Likes

1/09/2014

IOS 7 Jailbreak မှာ Sceeen Lock And Unlock ကို မည်သည့် BUTTON မျှ လုံးဝ ( လုံးဝ) မသုံးပဲ အပိတ်အဖွင့်ရပါပြီ


                   

ပိုစ့်ရေးသားသူ- Kyaw Zin Thet(Myanmar Mobile Users Group)
ဒီတစ်ခါရှာဖွေရကျိုးတော်တော်နပ်ပါတယ်ဗျာ… ကောင်းလိုက်တဲ့ tweak  …. ပျော်ထွာ…
တစ်ခါတည်းက  android  သူငယ်ချင်းတွေ ဖုန်းကို lock and unlock ကို လက်ဖျားနဲ့တောင်မထိပဲ proximity sensor သုံးပြီး
အဖွင့်အပိတ် လုပ်ပြသွားတယ်ဗျာ… နင်တို့လုပ်ရလားတဲ့ အဲတုန်းက ငုတ်တုတ်မေ့နေတယ်ဗျာ.. အခုတော့.. လာထား……

***** IOS 7 jailbreak မှာ  Sceeen Lock and Unlock ကို မည်သည့် BUTTON မျှ လုံးဝ ( လုံးဝ) မသုံးပဲ
အပိတ်အဖွင့်ရပါပြီ ။ လက်တစ်ချက် လှုပ်လိုက်တာနဲ့ အဖွင့်အပိတ် အဆင်ပြေပါပြီ . *****

tweak name : SleekSleep
sources : iphone.gsm.vn
available : ios 6 , ios 7 , test on my iphone 5
require tweak :  Activator

၁။ Activator လိုအပ်ပါသည်။ မရှိသေးသူများ အရင်ဒေါင်းပြီး အင်စတောလုပ်ထားပါ.

၂။  soruces မရှိသေးသူများ iphone.gsm.vn ကို အပ်ပါ။ ပြီးရင် cydia >> search မှာ SleekSleep ကို ရိုက်ရှာပါ

၃။ အင်စတောလုပ်ပါ။ reboot device လုပ်ပါမည်။  (reboot လုပ်ရင် tweak ပျောက်မှာစိုးရိမ်သော ဘော်ဒါများ comment
မှာတင်ထားသည့် နည်းအတိုင်းအရင်လုပ်ပါ။

၎။ တက်လာပါက Setting >> SleekSleep မှာ  Sleek Sleep Enabled = on,  Sensor Insomnina = on,
Disable when calling = on, Portrait Only = on or off ( as you wish),  Activator Event = on လုပ်ထားပေးပါ။

၅။ Home Screen ကနေ screen lock ချရင်အတွက် Activator >>>> At Home Screen >>> PROXIMITY (SleekSleep)
ကို နှိပ်ပါ ပြီးရင် >>> Lock Device ကို ရှာပြီးတွေ့ရင် နှိပ်လိုက်ပါ . အဆင်ဆင့် back နှိပ်ပြီး ပြန်ထွက်ပါ.

၆။ Lock Screen ကနေ Screen unlock အတွက် Activator >>> At Lock Screen  >>> PROXIMITY (SleekSleep)
ကို နှိပ်ပါ ပြီးရင် >>>  unlock Device ကို  ရှာပြီးတွေ့ရင် နှိပ်လိုက်ပါ . အဆင်ဆင့် back နှိပ်ပြီး ပြန်ထွက်ပါ.

၇။ မိမိ device ကို စမ်းသပ်ကြည့်ပါ

******  ( SleekSleep ) သည် proximity sensor ပေါ်တွင် အရှိန်တစ်ခုဖြင့် ဖြတ်သွားမှသာ အလုပ်လုပ်ပါသည် ။ ထို့ကြောင့် cover သုံးထားသော flip cover များဖြင့် အလုပ်မလုပ်ပါ ။ cover ပိတ်လိုက်ရင် ပိတ်မသွားပါ. cover ဖွင့်လိုက်ရင်လည်း ပြန်ပွင့်မလာပါ ။ sensor ပေါ်ကို velocity တစ်ခုဖြစ် ဖြတ်သွားမှ အလုပ်လုပ်ပါမည်.

**** တစ်ခုကောင်းတာက  ကိုယ်က lock ချထားတာကို  ဘောင်းဘီအိပ်ထဲထည့်တာတို့ အိပ်ကပ်ထဲထည့်တာတို့ တစ်ခုခုနဲ့ ဖိထားတာတို့ ဆိုရင် ပြန်မပွင့်ပါဘူးးဗျာ. ကျွန်တော်ပြောချင်တာက တစ်ခုခုက sensor ပေါ်က ဖြတ်မှ အလုပ်လုပ်ပါမည် ။ အရှိန်မြန်လွန်းလျင်အလုပ်မလုပ်ပါ။ ဒါကြောင့် အိပ်ကပ်ထဲထည့်တာတို့ ဘာတို့ညာတို့ဆို ပြန်ပွင့်မှာ စိတ်ပူစရာမလိုပါဘူး …

*** စိတ်ချရအောင်  setting မှာ seipe timeout ကို အများဆုံး ၃၀၀ MS ထားပေးပါ… အေးဆေးပါပဲ

+++++ အားလုံးလိုချင်ကြမယ်ထင်ပါတယ် iphone5s လို လက်ဗွေရာပေါ်တောင် တင်စရာမလိုပါဘူး လက်တစ်ချက် ဝှေ့ရမ်း
လိုက်ယုံပါပဲဗျာ….

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...