Likes

4/03/2013

AntTek Quick Settings

AntTek Quick Settings ကတော့ Android ဖုန်းတွေမှာ Setting ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များကို လျှင်မြန်စွာ ပြောင်းလဲ ပြုလုပ်နိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ Jelly Bean
ပုံစံနဲ့ ဖန်တီးပေးထားတာဖြစ်ပါတယ်။ဒီ App ကိုအသုံးပြုရာမှာ Root လုပ်ထားစရာ မလိုဘူးလို့ဆိုထားပါတယ်။ နောက်ပြီး မိမိအသုံးလိုတဲ့ App တွေကို ရွေးချယ်ထားနိုင်ခြင်း 
ဖုန်းနံပါတ်များကိုရွေးချယ်ထားနိုင်ခြင်း WiFi, mobile data, bluetooth, wake lock, rotation, flight mode, WiFi- & USB-Tethering, GPS အစရှိတဲ့ Setting အသုံးပြုမှုများ
ကိုရွေးချယ်ထားပြီး လျှင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် Screen အလင်းအမှောင်ချိန်ညှိခြင်း Vibration,Slient စတဲ့ အသံပိုင်းဆိုင်ရာ ပြုလုပ်ချက်များကိုလည်း 
လုပ်ဆောင်နိုင်ဦးမှာပါ။ Quick Actionအနေနဲ့ သီချင်းတွေကို previous / next / pause တစ်ခါတည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီ App လေးမှာ လုပ်ဆောင်နိုင်တဲ့ Feature
တွေ 75 ခုဆိုတော့အများကြီးပါပဲ။ဆက်ပြောနေရင် ကုန်မှာတောင်မဟုတ်ပါဘူး။ အသုံးတည့်မယ်ထင်တဲ့သူတွေအတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ Android 2.1 နဲ့
အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး ရယူလိုချင်သူတွေကတော့အောက်ပါလင့်မှာဒေါင်းလော့ပြုလုပ်နိုင်ပါတယ်။

Apk Download -> http://dl.papktop.com/2013/03/AntTek_Quick_Settings_1_1.apk



0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...