Pages

5/20/2013

အွန်လိုင်းပေါ်ကနေ အင်္ဂလိပ် အသံထွက်နည်း လေ့လာမယ်





ကမ္ဘာပေါ်မှာ အင်္ဂလိပ် စကားကို လူတိုင်း ပြောအဖြစ် သတ်မှတ်ထားပါတယ်။ အဲ့လိုမျိုး လူတိုင်းပြောတဲ့ စကားအဖြစ် သတ်မှတ်ထားသလိုမျိုးပဲ တစ်ချို့ လူငယ်တွေကလည်း အင်္ဂလိပ်စာကို လေ့လာနေကြ ပါတယ်။ အခုပြောပြပေးချင်တာကတော့ အင်္ဂလိပ်စာလုံးပေါင်းကို အသံမထွက်တတ်ရင် ရိုက်ထည့်လိုက်ရုံနဲ့ အင်္ဂလိပ် အသံထွက်တွေကို လေ့လာလိုတဲ့ သူတွေအတွက် website လေးကို ပြောပြပေးချင်တာပါ။ အဲ့ဒီ Website မှာ ကိုယ်မသိတဲ့ စကားလုံးရဲ့ အသံထွက်ကို ရိုက်ထည့်ပေးလို့ ရပါတယ်။ ဥပမာ - Hello လို့ရိုက်ထည့်ပြီး Create MP3 လို့ရိုက်ထည့်ုလိုက်တာနဲ့ Hello ဆိုတဲ့ အသံကထွက်လာမှာပါ။ အဲ့ဒီမှာလည်း ယောကျာင်္းအသံနဲ့ မိန်းမ အသံဆိုပြီး ၂မျိုး ရွေးချယ်ခွင့်ပေးထားပါ သေးတယ်။ ယောကျာင်္းအသံကိုရွေးထားရင် ယောကျာင်္းအသံအတိုင်းပဲ Hello ဆိုတာ ထွက်လာမှာပါ။ မိန်းမ အသံဆိုရင်လည်း မိန်းမအသံနဲ့ Hello ဆိုတာကို ထွက်လာမှာပါ။ အဲ့ဒါအပြင် ကိုယ်ရိုက်ပြီးရှာတဲ့ အင်္ဂလိပ်အသံထွက်ကိုလည်း သိမ်းဆည်းထားလို့ရအုံးမှာပါ။ တကယ်လို့ ဝင်ရောက်ပြီး အင်္ဂလိပ်စာ လေ့လာချင်တယ်ဆိုရင်တော့ ဒီမှာကြည့်ပါ 


Net and Tech  မှ ကူးယူဖော်ပြထားသည်

No comments:

Post a Comment