Likes

7/31/2013

Samsung Galaxy S4 က features တွေကို Samsung Galaxy Note II မှာသုံးမယ်



S4 ကအဖြူရောင် ဒီဇိုင်း တွေကို Note2 မှာသုံးမယ် ။  install လုပ်ရလွယ်အောင် ကျနော် flashable zip လေးပြန်လုပ်ပေးထားပါတယ် ။  ပါဝင်တဲ့ features တွေကတော့
1. Messaging
2. SecContacts
3. FileManager
4. JobManager ( task manager )
5. DownloadProvider UI
6. SecPhone
7. ClockPackage
8. Settings
9. Calculator
10. Keyboard
အထူးသတိပေးချက် ။ ။ ဒါကိုမလုပ်ခင် တခုခုဆိုမူရင်းပြန်ထည့်လို့ရအောင် ဖုန်းကို backup  (Nandroid backup) လုပ်ပေးပါ ။ ကောင်းသောအလေ့အကျင့်ပါ ။
ဒါမှမဟုတ် ဖုန်းရဲ့ system/app အောက်က မိမိမူရင်း SecContacts.apk , SecPhone.apk , SecSettings.apk , job manager apk , ClockPackage.apk , SecCalculator2.apk , secmms apk ,SecNoteMyFiles.apk ,SecDownloadProviderUi.apk , SamsungIME.apk တွေကိုတနေရာကိုကော်ပီကူးထားပေးပါ ။
ပြီးလျှင် အောက်ကကြိုက်နှစ်သက်ရာလင့်ကနေ zip ဖိုင်ကိုဒေါင်းပါ။
Download


Download 1


Download 2


ဖုန်းရဲ့  SD Card ထဲကိုထည့် ။ ဖုန်းကို ပါဝါပိတ် ။ CWM recovery ထဲဝင်ပြီး In stall zip from sd card ထဲကိုဝင်ပြီး ခုနကထည့်ထားတဲ့
zip ဖိုင်ကို Flash လုပ်လိုက်ပါ ။
2 – flash မလုပ်ချင်တဲ့သူ CWM မရှိတဲ့သူဒွေက တော့လုပ်ရတာ နဲနဲလက်ပေါက်ကပ်ပါတယ် ။ ဇစ်ဖိုင်ကိုဖြည်လိုက်ပီး sys/app အောက်ကဖိုင်တွေကို မိမိဖုန်းထဲက system/app အောက်ထဲကို r-w-r-r permission ပြောင်းပီးထည့်ပေးပါ ။ sys/framework အောက်ကဖိုင်ကို ဖုန်းထဲက system/framework အောက်ကိုထည့်ပေးပါ ။ နောက်ရီတက်ချပေးပါ ။
3 – နောက်တခုက အကုန်မလိုချင်ဘူး ဒီထဲက ကိုယ်ကြိုက်တာလေးပဲရွေး ထည့်ချင်တဲ့သူတွေ လဲ ထိုနည်း၎င်းပါပဲ ။ ဇစ်ဖိုင်ကိုဖြည်လိုက်ပီး sys/app အောက်က မိမိလိုချင်တဲ့ဖိုင်တွေကိုရွေးထုတ်ပီး ။ မိမိဖုန်းထဲက system/app အောက်ထဲကို r-w-r-r permission ပြောင်းပီးထည့်ပေးပါ ။ sys/framework အောက်ကဖိုင်ကို ဖုန်းထဲက system/framework အောက်ကိုထည့်ပေးပါ ။ ပြီးလျှင် reboot ချပေးပါ ။ All done !


credit -
ပို့စ်ရေးသားသူ- ကိုကျော်သက်ထွန်း (Myanmar Mobile Users Group)

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...