Likes

5/03/2013

Apple App Store






Apple App Store ၌ ဘီလီယံ ၅၀ မြောက် download လုပ်သူအား ဒေါ်လာ ၁၀၀၀၀ တန် App Store Gift Card ဆုချမည် (သို့) Apple ၏ အကြံပိုင်ပုံ

Apple ရဲ့ App Store အနေနဲ့ မကြာမီမှာ သမိုင်းမှတ်တိုင်တစ်ခု ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီသမိုင်းမှတ်တိုင်မှာ သင်ကိုယ်တိုင်လဲ ပါဝင်ဆင်နွှဲ နိုင်မယ်လို့ သိရှိရပါတယ်။ 

Cupertino အနေနဲ့ App Store ၏ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခြင်းအား ဂုဏ်ပြုသည့် အနေဖြင့် ဘီလီယံ ၅၀ မြောက် download လုပ်သူအား ဒေါ်လာ ၁၀၀၀၀ ဂုဏ်ပြုချီးမြှင့် သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ငွေသား ဒေါ်လာ ၁၀၀၀၀ တော့ မဟုတ်ပါဘူး။ 

App Store မှာသာ သုံးစွဲနိုင်မယ့် gift card သာ ဖြစ်ပါတယ်။

ထို့အပြင် ဘီလံယံ ၅၀ ပြည့်ပြီးနောက် download လုပ်သူ ၅၀ ဦးအား ဒေါ်လာ ၅၀၀ တန် gift card တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

(ကမ္ဘာ့ အချမ်းသာဆုံး ကုမ္ပဏီကြီး အကြံပိုင်ပုံကတော့ ဂုဏ်ပြုဆုငွေတောင် ကိုယ်ပြန်ရဖို့ လုပ်နိုင်လိုက်တာပါပဲ။)

ဤ သတင်းအား ရေးသားနေသည့်အချိန်မှာ App Store ပေါ်၌ App စုစုပေါင်း ၄၉.၂၅၇၂၈၇ ဘီလီယံ ကို သုံးစွဲသူများက download လုပ်ပြီးခဲ့ပါပြီ။ မကြာမီ ရက်ပိုင်းအတွင်းမှာ ၅၀ ဘီလီယံ ရောက်ရှိမှာဖြစ်ပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ download နှုန်းကတော့ ၁၀ စက္ကန့်မှာ app ပေါင်း ၁၀၀၀ နှုန်း ရှိနေပါတယ်။

ကဲ Apple App Store ကို မနှေးအမြန် သွားရောက်ပြီး download လုပ်ကြပါစို့။

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...