Windows Phone အသုံးပြုတဲ့သူတွေ သင်တို့ရဲ့ Windows Phone ပေါ်က Application တွေနဲ့ အချက်အလက်တွေကို Backup ပြုလုပ်နိုင်ဖို့အတွက် ပြုလုပ်ဖို့ နည်းလမ်းများစွာထဲက အလွယ်ဆုံးနည်းတစ်ခုနဲ့ ပြုလုပ်ပုံကို တင်ပြပေးလိုက်ပါတယ်။ Windows Phone အသုံးပြုသူတွေအတွက် Microsoft Account ကို အသုံးပြုပြီး သင်တို့ရဲ့ Data တွေဖြစ်တဲ့ SMS တွေ၊ MMS တွေနဲ့ ဓာတ်ပုံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို Cloud Service ဖြစ်တဲ့ SkyDrive မှာ Backup ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Backup ပြုလုပ်ဖို့အတွက် App list ထဲမှာရှိတဲ့ Settings ကို သွားရပါမယ်။ Setting အောက်မှာမှ Backup ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Settings ထဲမှာတော့ Internet Explorer, Lock Screen, Email & Account, Location Service အစရှိတာတွေအပြင် အခြားသော Settings ပိုင်းတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သင့်ဖုန်းထဲက ဖိုင်တွေကို Backup ပြုလုပ်ဖို့အတွက် ပထမဆုံး WIFI ကို ဖွင့်ထားရမှာ ဖြစ်ပါတယ်။ WIFI အသုံး မပြုဘူးဆိုရင်တော့ data connection ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Cellular Data Connection ကို အသုံးပြုခြင်းပဲ ဖြစ်ဖြစ် WiFi Connection ကို အသုံးမပြုခြင်းဘဲ ဖြစ်ဖြစ် အင်တာနက်နဲ့ ချိတ်ဆက်ထားပြီးပြီဆိုရင်တော့ သင် Backup ပြုလုပ်ချင်တဲ့ဖိုင်တွေကို Cloud စနစ်အသုံးပြုပြီး စတင် Backup ပြုလုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ Backup ပြုလုပ်တဲ့စနစ်ကို ဖွင့်ချင်၊ ပိတ်ချင်တယ်ဆိုရင်တော့ App list ဆိုတဲ့ Tab ကို နှိပ်ရပါမယ်။ App list Tab အောက်မှာမှ Settings အောက်ကို တစ်ဆင့် ထပ်သွားရပါမယ်။ Settings အောက်ကို ရောက်ရင်တော့ Backup ဆိုတာကို တွေ့ရမှာဖြစ်ပြီး၊ အဲဒီမှာမှ Backup ကို ဖွင့်ခြင်းပိတ်ခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေ၊ Text Message တွေနဲ့ အခြားသော အချက်အလက်တွေကို Backup ပြုလုပ်ပြီးနောက်၊ Photo, Video ဖိုင်တွေကို SkyDrive မှာ အလိုအလျောက် Upload ပြုလုပ်ပြီး သိမ်းဆည်းချင်တယ်ဆိုရင်လည်း ပြုလုပ်နိုင်ပါတယ်။ ဒီနေရာမှာ သင်ပြုလုပ်တဲ့ Photo တွေ၊ Video ဖိုင်တွေက အရမ်းကြီး များနေတယ်ဆိုရင် Don't Upload ဆိုတဲ့ Tab ကိုနှိပ်ပြီး ပြင်ဆင်နိုင်မှာ ဖြစ်သလို၊ အရွယ်အစားကြီးမားတဲ့ ဖိုင်တွေကို Resolution လျှော့တင်မယ်ဆိုရင်တော့ Good Quality ဆိုတဲ့ Tab မှာ ပြင်ဆင်ထားနိုင်ပါတယ်။
Likes
5/30/2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment