Likes

5/16/2013

Samsung

Samsung ၏ TouchWiz UI မပါသည့် Android OS စစ်စစ်သုံး Galaxy S4 လာပြီ

Google ကတော့ လုပ်ချလိုက်ပြန်ပြီ။ ယနေ့ စတင်ကျင်းပတဲ့ Google I/O တွင် ရေမရောသည့် Android OS စစ်စစ်သုံး Galaxy S4 အား စတင်ရောင်းချတော့မည်ဟု ထုတ်ဖော်ကြေညာ သွားခဲ့သည်။ 

မှန်ပါတယ်။ Samsung ရဲ့ အနည်းငယ် ရှုပ်ထွေးတဲ့ TouchWiz User Interface (UI) မပါရှိတဲ့ Android 4.2 Jelly Bean စစ်စစ်ကိုသာ ထည့်သွင်းထားတဲ့ Galaxy S4 ဟာ မကြာမီအချိန်မှာ ဈေးကွက်တွင်း ရောက်လာပါတော့မယ်။ 

အတိုချုပ် ပြောရရင်တော့ ဒါဖုန်းဟာ မျိုးဆက်သစ် Nexus ဖုန်းပဲ ဖြစ်ပါတယ်။ Nexus S4 လို့ ခေါ်ရမလားပါပဲ။

Google အနေနဲ့ ဤဖုန်းအား ဖန်တီးမှုမှာ ပါဝင်ခဲ့သည်ဟု ဆိုသော်လည်း Nexus အမည်အား သုံးစွဲသွားမည် မဟုတ်ကြောင်း သိရှိရသည်။

ဆိုလိုသည်မှာ ဤ Android OS စစ်စစ်သုံး S4 အား Nexus 4 ကဲ့သို့ လျော့ဈေးဖြင့် ဝယ်ယူရရှိနိုင်မည် မဟုတ်ပဲ ဒေါ်လာ ၆၄၀ ကျသင့်မှာ ဖြစ်ပါတယ်။



0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...