Likes

6/05/2013

Galaxy S3 Mini [I8190 /N /L] Version V4.1.1 And 4.1.2 ကို Root မယ်


IMG_0549

S3 Mini Root Tool Kit v1.1 လေးကို ဒီမှာဒေါင်းယူပါ  Samsung_Galaxy_S3_Mini_ToolKit_v1.1
ကွန်ပျူတာမှာပဲ Run လိုက်ပါ … ဒီပုံလေးကိုစတင်တွေ့ရှိရပါမယ်
mn0
ပြီးသွား၇င်တော့ အခုအောက်ကပုံအတိုင်းမြင်ရပါလိမ့်မယ်
mn1
အဲဒီမှာတော့ မိမိဖုန်းရဲ့ model and version ကိုအတိအကျရွေးပေးပါ..
ကျတော်ဆိုရင် i8190 version 4.1.2ဖြစ်တဲ့အတွက် (12) ကိုရိုက်ထည့်ပေးလိုက်ပါတယ်
ပြီးရင်တော့ခဏစောင့်ပါ…လိုအပ်သည့် tar files လေးတွေကို Download ယူနေတာဖြစ်သည့်အတွက် စိတ်ရှည်ရှည်လေး စောင့်ပေးပါ…အောက်မှာပြထားသည့်ပုံအတိုင်း 100% ပြည့်သွား၇င် ရပါပြီ
mn2
စပြီး လှုပ်ရှားရအောင် ဒီပုံလေးကိုကြည့်လိုက်ပါ
mn3
Driver ရှိပြီးသား( Samsung USB Driver or Kies) ဆိုရင်တော့ № 1 ကိုရွေးစရာမလိုပါဘူး..မသွင်းရသေးသူများကတော့ 1 ကိုရိုက်ထည့်ပေးပြီး Enter ခေါက်ပေးလိုက်ပါ
ကျတော်ကတော့ Driver သွင်းပြီးသားဖြစ်သည့်အတွက် №2 ကို ပဲရွေးလိုက်ပါတယ်
ဒီအောက်ကပုံမှာတော့ မိမိနှစ်သက်ရာကိုရွေးချယ်ပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ် №3ဆိုရင်တော့ စုံတာပေါ့နော် ..ဒါပေမယ့် ကျတော်ကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ № 1ကိုပဲရွေးချယ်ခဲ့ပါတယ် ;)
mn4
အဲ့….ပြီးရင်တော့ Super User Or Super SU  ကိုရွေးချယ်ခိုင်းပါလိမ့်မယ်……အရိုးခေါင်းပုံလေးတော့ရွေးမှာမဟုတ်ဘူးပေါ့နော် .
ကျတော်ကတော့ Super Su ကိုပဲရွေးပေးလိုက်ပါတယ်…  :D
အဲဒီတော့ № 2ပေါ့နော်
mn5
ပြီးရင်တော့ ကျတော်တို့က ဒီပုံလေးအတိုင်းပေါ်လာရင် yes ဆိုတာလေးကို ရိုက်ထည့်ပေးရတော့မှာပေါ့……. Root ချင်လို့မှ လုပ်ပါတယ်ဆိုမှတော့ လက်ခံရမှာပေါ့နော့် :D
mn6
အဲဒါလေးပြီး၇င်တော့ ဒီအောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်
ဒီBox လေးပေါ်လာခြင်းနှင့်အတူ မိမိရဲ့ ဖုန်းဟာလဲ Download Mode ထဲသို့ အလိုအလျောက်ဝင်သွားမှာဖြစ်သလို Odin ကလဲ အလိုအလျောက်တက်လာပါလိမ့်မယ်.. I8190 ဖြစ်သည်အတွက် Odin ရဲ့ PDA မှာ boot-insecure-amb2-I8190.tar လေးကိုရွေးထည့်ပေးရပါမယ်
mn7
mn8

အဲဒီ tar file လေးကတော့ မိမိ window တင်ထားသည့် Driveထဲမှာရှိပါမယ် ကျတော်ကတော့ C: ထဲမှာထည့်ထားသည့်အတွက်  C: ထဲကိုဝင်လိုက်ပါတယ် ပြီးရင်တော့ *Samsung Galaxy S3 Mini ToolKit* folder ထဲကိုဝင်လိုက်ပါ အဲဒီထဲမှာ Root Folder ထဲကိုထပ်ဝင်လိုက်ပါ .. မိမိထည့်သုံးရမည့် tar file လေးကိုတွေ့ရပါလိမ့်မယ်…
ထည့်သွင်းပြီးပြီးဆိုရင်တော့ Start ကိုနှိပ်လိုက်ပါ………..
တချက်လောက် သတိပြုပေးပါ…. Odin မှာ PASS ပြတာဟာ ကြာပါတယ်
RESET မှာတင်ကြာနေပါလိမ့်မယ်…………
mn10
RESET မှာတင်ကြာနေလို့ ကြိုးကိုဆွဲဖြုတ်လိုက်တာမျိုးမလုပ်ပါနဲ့နော် ခဏစောင့်ပေးပါ
ဖုန်းပြန်တက်လာပြီးတဲ့အချိန်မှာတော့ PASS ဆိုတာလေးပြသွားပါလိမ့်မယ်
mn11
အဲဒါကတော့ ကျတော်ဖြစ်ခဲ့တာကိုပြောပြတာပါ တကယ်လို့ မိမိလုပ်ဆောင်သည့်အချိန်မှာ PASS ကိုတခါတည်း တန်းဖြစ်တယ်ဆိုရင်တော့ အေးဆေးပေါ့နော်
Odin မှာ PASS ပြသွားပြီဆိုရင်တော့ ToolKit လေးက ဆက်ပြီးလုပ်ဆောင်သွားပါလိမ့်မယ်
mn12
ဒီပုံလေးအတိုင်း Completed ပြသွားပြီဆိုရင်တော့ ဖုန်းက auto reboot ကျသွားပါလိမ့်မယ် တကယ်လို့rebootမကျရင်လဲ Battery ခဏဖြုတ် ပြန်တပ်ပြီးဖွင့်လိုက်ပါ
Super Su လေးကိုမြင်တွေ့၇ပါလိမ့်မယ်
ကဲ..Root ခြင်းလုပ်ငန်းပြီးဆုံးပါပြီ
ToolKit လေးကိုတော့မိမိတို့လိုသလို သုံးတတ်သလို သဘောကျသလို အသုံးချကြပေါ့နော်


အားလုံးပဲအဆင်ပြေကြပါစေ
သင်္ကြန်အတွင်းမှာ ပျော်ရွှင်စွာရေပတ်ကစားနိုင်ကြ၍ အန္တာရယ် ကင်းရှင်းကြပါစေ
နောင်နောင်( Innocent Love)

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...