၁။ ADB Flashtool driver ကိုကွန်ပျူတာမှာ အရင် install လုပ်ထားရပါမယ်။ အောက်က link မှာရယူပါ။
၂။ ဖုန်းရဲ့ Settings -> Display -> Sleep -> ထဲကိုဝင်ပြီး Screen timeout ကို 10 mins အထိထားပေးလိုက်ပါ။
၃။ ဖုန်းရဲ့ Settings -> Developer options -> Enable and Settings -> Developer options -> ထဲကိုဝင်ပြီး USB Debugging Mode ကို Enabled လုပ်ထားပါ။
၎။ ဖုန်းရဲ့ Settings -> Security -> Unknown source ကိုအမှန်ခြစ်ပေးထားပါ။
၅။ Xperia Z ကို root လုပ်ရန်အတွက်လိုအပ်တဲ့ Root toolkit ကိုအောက်က link မှာ download ရယူပါ။
ဒေါင်းရန် - http://www.mediafire.com/?m0k6wpi3ub6iis7
Toolkit အား download ရယူပြီးပြီဆိုလျှင် ကွန်ပျူတာရဲ့ Local Disk: (C) အောက်မှာ folder တစ်ခုဆောက်၍ ယင်း Toolkit အားဇစ်ဖြည်ပြီးထည့်ထားလိုက်ပါ။
၆။ PC Suite, Sony PC Companion, Flashtool စတဲ့ ဆော့ဝဲများကို ကွန်ပျူတာမှာ run ထားတယ်ဆိုရင် ယင်းဆော့ဝဲများကိုအကုန်ပိတ်ထားပါ။
၇။ ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးအသုံးပြု၍ချိတ်ဆက်ထားပါ။
၈။ အဆင့်(၅) မှာတုန်းက download ရယူပြီး folder တစ်ခုဆောက်၍သိမ်းထားခဲ့တဲ့ Root Toolkit folder ထဲက Runme.bat ကို run လိုက်ပါ။
၉။ Runme.bat ကို run လိုက်လို့အောက်ပုံထဲကအတိုင်းတက်လာပြီဆိုရင် Root Process ကိုစတင်ရန်အတွက် ကွန်ပျူတာကီးဘုတ်ပေါ်က Enter ကိုတစ်ချက်နှိပ်လိုက်ပါ။
၁၀။ အပေါ်အဆင့်တွေမှာတုန်းက Driver ကိုမှန်ကန်စွာသွင်းခဲ့မယ်။ USB Debugging enabled လုပ်ထားခဲ့မယ်ဆိုရင် ဖုန်း Device ကို Root Toolkit ကသိပြီး
root process ကိုစတင်လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ဖုန်း screen ကိုမကြည့်ပါသေးနဲ့ဦး ။ ကွန်ပျူတာမှာ အခု run နေတဲ့ Root toolkit command box ကိုပဲကြည့်နေပါ။ Root Toolkit Command box မှာ “press the button to restore the data in your phone” ဆိုတဲ့စာသားပေါ်လာပြီဆိုရင် ဖုန်း screen မှာ ‘Restore Data’ ဆိုတာလေးပေါ်လာပါမယ်။ အဲဒါကိုရွေးပေးလိုက်ပါ။
root process ကိုစတင်လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ဖုန်း screen ကိုမကြည့်ပါသေးနဲ့ဦး ။ ကွန်ပျူတာမှာ အခု run နေတဲ့ Root toolkit command box ကိုပဲကြည့်နေပါ။ Root Toolkit Command box မှာ “press the button to restore the data in your phone” ဆိုတဲ့စာသားပေါ်လာပြီဆိုရင် ဖုန်း screen မှာ ‘Restore Data’ ဆိုတာလေးပေါ်လာပါမယ်။ အဲဒါကိုရွေးပေးလိုက်ပါ။
၁၁။ ‘If Restoring data is complete,’ ဆိုတဲ့စာသားလေး ကွန်ပျူတာပေါ်က Root Toolkit command prompt မှာပေါ်လာပြီဆိုရင် Sony Xperia Z ရဲ့ ဖုန်းခေါ်တဲ့ function “Dial” ကိုသွားပြီး *#*#7378423#*#* လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲက Service tests ထဲကိုဝင်လိုက်ပါ။ Service Test ထဲဝင် ပြီးရင် Display ကိုထပ်ရွေးပေးလိုက်ပါ။
၁၂။ ကွန်ပျူတာပေါ်မှာ run နေတဲ့ rool toolkit ကဆက်လက်အလုပ်လုပ်နေပါလိမ့်မယ်။
၁၃။ အဆင့် (၁၂) ကို run နေချိန် ငါးစက္ကန့်လောက်အကြာမှာ ဖုန်းရဲ့ Power button နှိပ်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။ ငါးစက္ကန့်လောက်အကြာမှာ ဖုန်းရဲ့ Power button ကိုနှိပ်ပြီး ဖုန်းကို Power ပြန်ဖွင့်လိုက်ပါ။
၁၄ ။ Power ပြန်ဖွင့်ပြီး ဖုန်းက boot တက်နေစဉ်အတွင်းမှာ ကွန်ပျူတာပေါ်မှာ run ထားတဲ့ Root Toolkit Command prompt မှာ transfer files to your phone part2″, “installing busybox,su,Superuser,etc… ” ဆိုတဲ့ စာသားပေါ်လာပါလိမ့်မယ်။ ပြီးရင် ‘Cleaning up’ ဆိုတဲ့စာသားထပ်ပေါ်လာပါမယ်။
၁၅။ ဖုန်းက auto reboot ကျသွားပါမယ်။
၁၆။ ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပြီဆို၇င်တော့ ဖုန်းရဲ့ all application ထဲမှာဝင်ကြည့်လိုက်ပါ။ SuperSU ဆိုတဲ့ application လေးရောက်နေပြီဆိုရင်တော့ ဖုန်းကို အောင်မြင်စွာ root လုပ်ပြီးပြီဖြစ်ပါတယ်။














Time in Rangoon
0 comments:
Post a Comment