Likes

5/02/2013

iOS 6.1.3 Tethered Jailbreak

iOS 6.1.3 ကို Jailbreak လုပ်လိုသူများ အတွက် sn0wbreeze 2.9.14 ကို အသုံးပြု၍ Jailbreak လုပ်နည်းကို ဖော်ပြလိုက်ပါတယ်။ ယခုနည်းလမ်းသည် iDevice များအားလုံးတွင် မသုံးမပြုနိုင်ပဲ iPhone 4, 3Gs, iPodTouch 4G တို့ တွင်သာ အသုံးပြုနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ 

ဒါ့အပြင် ယခုနည်းလမ်းနှင့် အဆင်ပြေသူများရှိသလို အဆင်မပြေသူများလည်း များစွာရှိနေပါကြောင်း ထပ်လောင်း အသိပေးအပ်ပါတယ်။ ထို့ ကြောင့် iOS 6.1.3 Jailbreak Not Stable Yet! ဟု အသိပေးခဲ့ပါတယ်.. 

ဤနည်းလမ်းသည် Tethered Jailbreak နည်းလမ်း ဖြစ်သည့် အားလျှော်စွာ Jailbreak လုပ်ပြီးပါက iDevice ကို Reboot မလုပ်မိစေရန် သတိပြုအပ်ပါသည်။ 

>> ယခုနည်းလမ်းကို အသုံးပြုနိုင်သော iDevice များ

  • iPhone 4
  • iPhone 3Gs
  • iPodTouch 4G

>>Downloads

>> iOS 6.1.3 IPSW
>> sn0wbreeze 2.9.14 


လုပ်ငန်းစဉ် 

အဆင့် ၁)
sn0wbreeze ကို Run ပြီး အပြာရောင်မြှားကို နှိပ်ပါ။ 


အဆင့် ၂)
Download ရယူခဲ့သော သက်ဆိုင်ရာ iDevice ၏ iOS 6.1.3 IPSW ကို ရွေးပေးပါ။ 

အဆင့် ၃)
sn0wbreeze မှ firmware ကို Verify လုပ်ပါလိမ့်မည်၊ Verified ဖြစ်ပြီးပါက အပြာရောင်မြှားကို နှိပ်ပါ။ 


အဆင့် ၄)
Mode လေးခုတွင် "Simple Mode" ကို ရွေးပါ။ 


iPhone ကို Activate လုပ်ရန် မေးလာပါမည်.. 


  • သင်၏ ဖုန်းကို Ultrasn0w နှင့် "UNLOCK" လုပ်ရန် လိုအပ်ပါက "YES" ဟု ရွေးပါ။
  • Official Carrier နှင့် သုံးပြီး unlock လုပ်ရန် မလိုပါက "NO" ဟု ရွေးပါ။

အဆင့် ၅)
sn0wbreeze က Custom firmware အသစ်တစ်ခု တည်ဆောက်ပေးနေပါပြီ။ ယခုအဆင့် ပြီးမြောက်ရန် အချိန်အနည်းငယ် ကြာပါလိမ့်မည်။ 


အဆင့် ၆)
Custom firmware တည်ဆောက်ပြီးပါက ယင်း IPSW file ကို သင်၏ Desktop ပေါ်တွင် save သွားလိမ့်မည်။ 


အဆင့် ၇)
DFU mode ဝင်ရန် sn0wbreeze က ညွှန်ကြားပါလိမ့်မည်။ 
iDevice ကို computer နှင့် ချိပ်ဆက်၍ ဖော်ပြချက်အတိုင်း တစ်ဆင့်ခြင်း မှန်မှန်ကန်ကန် လုပ်ဆောင်ပါ။ 


အဆင့် ၈)
DFU mode သို့  အောင်မြင်စွာ ရောက်သွားပါက iTunes တက်လာပြီး Restore လုပ်ရန် ဖော်ပြပါမည်။ 

အဆင့် ၉)
ထိုအခါ Shift Key နှင့် တွဲ၍ "Restore" button ကို နှိပ်ပါ။ Desktop တွင် ရှိနေသော IPSW file အား ရွေးပေးလိုက်ပါ။ 

အဆင့် ၁၀)
iTunes မှ Restore လုပ်နေပါမည်။ 

အဆင့် ၁၁)
Restore လုပ်ငန်းစဉ် ပြီးမြောက်သွားပြီး iDevice boot လုပ်ပြီးတဲ့ အခါမှာ Cydia ကို Install လုပ်ပြီးသား အနေနှင့် တွေ့ မြင်ရပါလိမ့်မယ်။ 

************************************************************** 

Jailbreak လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးမြောက်သော်လည်း Tethered Jailbreak ဖြစ်တဲ့ အတွက် "Tether Boot" လုပ်ရန် ကျန်ရှိနေပါသေးတယ်။ အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ 

လုပ်ငန်းစဉ် ဒုတိယပိုင်း 

** sn0wbreeze က folder တစ်ခုကို သင်၏ Desktop တွင် "iBooty" အမည်ဖြင့် ဆောက်ပေးထားပါတယ် ** 

အဆင့် ၁)
"iBooty" ကို Run လိုက်ပါ (Desktop တွင် ရှာရန်) 


အဆင့် ၂)
သက်ဆိုင်ရာ မိမိ၏ iDevice ကို Dropdown list ထဲမှ ရွေးပါ။ 

အဆင့် ၃) 
"Start" button ကို နှိပ်ပြီး ညွှန်ကြားချက်အတိုင်း DFU mode သို့  ဝင်ရန် လိုက်ပါလုပ်ဆောင်ပါ။ 

အဆင့် ၄)
iBooty ကိစ္စပြီးမြောက်ပါက iDevice ပြန်လည် Boot လုပ်၍ Cydia တွင် ထည့်သွင်းလိုသော "Source" များ "Tweak" များကို စိတ်ကြိုက် ထည့်သွင်းနိုင်ပါပြီ။ 


မှတ်ချက်။ ။ Desktop ပေါ်ရှိ "iBooty" folder ကို သိမ်းထားပါ။ iDevice ကို Power Off မိ၍သော်၎င်း Reboot လုပ်ရန် လိုသည့် အခါတိုင်း ဒုတိယပိုင်း အဆင့် (၁) က စ၍ ပြန်လည် ဆောင်ရွက်ရပါလိမ့်မည်။ 




မိုးသိကြား

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...