Likes

5/06/2013

Boot.Img, Recovery.Img, System.Img စတာတွေကို Backup လုပ်မယ်နော် (Rooted Only)


တစ်ခြားဟာတွေတော့ မရှင်းပြတော့ဘူး recovery.img stock recovery ကဘယ်လိုအရေးကြီးလဲဆိုတာ p1 user တွေဆိုကောင်းကောင်းသိတယ်နော် :P
အဲ့လိုပဲ တစ်ခြား ဟာတွေလည်း stock recovery အရေးပါတာလေးတွေရှိတယ် ဥပမာ huawei မှာဆို org firmware တင်တာလေးတွေမှာအရမ်းအရေးပါတယ်။
CWM ကလည်း မဖြစ်မနေအသုံးဝင်တော့ CWM လည်းတင်ချင်တယ် Stock လည်းပြောင်းသုံးချင်တယ် ။ အာ့ဆိုရင် stock ကို backup လုပ်ထားပေါ့နော်။ :D
အခု backup လုပ်တာလေးတွေကိုသင်ပေးမယ်နော် :P ဆရာလုပ်တာတော့ဟုတ်ဘူး။ ဟဲဟဲ အပြောခံရမှာစိုးလို့ ကြိုပြောထားတာ :D


terminal emulator လေးပါ ဖုန်းထဲမှာ install လုပ်လိုက်ပါ။
ပြီးရင် ဒီ application လေးကို ဖွင့်ပြီး ဒီ comment လေးရိုက်ထည့်လိုက်ပါ။
cat proc/mtd
ပြီးရင် enter တစ်ချက်ခေါက်ချလိုက်ပါ။
ဒါဆိုရင် အောက်ကလိုတွေပေါ်လာမှာဖြစ်ပါတယ်။
exam ; check it
dev:    size   erasesize  name
mtd0: 00480000 00020000 “recovery”
mtd1: 00480000 00020000 “boot”
mtd2: 00180000 00020000 “splash”
mtd3: 00060000 00020000 “misc”
mtd4: 02940000 00020000 “cache”
mtd5: 0cf80000 00020000 “system”
mtd6: 0d020000 00020000 “userdata”
mtd7: 00180000 00020000 “persist”
အာ့မယ်သေချာကြည့်ပါ
နောက်ဆုံးတွေမှာ recovery တို့ boot တို့ system တို့ မတူဘူးနော် ရှေ့ဆုံးမှာ mtd0,1 စသဖြင့်ကွာတယ်
ကဲ recovery ကို backup လုပ်ကြတော့မယ်ဆိုပါဆို recovery ပါတဲ့ဟာရှေ့က mtd value ကိုသွားကြည့်ပါ ပီးရင် အောက်ကအတိုင်းရိုက်လိုက်ပါ အရင်ဆုံး superuser permission အရင်တောင်းမယ်
su (enter)
အာ့ဆို superuser permission တောင်းလိမ့်မယ် grant ကိုပေးလိုက်ပါ။
ပီးရင်
recovery ကို backup လုပ်ဖို့အတွက် ဒီလိုရိုက်လိုက်ပါ။
dd if=/dev/mtd/mtd0 of=/sdcard/recovery.img bs=4096
boot.img ကို backup လုပ်မယ်ဆိုရင် ဒီလိုရိုက်ပါ။
dd if=/dev/mtd/mtd1 of=/sdcard/boot.img bs=4096
:D တစ်ခြားဟာလေးတွေ အများကြီး ကလိလို့ရသေးတယ်နော် :D
အားလုံးပဲ ပျော်ပျော်ကြီး ကလိနိုင်ကြပါစေ :D ပုံက တွေ့တာ ယူသုံးထားတာနော် :P
Post By Hein Maung

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...