Likes

7/10/2013

အိန္ဒိယမှာ Galaxy S4 Mini ကိုဒေါ်လာ ၅၂၈ နဲ့ရောင်းချပေး

ကမ္ဘာ့မိုဘိုင်းလ်ဈေးကွက်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ အိန္ဒိယဈေးကွက်
အတွင်းကို Samsung ရဲ့  Galaxy S4 Mini လည်းပါဝင်လာပါပြီ။

ဈေးနှုန်းအနေနဲ့ မြန်မာငွေနဲ့တွက်ကြည့်ရင် ၅ သိန်းဝန်းကျင်လောက်ကျသင့်
တယ်ဆိုတော့ တန်ဖိုးနည်းတဲ့ စမတ်ဖုန်းလို့ ဆိုလို့မရပါဘူး။သို့ပေမယ့်
အိန္ဒိယ နိုင်ငံဟာကမ္ဘာ့မိုဘိုင်းလ်ဖုန်းအသုံးပြုမှုအများဆုံးဖြစ်တဲ့ အတွက်
ဆမ်ဆောင်းရဲ့ ဈေးကွက်အနေထား အရအဆင်ပြေနိုင်မယ်လို့ဆိုပါတယ်။

သာမန် S4 နဲ့စွမ်းဆောင်မှုတွေဘယ်လိုကွာခြားလည်းဆိုတာ သိရအောင်လို့
စာဖတ်သူတွေကို Galaxy S4 Mini ရဲ့ တည်ဆောက်ပုံတွေကို
နှိုင်းယှဉ်လို့ရအောင် နောက်တစ်ကြိမ်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Galaxy S4 Mini မှာ မျက်နှာပြင်အကျယ် ၄.၃ လက်မ qHD Super AMOLED
မျက်နှာပြင်နဲ့ထွက်ရှိလာပြီး Processor 1.7GHz dual-core ကိုအသုံးပြုထား
ပါတယ်။RAM 1.5GB ဖြစ်ပြီး ဘက်ထရီကိုတာရှည်ခံစေဖို့အတွက် 1900mAH
ကိုအသုံးပြု ထားပါတယ်။internal memory 8GB ဖြစ်ပြီး 64GB အထိအပို
ထည့်သွင်းအသုံးပြုလို့ရပါတယ်။

ရှေ့ကင်မရာ 1.9 Megapixel ရှိတယ်ဆိုပေမယ့် နောက်ကင်မရာ
8 Megapixel အသုံးပြုထားပါတယ်။Android Version 4.2.2 Jelly Bean
နဲ့တည်ဆောက်ထားပါတယ်။

ရိုးရိုးသာမန် Galaxy S4 မှာတော့ မျက်နှာပြင်အကျယ် ၅ လက်မ
1080 x 1920 pixels ,Super AMOLED capacitive touchscreen နှင့် Gorilla glass 3 မျက်နှာပြင် နဲ့တည်ဆောက်ထားပါတယ်။

Galaxy S4 မှာ CPU က Quad-core 1.6 GHz Cortex-A15 & quad-core 1.2 GHz Cortex-A7 နှစ်မျိုးထုတ်လုပ်ထားပြီး RAM 2GB ရှိပါတယ်။
ဘက်ထရီ ကိုတာရှည်ခံစေဖို့ Li-Ion 2600 mAh battery ကိုအသုံးပြုထား
ပါတယ်။

S4 mini နဲ့ကွာခြားတာက S4 အကြီးမှာ internal memory 16/32/64 GB သုံးမျိုး အထိရွေးချယ်စရာရှိပြီး External အပိုအဖြစ် 64GB အထိ အပို ထည့်သွင်း အသုံးပြုလို့ရပါတယ်။

S4 အကြီးမှာ ရှေ့ကင်မရာ 2MP အသုံးပြုပေးထားပြီး နောက်ကင်မရာ 13MP
အထိတောင် အသုံးပြုပေးထားပါတယ်။Android Version 4.2.2 Jelly Bean
အသုံးပြုပေးထားပါတယ်။

ကယ်ဒီလောက်ဆိုရင် စာဖတ်သူတွေ Galaxy S4 နဲ့ S4 mini ဘာတွေကွာခြား
လည်းဆိုရင် ရွေးချယ်ရတာအဆင်ပြေလောက်ပြီလို့ထင်ပါတယ်။

Ref:techblog

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...