Rommaster v 3.3.3

ဒါလေးကတော့ computer မှာ ထည့်ဖို့ software တစ်ခုပါ။ နာမည်ကြီး VRoot ကို ဖန်တီးတဲ့
Developer တွေ ဖန်တီးထားတဲ့ software လေးပါ။ ကွန်ပျူတာထဲမှာရှိတဲ့ apk တွေကို
တစ်ချက်နှိပ်ပြီး ဖုန်းထဲ တန်းပြီး install လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ apps တွေကို ဖုန်းထဲ
ထည့်တဲ့နေရာမှာ phone memory (သို့) SD Card ဆိုပြီး ကြိုက်ရာရွေးချယ်ပြီးလဲ
တစ်ခါတည်း ထည့်သွင်းနိုင်ပါတယ်။ Chinese version ဆိုပေမယ့် အသုံးပြု လွယ်ကူပြီး
အဆင်ပြေပါတယ်။ install လုပ်ရာမှာ apps ရဲ့ လက်ခံနိုင်တဲ့ android version ကိုပါ
တစ်ခါတည်းပြသပါတယ်။ ဒါကြောင့် မိမိ ထည့်ချင်တဲ့ apps က Android version
ဘယ်လောက်နဲ့ အဆင်ပြေလဲဆိုတာပါ ကြည့်နိုင်ပါတယ်။
နောက်ထပ် လုပ်ဆောင်နိုင်တာတွေက Root လုပ်တာ၊ Cache ရှင်းလင်းတာ၊ apps တွေ အခမဲ့
download ဆွဲနိုင်မယ့် Online Market ,
screen lock ဖြည်တာ၊ Custom Rom တွေ ရှာဖွေနိုင်တာ .. စသဖြင့် ..
အသုံးဝင် function များစွာလဲ ပါဝင်ပါသေးတယ်။ ကျွန်တော်ကတော့
apps တွေ ဖုန်းထဲ အလွယ်တကူ install လုပ်ဖို့ပဲ အဓိက သုံးဖြစ်ပါတယ်။
ဒါလေးရှိလို့ ဖုန်းထဲကို apps တွေ install အမြန်လုပ်နိုင်တာပါ။
လိုချင်တဲ့သူများ အောက်က link ကနေ download ဆွဲလိုက်ပါ။
မြှားခေါင်းလေး အောက်ဆိုက်နေတာကို နှိပ်ပြီး download ဆွဲနိုင်ပါတယ်။
မှတ်ချက် - ကွန်ပျုတာကနေ ဖုန်းထဲ app တွေ install လုပ်တဲ့နေရာမှာ ..
ဖုန်း setting ထဲက USB debugging နဲ့ unknown sources ကို on ပေး
ထားရပါမယ်။
download link -
http://adfoc.us/17091135747093
ပျော်ရွှင်ပါစေ။
Mr.AD
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )













Time in Rangoon
0 comments:
Post a Comment