Likes

4/07/2013

အသုံးဝင် Android Facebook Application များ


*** အသုံးဝင် Android Facebook Application များ ***

Facebook ကိုဖုန်းကနေ အသုံးပြုသူတွေအတွက် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
Facebook နဲ့ပက်သတ်ပြီး အသုံးဝင်တဲ့ app တွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။ 
ကဲ ဘာတွေလဲ ကြည့်ရအောင် ..

*** FB Touch ***
ဒါကတော့ Facebook ကို အမြန်သုံးနိုင်မယ့် app တစ်ခုပါ။
connection မကောင်းတဲ့အချိန်မျိုးမှာ Facebook ကို ဖွင့်ကြည့်နိုင်ပါတယ်။
Offical Facebook နဲ့ တစ်ပုံစံတည်း တူအောင် ဖန်တီးထားပါတယ်။
ကျွန်တော် တင်ပေးပြီးသားပါ။ တကယ်မြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။
မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

*** TiKL TouchTalk WalkieTalkie ***
ဒါကတော့ Facebook ပေါ်ကသူငယ်ချင်းတွေနဲ့ ဝေါ်ကီတော်ကီ သဘောမျိုး တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားပြောနိုင်မယ့် app ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် Voice Chat လုပ်လို့ရပါတယ်။
Group Voice Chat အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။
ကျွန်တော် အရင်က တင်ပေးပြီးသားပါ။ အဆင်ပြေပါတယ်။

*** My Album ***
ဒါကတော့ Facebook ပေါ်မှာ ဓါတ်ပုံတွေကို download/upload လုပ်နိုင်တဲ့ ..
app ဖြစ်ပါတယ်။ ဓါတ်ပုံတွေ သိမ်းဆည်းထားချင်သူများ၊ ပုံအသစ်တွေ တင်ချင်သူများ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ လူကြိုက်များသော FB Photo downloader app ဖြစ်ပါတယ်။ Tags အလုပ်ခံထားရတဲ့ ပုံတွေကိုပါ download ပြုလုပ်နိုင်ပါတယ်။ SD card အောက်က MyAlbum ဆိုတဲ့ folder ထဲမှာ ပုံတွေကို save ပေးပါတယ်။

*** First Cover ***
Facebook Timeline Cover ပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ app တစ်ခုပါ။
cover ပုံတွေ အများကြီး ရှာဖွေပြီး ပြောင်းလဲနိုင်ပါတယ်။ မိမိ Timeline ပေါ်ကို အလွယ်တကူ စိတ်ကြိုက် cover များရှာဖွေပြီး
ပြောင်းလဲနိုင်ပါတယ်။

*** my ChatDroid for Facebook ***
Facebook Chatting app တစ်ခုပါ။ မြန်ဆန်ပြီး အသုံးပြုရတာ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ Chatting သီးသန့် အသုံးပြုချင်သူတွေအတွက် အဆင်ပြေပါတယ်။ Facebook app ကိုဖွင့်ပြီး 
အသုံးပြုရတာမဟုတ်တော့ စက်လဲ မလေးတော့ဘူးပေါ့။

တစ်ခြားအသုံးဝင် facebook apps တွေ ကျန်ပါသေးတယ်။
အခုတင်ပေးလိုက်တာတွေကတော့ သယ်ရင်းတို့ မသိတာများမယ်ထင်ပြီး ..
တင်ပေးလိုက်တာပါ။ တစ်ချို့ app တွေကတော့ နာမည်ကြီးတွေဆိုတော့ ..
သိလောက်မယ်ထင်ပြီး မတင်တော့ပါဘူး။ စမ်းကြည့်လိုက်ကြပါဦး။
ကျွန်တော်လဲ တစ်ညနေလုံး ဒါတွေပဲ ထိုင်ကလိပြီး အခုမှ တင်ဖြစ်တာပါ။
ကဲ .. အားလုံးပဲ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
app တွေကို စုစည်းပြီး zip file အနေနဲ့တင်ပေးလိုက်ပါတယ်။

ဒေါင်းရန် - http://www.mediafire.com/?5bon17lmx6a6tks


0 comments:

Unordered List

Related Posts Plugin for WordPress, Blogger...