Likes

9/14/2013

G610 Series တွေအတွက် Google app သွင်းနည်းပါ




အားလုံးပဲမင်္ဂလာပါ . . .ကျွန်တော်လည်း စာမေးပွဲဖြေနေရလို့ ပို့စ်မတင်တာကြာပါပြီ။ ဒါကြောင့် မအားတဲ့ကြားက ဒီပို့စ်လေးကိုပြန်တင်ပေးလိုက်ပါတယ်။  G610 Series တွေအတွက် Google app သွင်းနည်းပါ။ ဒီကောင်ကအရင်တုန်းကတင်ထားပါတယ် ဒါပေမယ့် ခုပြန်တင်ပေးလိုက်ပါတယ် လင့်သေတယ်လို့ပြောလို့ပါ။ အရင်တုန်းက တင်ပေးထားတာ ကိုဖြိုးချမ်း(MMSD)ရဲ့ Myandroid 1.3 ပါ။ ခုလည်းဒီကောင်ကို လင့်အသစ်နဲ့တင်ပေးထားပါတယ်။ ခုနောက်ထွက်တဲ့ Myandroid1.4 က G610 ကို Google app သွင်းရင် Error ရှိနေတဲ့အတွက် မသိသေးသူများအဆင်ပြေအောင် ကျွန်တော်စမ်းကြည့်သလောက်အဆင်ပြေတဲ့ Myandroid 1.3 ကိုပဲပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ. . . အဆင်ပြေပြီးသားသူများကတော့ ကျော်သွားလိုက်ပါ။

Password : mmsd

Root မလုပ်ရသေးတဲ့သူများအတွက် V-root English Version 1.6 ကိုဒေါင်းပါ။ ပြီးရင်တော့ ထုံးစံအတိုင်း USB Unknown Source နဲ့ USB Debuggint ကို On ထားပါ။ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး V-root ကိုဖွင့်ပြီး Root ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် Root ရပါပြီ။
အဲဒီမှာပြောချင်တာက Super user Grant permission  တောင်းလို့ရှိရင် ညာဘက်ကဟာကို နှိပ်ပေးပါ။ ကဲဒါဆို root တာပြီးပြီနော် . . . Google app ထည့်ကြမယ် V-root ကိုပိတ်လိုက်လို့ရပါပြီ . . .
ထုံစံအတိုင်းUSB Unknown Source နဲ့ USB Debuggint ကို On ထားပါ . . . ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
Myandroid1.3.exe ကိုဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာမယ်

အဲဒီမှာ အနီရောင်ကွင်းထားတဲ့ G-talkသွင်းရန်ဆိုတာကို နှိပ်လိုက်ပါ။ အောက်ကအတိုင်းထပ်ပေါ်လာပါမယ်

အဲဒီမှာ Version အလိုက်သေချာရွေးပေးပါ။ ခုတော့ Jelly Bean ဖြစ်နေလို့ အနီရောင်ဝိုင်းထားတာကို ရွေးလိုက်ပါတယ်။ ပြီးရင်တော့ Start ဆိုတာကိုနှိပ်လိုက်ပါ။ ခဏစောင့်နေလိုက်ပါ . . . ခဏကြာရင်  Google app များသွင်းပါပြီဆိုပြီး ပုံလေးနဲ့တက်လာပါလိမ့်မယ်။ ဖုန်းလည်း Restart ကျသွားပါမယ် ပြန်တက်လာရင်တော့ ကြည့်လိုက်ပါ။ Google app ကို အောင်မြင်စွာထည့်ပြီးသွားပါပြီ သုံးရတာလည်း အဆင်ပြေပါတယ်။ ဘာကြောင့်ဒီပို့စ်ကိုပြန်တင်သလဲဆိုရင် ကျွန်တော် myandroid 1.4 နဲ့စမ်းတာ G-talk မှာ Error ရှိနေလို့ပါ။ သူငယ်ချင်းများလည်း အဆင်ပြေအောင်  ပြန်တင်ပေးခြင်းဖြစ်ပါတယ်။



credit - ကိုဖြိုးချမ်း(MMSD)

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

1 comments:

Anonymous said...

Download Link Error. Plz Another Link

Unordered List

Related Posts Plugin for WordPress, Blogger...