Likes

6/01/2013

Samsung Galaxy S4 ရဲ့ Smart Scroll Function ကို On နည်း နဲ့ အသုံးပြုနည်း



ဖုန်းရဲ့ Setting > My Device tab > Smart Screen ထဲသို့ဝင်ပြီး Smart Scroll ခလုတ်ကို On ပါ။ ပြီးလျှင် ဖုန်းရဲ့ Web Browser သို့ဝင်ပါ။
Scroll များများဆွဲကြည့်ရမယ့် Page ဖြင့် စမ်းသပ်ရန် Google website သို့ဝင်ပြီး မိမိရှာလိုရာ result တစ်ခုခုကိုရှာလိုက်ပါ။ ပြီးလျှင် ဖုန်းရဲ့ ရှေ့ကင်မရာဘေးက sensor များကိုတည့်တည့်ကြည့်ပြီး မျက်တောင်နှစ်ချက်မှခတ်ပါ။ ပြီးလျှင် ခေါင်းနှင့် မျက်လုံးကိုအနည်းငယ် screen ရဲ့အောက်ဘက်ခြမ်းသို့ကြည့်သည့် အနေအထားအနည်းငယ်ပြောင်းပါ။ Web Page သည် အောက်သို့ auto scroll ဆွဲသွားပါမည်။ page ရဲ့အပေါ်ခြမ်းကိုပြန်ကြည့်လိုပါက ခေါင်းနှင့်မျက်လုံးကို အနည်းငယ် screen ရဲ့အပေါ်ဘက်ခြမ်းကိုကြည့်သည့်အနေအထား အနည်းငယ်ပြောင်းပါ။ Web Page သည် အပေါ်ဘက်သို့ auto scroll ဆွဲသွားပါမည်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။
Myanmar Mobile Application Store မှ ကူးယူဖော်ပြထားပါသည်။

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...