Likes

5/16/2014

Mobile Network အကြောင်း

                  


Mobile Network အကြောင်း
**********************

ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်းပါ။ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။

GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။

EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။

3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်

HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။

HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။

4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။




credit - ဖုန်းချစ်သူများ
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ဖိုင် share ပါက www.koye9992.blogspot.com ဆိုပြီး credit ပေးပါရန်

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...