Likes

4/03/2013

Tactile Player ( Android )



Music & Audio Application တစ်ခုဖြစ်တဲ့ Tactile Player ဟာဆိုရင် မိမိရဲ့ Android ဖုန်းပေါ်က Music Player များကို Volume ခလုတ် နဲ့ Power ခလုတ်များကို အသုံးပြုပြီး
ထိန်းချုပ်နိုင်မယ့် App တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သီချင်းကျော်ဖို့ မအားဘူးဆိုရင်တော့ Unlock Screen ပြုလုပ်ထားပြီး သီချင်းများကို နောက်တစ်ပုဒ်သို့ ပြောင်း
လဲ နားဆင်နိုင်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။ နောက်ပြီး သီချင်းများကို ပြောင်းလဲဖို့အတွက် Volume နဲ့ Power Button များကိုအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Volume Up
သို့ နှစ်ကြိမ်နှိပ်လိုက်လျှင်တော့ Next ကျော်မှာဖြစ်ပြီး Volume Down ကို နှစ်ကြိမ်နှိပ်ရင်တော့ PREVIOUS အနောက်သို့ ပြန်သွားမှာဖြစ်ပါတယ်။ Power Key ကို သုံးကြိမ်နှိပ်ရင်
တော့ Pause နဲ့ Play ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒီ App ဟာဆိုရင် Music Player များဖြစ်ကြတဲ့ PowerAMP, Pandora, Google Music, Google Listen, doubleTwist, PlayerPro, Amazon MP3, Mixzing
အစရှိတဲ့ နာမည်ကြီး Music Player များနဲ့တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ App ကို အသုံးပြုခြင်းအားဖြင့် Scrren ပေါ်ရှိ Music Player များကို Play/Pause/Next/Previous
များကို သွားရောက် ရှာဖွေ နှိပ်စရာ မလိုတော့ပဲနဲ့ ဖုန်းအပြင်ရှိ ခလုတ်များကို အသုံးပြုပြီး ထိန်းချုပ်နိုင်မှာဖြစ်လို့ အချိန်ကုန် သက်သာစေမှာဖြစ်ပါတယ်။ Google Play Store
မှာ 0.99 ဒေါ်လာ နဲ့ ၀ယ်ယူပြီး ဒေါင်းလော့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီမှာက Free ပါ။ အသုံးပြုမယ်ဆိုရင်တော့ အောက်ပါလင့်မှာ ဒေါင်းလော့ပြုလုပ်ထည့်သွင်းအသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။

Apk Download -> https://lh3.ggpht.com/PbaKYLIduLskDbx4LYlg8VwFpLIgVUpDcn2OfhvMX55ylrdMHGY5_a1rtfwtkCcbnBCL

0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...