Likes

4/04/2013

၁၅၀၀ ကျပ်ဖြင့် ၂၄ ရက်တွင် ဖုန်းကိုင်နိုင်မည်

Trial Xသတင်းချစ်သူ - ဝေဟင်မှတဆင့်ပြန်လည်ဝေမျှသည်။

၁၅၀၀ ကျပ်ဖြင့် ၂၄ ရက်တွင် ဖုန်းကိုင်နိုင်မည်

800Mhz ဖုန်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ၂၄. ၄. ၂၀၁၃ ခုနှစ်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနမှကြေညာ သည်။ 800Mhz မရရှိသောနေရာများတွင် WCDMA လိုင်းကို ရောင်းချပေးသွားမည်ဟု သိရသည်။ ၎င်းဖုန်းများကို ဝယ်ယူထားပြီး ၁၅ ရက်အတွင်း သုံးစွဲရမည်ဖြစ်သည်။ ၁ လလျှင် ဖုန်းပြောဆိုခအဖြစ် အနည်းဆုံး ၂၅၀၀ ကျပ်နှုန်းသုံးစွဲရမည်ဖြစ်ပါသည်။ငွေ ၅၀၀၀ ကျပ်ဖြည့်ထားပါက ၂ လအတွင်း ၎င်းငွေကို ကုန်အောင်သုံးစွဲရပါမည်။ မသုံးစွဲပါလျှင် ၎င်းငွေကတ်မှာ အလိုအလျောက် ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ အရေအတွက်ကို တစ်လလျှင် လိုင်းအရေအတွက် ၃ သိန်းခွဲ ချထားပေးမည်ဟုဆိုသော်လည်း ဖုန်းလိုင်းနှင့်ပက်သက်သည့် အခြေခံအဆောက်အဦများ ပြီးသွားပါက လိုင်းအရေအတွက်ကိုကန့်သတ်ချက်မရှိရောင်းချပေးမည်ဟု နိုင်ငံပိုင်သတင်းဌာနမှကြေညာသည်
By Internet Journal


0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...