Likes

3/14/2014

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ


                        

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ
=========================
နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။
(၁) ဖရဲသီး
ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။
(၂) ဒိန်ချဉ်
ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။
(၃) သခွားသီး
သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။
ကြယ်စင်
Ref>>> Good Health


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ

          


ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ
===================
လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ စပျစ်သီး
ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။
၂။ သေဘာၤသီး
သေဘာၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။
၃။ ချင်း (ဂျင်း)
ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။
၎။ မာလကာသီး
မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။
၅။ ဂေါ်ဖီထုပ်
အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။
၆။ ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
၇။ သံပရာသီး
သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။
၈။ စွန်ပလွံသီး
စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။
၉။ ပန်းသီး
ပန်းသီးက ဝမ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။
၁ဝ။ ဥသျှစ်သီး
ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ်တတ် သူတွေ စားပေး သင့်ပါတယ်။

credit - medicalarticlesforpeople


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

သံပုရာရည်ကို ဘာ့ကြောင့် နံက်တိုင်းသောက်သင့်တာလဲ





သံပုရာရည်ကို ဘာ့ကြောင့် နံက်တိုင်းသောက်သင့်တာလဲ
===============================

အဖြေကတော့သံပုရာသီးထဲမှာ လူသားတို့ ကျန်းမာရေးကိုကောင်းကျိုးပြုတဲ့ အာနိသင်တွေများပြားလို့ ပါဘဲ။ သံပုရာသီးထဲမှာ ကိုယ်တွင်း/ကိုယ်ပ ဗက်တီးရီးယားပိုးမွှားတွေကို သုတ်သင်နှိမ်နင်းပေးနိုင်တဲ့ antibacterial၊ ပြင်ပကူးစက်ဗိုင်း ရပ်စ်ပိုးတွေကို တားဆီးကာကွယ်ပေးတဲ့ antiviral၊ ကိုယ်ခံစွမ်းအားတွေတိုးတက်ကောင်းမွန်စေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ဖြစ်ကြတဲ့ ဆစ်ထရစ်အက်ဆစ်/ကယ်လ်စီယမ်/မဂနီစီယမ်/ဗီတာမင်စီတို့ လုံလောက်စွာပါရှိတာကြောင့် နံက်စာစားပြီးတိုင်း သံပုရာရည် တစ်ခွက်ပုံမှန်သောက်ပေးသင့်တယ်လို့  Daily Health Tips(ခေါ်)အင်တာနက်ကျန်းမာရေးသတင်းလွှာမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့ ဖော်ပြသွားခဲ့ပါတယ်။



(၁) အစာကျေစေခြင်း။



သံပုရာရည်က ခန္ဒာကိုယ်တွင်း အစာချေအင်္ဂါအဖွဲ့ အစည်းထဲမှ အဆိပ်အတောက်များကို နှင်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် အစာမ ကျေလေပွခြင်းကိုလည်း သက်သာလာစေပါတယ်။ အူသိမ်အူမများကို ကောင်းစွာအလုပ်လုပ်စေနိုင်လို့  အူကင်ဆာဝေဒနာသည် များကို သံပုရည်သောက်ရန် ဆရာဝန်များက အကြံပေးလေ့ရှိပါတယ်။



(၂) ကိုယ်တွင်းသန် စေ့ခြင်း။



သံပုရာသီးထဲရှိ ဆစ်ထရစ်အက်ဆစ်များက အင်ဇိုင်းအဖြစ်အထောက်အပံ့ဖြစ်စေပါတယ်။ နံက်ပိုင်း သံပုရာရည်သောက်ခြင်း အားဖြင့် တညတာအောင်းထားသော ယူရစ်အက်ဆစ်များကို ဆီးအဖြစ်ကုန်စင်အောင်စွန့် ထုတ်ပေးနိုင်ပါတယ်။



(၃) ကိုယ်ခံစွမ်းအားတိုးတက်ကောင်းမွန်စေခြင်း။



ဗီတာမင်စီနဲ့  ပိုတက်စီယမ်တို့  မြင့်မားစွာပါရှိကြလို့ ၊ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့ အစည်းများကို လှုံ့ ဆော်ပေးပါတယ်။သွေးတိုး ကျခြင်း၊ ရာသီဥတုပူပြင်း၍ ရေဓာတ်ဆုံးရှုံးမောပန်းမှုဒဏ်ကို ပြေပျောက်ခြင်း၊ ပန်းနာရင်ကျပ်နဲ့  အသက်ရှုလမ်းကြောင်းပိတ် ဆို့ မှုပြသနာများကို ကောင်းကျိုးပြုပေးပါတယ်။ သံပုရာတစ်ခွက်ကို နံက်တိုင်းပုံမှန် သောက်သုံးပေးခြင်းဖြင့် အရိုးအဆစ်မြစ် များတွင် ယူရစ်အက်ဆစ်အနည်ကျခြင်းကို ကာကွယ်ပေးလို့  အဆစ်မြစ်ယောင်ရမ်း ဝေဒနာသည်များ၊ လေးဘက်နာရောဂါသည် များ၊ ဂေါက်ဝေဒနာသည်များ မဖြစ်မနေသောက်သုံးသင့်ပါတယ်။ အရိုးနဲ့  အရိုးဆက်တစ်ရှုးများ ကြံ့ ခိုင်ကျန်းမာစေရန်အတွက် လည်း သံပုရာရည်က မရှိမဖြစ်ပါဘဲ။ ဒါ့ပြင် သံပုရာသီးထဲမှာပါရှိတဲ့ antimicrobial အစွမ်းက ရာသီ ကူးစက်ဖျားများဖြစ်ကြသော အအေးမိ၊ တုပ်ကွေးရောဂါတို့ ကို တိုက်ထုတ်ပေးနိုင်ပါတယ်။



(၄) အရေပြားသန့် စေခြင်း။



ကျန်းမာသောအသားအရေဖြစ်စေဖို့  ဗီတာမင်စီက အလိုအပ်ဆုံးအရာပါ။ သံပုရာသီးထဲရှိ ဗီတာမင်စီများက ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ်စွမ်းဆောင်နိုင်၍၊ အသားအရေတွဲကျခြင်း၊ အရေပြားညစ်ကာမစိုမပြေဖြစ်ခြင်း၊ အသားအရေနေလောင်ခြင်း တို့ ကို လျော့ပါးသက်သာစေပါတယ်။ ဒါ့ပြင် သံပုရာသီးထဲရှိ သဘာဝအယ်လ်ကာလီအစွမ်းက ၀က်ခြံဖြစ်စေတဲ့ ဗက်တီးရီးယားတို့ ကို သေစေပါတယ်။ အမာရွတ်နဲ့  မျက်နှာပေါ်ရှိအမည်းစက်များလျော့ပါးသက်သာလာစေဖို့ သံပုရာရည်ဖြင့် ယုံကြည်စိတ်ချစွာလိမ်း ပေးပါ။



(၅) စိတ်ခံစားမှုကောင်းမွန်စေခြင်း။



အစားအစာထဲရှိ မော်လီကျုးနဲ့ အက်တမ်များက လူသားတွေရဲ့  စိတ်ကိုခွန်အားဖြစ်စေပါတယ်။ သံပုရာသီးက စိတ်ခံစားမှု ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်တာကို စိုးစဉ်းမျှယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ သံပုရာရနံ့ က လူကိုလန်ဆန်းတက်ကြွ စေသလို၊ သံပုရာရည်သောက်ခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့ ကို လျော့ကျသွားပါတယ်။



(၆) ခံတွင်းကောင်းစေခြင်း။



နာတာရှည်နေမကောင်းဖြစ်သူများ၊ ခွဲစိတ်ကုသခံရသောလူနာများ သံပုရာရည်သောက်ခြင်းဖြင့် နာလန်ထခံတွင်းလိုက်လာကာ နှုတ်မြိန်စေပါတယ်။ သံပုရာရည်က သွားနဲ့ သွားဖုံးများ ရောင်ကိုင်းနာကျင်ခြင်းမှ သက်သာစေပြီး၊ ခံတွင်းရနံ့ ကိုလည်း ရှင်းသန့်  ကောင်းမွန်လာစေပါတယ်။ သို့ သော် သံပုရာရည်သောက်ပြီး (ချက်ချင်း) သွားမတိုက်ပါနဲ့ ။ သွားရဲ့ အပေါ်ယံကြွေသွားလွှာများ ပျက်စီးစေတတ်လို့ ၊ အနည်းဆုံး နာရီဝက်ကျော်ကြာမှ သွားတိုက်ပါ။



(၇) ကိုယ်အလေးချိန်ကျစေခြင်း။



ဆေးသုတေသီတွေရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ သံပုရာသီးထဲမှာပါရှိတဲ့ pectin အမျှင်ဓာတ်က အစားအစာတွေမကြာခဏ စားလိုစိတ်ကို ချိုးနှိမ်ပေးပါတယ်တဲ့။ ဒါ့ပြင် alkaline ဓာတ်ပါရှိလို့  ကိုယ်အလေးချိန်မြန်မြန်ကျစေပါတယ်။ အထူးသဖြင့် နံက် အိပ်ယာထမှာ သံပုရာသီးခွံကို ပျော့သွားအောင်လှိမ့်ပြီး၊ ဓားနဲ့ ထက်ခြမ်းခြမ်းကာ ရေနွေးဖြူပူပူခွက်ထဲ သံပရာခွံမနွှာ အရည် မညှစ်ဘဲ အလုံးလိုက်စိမ်သောက်ပေးခြင်းဖြင့်၊ ၁-လအကြာမှာ သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း၊ ခန္ဒာကိုယ်ထဲရှိ အဆီပို များကျခြင်း၊ သွေးတိုးကျခြင်း စသည့်ကောင်းကျိုးတွေခံစားရစေပါတယ်။



(၈) အထွေထွေရောဂါများ။



သလိပ်ခြောက်ချွဲကပ်ခြင်းအတွက် ပျားရည်နဲ့ သံပုရာရည်ဆတူရော၍သောက်ပါ။ လည်ချောင်းနားခြင်းအတွက် ရေနွေးပူထဲ သံပုရာရည်နဲ့ ပျားရည် ဆတူရောထဲ့၍ သောက်ပါ။ ၀မ်းဖောဝမ်းရောင်ခြင်းအတွက် သံပုရာရည် ၄ပဲ၊ ဆား ၂ပဲ၊ ထန်းလျက် ၁ကျပ်သား၊ ရေ ၅ကျပ်သားရောစပ်သောက်ပါ။ နှာခေါင်းသွေးယိုခြင်းအတွက် သံပုရာသီးလတ်လတ်ဆတ်ဆတ်အရည်ကို နှာခေါင်းထဲညှစ်ထဲ့ပါ(သို့ မဟုတ်)သံပုရာရည်ကို ဂျုံမှုန့် နဲ့ ရော၍ နှာတံပေါ်လိမ်းပေးပါ။ သံပုရာစေ့ကို ရေနဲ့ ကြိတ်ပြီး နေ့ စဉ် လိမ်းပေးခြင်းဖြင့် ဆံပင်များပြန်ပေါက်လာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် သံပုရာစေ့ကိုကြိတ်၍ နားသယ်လိမ်း ပေးပါ။



ပေါက်ပေါက်

(ကိုးကား Internet News@Daily Health Tips by 10th August 2013)



အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

ပန်းနုရောင်နှုတ်ခမ်းသား လေးတွေဖြစ်စေဖို့

                       

ပန်းနုရောင်နှုတ်ခမ်းသား လေးတွေဖြစ်စေဖို့
=======================

နှုတ်ခမ်းလေး တွေဆိုတာ နှာရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါ။ နှုတ်ခမ်းလေး တွေက တစ်ဖက်လူကို ဆွဲဆောင်မှု အပြည့်အဝ ရရှိစေ တယ်ဆိုတာ ယုံကြည်ပါ။ နူးညံ့ပျော့ပျောင်းပြီး စိုလက်လှ ပတဲ့ နှင်းဆီရောင် နှုတ်ခမ်းသား လေးတွေကို လူသားတိုင်း အလိုရှိ ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာ နှုတ်ခမ်းသား လေးတွေ အရေခွံ လန်ပြီး ကြမ်းတမ်းလာ၊ အက်ကွဲ လာတာ မျိုးလည်း ကြုံရတတ်တယ်။



အရောင်စို လက်နီထွေးခြင်း မရှိဘဲ မဲတက်လာ တတ်တာ မျိုးလည်း တွေ့ရ ပါသေးတယ်။ အဲဒီလို ဘာကြောင့် ဖြစ် လာရသလဲဆိုရင် ကော်ဖီတွေ အ သောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ ရေအသောက်နည်းခြင်း ကြောင့်သော် လည်းကောင်း၊ ဆေးလိပ် အသောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ နေရောင်ခြည်နှင့် ထိတွေ့ မှုများလာတဲ့အတွက်ကြောင့်သော် လည်းကောင်း ဖြစ်နိုင်စရာ ရှိပါတယ်။ မိမိအိမ်တွင်းမှာပဲ နှုတ်ခမ်းလေး တွေ နီထွေးလာအောင် အောက်ပါ အတိုင်း ပြုလုပ်ပါ။



(၁) မျက်နှာသစ်တဲ့ အခါတိုင်း နှုတ် ခမ်းသားလေး နှစ်ခုကိုလည်း သန့်စင် ဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်မှု ကောင်းစေရန် ၄င်းနေရာ တစ်ဝိုက် အသာအယာ နှိပ်နယ်ပေးပါ။ ဒါဟာ တစ်ရက်တည်းမဟုတ်ပါ။ နေ့စဉ် မှန် မှန်လုပ်ရမယ်ဆိုတာ မမေ့သင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်၊ နှုတ် ခမ်းနီတွေနဲ့ ဖုန်အမှုန်တွေ စေးကပ် လုံးထွေးပြီး ညစ်ပေနေတာမျိုးရှိနိုင်လို့ သန့်စင်ပေးပါက လေဝင်လေထွက် ကောင်းပြီး မွေးညင်းပေါက်၊ ချွေး ပေါက်လေးတွေပွင့် သွားစေနိုင်ပါတယ်။



(၂) ဇလုံတစ်ခုမှာ နွားနို့အနည်းငယ် နှင့် နနွင်းမှုန့် အနည်းငယ် ထည့်၍ ခပ်ပျစ်ပျစ် လေးဖြစ်အောင် မွှေပါ။ သေသေချာချာ မွှေပြီး ရောစပ်သွားပါ ကောင်းပါတယ်။ ပြီးရင် ရေအေးအေး လေးနဲ့ ပြောင်အောင် ဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် နှုတ်ခမ်းသားမှာ အမဲစက်ရှိရင် သို့မဟုတ် မဲနေလျှင် နူးညံ့စိုလက်၍ ပန်းသွေးရောင် ထလာ ပါလိမ့်မယ်။



(၃) သင့်အိမ်မှာ အလှဆီ (Glycerine) ရှိပါက နှုတ်ခမ်း သားလေးတွေ ပေါ်အစက်ချ၍ သုတ်လိမ်း ထားလိုက်ပါ။ နာရီဝက်၁ နာရီခန့်ကြာမှ ရေဆေးပါ။



(၄) နှုတ်ခမ်းသားများ မခြောက်သွေ့ စေရန် ရေများများသောက်ပါ။ အရည် ရွှမ်းသော သစ်သီးများနှင့် ဖျော်ရည် များသောက်ပါ။ နှုတ်ခမ်းသား စိုလတ်စေမယ့် အရည်အသွေး ကောင်းမွန်မယ့်တဲ့ နာမည်ကြီး အမှတ်ဆံဆိပ် အလှကုန် မျိုးကိုသာ သုံးပါ။ ဈေးကြီးပေမယ့် သင့်နှုတ်ခမ်းသား လေးများအား အစို ဓာတ် ထိန်းထားပေး ပါလိမ့်မယ်။ ထို့ အပြင် Petroleum jelly ပါရှိသဖြင့် သင့်နှုတ်ခမ်းအား နူးညံ့စေရုံသာမက သဘာဝနှုတ်ခမ်း အရောင်ကို ထပ်မံရရှိ စေပါလိမ့်မယ်။



(၅) သင့်အိမ်မှာ ပျားရည်ရှိ ပါသလား။ ရှိတယ်ဆိုရင် မအိပ်ခင် ပျားရည်ကို နှုတ်ခမ်းများမှာ သုတ်လိမ်းပြီးမှ အိပ် ပါ။ ပျားရည်က သင့်နှုတ်ခမ်းလေး များအား နူးညံ့စိုလက်၍ လှပစေပါ လိမ့်မယ်။



(၆) သံပရာသီး ကိုလည်း နှုတ်ခမ်း လေးတွေ အတွက် သုံးပေး နိုင်ပါတယ်။ သံပရာသီးမှာ ဗီတာမင်စီ ကြွယ်ဝလို့ အသားဖြူ စေတယ်။ နှုတ်ခမ်းမဲ နေပါက ဖြူစင်လာအောင် သုတ်လိမ်း ပေးနိုင်ပါ တယ်။ နှုတ်ခမ်းသား ပေါ်ရှိ အမဲစက် များကို ဖယ်ရှားပစ်နိုင်တယ်။



(၇) ထောပတ်သန့်သန့်လေးရ အောင်ဝယ်ပါ။ ပြီးရင် နှုတ်ခမ်းသား ပေါ်မှာ စိမ့်ဝင်အောင် သုတ်လိမ်းပါ။ နှုတ်ခမ်းပေါ်ရှိ အမဲစက်များ သက်သာ ပျောက်ကင်း သွားပါလိမ့်မယ်။



(၈) ပျားရည်၊ ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ ကို ရောမွှေပြီးပျစ်အောင် ခပ်နာနာ နယ်ပါ။ ပြီးရင် သံပရာရည်ညှစ်ထည့် ပါ။ အဲဒါကို နှုတ်ခမ်းလေးတွေပေါ် လိမ်းပေးပါကပန်းသွေးရောင်ထလာ တာ တွေ့ရပါလိမ့်မယ်။



(၉) ကော်ဖီနှင့် လက်ဖက်ရည်လို သွားတွေအရောင် စွန်းစေမယ့် အစား အစာတွေ နေ့စဉ်စားပါက ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်(ဆားဆော်ဒါ)မှုန့်ကို သွားလေးတွေ ပေါ်မှာ ပွတ်တိုက်ပေးပြီး သွားဖြူစေတဲ့ သွားတိုက်ဆေးအား သွားပွတ်တံ ပေါ်ညှစ်ပြီး ၂ မိနစ်ကြာ အောင် တိုက်ပါ။ ပြီးရင် ရေစင်စင် ဆေးချပါ။ ဤသို့နေ့စဉ် မှန်မှန်ပြု လုပ်ပေးပါက သွားချေးများပြောင်စင် ပြီး ကြွေသားလေးတွေ စိုလက်လာစေ ပါတယ်။ အစွန်းအထင်း များလည်း မရှိ တော့ပါ။



လှယမင်းတင်

by Good Health




အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

ခြေလက်တို့ရဲ့ အလှတရား





ခြေလက်တို့ရဲ့ အလှတရား
===============

တချို့သူတွေက လူတစ်ယောက်ကိုစတွေ့ပြီဆိုရင် ခြေထောက်ကို (သို့) လက်တွေကို အရင်ကြည့်တတ်ကြတယ်နော်။ ခြေထောက်လေးတွေ လက်လေးတွေ လှမှ သန့်မှ ကြိုက်တတ်ကြတဲ့သူတွေ များတယ်လေ။ အဲဒီတော့ ခြေလက်တို့ရဲ့ အလှတရားကလည်း အရမ်းအရေးပါတာပေါ့။ ခြေထောက်တွေလက်တွေရဲ့ အလှတရားက ဘာဖြစ်မလဲဟင် ??? ခြေထောက်တွေ လက်လေးတွေက မာကြောကြမ်းတမ်းနေတာတွေ၊ အသားမာတွေမရှိဘဲ နူးညံ့ချောမွေ့နေတာပဲပေါ့။ ခြေချောင်း လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဆိုရင် အရမ်းလှတယ်ဆိုပေးမယ့် လုပ်ယူလို့မှမရတာနော်။ အဲဒီတော့ ရတဲ့နည်းလေးတွေနဲ့ ခြေထောက်တွေ လက်တွေရဲ့ အလှတရားကို ပုံဖော်ကြည့်ရအောင်။

Hands

လက်တွေက အလုပ်ပေါင်းစုံလုပ်ရတယ်၊ ပစ္စည်းတွေအများကြီးနဲ့ ထိတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေရှိတဲ့သူတွေ၊ ရေကိုင်များတဲ့သူ ဆပ်ပြာတွေနဲ့ ထိတွေ့မှုများတဲ့သူတွေမှာ လက်ဖ၀ါးတွေ ကြမ်းတမ်းခြောက်သွေ့နေတတ်တယ်လေ။ စိတ်ညစ်ရတာပေါ့နော့။ အဲဒီတော့ လက်လေးနှုးညံ့အိစက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြပေးမယ်နော်။

- ရေကိုင်ရင် ပန်ကန်ဆေး၊ အ၀တ်လျှော်ရင် ရာဘာလက်အိတ်စွပ်ထားပါ။

- နေ့ဘက်တွေမှာ Hand Cream ( သို့ ) Body Lotion ( သို့ ) သံလွင်ဆီ ( သို့ ) Vit E လိမ်းပေးပါ။ ရေစိုလို့ ပျက်သွားရင် ပြန်လိမ်းပါ။

- လက်ဆေးဆပ်ပြာမှာ Moisturiser ပါတဲ့ဆပ်ပြာတွေကို သုံးပေးပါ။ ဆပ်ပြာရည်၊ ဂျယ်လ်တွေက ပိုကောင်းပါတယ်။

- ညဘက်မှာလည်း လိမ်းအိပ်ဖို့ မမေ့နဲ့နော်။

- တစ်ပတ်ကို တစ်ကြိမ်လောက် ညဘက်မှာ လက်ကိုပေါင်းတင်ပေးရင် လက်လေးတွေမှာ အရမ်းကို နှုးညံ့စိုပြေသွားမယ့်အပြင် ချောမွေ့စေတယ်လေ။ ပေါင်းမတင်ခင်မှာ လက်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရမယ်နော်။ Body Scrub သုံးရင်လည်း ရပါတယ်။ သဘာဝနည်းကို သုံးချင်ရင်တော့ သံလွင်ဆီနဲ့
သကြားကို ရောလိုက်ပါ။ တကယ်လို့ အရမ်းခြောက်သွေ့တဲ့အသားအရေပိုင်ရှင် ( သို့ ) ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ အဲဒီအရောကို လက်ခုံပေါ်မှာ နဲနဲလေးပွတ်ပြီး စမ်းကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် သုံးလို့ရပါတယ်။ တကယ်လို့လက်မှာ ထိခိုက်ရှာနာတွေရှိနေရင်တော့ မလုပ်နဲ့အုံးနော်။ တကယ်လို့ အားလုံးအိုကေတယ်ဆိုရင် ခုနက အရောလေးနဲ့ လက်တွေပေါ်မှာ သေချာပွတ်တိုက်ပေးပါ။ လက်ချောင်းလေးတွေကို ရောနော်။ ၁၀ မိနစ်နေရင် ရေဆေးချလိုက်ပါ။ ပြီးတော့ လက်တစ်ခုလုံးကို သံလွင်ဆီလိမ်းပြီး လက်အိတ်စွပ်ပြီး အိပ်လိုက်ပါ။ နိုးလာတဲ့အခါ ဆပ်ပြာအပျော့စားလေးနဲ့ ရေနွေးလေးနဲ့ ဆေးလိုက်တဲ့အခါ လက်လေးတွေက နူးညံအိပ်စက်နေလို့ အရမ်းကို သဘောကျသွားမှာနော်။

- တကယ်လို့ လက်တွေက အရမ်းကြမ်းနေတယ်ဆိုရင် သကြားနဲ့သံပုရာရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာစီကို ရောပြီး လက်တွေကိုပွတ်ပေးပါ။ ပြီးတော့ ၁၅ မိနစ်လောက်နေရင် ရေဆေးချပြီး သံလွင်ဆီလိမ်းပေးပါ။

အပေါ်က နည်းတွေကို ခြေထောက်တွေအတွက်လည်းသုံးနိုင်တယ်နော်။

Feet

- ခြေထောက်တွေက ကြမ်းတမ်းပြီး ဖနောင့်ကွဲနေတဲ့သူတွေ၊ အသားမာရှိတဲ့သူတွေ ရေချိုးတိုင်း ဂျီးတွန်းကျောက်တုန်းလေးနဲ့ ခြေထောက်တွေကို သေချာတိုက်ပေးပါ။ အထူးသဖြင့် ခြေမျက်စိ၊ ခြေဖနောင့်နဲ့ အသားမာနေရာတွေကိုပါ၊ ရေချိုးပြီးရင် သေချာခြောက်အောင်သုတ်ပြီး Body Lotion လိမ်းပေးနော်။

- ဖနောင့်ကွဲနေတဲ့သူတွေ ( သို့ ) ခြေထောက်တွေကို ပိုပြီးနူးညံ့ချောမွေ့စေချင်ရင် ခြေထောက်တွေကို မိနစ် ၂၀ လောက် ညအိပ်ယာမ၀င်ခင်မှာ ရေနွေးထဲမှာ ခြေထောက်တွေကို မိနစ် ၂၀ လောက် စိမ်ပြီး နှိပ်နယ်ပေးပါ။ ပြီးတော့ Petrdeum Jelly ကိုလိမ်းပြီး ခြေအိတ်ဝတ်ပြီး အိပ်လိုက်ပါ။ မနက်အိပ်ယာနိုးတဲ့အခါ ခြေထောက်ကို သေချာဆေးလိုက်ရုံပါပဲ။

- ဖနောင့်ကွဲတဲ့သူတွေက ညတိုင်းအိပ်ယာမ၀င်ခင် ခြေထောက်ကို ဆေးကြောပြီး Petroleum Jelly လိမ်း
ခြေအိတ်စွတ်ပြီး လိမ်းရင် သိသိသာသာသက်သာသွားမှာပါ။ ဖနောင့်ကွဲမရှိဘဲ ရိုးရိုးခြေထောက်ကို နှုးညံချောမွေ့စေလိုသူတွေကတော့ Petroleum Jelly အစား Vit E , သံလွင်ဆီ , Body Lotion တို့ကိုသုံးနိုင်ပါတယ်။

အပေါ်ကနည်းတွေအတိုင်း နေ့တိုင်းလုပ်ပေး ဂရုစိုက်ပေးရမှာနော်။ အော်.. အပြင်သွားရင်လည်း လက်တွေ ၊ ခြေထောက်တွေကို Suncream တွေကိုလိမ်းပေးဖို့ မမေ့ပါနဲ့။ နူးညံ့ချောမွေ့လှပတဲ့ ခြေလက်တို့ရဲ့ အလှတရားနဲ့ အလှပိုနိုင်ကြပါစေရှင်။


(ရင်နှင်းငယ်)
Myanmar Health & Beauty


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

Unordered List

Related Posts Plugin for WordPress, Blogger...