
*** Cubie သုံးပြီး ဆက်သွယ်ကြစို့ ***
Social App အလန်းစားလေးတစ်ခု တွေ့ခဲ့ပါတယ်။ ပေါ်နေတာတော့ ကြာပါပြီ။ ကျွန်တော် အခုမှပဲ သေချာ စမ်းဖူးပါတယ်။ စမ်းပြီးပြီးချင်း သဘောကျလွန်းလို့ တင်ပေးလိုက်ပါတယ်။ logo လေးက ဇီးကွက်ပုံလေးနဲ့ ချစ်စရာကောင်းပြီး နာမည်လေးက Cubie တဲ့ခင်ဗျ။
Cubie ကို လေ့လာကြည့်တော့ facebook & viber ပေါင်းစပ်ထားသလို ခံစားလိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ facebook အကောင့် ရှိရင် Cubie ကို သုံးနိုင်ပြီး လုပ်ဆောင်ချက်တွေကတော့ Viber လိုဖြစ်နေပါတယ်။ Viber ထက် ပိုပြီး function စုံလင်တယ်လို့ ပြောချင်ပါတယ်။ facebook မှ သူငယ်ချင်းများကို invite လုပ်ခြင်းဖြင့် Cubie မှာ ဆက်သွယ်နိုင်ပါတယ်။ Cubie ID များဖြင့်လဲ ရှာဖွေကာ ဆက်သွယ်နိုင်ပါတယ်။ Cubie မှာ ဘာတွေ လုပ်နိုင်လဲဆိုတော့ ...
VOIP Call - အင်တာနက်သုံးပြီး ဖုန်းပြောဆိုနိုင်ပါတယ်။
Chat - Chatting လုပ်လို့ရပါတယ်။ (မြန်မာစာ အဆင်ပြေတယ်)
Photo & Video - ဓါတ်ပုံ နှင့် ဗီဒီယိုများ အပြန်အလှန် ပို့ဆောင်နိုင်တယ်။
Photo editor ပါတဲ့အတွက် ပုံများကို တစ်ခါတည်း edit လုပ်ပြီး ပို့နိုင်တယ်ဗျာ။
Hold & Talk - Viber အသစ်မှာပါတဲ့ Voice Message မျိုးလဲ အသုံးပြုနိုင်တယ်။
Youtube - မိမိ နှစ်သက်သော Youtube မှ video များလဲ ပို့နိုင်ပါတယ်။
Location - မိမိ ရောက်ရှိနေသော အရပ်ဒေသကို မြေပုံနှင့်တကွ ပို့နိုင်ပါတယ်။
Song - သီချင်းများလဲ အပြန်အလှန် ပို့နိုင်ပါတယ်။
Drawing - ကိုယ်တိုင် မှန်ပြင်ပေါ် ပုံဆွဲပြီး ပို့နိုင်ပါတယ်။
Emoji & Sticker - များပြားလှတဲ့ Emoji ရုပ်ပြောင်ပုံများ နှင့် Sticker များစွာကိုလဲ အသုံးပြုနိုင်ပါတယ်။ Sticker များကို Sticker Store တွင် download ဆွဲနိုင်မှာဖြစ်ပြီး free ပေးတာတွေ တော်တော်များပါတယ်။ ပိုလန်းတာက animation တွေနဲ့ပါ။ ရှယ်ပါပဲ။
Timer message - ထူးထူးခြားခြားပါပဲ။ Chatting လုပ်တဲ့အခါ ခဏပဲ ပေါ်စေချင်တဲ့ အရာများကို timer ပေးပြီး ပို့လို့ရပါတယ်။ ပို့လိုက်သော စာသား၊ ဓါတ်ပုံ .. အစရှိသည်များမှာ (၁၀)စက္ကန့်ပြည့်တာနဲ့ ပျက်သွားမှာဖြစ်ပါတယ်။ chat history အနေဖြင့် မကျန်ခဲ့တော့ပါဘူး။
ဒါကတော့ cubie ရဲ့ ထူးခြားတဲ့ function တစ်ခုပါ။
facebook က သူငယ်ချင်းများ၊ သီးသန့်ပြောလိုသော ချစ်သူစုံတွဲများ၊ Viber မှာ အနှောင့်ယှက်များနေလို့ စိတ်ညစ်နေသူများ Cubie ကို သုံးကြည့်ပါလို့ အကြံပေးပါရစေ။ မြန်မာနိုင်ငံက အင်တာနက်လိုင်းနဲ့လဲ အဆင်ပြေပါတယ်။ Viber ကဲ့သို့ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပါတယ်။ ကဲ .. လန်းမလန်း သိချင်ရင် အခုပဲ စမ်းကြည့်တော့။ Android 2.3 နှင့်အထက်တွင် သုံးနိုင်ပါတယ်။
မှတ်ချက် - မိမိ ဖုန်းနံပါတ်နဲ့လဲ သုံးနိုင်ပါတယ်။ ဒါပေမဲ့ facebook အကောင့်နဲ့သုံးတာက ပိုအဆင်ပြေပါတယ်။ ပထမဆုံး cubie ကိုဖွင့်တဲ့အခါ ဖုန်းနံပါတ်နဲ့ သုံးခိုင်းတဲ့နေရာမှာ skip လုပ်ပြီး facebook အကောင့်နဲ့သာ သုံးပါ။
ိdownload - (17MB)
dropbox - http://adfoc.us/17091135533111
pcloud -http://adfoc.us/17091135552510
zippyshare - http://adfoc.us/17091135552508
ပျော်ရွှင်ပါစေ။
Mr.AD
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )
No comments:
Post a Comment