huawei ထုတ် နည်းပညာနှင့် ပစ္စည်းများအား အသုံးပြုတော့မည် မဟုတ်ဟု အမေရိကန် အာဏာပိုင်းများအား ကတိကဝတ် ပြုခဲ့ကြသည်ဟု သိရှိရသည်။

SoftBank သည် Sprint ၏ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုအား ဒေါ်လာ ၂၀ ဘီလီယံဖြင့် ဝယ်ယူရန် အဆိုပြုထားပြီး အမေရိကန် အာဏာပိုင်များနှင့် ဆက်သွယ်ရေး ကြည့်ကြပ်မှုအဖွဲ့များ၏ ဆုံးဖြတ်ချက်အား ရယူရန် ကြိုးပမ်းစဉ် ယခုကဲ့သို့ ကတိပြုခဲ့ကြခြင်းဖြစ်သည်။
Sprint အား လက်ရှိ အများစု ပိုင်ဆိုင်သည့် Clearwire သည် Huawei ၏ နည်းပညာနှင့် ပစ္စည်းများအား အသုံးပြုခဲ့ဖြင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရပြီး ဆီးနိတ်လွှတ်တော် အထိပင် ရောက်ရှိခဲ့သည်။

Huawei သည် နည်းပညာ၊ ဆက်သွယ်ရေးနှင့် ဖုန်း တို့နှင့် ဆက်စပ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီကြီးဖြစ်ပြီး လတ်တလော နှစ်များအတွင်း အနောက်နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ကုမ္ပဏီ၏ တရုတ်အစိုးရနှင့် ဆက်စပ်ပတ်သက်မှုမျာအား သင်္ကာမကင်း ဖြစ်နေသဖြင့် ကုမ္ပဏီ၏ ဆောင်ရွက်ချက်များနှင့် ထုတ်လုပ်သည့် ပစ္စည်းများအား အသေးစိတ် စောင့်ကြည့်လေ့လာ နေကြသည်။

Huawei အနေဖြင့် မူပိုင်ခွင့်ချိုးဖောက်ခြင်း၊ အီရန်သို့ ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချခြင်းစသည့် နိုင်ငံတကာ ဥပဒေများနှင့် မလွတ်ကင်းသည့် ဆောင်ရွက်မှုအများအပြားအား ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် လုံခြုံရေးအတွက် မသင်္ကာဖွယ်ရများ ရှိနေခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ အစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။




0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...