Likes

2/13/2014

Viber အကြောင်း သိကောင်းစရာ

                     


Viber အကြောင်း သိကောင်းစရာ

အရင်ဦးဆုံး ဒီကောင်ကို မရှင်းပြခင်မှာ လူတိုင်းကတော့ သိပြီးသား
ထင်မှာပါ မသိသေးသော သူများအတွက် အသေးစိတ်အချက်အလက်
တွေကို ရှင်းပြမှာ ဖြစ်ပါတယ်
(1) viber latest version ကိုအရင်ဦးဆုံး ဒေါင်းလိုက်ပါ ပြီးရင်ဖုန်းထဲ
ကို install လုပ်ပေးပါ။viber ကို activate လုပ်ဖို့အတွက် internet လိုပါ
တယ် မိမိဖုန်းက အင်တာနက်ကို ဖွင့်လိုက်ပါ ပြီးပြီဆိုရင် viber apk ကို
ဖွင့်လိုက်ပါ ပြီးရင် continue ကိုနှိပ်လိုက်ပါ အဲမှာ ကျွန်တော်တို့ နိုင်ငံကို
searching လုပ်နေပါလိမ့်မည် searching လုပ်တယ်ဆိုတာ ရှာဖွေတာကို
ပြောတာပါ တွေ့ပါပြီ myanmar +95 ဆိုပြီး ပေါ်လာပါလိမ့်မည် အောက်မှာ
မိမိဖုန်းနံပတ်ကို ထည့်ပေးရပါမည်။သတိထားရမဲ့ အချက်က searching လုပ်
နေတဲ့ အချိန်မှာ myanmar ဆိုတာကို ရှာမတွေ့ရင် ဘယ်လိုဘဲ activate လုပ်
လုပ် မရမှာ ဖြစ်ပါတယ်။လိုင်းကြောင့်ဖြစ်တဲ့ အတွက် လိုင်းကောင်းတဲ့ အချိန်
ကျမှ searching ပြန်လုပ်ပေးပါ searching လုပ်လို့ myanmar ဆိုတာကို
auto တွေ့သွားပြီဆိုရင် activate လုပ်ရတာ အဆင်ပြေပါပြီ။အောက်မှာ
မိမိရဲ့ ဖုန်းနံပတ်ကို ထည့်ပေးပါ ဖုန်းနံပတ်ထည့်ရင် အရှေ့မှာ 0 ခံထည့်ပေးပါ
ဥပမာ 09254xxxxxx ဆိုပြီးတော့ ထည့်ပြီးရင် OK ကို နှိပ်လိုက်ပါ code auto
ပြန်ပို့ပေးပါလိမ့်မည်။အဲဒါဆိုရင် activate လုပ်တာပြီးသွားပါပြီ။တစ်ခါတစ်လေ
မှာ လိုင်းကြောင့် activate ပြန်မပို့တတ်ပါဘူး။ဖုန်းလာတတ်ပါတယ် အဲမှာ
ဂဏန်း ၄လုံးပေးပါလိမ့်မည် အဲဒါကို ထည့်ပေးယုံပါဘဲ။ အသံနဲ့လာလို့ သူ့စကား
ပြောတာ မပီရင်တော့ သူရဲ့ဖုန်းနံပတ်ကို တစ်ချက်ကြည့်လိုက်ပါ
၀၉၂၄၃၅၆၇၈၃၂ အဲလိုမျိုး လာတတ်ရင်နောက်ကနေ ၆လုံးမြှောက်ကို ယူရမှာ
ဖြစ်ပါတယ် ဥပမာ ၅၆၇၈ ဖြစ်ပါတယ် တစ်ခါတစ်လေမှာ 0000 တွေနဲ့လာတတ်ပါ
တယ် အဲဒါဆိုရင် အဆင်မပြေပါဘူး။ activate လုပ်ရတဲ့ နေရာမှာ သတိထားရမဲ့
အချက်က အများစုကတော့ auto code ပြန်ဖြည့်ပေးပါတယ် တကယ်လို့ auto
code မရရင်တော့ ဖုန်းလာပြီး သူပြောတဲ့ နံပတ်ကိုတော့ သေချာထည့်ပေးမှ အဆင်
ပြေပါလိမ့်မည်။ activate ပြီးပါပြီ
(2) Viber ထဲက contact ထဲမှာ မိမိသူငယ်ချင်းတွေ(မိမိသူငယ်ချင်းကလည်း viber
ရှိမှရမှာပါ) ရှိချင်ရင်တော့ ရိုးရိုးဖုန်း contact ထဲမှာ မိမိသူငယ်ချင်းတွေရဲ့ ဖုန်းနံပတ်
တွေကို contact မှတ်ထားမှရမှာ ဖြစ်ပါတယ် အဲဒါမှ viber contact ထဲမှာ မိမိသူငယ်
ချင်းတွေကို မြင်ရမှာ ဖြစ်ပါတယ်။ contact ထဲမှာ ၃မျိုးရှိပါတယ် viber ရယ် All ရယ်
Viber out ရယ် ရှိပါတယ် viber ထဲမှာ ဆိုရင်တော့ viber ရှိတဲ့ သူငယ်ချင်းတွေကို
ဖော်ပြမှာ ဖြစ်ပါတယ် viber out ဆိုတာကတော့ viber မရှိတဲ့လူ မသုံးတဲ့သူကို
ဖော်ပြတာ ဖြစ်ပါတယ် All ဆိုတာကတော့ မရှိတဲ့သူကော ရှိတဲ့သူကောအကုန်လုံးကို
ပြောတာဖြစ်ပါတယ်။
(3) သူ့ viber ပေါ်မှာ ရှိလား မရှိလား သိချင်ရင်တော့ သူ့အကောင်ထဲကို ၀င်ကြည့်မှ
သိရမှာ ဖြစ်ပါတယ် ။ဘယ်လိုသိလဲဆိုရင် ၀င်ကြည့်လိုက်ရင် အပေါ်မှာ Online ဆိုပြီး
ဖော်ပြနေမှာ ဖြစ်ပါတယ် မရှိဘူးဆိုရင်တော့ အဲပေါ်မှာ ဘယ်နာရီ ဘယ်အချိန်က ထွက်
သွားလဲဆိုတာကို ဖော်ပြမှာ ဖြစ်ပါတယ်
(4) Viber မှာ Free Call နဲ့ Free Message ဆိုတာရှိပါတယ် အဲဒါကိုတော့ အကျယ်တ၀င့်
မရှင်းပြတော့ပါဘူး။အင်တာနက်ရှိပြီး သူဘက် ကိုယ့်ဘက် မက်ဆေ့ အပြန်အလှန်ပို့လို့ရတယ်
ပြီးတော့ Free Call လဲခေါ်လို့ရပါတယ်။ မက်ဆေ့ကိုလည်း ကြိုပို့ထားလို့ ရပါတယ်။မိမိပို့တာ
ကို သူ့ဘက်က ဘယ်လိုသိလဲဆိုရင်တော့ သူ့အင်တာနက် တက်လာရင် သိရပါပြီ ။သူ့ဘက်က
အင်တာနက်ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် viber message က ဖုန်း screen မှာ ပေါ်နေမှာ ဖြစ်
ပါတယ်
(5) viber ထဲမှာ ရှိတဲ့ မိမိမသိသော သူငယ်ချင်းတွေကို block လုပ်ခြင်း
ဒီအကြောင်းကို မပြောခင်မှာ မိမိ contact မမှတ်ထားပေမဲ့ တစ်ခြားတစ်ယောက်က မိမိမသိတဲ့
လူတစ်ယောက်က စကားတွေ လာပြောတယ် မက်ဆေ့တွေ လာပို့တယ်ဆိုရင် အာရုံနောက်စရာ
တစ်ခုပါဘဲ အဲဒီတော့ မိမိမသိတဲ့ ဖုန်းနံပတ်တွေနဲ့ မက်ဆေ့တွေ လာပို့တယ် ဖုန်းတွေလာခေါ်နေ
တယ်ဆိုရင် ဒီနည်းကို အသုံးပြုပေးပါ မိမိ viber ရဲ့ settings ထဲကိုဝင်လိုက်ပါ ပြီးပြီဆိုရင် Privacy
ကို ၀င်လိုက်ပါ Block List ဆိုတာကိုတွေ့ပါလိမ့်မည် အဲထဲကို ၀င်လိုက်ပါ Block number ကိုဝင်
လိုက်ပါ အဲမှာ မြန်မာနိုင်ငံက ဖုန်းနံပတ်ဆိုရင်တော့ 09 ခံပြီးတော့ ထည့်ပေးပါ နိုင်ငံခြားက ဖုန်းနံ
ပတ်ဆိုရင်တော့ +601543xxxxxx ဘာညာ ဘာညာပေါ့ အဲဒါဆိုရင် အဲဒီဖုန်းနံပတ်ကို block လုပ်
ပြီးပါပြီ Unlock ပြန်လုပ်မယ်ဆိုရင်တော့ Unlock ကိုပြန်နှိပ့်ပေးလိုက်ပါ Block လုပ်ထားလိုက်ရင်
သူ့ဘက်က ကြိုက်သလောက် မက်ဆေ့တွေပို့ ဖုန်းတွေခေါ် ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်ပါဘူး
သူ့ဘက်ကသာ မက်ဆေ့ထွက်သွားလိမ့်မည် ဒီကို ရောက်လာမှာ မဟုတ်ပါဘူး Block လုပ်ရတာ
အဆင်ပြေပါတယ်နော်
(6) Deactivate Account လုပ်ခြင်း
မိမိက viber ကို လုံးဝမသုံးချင်တော့ဘူးဆိုရင် Settings>>Privacy>>Deactivate account လုပ်
လိုက်ယုံပါဘဲ
တစ်ခြားဟာတွေကတော့ မပြောတော့ဘူးနော် Settings ထဲမှာ ၀င်တာ ကလိပေတော့
သိသင့်သိထိုက်တာလေးတွေကို အချိန်ကုန်ခံပြီးတော့ ရှင်းပြပေးလိုက်ပါတယ်
အောင်မင်းဟန်

Viber latest version ကို မဒေါင်းရသေးရင် ဒီမှာဒေါင်းပါ


Download Here >> Version: 4.2.0.1733 <<



credit - Aung Min Han


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...