
Glide ဟာ Viber လိုမျိုး Video Message ပို့နိုင်တဲ့ App လေးပါ။
Tango , Skype .. စသဖြင့် live video chatting app တွေ အများကြီးရှိပေမယ့် Video
Message App တွေကတော့ နည်းပါတယ်။ တစ်ဖက်သူဆီ ကိုယ့်ဘက်က အားတဲ့အချိန်လေးမှာ
ရိုက်ကူးထားတဲ့ video များကို ပို့ထားလို့ရတယ်။ တစ်ဖက်သူ အားတဲ့အခါ ၀င်ကြည့်လိုက်ရုံပါပဲ။
တိုက်ရိုက် video chatting မဟုတ်ပဲ message လိုမျိုး ပေးပို့ထားနိုင်တဲ့
Video Message App ဖြစ်ပါတယ်။ အင်တာနက်သုံးပြီး ပို့ရမှာပါ။
Register လုပ်ရပါမယ်။ လိုင်းကောင်းတဲ့အချိန်ဆို အဆင်ပြေပါတယ်။
Viber လိုမျိုး Code နံပါတ် လေးလုံး တောင်းရပါမယ်။
ဖုန်းဝင် လာပါလိမ့်မယ်။ နောက်ပြီး facebook နဲ့ချိတ်ရပါမယ်။
ဒါမှ fb က သူငယ်ချင်းနှင့် video message ပို့နိုင်မှာဖြစ်ပါမယ်။
သုံးရတာ အဆင်ပြေပါတယ်။ နိုင်ငံရပ်ခြားရောက်နေသူများ မိသားစုဆီကို
ကိုယ်အားတဲ့အချိန်မှာ video ရိုက်ကာ ပို့ပေးထားလို့ရတဲ့အတွက် ..
တော်တော် အဆင်ပြေပါတယ်။
တစ်ခု သတိထားစေချင်တာက .. invite လုပ်တဲ့နေရာမှာ Contacts မှ ..
လူအားလုံးကို invite လုပ်မလား .. မလုပ်ဖူးလား ရွေးခိုင်းပါလိမ့်မယ်။
အားလုံးကို invite လုပ်မယ်ဆိုရင်တော့ ဖုန်းနံပါတ်အားလုံးဆီ sms ပို့ပါမယ်။
အဲ့ဒါကတော့ MPT ရဲ့ sms ကို အသုံးပြုတာဖြစ်လို့ sms အတွက် ..
ပိုက်ဆံကုန်သွားပါလိမ့်မယ်။ ဒီတော့ .. invite လုပ်ခိုင်းရင် မလုပ်ပါနဲ့။
ပြီးမှ ကိုယ့်စိတ်ကြိုက် Contacts မှာ နံပါတ်များကို ရွေးချယ်ပြီး invite လုပ်ပါ။
Video Message ဆိုတော့ internet connection ကောင်းဖို့လိုပါတယ်။
Video အတို အရှည် ပေါ်မူတည်ပြီး ပို့ရတာ အနည်းငယ် စောင့်ရပါမယ်။
Text Message လဲ အသုံးပြုလို့ရပါတယ်။ နှစ်မျိုးစလုံးဆိုတော့ ဂွတ်တာပေါ့။
ကျွန်တော်လဲ မြန်မာပြည်မှာ နေတဲ့သူပါ။ လိုင်းကောင်းတဲ့ အချိန်စမ်းခဲ့ပါတယ်။ အဆင်ပြေလို့
အားလုံး သုံးကြည့်စေချင်တဲ့အတွက် တင်ပေးလိုက်ပါတယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download - (9MB)
dropbox - Video Texting
copy - Video Texting
dev-host - Video Texting
ပျော်ရွှင်ပါစေ။
credit - Mr.AD
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )
0 comments:
Post a Comment