Likes

4/03/2013

Apple IDs အတွက် password


Apple IDs အတွက် password မှန်ကန်မှုရှိမရှိအတည်ပြုချက်အတွက် အဆင့် ၂ ဆင့်နဲ့လုပ်ဆောင်ရမယ့် option ကို Apple မှဖြည့်စွက်။

Apple ဟာ သူ့ရဲ့ Apple ID စနစ်မှာလုံခြုံရေးဆိုင်ရာအချက်တစ်ချက်ကိုထပ်မံဖြည့်စွက်လိုက်ပြီး၊ အဲဒီအချက်ဟာ Apple services တွေအတွက် log in ၀င်ရာမှာအသုံးပြုတဲ့ password တွေကိုပိုမိုကာကွယ်ပေးထားနိုင်တယ်လို့သိရပါတယ်။
Apple ID အသုံးပြုတဲ့သူတွေဟာ အခုဆိုရင် သူတို့ရဲ့ password အတွက် မှန်ကန်ကြောင်းအတည်ပြုမှုကို အဆင့် ၂ ဆင့်ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ System ကနေအသုံးပြုသူရဲ့ဖုန်းထဲကို ဂဏန်း ၄ လုံးပါ passcode တစ်ခုကို မက်ဆေ့ခ်ျ ပို့ပေးမှာဖြစ်ပြီး အဲဒီ passcode ကိုပုံမှန်သုံးနေတဲ့ password ရဲ့ရှေ့မှာအသုံးပြုရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် hacker တစ်ယောက်က မိမိရဲ့ account ကိုဖောက်ဖို့ကြိုးစားတာကိုကာကွယ်ပေးနိုင်ပြီး၊ မိုဘိုင်းလ်ဖုန်းကိုလည်းဝင်သုံးလို့မရ အောင်ကာကွယ်ပေးထားနိုင်ပါတယ်။
“Apple အနေနဲ့အသုံးပြုသူတွေရဲ့ data လုံခြုံရေးကိုအထူးအလေးအနက်ထားကြောင်း၊ password မှန်ကန်ကြောင်း အတည်ပြုချက်ကိုအဆင့် ၂ ဆင့်နဲ့ပြုလုပ်ခြင်းဟာ ကျွန်တော်တို့အသုံးပြုသူတွေရဲ့အချက်အလက်တွေကို ဆက်လက်ကာ ကွယ်မှုပေးနိုင်ဖို့အတွက် ပိုမိုတောင့်တင်းခိုင်မာမှုရှိတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း” Apple ပြောရေးဆိုခွင့်ရှိသူက CNET မှာပြောထားပါတယ်။ “ အခုဆိုရင် ကျွန်တော်တို့ အသုံးပြုသူတွေကို ဒီလုံခြုံရေးဆိုင်ရာနောက်ထပ်အဆင့်တစ်ဆင့်ကို အကျိုး ရှိရှိအသုံးချရေးအတွက် ရွေးချယ်မှုပေးနေပြီဖြစ်ပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။
အခုလောလောဆယ်မှာတော့ ဒီ feature ကို အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ အိုင်ယာလန်၊ သြစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံတို့မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ဒီ feature ကို option တစ်ခုအဖြစ်အသုံးချတဲ့ နည်းပညာကုမ္ပဏီတွေ ထဲမှာ Apple ကတော့နောက်ဆုံးဖြစ်နေပါတယ်။
Apple ထက် online services အနည်းငယ်ပိုရှိတဲ့ Google က ဒီလုံခြုံရေးဆိုင်ရာ feature ကို ၂၀၁၁ အစောပိုင်း ကတည်းကပင် option တစ်ခုအဖြစ်အသုံးပြုခဲ့ပါတယ်။ Facebook, Yahoo, PayPal, Dropbox အပါအ၀င် တစ်ခြားသော online services တွေကလည်း ဒီ security option ကိုထည့်သွင်းခဲ့ကြပြီးဖြစ်ပါတယ်
လုံခြုံရေးနဲ့ပတ်သက်ပြီးနောက်ထပ်အဆင့်တစ်ဆင့်ထပ်တိုးဖို့လိုအပ်တယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်က account ချိုး ဖောက်တဲ့ဖြစ်စဉ်မှာ ပစ်မှတ်ထားခံခဲ့ရသူ သတင်းစာဆရာ Mat Honan ရဲ့အဖြစ်အပျက်ကမီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့နှစ်က Honan ရဲ့ iCloud account မှာစတင်ချိုးဖောက်ခံခဲ့ရပြီး၊ တဖြည်းဖြည်းသူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အီးမေးလ် နဲ့ Twitter accounts တို့ကိုဝင်ရောက်ခိုးသုံးခံခဲ့ရပါတယ်။ အဲဒီအခြေအနေက နောက်ဆုံးမှာတော့ Apple ကို account passwords ပြန်လည်ပြင်ဆင်ခြင်းအတွက် လုံခြုံရေးဆိုင်ရာလုပ်ဆောင်မှုတွေ ထပ်မံသုံးသပ်ဖို့ ဖြစ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလအစောပိုင်းက ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက် Evernote ကလည်း ၄င်းတို့အနေနဲ့ ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှာ လုံခြုံရေးဆိုင်ရာ feature ကိုထည့်သွင်းဖို့စီစဉ်ထားတယ်လို့ပြောဆိုသွားခဲ့ပါတယ်။
သိပ်မကြာသေးခင်က Apple ကုမ္ပဏီကိုယ်တိုင်လည်း အကောင့်ချိုးဖောက်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး အဲဒီ အဖွဲ့ဟာ Apple ရဲ့ systems တွေနဲ့ဝန်ထမ်းတွေရဲ့ကွန်ပျူတာတွေကို ၀င်ရောက်အသုံးပြုနိုင်ဖို့အတွက်Java plug-in က အားနည်းချက်တစ်ချက်ကို အသုံးပြုခဲ့တယ်လို့သိရပါတယ်။ Apple က ဘယ်အချက်အလက်တွေခိုးယူခံလိုက်ရတယ်ဆိုတာ မသိရဘူးလို့ ပြီးခဲ့တဲ့လကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ခုမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ Facebook, The New York Times, The Wall Street Journal နဲ့ The Washington Post တို့လိုပဲ Apple ဟာလည်း ပစ်မှတ်ထားတိုက်ခိုက်မှုခံခဲ့ရတဲ့ ကုမ္ပဏီတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်ခဲ့ပါတယ်။
အမျိုးမျိုးသော stores တွေနဲ့ online stores တွေမှာရှိတဲ့ Apple ရဲ့ user base ဟာ ဆက်လက်တိုးတက်လျက်ရှိ နေပြီး ဇန်န၀ါရီလက နောက်ဆုံးထုတ်ပြန်ထားတဲ့ တရားဝင်စာရင်းအရ၊ Apple မှာ အသုံးပြုနေတဲ့ active accounts အရေ အတွက် သန်း ၅၀၀ ကျော်ရှိတယ်လို့သိရပါတယ်။


သန်းထိုက်ဇော် - နည်းပညာစုစည်းမှု




0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...