Likes

5/30/2013

DFU mode ဆိုတာ ဘာလဲ... ဘယ်လိုဝင်ရမလဲ...

မေး။ DFU mode ဆိုတာ ဘာလဲ... ဘယ်လိုဝင်ရမလဲ...

ဖြေ။ DFU mode ဆိုတာ Device Firmware Upgrade အတိုကောက်ပါ။ 
စက်ပျက်သွားရင် ပဲဖြစ်ဖြစ် အမှားရှာချင်ရင်ပဲဖြစ်ဖြစ် စနစ်အသစ်မှအဟောင်း ပြောင်းချင်ရင်ပဲဖြစ်ဖြစ် အဲ့ဒီ mode ကို အရင်ဝင်ပြီးမှ 
လုပ်ရပါတယ်...

မေး။ DFU mode ဝင်ရတာ timing တွေ အဆင့်တွေ တအားများပြီး ထပ်ခါထပ်ခါ လုပ်နေရလို့ အလွယ်ကူဆုံး နည်းလမ်းလေးများ မရှိဘူးလား...

ဖြေ။ ဘာဆော့ဝဲလ် ဘာအဆင့်မှ မလုပ်ဘဲ အလွယ်ဆုံးနည်းကတော့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ပါ။
ဖုန်းကို ကွန်ပြူတာက ပြန်ပြီး မတွေ့ မချင်း home ခလုပ် နဲ့ power ခလုပ်ကို ပြိုင်တူ ဖိထားပါ။
ကွန်ပြူတာနဲ့ ပြန်ချိတ်မိတဲ့ အခါမှာ ဖုန်းက အဲ့ဒီ mode ထဲရောက်နေတာကို တွေ့ ရပါမယ်။

မေး။ Fireware အဟောင်းတွေကို ဘယ်လို ပြန်တင်လို့ ရနိုင်ပါသလဲ။

ဖြေ။ အကန့် အသတ်တော့ ရှိပါတယ်။ အရမ်းဟောင်းနေတဲ့ ဟာတွေဆိုရင် အရင် save ထားတဲ့ ဖိုင်တွေ ရှိမှ အဆင်ပြေပါတယ်။
ပုံမှန်ကတော့ iTunes ကနေ shift + restore နှိပ်ပြီး လိုအပ်တဲ့ Firmware ရှိတဲ့ နေရာကို ပြပြီး ရွေးလိုက်ရင် အိုကေပါပြီ။

မေး။ အိုင်ဖုန်းမှာ ပရင့် စခရင် ဘယ်လို ရိုက်လို့ ရပါသလဲ။

ဖြေ။ ပါဝါ ခလုပ်ကို ဖိထားပြီး home ခလုပ်တချက်နှိပ်လိုက်တာနဲ့ မျက်နှာပြင်ပေါ်က အရာအားလုံး ဓါတ်ပုံစုထားတဲ့နေရာကို အလိုအလျောက်ရောက်သွားပါလိမ့်မယ်

မေး။ Jailbreak ဆိုတာဘာလဲ။ သုံးရင် စက်ဟမ်းပါသလား။

ဖြေ။ Jailbreak ဆိုတာ ဂိမ်းတွေ ဆော့ဖ်ဝဲတွေကို ပိုက်ဆံပေးစရာမလိုဘဲ တင်လို့ ရအောင် လုပ်ပေးတဲ့ အရာပါ။
အတွင်း စနစ်ပိုင်းဆိုင်ရာ ဖိုင်တွေကို သာမန်လူတွေ မတို့ မထိနိုင်အောင် အမှားတွေ မလုပ်မိအောင် ပန်းသီးကုမ္ပဏီက ပိတ်ထားပါတယ်။
ဂျေးလုပ်လိုက်ပြီဆိုတာနဲ့ Cydia ကနေ တဆင့် အတွင်းစနစ်တွေ ကို ပြောင်းပစ်၊ လိုအပ်သလို လုပ်ယူပစ်လို့ ရပါတယ်။
ဂိမ်းတွေကို လည်း ဟက်ဆိုက်တွေကတဆင့် ဒေါင်းပြီး တင်လို့ ရသွားပါတယ်။ တရားလည်း ဝင်ပါတယ်။
တခုခု ဖြစ်ပြီဆိုတာနဲ့ မူလ firmware ပြန်တင်လိုက်တာရင် နဂိုအတိုင်း factory default ပြန်ဖြစ်သွားပါတယ်။
ဂရန်တီလည်း မပျက်ပါဘူး။ စိတ်ချလက်ချ သုံးလို့ ရပါတယ်။

ံHtar Htar Lwin (AUG, BAT, APK)
Credit to Sai Yan Naing Oo (BAT Group)

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...