Likes

4/05/2013

NFC ဆိုသည်မှာ ( Near Field Communication )

NFC ဆိုသည်မှာ ( Near Field Communication ) 

NFC ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူများပါတယ်။ NFC ဆိုသည်မှာ
( Near Field Communication ) ဟု အရှည်ကောက်ခေါ်ဆိုပါတယ်။ Samsung S 3 & S 2 နှင်တချို့သောဖုန်းတွေမှာပါဝင်လာတာတွေ့ရပါတယ်
ဖုန်းအချင်းချင်းထိတွေ့ပြီး သီချင်း ၊ ဓာတ်ပုံ ၊ဆော့ဝဲစတာတွေကို
ဝေမျှပေးနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့အရည်အချင်းရှိပါတယ်။
အခုနောက်ပိုင်းဝင်ရောက်လာသော Windows 8 ဖုန်းတော်တော်များများ မှာတွေ့နေရပါပြီ။ NFC ရဲ့သဘောတရားကတော့ wireless နည်းပညာကိုအသုံးပြုထားတာပါ။ အသုံးပြုနည်းကတော့ Bluetooth အသုံးပြုနည်းနှင့် တူပါတယ်။ မိမိဖုန်းနှင့် အခြား NFC ပါဝင်သော
ဖုန်းအချင်းချင်း Pair ပြုလုပ်ပြီး ထည့်သွင်းပါတယ်။

ထို့အတူမိမိ နှင့် Pair ပြုလုပ်ထားသော Device အချင်းချင်း ဖိုင်တွေပို့မယ်ဆိုလျှင်တော့ ဖုန်းအချင်းချင်းနောက်ကျောချင်းကပ်ပြီး ဖိုင်တွေပေးပို့လို့ရပါတယ်။ ဖိုင်ဆိုက် 50 MB ကျော်သွားလျှင်တော့ Bluetooth ကိုပါ ဖွင့်ပြီးအသုံးပြုရပါမယ်။ NFC ကို မြန်မာနိုင်ငံမှတော့ အသုံးမပြုနိုင်သေးပေမဲ့ ပြည်ပနိုင်ငံတွေမှာ ဆိုလျှင် ATM စက်တွေ လူခေါ်ဘဲလ်တွေ စသည်တို့နှင့် အခြားသော လုံခြုံရေးစနစ်များ အဖြစ်လဲအသုံးပြုကြပါတယ်။ NFC အကိုအသုံးပြုနည်းကတော့ လွယ်ကူလှပါတယ်။ မြန်လဲမြန်ဆန်လှပါတယ်။



0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...