Likes

1/08/2014

IOS7.1 Beta 3 ရဲ့ ရုပ်ပုံများထွက်ရှိလာ

Apple က ထုတ်ပေးလိုက်တဲ့ IOS ဗားရှင်းဟာ အခုနောက်ဆုံးက7.0.4ဖြစ်ပါတယ်..Developer များကတော့ IOS ဗားရှင်းကို ထပ်မြှင့်ပေးဖို့အတွက် စမ်းသပ်နေပါတယ်..အခုအောက်မှာတွေ့ရမယ့်ပုံများကတော့  IOS7.1 Beta 3 ပုံများဖြစ်ပါတယ်..။အခုလက်ရှိ 7.0.4 နဲ့ UI နည်းနည်းကွာခြားသွားတာကို အောက်ပါပုံများမှာ ကြည့်ရှုနိုင်ပါတယ်..
အောက်ကပုံများကတော့ မိမိဆီလက်ခံမယ့် ဖုန်းဝင်လာတဲ့အခါမှာ ပြမယ့် ပုံစံပါ။
ဖုန်း Keypad မှာ ဖုန်း icon လေးလည်း ပြောင်းသွားမယ့်ပုံဖြစ်ပါတယ်..
အောက်ကပုံကတော့ Wallpaper မှာလည်း သက်ဝင်လှုပ်ရှားမှု(motion)အဖွင့်အပိတ်ပါမယ့် ပုံပါ။
Homescreen မှာ ဖုန်း၊မက်ဆေ့ ပုံစံတွေလည်း အနည်းငယ် ပြောင်းလဲလာမယ့်သဘောပါ။
accessibility setting မှာလည်း “Reduce White Point” ထပ်တိုးလာမယ့်ပုံရှိပါတယ်..
Safari မှာလည်းအရင် IOS 7.0.4 မှာပြပေးတဲ့ “Search or enter an address.” အစား “Search web or enter site name” ပြောင်းလဲမယ့် ပုံရှိပါတယ်..
Itunes radio မှာလည်း  New button တစ်ခုထပ်တိုးလာဖွယ်ရှိပါတယ်..
နောက်ဆုံးကီးဘုတ်ပါ ဒီဇိုင်းအနည်းငယ်ပြောင်းလဲဖွယ်ရှိပါတယ်..စာလုံးဖောင့်တွေကိုနည်းနည်း bold တင်ပြီး shift and delete ခလုတ်တွေကိုလည်း အနည်းငယ် ပြောင်းလဲဖွယ်ရှိပါတယ်.ကီးဘုတ် နောက်ခံ အရောင်ကိုလည်း အရင် IOS7 ထက်အနည်းငယ် ဖျော့လာပါမယ်..အသစ်ထုတ်မယ့် ဗားရှင်းမှာတာ့အရင် ဗားရှင်းထက် ခြားနားမှုတွေရှိလာမှာဖြစ်ပြီး စာလုံးတွေကလည်း ပိုပြီးမြင်သာလာတာကိုတွေ့ရနိုင်ကြောင်းပါ။
shuffle and the repeat ခလုတ်လေးတွေလည်း ပိုပြီးမြင်သာလာစေမယ့် သဘောမှာရှိပါတယ်..။

credit - myanmarmobileapp

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...