Likes

1/28/2014

Ios-အတွက်-App-Lock-Unlock-အမြန်ပြုလုပ်ခြင်း

tweak name : Protecti +
sources       :  iphone.gsm.vn ,   cydia.myrepospace.com/kyawzinthet
compatible  :  ios7+
file size       :  68 KBs



အသုံးဝင်ပုံ

ကျွန်တော်တို့ application တစ်ခုကို သူများကို ပေးမသုံးစေချင်ရင် ဒါမှမဟုတ် မိမိ authorize ပေးမှ သုံးစေချင်ရင် password or finger Print ကို အသုံးပြုရပါတယ်.. လုံးဝ မသုံးစေချင်ရင်တော့ .. icon ကို ဖျောက်ထားတဲ့နည်းသုံးပါတယ်..

ဒါပေမယ့်…  ဒီ tweak တွေဟာ   password  / passcode  ခံထားရင် password / passcode ရိုက်ရတယ်..  finger print ခံထားရင် သတ်မှတ်ထားတဲ့ လက်ဗွေရာနဲ့ authorize လုပ်မှ အသုံးပြုရပါတယ်..

တစ်ကယ်လို့ မိမိ အမြန်သုံးချင်တဲ့အခါကျရင် ၁ စက္ကန့်လောက် lock ဖြည်ရတာဟာလဲ တော်တော်ကြာပါတယ်…

ဒါတွေ အားလုံးကို Protecti+ က ဖြေရှင်းပေးပါလိမ့်မယ်..

မိမိ application တွေကို hide, password, passcode and finger print မခံပဲနဲ့ ၀.၅ စက္ကန့်နဲ့ တင်  IOS ရဲ့ မည်သည့်နေရာတွင်မဆို lock ချလို့ရပါတယ်..

Lock ချတယ်ဆိုတဲ့နေရာမှာ …  မိမိ lock ချချင်တဲ့ application တွေကို hide, password, passcode and finger print တွေ ဘာမှမသုံးပဲ  Activator tweak နဲ့ ပေါင်းစပ်ပြီး အသုံးပြုမှာဖြစ်ပါတယ်…

Activator ကို တော့ IOS user များ အားလုံး အသိဖြစ်မယ်လို့ထင်ပါတယ်..  IOS အတွက် အသုံးအဝင် ဆုံး tweak လေးပါ..

ပြီးတော့  Protecti + နဲ့ lock ချထားတဲ့  application တွေကို မိမိ Activator တွင် လုပ်ထားတဲ့ shortcut ကို သိမှဖွင့်လို့ရမှာပါ… Protect+ နဲ့ lock ချထားတဲ့ application တွေဟာ lock မဖြည့်မချင်း သုံးလို့မရပါဘူး..   ဥပမာ  application crash ဖြစ်နေသလိုမျိုးပါ…

ဒါအကောင်းဆုံးပဲပေါ့ .. ဟုတ်တယ်မလား… hide လဲလုပ်မထားချင်… password ခံထားလို့ သူများ မျက်စောင်းထိုးမှာကို စိတ်မပူ ရတော့ဘူးပေါ့….  ဆင်ဝှေ့ရန်ရှောင်နည်းလေးပါ…

အသုံးပြုနည်း

၁ .  cydia မှ Protecti+ ကို သွင်းပါ။
၂.   setting >>  protecti+>> choose Protected apps >> တွင် မိမိ lock ချင်သော application
အား on ပေးပါ.
၃.   setting >>  protecti+>> choose Gesture >> တွင်    lock / unlock လုပ်ချင်သော shortcut
အား ရွေးချယ်ပါ… ( ဥပမာ — ကျွန်တော် shake device ကို ရွေးထားပါသည်)
၎.   မိမိ lock / unlock အား shortcut ဖြင့် အသုံးပြုရာတွင် lock / unlock ဖြစ်မဖြစ် သိရှိနိုင်ရန်အတွက်

(က)   setting >>  protecti+>> Vibrate & Icon တွင်  Vibrate ကို on ပေးပါက မိမိ lock /
unlock လုပ်တိုင်း vibrate ဖြင့် အချက်ပေးနေမည်ဖြစ်သည်…   Status Bar Icon ကို On
ထားပါက မိမိ application  lock ဖြစ်ရင် + icon ပေါ်နေမည်… application unlock ဖြစ်ပါက
+  icon ပျောက်နေမည်ဖြစ်ပါသည်…..   မိမိနှစ်သက်သလို လုပ်ဆောင်ပါ…
(ခ)   vibrate & icon တွင် ၂ ခုလုံး off ထားပါက lock ချလဲမသိ unlock လုပ်လဲမသိတော့ပါဘူး.. 
            ဒါလေးလုပ်ထားခြင်းဟာ လူမုန်းများတော့ပါဘူး.. 

            ဘာလို့လဲဆိုတော့ .. ကိုယ်က application ကို သူများကို မပေးသုံးစေချင်ရင် 
             ဒီနည်းလုပ်ထားပါက  .. ပြောစရာစကားကတော့..       “”" အေး အဲ ဆော့ဝဲ ဘာဖြစ်လဲ 
            မသိဘူးကွ မင်းမြင်တဲ့အတိုင်းပဲ .. နှိပ်လိုက်ရင် ဒီအတိုင်းရပ်ရပ်နေတယ်…  ”"”    

           နောက် ကိုယ်သုံးချင်တဲ့အခါကျမှ shortcut သုံးလိုက်ပေါ့  ၁ စက္ကန့်မကြာပါဘူး ….
           တစ်ကယ်လို့ shake device ထားရင်တော့ ပိုမိုက်တယ်.  lock and unlock ကို  မိမိ devices ကို 
           shake လုပ်လိုက်ရုံပါပဲ…

 ဟဲဟဲပိုင်တယ်မလား…..


၎.   အဆင့်ဆင့် ပြန်ထွက်ပါ…
၅.   မိမိ  shortcut ဖြင့် စမ်းသပ်ကြည့်ပါ…


cydia မှ ဒေါင်းလုပ်အခက်အခဲရှိက ဒီမှာ ဒေါင်းပါ.. 


ကျွန်တော် ရှင်းပြတာ စကားများသွားရင် တောင်းပန်ပါတယ်ဗျာ… ကွင်းကွင်းကွက်ကွက် နားလည်အောင် လို့ပါ…

thanks all  .   kzt (mmug)

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...