Likes

5/02/2013

210C E root နဲ လုပ်လို အဆင်မပြေခဲ့ရင်


210C E root နဲ လုပ်လို အဆင်မပြေခဲ့ရင် ဒါနဲလုပ်

boot.img အဲ့ဖိုင်ကို memory card ထဲထည့်ပီးရင် ပါဝါပိတ် volume down + power ကိုဖိ ပီးရင် logo ရပ်နေရင် Run Me.bat ကို run ပီးရင် enter ခေါက် ပါဝါ ပြန်ဖွင့် ပီးရင် E root နဲ လုပ်



E root မရှိရင် 

GSM Postpaid


GSM Postpaid ဖုန်းများအတွက် အွန်လိုင်းဘီလ်ဆောင်နိုင်သောအကောင့်ကို Online Payment အတွက်ပါ အသုံးပြုနိုင်





GSM Postpaid ဖုန်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဘီလ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဘဏ်သို့သွားရောက်ကာ Online Payment Account တစ်ခု ဖွင့်ရမည်ဖြစ်သည်။ အဆိုပါအကောင့်မှာ လက်ရှိအချိန်တွင် ဖုန်းဘီလ်ဆောင်ရန်အတွက်သာ ရရှိသေးသော်လည်း နောက်ပိုင်းတွင် အွန်လိုင်းမှဈေးဝယ်နိုင်မည့် Online Payment စနစ်၊ အွန်လိုင်းမှမီတာဆောင်နိုင်မည့် အွန်လိုင်းမီတာစနစ်တို့ကိုပါ တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းဈေးဝယ်ခြင်းအတွက် အဆိုပါအကောင့်အသုံးပြု၍ www.ypay.com.mm ဖုန်းဘီလ်ဆောင်ခြင်းအတွက် http://billing.yatanarpon. com.mmယ, မီတာဘီလ်ဆောင်ခြင်းအတွက် http://ebilling.ypay. com.mm စသည့် ၀က်ဘ်ဆိုက်အသီးသီးတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့၌ အွန်လိုင်းမှဖုန်းဘီလ်ဆောင်ခြင်းတစ်မျိုးတည်းကို ပြုလုပ်နိုင်သော်လည်း နေပြည်တော်နှင့်မန္တလေးတွင်မူ အဆိုပါအကောင့်ဖြင့် မီတာဘီလ်ပါဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ Online Payment Account ဖွင့်ရန်အတွက် ဖုန်းဘီလ်ဆိုပါက ဖုန်းစာအုပ်မိတ္တူတစ်စုံ၊ ငွေကျပ်တစ်သောင်းဖြင့်ဖွင့်နိုင်မည်ဖြစ်ပြီး မီတာဘီလ်အတွက် နောက်ဆုံးဆောင်ထားသောဖြတ်ပိုင်းမူရင်း လိုအပ်မည်ဖြစ်သည်။ အဆိုပါစနစ်မှာ ၂၄ နာရီဝန်ဆောင်မှုဖြစ်၍ မိမိနှစ်သက်ရာအချိန်တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၎င်းကို ရတနာပုံဝက်ဘ်ပေါ်တယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်တွင်းပုဂ္ဂလိကဘဏ်များ အစရှိသည်တို့မှ အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှဈေးဝယ်နိုင်မည့်စနစ်ကို မကြာမီအကောင်အထည်ပေါ်စေရန် ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။
credit to Internet Journal

iPhone ကနေ Call တွေကို Recording လုပ်နိုင်ဖို့ 

iPhone နဲ့  Android phone တွေအကြောင်း ယှဉ်ပြီးပြောလာကြရင် iPhone က ဘယ်နေရာက ဘယ်လိုအားသာချက် ရှိတယ်လို့ ပဲဆို ဆို၊ နောက်ဆုံးမှာ Android သမားများတွေက Android phone ရဲ့  Features တွေနဲ့  ကိုင်ပေါက်လာတဲ့ အခါကျရင်တော့ ကျွန်တော်တို့ တွေမှာ ပြောအား မရှိလှပါဘူး။ 

ဟုတ်ပါတယ် iPhone ရဲ့  iOS ဟာ Open source မဟုတ်တဲ့ အတွက် Android လောက် Features မစုံလင်ပါဘူး၊ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice တွေမှာတော့ Tweaks တွေကိုသုံးလိုက်တဲ့ အခါမှာ နောက်ထပ် feature တော်တော်များများကို ထပ်မံ သုံးနိုင်လာပါတယ်၊ ဒါဟာ Jailbreak လုပ်ခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်ပါတယ်.. 

ဟိုးတစ်လောက ကျွန်တော့်ထံသို့  ဆက်သွယ်မေးမြန်းလာတဲ့ စာတွေထဲမှာ Phone Call တွေကို record လုပ်လို့ ရတဲ့ App လေးများ မရှိဘူးလားလို့  တော်တော်များများက မေးဖူးကြပါတယ်။ 

ရှိတော့ရှိပါတယ် ဒါပေမယ့် Recording service ပေးတဲ့ website တစ်ခုခုမှာ Register လုပ်ရပါတယ်၊ ဒါ့အပြင် recording hour ကိုလည်း ဝယ်ယူရပြန်ပါတယ်၊ Call recording လုပ်နိုင်ဖို့ ၊ ပြန်လည် နားထောင်ဖို့  အတွက်လည်း Internet connection ရှိနေမှ ရတဲ့အတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး။ 

ယခုတော့ Cydia ၏ Tweak တစ်ခုဖြစ်တဲ့ "Audio Recorder" က အဲဒီလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။
Phone call များကို Internet connection မလိုပဲ မိမိဖုန်းထဲမှာတင် recording လုပ် သိမ်းထားနိုင်ပြီး အချိန်မရွေး ပြန်လည် နားထောင်နိုင်ရုံသာမက email အဖြစ်ပေးပို့ ခြင်း၊ မလိုအပ်ပါကလည်း ပြန်လည် ဖျက်ပစ် နိုင်ပါသေးတယ်။ 


တစ်ခုသတိပြုဖို့  ရှိတာကတော့ "Audio Recorder" သုံးပြီး recording လုပ်ပါက ယခုပြောဆိုနေမှုများကို recording လုပ်မှာဖြစ်ကြောင်း voice message ကို Call ရဲ့  အစမှာ နှစ်ဖက်စလုံးက ကြားရမှာဖြစ်ပြီး အဲဒီ function ကိုတော့ "Disable" လုပ်နိုင်မှာ မဟုတ်ပါဘူး။ 

"Audio Recorder" ကို iPhone 4S နှင့် iPhone 5 တို့ မှာသာ အသုံးပြုနိုင်ပါတယ်။ Speaker ဖွင့်ပြီး သုံးဖို့  အတွက်တော့ iPhone 4S မှာပဲ အလုပ် လုပ်နိုင်ပါလိမ့်မယ်။ 

"Audio Recorder" ကို Cydia Store မှာ $3.99 နဲ့  ဝယ်ယူရရှိနေပါပြီ.. 

ဝယ်ယူဖို့  အခက်အခဲရှိနေတဲ့ မိတ်ဆွေများ အတွက်တော့ FREE ရယူနိုင်ဖို့  အတွက် Cydia မှာ "http://igoldhouse.myrepospace.com" ကို Add လုပ်ပြီး "Audio Recorder" လို့  ရှာပြီး install လုပ်၍ သုံးနိုင်ကြပါပြီ... version ကတော့ (v0.2-220) ဖြစ်ပါလိမ့်မယ်။ 

"Audio Recorder" ရဲ့  Setting ကို Settings ထဲမှာ တွေ့ ရှိ ပြုပြင်နိုင်ပါတယ်... 


မိုးသိကြား

iOS 6.1.3 ကို redsn0w ဖြင့် Jailbreak လုပ်နည်း

iOS 6.1.3 ကို sn0wbreeze နှင့် JB လုပ်နည်းကို တင်ပြခဲ့ပြီးပါပြီ၊ ယခုတစ်ဖန် iOS 6.1.3 ကိုပဲ redsn0w နှင့် ထောင်ဖောက်နိုင်ရန် ထပ်မံ တင်ပြလိုက်ပါတယ်။ iOS 6.1.2 ကို အသုံးပြုနေသူများ iOS 6.1.3 သို့  Update မလုပ်မိစေရန် အထူးသတိထားဖို့  လိုအပ်ပါတယ်။ 

ယခုတင်ပြပေးမည့် နည်းလမ်းသည်လည်း iDevice များအားလုံးအတွက် မဟုတ်ပဲ iOS 6.1.3 ကိုတင်ထားသော pre-A5 device များ အတွက်သာဖြစ်ပြီး Tethered JB နည်းလမ်းနှင့်သာ ထောင်ဖောက်နိုင်ပါမည်။ 

**Jailbreak လုပ်နိုင်မည့် iDevice များ** 

  • iPhone 4
  • iPhone 3Gs
  • iPodTouch 4G

Downloads
>> Redsn0w 0.9.15b3 (Windows / Mac)
>> iOS 6.0 IPSW

**အထူးသတိပြုရန်**

ယခုတင်ပြမည့် နည်းလမ်းသည် Tethered Jailbreak နည်းလမ်းဖြစ်သည့် အတွက် Jailbreak ဖြစ်သွားပြီးနောက် iDevice ကို Reboot တိုင်း PC မှတစ်ဆင့် Redsn0w နှင့် ချိပ်ဆက်ပြီးမှသာလျှင် ပြန်လည် နိုးထနိုင်ပါလိမ့်မည်။

လုပ်ငန်းစဉ်
လိုအပ်သော Redsnow 0.9.15b3 နှင့် သက်ဆိုင်ရာ iDevice ၏ iOS 6.0 ကို ဦးစွာ Download ရယူထားပါ။

အဆင့် ၁)
Redsn0w ကို Run ပါ။

အဆင့် ၂)
"Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။

အဆင့် ၃)
အပေါ်တွင် Download ရယူခဲ့သော မိမိ Device နှင့် သက်ဆိုင်သည့် iOS 6.0 ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Redsn0w ၏ Main screen သို့  Back နှင့် ပြန်သွားပြီး "Jailbreak" button ကို နှိပ်ပါ။ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။

အဆင့် ၅)
iDevice ကို PC နှင့် ချိပ်ဆက်ပြီးနောက် "Next" ကိုနှိပ်ပါ။
ဤနေရာတွင် Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါလိမ့်မည်၊ အချိန်ကိုက် လုပ်ဆောင်ပါ။

အဆင့် ၆)
DFU mode သို့  ဝင်ရောက်သွားသည့် တစ်ပြိုင်နက် Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။

**မှတ်ချက်**
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်။
ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။

>> Run Redsn0w -> Extras -> Just Boot


မိုးသိကြား

International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်.. 


ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၅၅) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၅၅) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်.. 

>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ << 

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။ 
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)


ကဲ... Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်... ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်... 


လုပ်ငန်းစဉ် 

အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။ 
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။ 


အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။ 


ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။ 


အဆင့် ၃)
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်) 



Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။ 


အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။ 
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်) 


အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။ 


အဆင့် ၆) 
"Welcome to the iTunes Store" page တွင် "Continue

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree

အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။ 



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။
  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။
  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)
  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။



အဆင့် ၈)
"Provide a Payment Method" တွင် "None" ကိုရွေးပါ။ 

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။ 


  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။ 
  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


အဆင့် ၉)
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။ 

အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။ 


အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။ 


အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။ 


အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ... 

iOS 6.1.3 Tethered Jailbreak

iOS 6.1.3 ကို Jailbreak လုပ်လိုသူများ အတွက် sn0wbreeze 2.9.14 ကို အသုံးပြု၍ Jailbreak လုပ်နည်းကို ဖော်ပြလိုက်ပါတယ်။ ယခုနည်းလမ်းသည် iDevice များအားလုံးတွင် မသုံးမပြုနိုင်ပဲ iPhone 4, 3Gs, iPodTouch 4G တို့ တွင်သာ အသုံးပြုနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ 

ဒါ့အပြင် ယခုနည်းလမ်းနှင့် အဆင်ပြေသူများရှိသလို အဆင်မပြေသူများလည်း များစွာရှိနေပါကြောင်း ထပ်လောင်း အသိပေးအပ်ပါတယ်။ ထို့ ကြောင့် iOS 6.1.3 Jailbreak Not Stable Yet! ဟု အသိပေးခဲ့ပါတယ်.. 

ဤနည်းလမ်းသည် Tethered Jailbreak နည်းလမ်း ဖြစ်သည့် အားလျှော်စွာ Jailbreak လုပ်ပြီးပါက iDevice ကို Reboot မလုပ်မိစေရန် သတိပြုအပ်ပါသည်။ 

>> ယခုနည်းလမ်းကို အသုံးပြုနိုင်သော iDevice များ

  • iPhone 4
  • iPhone 3Gs
  • iPodTouch 4G

>>Downloads

>> iOS 6.1.3 IPSW
>> sn0wbreeze 2.9.14 


လုပ်ငန်းစဉ် 

အဆင့် ၁)
sn0wbreeze ကို Run ပြီး အပြာရောင်မြှားကို နှိပ်ပါ။ 


အဆင့် ၂)
Download ရယူခဲ့သော သက်ဆိုင်ရာ iDevice ၏ iOS 6.1.3 IPSW ကို ရွေးပေးပါ။ 

အဆင့် ၃)
sn0wbreeze မှ firmware ကို Verify လုပ်ပါလိမ့်မည်၊ Verified ဖြစ်ပြီးပါက အပြာရောင်မြှားကို နှိပ်ပါ။ 


အဆင့် ၄)
Mode လေးခုတွင် "Simple Mode" ကို ရွေးပါ။ 


iPhone ကို Activate လုပ်ရန် မေးလာပါမည်.. 


  • သင်၏ ဖုန်းကို Ultrasn0w နှင့် "UNLOCK" လုပ်ရန် လိုအပ်ပါက "YES" ဟု ရွေးပါ။
  • Official Carrier နှင့် သုံးပြီး unlock လုပ်ရန် မလိုပါက "NO" ဟု ရွေးပါ။

အဆင့် ၅)
sn0wbreeze က Custom firmware အသစ်တစ်ခု တည်ဆောက်ပေးနေပါပြီ။ ယခုအဆင့် ပြီးမြောက်ရန် အချိန်အနည်းငယ် ကြာပါလိမ့်မည်။ 


အဆင့် ၆)
Custom firmware တည်ဆောက်ပြီးပါက ယင်း IPSW file ကို သင်၏ Desktop ပေါ်တွင် save သွားလိမ့်မည်။ 


အဆင့် ၇)
DFU mode ဝင်ရန် sn0wbreeze က ညွှန်ကြားပါလိမ့်မည်။ 
iDevice ကို computer နှင့် ချိပ်ဆက်၍ ဖော်ပြချက်အတိုင်း တစ်ဆင့်ခြင်း မှန်မှန်ကန်ကန် လုပ်ဆောင်ပါ။ 


အဆင့် ၈)
DFU mode သို့  အောင်မြင်စွာ ရောက်သွားပါက iTunes တက်လာပြီး Restore လုပ်ရန် ဖော်ပြပါမည်။ 

အဆင့် ၉)
ထိုအခါ Shift Key နှင့် တွဲ၍ "Restore" button ကို နှိပ်ပါ။ Desktop တွင် ရှိနေသော IPSW file အား ရွေးပေးလိုက်ပါ။ 

အဆင့် ၁၀)
iTunes မှ Restore လုပ်နေပါမည်။ 

အဆင့် ၁၁)
Restore လုပ်ငန်းစဉ် ပြီးမြောက်သွားပြီး iDevice boot လုပ်ပြီးတဲ့ အခါမှာ Cydia ကို Install လုပ်ပြီးသား အနေနှင့် တွေ့ မြင်ရပါလိမ့်မယ်။ 

************************************************************** 

Jailbreak လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးမြောက်သော်လည်း Tethered Jailbreak ဖြစ်တဲ့ အတွက် "Tether Boot" လုပ်ရန် ကျန်ရှိနေပါသေးတယ်။ အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ 

လုပ်ငန်းစဉ် ဒုတိယပိုင်း 

** sn0wbreeze က folder တစ်ခုကို သင်၏ Desktop တွင် "iBooty" အမည်ဖြင့် ဆောက်ပေးထားပါတယ် ** 

အဆင့် ၁)
"iBooty" ကို Run လိုက်ပါ (Desktop တွင် ရှာရန်) 


အဆင့် ၂)
သက်ဆိုင်ရာ မိမိ၏ iDevice ကို Dropdown list ထဲမှ ရွေးပါ။ 

အဆင့် ၃) 
"Start" button ကို နှိပ်ပြီး ညွှန်ကြားချက်အတိုင်း DFU mode သို့  ဝင်ရန် လိုက်ပါလုပ်ဆောင်ပါ။ 

အဆင့် ၄)
iBooty ကိစ္စပြီးမြောက်ပါက iDevice ပြန်လည် Boot လုပ်၍ Cydia တွင် ထည့်သွင်းလိုသော "Source" များ "Tweak" များကို စိတ်ကြိုက် ထည့်သွင်းနိုင်ပါပြီ။ 


မှတ်ချက်။ ။ Desktop ပေါ်ရှိ "iBooty" folder ကို သိမ်းထားပါ။ iDevice ကို Power Off မိ၍သော်၎င်း Reboot လုပ်ရန် လိုသည့် အခါတိုင်း ဒုတိယပိုင်း အဆင့် (၁) က စ၍ ပြန်လည် ဆောင်ရွက်ရပါလိမ့်မည်။ 




မိုးသိကြား

Unordered List

Related Posts Plugin for WordPress, Blogger...