Likes

4/23/2013

Facebook Home


Facebook Home ဟာနောက်ဆုံးထွက် Android ဖုန်း ငါးမျိုးလောက်ကိုပဲ Support လုပ်တာကြောင့် အရင် model ဖုန်းများ ၊ Huawei တရုတ်ဖုန်းများမှာ အသုံးပြုလို့မရပါဘူး ။ ဒါပေမယ့် Facebook Home ကို official support မလုပ်တဲ့ ဖုန်းတွေမှာသုံးလို့ရအောင်လုပ်လို့ရပါတယ်။ အခုပေးမယ့်နည်းကတော့ ဖုန်းကို root လုပ်ထားစရာမလိုပဲ Android 4.0 နှင့်အထက်ရှိတဲ့ ဖုန်းတိုင်း Facebook Home ကိုအသုံးပြုနိုင်မှာပါ။ root လုပ်ထားစရာမလိုဘဲ Model နိမ့်ဖုန်းတွေမှာ Facebook Home အသုံးပြုနိုင်ဖို့အတွက်သီးသန့်ပြုပြင် patch လုပ်ထားတဲ့ facebook application သုံးခု ( Facebook Home, Facebook , Facebook Messenger) ကိုအသုံးပြုရမှာပါ။ ကျွန်တော်အနေနဲ့ Huawei Ascend P1, Samsung Galaxy S3 Mini တို့မှာစမ်းသပ်အောင်မြင်ထားပါတယ်။ ကဲ… လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုလုပ်ဆောင်ကြရအောင်။

အရင်ဆုံး ဖုန်းထဲမှာ သွင်းထားပြီးသား Facebook Home, Facebook , Facebook Messenger အဲဒီသုံးခုထဲက တစ်ခုခု ၊ သုံးစလုံးရှိနေရင် အခုပြောခဲ့တဲ့ application သုံးခုစလုံးကို ဖုန်းထဲကနေ uninstall လုပ်ထားပါ။

ပြီးလျှင် Facebook Home အသုံးပြုဖို့အတွက်လိုအပ်တဲ့ android application ဖိုင်သုံးခုကိုအောက်က link မှာရယူပါ။
http://www.mediafire.com/?2kp91l48qansqa7

download ရယူပြီးပြီဆိုရင်တော့ ဖုန်းထဲသို့ ဆော့ဝဲသုံးခုစလုံးကို install လုပ်ပါ။
- ဖုန်းထဲသို့ install လုပ်ပြီးပြီဆိုပါက အခုသွင်းလိုက်တဲ့ သုံးခုထဲက Facebook for Android ထဲကိုဝင်၍ မိမိရဲ့ facebook account နဲ့ log in ၀င်ထားပါ။



ပီးလျှင် Facebook application ရဲ့ setting ထဲသို့ဝင်၍ Enable Facebook Home ကိုအမှန်ခြစ်ပေးပါ။

- ပြီးရင် Facebook ဆော့ဝဲထဲကနေထွက်ပြီး ခုနကသွင်းထားတဲ့ သုံးခုထဲက Facebook Home for Android ထဲကိုဝင်လိုက်ပါ။



အခုဆိုရင် သင့်ရဲ့ဖုန်းမှာ facebook home ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်။ သင့်ရဲ့ဖုန်းမှာ Facebook Home ကိုသုံးစွဲလို့ရနေပါပြီ။


0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...