Likes

8/20/2013

Simple Unrar V2.1


Android သမားတွေအတွက် မိမိဖုန်းထဲကနေ WinRar ဇစ်ဖိုင်ကို ဖြေဖို့ရန် PC က WinRar ကဲ့သို့သော အပေါ့ဆုံးနဲ့ ရိုးရှင်းအလွယ်ဆုံးဖြစ်တဲ့ Simple Unrar ဆိုတဲ့ဆော့ဝဲအလန်းလေး ထွက်ရှိလို့လာပါပြီ ။

ဖြေနည်းကတော့ လွယ်ပါတယ် ပုံမှာဝိုင်းပြထားတဲ့ Brower ဆိုတဲ့ စာလေးကို နှိပ်လိုက်ပါ ။

သင့်ထည့်ထားတဲ့ Rar ဖိုင်ကို ရွေးဖို့ရန် အတွင်းထဲသို့ရောက်သွားပါမယ် ။

အဲဒီမှာ သင့်ဖုန်းမန်မိုရီဖြစ်တဲ့ Storage ထဲရော ExtSdCard ထဲရော ကြိုက်ရာနေရာတွင် သင်သိမ်းထားတာကို သွားရွေးချယ်နိုင်ပါတယ် ။

အပေါ်က မြှားလေးကိုနှိပ်ပြီး အဝင်အထွက် ရှာဖွေနိုင်ပါတယ် ။

သင်ဖြေလိုတဲ့ RAR ဖိုင်ကို ရွေးချယ်ပြီးပြီဆိုရင် ပုံမှာဝိုင်းပြထားတဲ့ Extract ကို နှိပ်လိုက်ပါ 100% ပြည့်ရင် ဖြေလို့ပြီးသွားပါပြီ ။

မြှားစမ်းထိုးပြထားတဲ့ Browser ဆိုတဲ့ အကွက်ကတော့ သင်ဖြေလိုက်တဲ့ဖိုင်ကို သိမ်းလိုတဲ့နေရာကို ရွေးခြယ်ထားနိုင်ပါတယ် ။ မရွေးလဲရပါတယ် ။

ပြီးရင် သင့်ဖုန်းထဲက ဖိုင်မန်နေဂျာဖြစ်တဲ့ My File ဖြစ်ဖြစ် အဲ့ထဲကိုသွားကြည့်လိုက်ပါ ဖြေထားပြီးသားကို တွေ့ရပါမယ် ။


Simple Unrar V2.1 ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Simple Unrar V2.1 ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Simple Unrar V2.1 ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။

အားလုံးပဲ အဆင်ပြေကြပါစေ.... :)

Post By : Djjoe Man (MMF)

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...