အရင်က သင့်မှာ ရှိခဲ့တဲ့ စိတ်ကူးတစ်ခု၊ ပြီးခဲ့တဲ့ ၅မိနစ်လောက်က စကားသံတွေကို မှတ်တမ်းတင်နိုင်မယ့် လုပ်ဆောင်ချက်ကို အခု အသစ်ထွက် ရှိလာတဲ့ iOSမှာ သုံးစွဲနိုင်ပါပြီ။ ဒီAppကလည်း အရင်က Fileတစ်ခုလုံးကို တချိန်လုံး တောက်လျှောက် မှတ်သားထားမှာ မဟုတ်တော့ပဲ အရေး အကြီးဆုံး အစိတ်အပိုင်းကိုပဲ မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။ ဒါက iOSမှာပါတဲ့ အကြားအာရုံခံ Appအသစ် ဖြစ်ပါတယ်။ ဒီစနစ်မှာ အာရုံခံ လုပ်ဆောင်ချက်တွေ ခွဲခြားပါဝင်ပါတယ်၊ အရေးကြီးတဲ့ စကားလုံး ဆိုင်ရာ ခွဲခြားမှုတွေ၊ မှတ်သားမှုတွေနဲ့ အသံ Fileတွေကို သိမ်းဆည်း မှုတွေ ဖြစ်ပါတယ်။ Heardဆိုတဲ့ ဒီAppကို သင်ဖွင့်လိုက်တာနဲ့ သူက ၀င်လာသမျှ အသံတွေကို ယာယီအနေနဲ့ မှတ်သားပါလိမ့်မယ်။ တကယ်လို့ အရေးမကြီးလှတဲ့ စကားတွေကိုပဲ ပြောဆိုနေမယ်ဆိုရင်တော့ Heardက မှတ်သားထားမှာ မဟုတ်သလို မှတ်သားဖို့ လိုအပ်လာတဲ့ အချိန်မှာ Boomဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရုံနဲ့ မှတ်သားမှု လုပ်ငန်း စတင်တော့မှာ ဖြစ်ပြီး တကယ်လို့ Recordချိန် တစ်လျှောက်လုံး Boomကို တစ်ချက်မှ မနှိပ်ဘူး ဆိုရင်တော့ ယာယီမှတ်သားမှု လုပ်ငန်းက အလိုအလျောက် ပျက်စီးသွားမှာပါ။ တကယ်လို့ Heardကို Background စနစ်အနေနဲ့ ဖွင့်ထားရင်တောင် အလုပ်လုပ်မှာ ဖြစ်ပြီး မှတ်သားထားတဲ့ Fileတွေကို အမည်ပေးတာတွေ၊ Tagလုပ်တာတွေ၊ Emailပုံစံ ပြောင်းလဲ ပေးပို့တာတွေနဲ့ Facebookမှာ Shareလုပ်တာတွေပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Heardကို မကြာသေး ခင်ကမှ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ Free Appတွေက ၁၂ စက္ကန့်စာလောက် Recordတွေကို လုပ်ဆောင်နိုင်ပြီး ၁.၉၉ ဒေါ်လာတန် Appဖြစ်တဲ့ Bigger Audio Bufferက အနည်းဆုံး စက္ကန့် ၃၀ကနေ အများဆုံး ၅ မိနစ်လောက် ထိအောင် အသံတွေကို Recordလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ Heardကတော့ အခမဲ့ iOSစနစ်သုံး Appတစ်ခု ဖြစ်ပြီးတော့ App Storeမှာ ရှာဖွေ ရယူနိုင်မှာပါ။
credit to MyanmarICT














Time in Rangoon
0 comments:
Post a Comment