Likes

6/10/2013

Emotion UI ပါဝင်သော Huawei ဖုန်းများတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်ဖို့အတွက် IOS Theme By Myanmar Mobile Users Group


Emotion UI ပါဝင်သော Huawei ဖုန်းများတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်ဖို့ iOS Theme pack လေးတစ်ခုပြုလုပ်ပေးလိုက်ပါတယ်။
လက်တလော မြန်မာပြည်ကိုရောက်နေတဲ့ Emotion UI သုံးထားတဲ့တခြား huawei ဖုန်းတွေ (C8813,U8950,y300.. etc) စတဲ့ဖုန်းတွေမှာလည်း ဒီ Theme pack လေးနဲ့ မြန်မာစာထည့်နိုင်ပါတယ်။ Theme ထဲမှာစံမြန်မာဖောင့်ကိုထည့်သွင်းပေးထားပါတယ်။ Root မလုပ်ချင်ဘဲ ဖုန်းမှာ မြန်မာစာပေါ်ချင်တဲ့သူတွေအတွက်အဆင်ပြေမှာပါ။ ဒီဇိုင်းပိုင်းကိုတော့ iOS 6 ရဲ့ အသွင်အပြင်လေးအနည်းငယ်ထည့်ထားပါတယ်။ iOS wallpaper လေးခု Built in ထည့်သွင်းပေးထားပါတယ်။
- Including Myanmar Font (San Myanmar Font) No Root Required
- Decorate Emotion UI with iOS theme style
Apple Theme by MMUG ကိုအောက်က link မှာရယူပါ။
Theme ကိုထည့်သွင်းနည်းကတော့ ဖုန်းရဲ့ Internal Memory ထဲက HWTheme/DiyTheme ဆိုတဲ့ Folder ထဲမှာ အခုပေးမယ့် Theme file လေးကိုထည့်ပါ။ ပြီးရင် ဖုန်းရဲ့ Theme ထဲကနေ Apple Theme by MMUG ကိုတွေ့ရပါလိမ့်မယ်။ Apple Theme by MMUG ထဲသို့ဝင်ပြီး Apply ကိုနှိပ်ပါ။ Theme With font ကိုရွေးပေးလိုက်ပါ။ ဖုန်းက reboot ကျသွားပြီးပြန်တက်လာပြီဆိုရင်တော့ iOS ဒီဇိုင်း Theme နဲ့အတူ မြန်မာစာလည်း ဖတ်နိုင်ပြီဖြစ်ပါတယ်။ ( Computer ထဲမှာ Photoshop မသွင်းရသေးတဲ့အတွက် ဒီဇိုင်းပိုင်းကို လုံးဝအချောသတ်မလုပ်ရသေးပါဘူး။) မြန်မာစာလုံးပေါ်တာလုံးဝမမှန်သေးပေမယ့် စာလုံးဖတ်ရတာတော်တော်လေးအဆင်ပြေမယ်လို့ထင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
www.myanmarmobileapp.com

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...