Likes

12/24/2013

*** Screen Toolset 21 ***

           

ဒီ App လေးကတော့ ညအချိန်တွေမှာ အင်မတန်မှ အသုံးဝင်တဲ့ ..


tools ပေါင်း (21)မျိုးပါဝင်တဲ့ App လေးပါ။ ပါဝင်တဲ့အထဲမှာ ..


ကျွန်တော် သဘောကျတာတွေကို ပြောရရင် ..


LED Torch - ညကြည့် ဓါတ်မီးဖြစ်ပါတယ်။ flash မီးနဲ့အတူ ..


ကင်မရာပါ ဖွင့်ပေးတဲ့အတွက် အမှောင်ထဲမှ မြင်ကွင်းများကို 


ကင်မရာကနေ ကြည့်ရှုနိုင်မှာဖြစ်လို့ လန်းတယ်ဗျာ။

Banner - ညအမှောင်ထဲတွင် စာဖြင့် အချက်ပြ အသိပေးဖို့အတွက်


အသုံးပြုနိုင်ပါတယ်။ မြန်မာလိုရေးရတာ အဆင်ပြေပါတယ်။


တစ်ဦးနဲ့တစ်ဦး အဝေးမှနေပြီး စာဖြင့် အဆက်သွယ် လုပ်နိုင်ပါတယ်။

Magnifier - မှန်ဘီလူးဖြစ်ပါတယ်။ မျက်စိမကောင်းသူများအတွက်


မြင်ကွင်းများကို အကြီးချဲ့ကာ ကြည့်နိုင်ပါတယ်။

Arrow Sign - မြှားခေါင်းလေးဖြင့် အချက်ပြချင်တဲ့အခါ သုံးနိုင်ပါတယ်။


ဘယ်ကွေ့၊ ညာကွေ့ (သို့) အရပ်မျက်နှာများကို ညအခါ ဖော်ပြချင်တဲ့အခါ


အသုံးဝင်တာကို တွေ့ရပါတယ်။

SoS Signal - အရေးပေါ် အချက်ပြဖို့အတွက်ဖြစ်ပါတယ်။


အန္တရာယ်တစ်ခုခု ကြုံတွေ့တဲ့အခါ color စုံ screen မီးများဖြင့် အချက်ပြ


အကူညီတောင်းတဲ့အခါ သုံးနိုင်ပါတယ်။

Sleep Light - အမှောင်ထုကို ကြောက်သူတွေအတွက် မအိပ်ခင် ..


အလင်းဖျော့ဖျော့လေး ဖွင့်ထားနိုင်ပြီး အချိန်ပြည့်သွားပါက ပိတ်သွား
ပါမယ်။

ဖုန်း screen ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

Candle Light - ဖယောင်းတိုင်မီးလေးကလဲ အသက်ဝင် လှပပါတယ်။


Romance အချိန်များ၊ Show ပွဲများတွင် အသုံးပြုလို့ လန်းပါတယ်။


ကျန်တာတွေကတော့ သံလိုက်အိမ်မြှောင်၊ ပေတံ၊ ရေပြင်ညီတိုင်း နှင့်


တစ်ခြား မီးရောင်စုံ function များ ပါဝင်ပါသေးတယ်။ တကယ်အသုံးဝင်ပြီး


ဆောင်ထားသင့်တဲ့ app လေးဖြစ်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျ။


Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox - *** Screen Toolset 21 ***

copy - *** Screen Toolset 21 ***

ပျော်ရွှင်ပါစေ။


credit - Mr.AD



( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...