သူငယ်ချင်း တစ်ယောက်ကြုံရတဲ့ ဖြစ်ရပ်လေးပါ။ အခြား သူများလည်း ဒီလိုဖြစ်နေမှာစိုးလို့ မျှဝေ ပေးလိုက်ရပါတယ်။
သူက iPhone 4 ကိုင်တာပါ။ iPhone 4 မှာ အရင်က မိုဘိုင်း အင်တာနက် သုံးတာ တော်တော်ကောင်းပြီး နောက်ပိုင်း ကျတော့ 2G တောင် တက်မလာတဲ့ အထိ ဆိုးဆိုးရွားရွား ဖြစ်သွားသတဲ့လေ။ ဘာကြောင့်လဲ အဖြေရှာမရအောင် တစ်ပတ်လောက်ကြာတော့ ကျနော်လည်း ဘာမသိညာမသိနဲ့ သွားကလိကြည့်မိတယ်။ မထူးဘူးဗျ။ အင်တာနက်က H တက်ဖို့ ဝေလာဝေး။
နောက်တော့ သူ့တပ်ထားတဲ့ ကာဗာကိုဖြုတ်ပြီး သုံးကြည့်လိုက်တော့ အင်တာနက်က သုံးလို့ ကောင်းသွားပါလေရော။ တရားခံ ကတော့ ဖုန်း ကာဗာပါပဲ။
သူတပ်ထားတဲ့ ဖုန်းကာဗာက အလူမီနီယံ အမာသား၊ ဖုန်းက လည်း အလူမီနီယံ။ အဲ့မှာ တည့်တည့်တိုးပါလေရော။ သာမန် ဘေးတွေ ကာတာ ပြဿနာ မရှိပါဘူး။ iPhone ရဲ့  ထိပ်ပိုင်းကိုပိတ်ပြီး တပ်ထားတဲ့ ကာဗာလေ။ ဒါကြောင့် အင်တာနက် သုံးလို့ မရနီးနီးအောင်ကို လိုင်းကျတာကိုး။ ဒီတော့ တွေ့ရှိချက်က–
iPhone ရယ်လို့ မဟုတ်ပဲ ဘယ်ဖုန်းပဲ ဖြစ်ဖြစ် အင်တာနက် ကောင်းကောင်း သုံးချင်ရင် ကာဗာ မတပ်တာ အကောင်းဆုံးပါပဲ။ သုံးနေတုန်း ခဏဖြုတ်တာမျိုးပေါ့။ တပ်ရင်တောင် ကိုယ်တပ်တဲ့ ကာဗာက ဖုန်း အင်တာနာပတ်လည်မှာ သွားပိတ် မနေမိဖို့ ပိုအရေးကြီးပါတယ်။ ပွန်းပဲ့မှာစိုးလို့ ကာဗာတပ်တာတော့ မှန်ပါတယ်လေ။
အဓိကက အင်တာနာ ပတ်လည်မှာ ကာဗာပိတ်မိမနေစေဖို့ပဲ။ ကိုယ်ဖုန်း တစ်လုံးဝယ်တဲ့အခါ ဘယ်နေရာက ဖုန်းလိုင်း signal ဆွဲတဲ့ နေရာလည်းဆိုတာကို သေချာလေ့လာ။ ပြီးတော့ ယင်းနေရာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်ထားတာမျိုးက အကောင်းဆုံး ဖြစ်ပါတယ်။
စကားပုံလည်း အရှိသား။ နဂိုရှိမှ နဂိုင်းထွက်တဲ့။ လိုင်းက သူ့ဘာသူ မတက်တာကြီးကို င့ါဖုန်း ဘာများ ဖြစ်သလဲလို့ သံသယ မဝင်သင့်ပါဘူး။
နောက်တစ်ချက်က ဘက်ထရီ Saving app တွေ။ ကိုယ့် ဖုန်း အားကုန်မှာစိုးလို့ ဆိုပြီး ဘက်ထရီကို ထိန်းသိမ်းပေးမယ့် app တွေ ဇွတ်ထည့်ပါလေရော။ Mobile Data Switch ရဲ့  အလုပ်လုပ်မှုကလည်း ဘက်ထရီအားကို အကုန်ကျများစေလို့ ဘက်ထရီ ထိန်းသိမ်းပေးတဲ့ app တွေက Data Usage လျော့ချပေးတာမျိုး၊ banwidth လျော့ချတာမျိုးတို့ လုပ်တတ်ပါတယ်။ မိတ်ဆွေ တစ်ဦးရဲ့  ကိုယ်တွေ့ပါပဲ။
လောလာဆယ်တော့ ဒီနှစ်ချက်ပဲ အရင် ပြောပါအုံးမယ်။ နောက်တော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးတဲ့အခါ ဘယ်အချက်တွေ ရှောင်ရမယ် ဆိုတာကို တစ်ချက်ချင်းစီ ရှင်းလင်းဖော်ပြပါ့မယ်။
-
အောင်ခမ်း (TSJ team)
-
အောင်ခမ်း (TSJ team)
………………………………
Copy and Credit to TechSpace Journal
Copy and Credit to TechSpace Journal















Time in Rangoon
0 comments:
Post a Comment