Likes

5/16/2013

iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ


iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။ 

"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး... 

"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က 
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။ 


"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။ 

ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ 
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်.. 

သင်၏ iOS ကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ...? 





Credit to မိုးသိကြား



0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...