Likes

2/06/2014

Facebook က မြန်မာကို ဖုန်းပြန်ခေါ်ပြီ

                          


လော့ကျပြီး ဖုန်းနံပါတ်အတောင်း ခံနေရတဲ့
Facebook အကောင့်တွေကို Unlock
လုပ်ရာမှာ ပဲ ဖြစ်ဖြစ် ... ကိုယ့်ရဲ့ ကိုယ်ပိုင်
Facebook အကောင့်ကို ကိုယ်ပိုင် 
ဖုန်းနံပါတ်လေးနဲ့ Verify လုပ်ထားချင်ရင်ပဲ ဖြစ်ဖြစ်
ဒီနည်းလေးကို သုံးနိုင်ပါတယ် ...
အနည်းငယ်တော့ ပညာသားပါတာမို့ စနစ်တကျနဲ့
ဇွဲရှိရှိ လုပ်ပေးပါလို့ ကြိုပြောထားချင်ပါတယ်
ကွန်ပျူတာနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး Chrome Browser ကို အသုံးပြုလုပ်ဆောင်ရမှာလည်း
ဖြစ်ပါတယ် ..
ကဲ .. စ လိုက်ကြစို့



အရင်ဆုံး Chrome Browser ကို ဖွင့်ပြီး Facebook အကောင့်လော့ဖြည်တဲ့ အဆင့်တွေအတိုင်း
ပုံမှန်အတိုင်း လုပ်ဆောင်သွားပါ ..
ဖုန်းနံပါတ် ထည့်ရမယ့် အဆင့်ကိုရောက်တဲ့အခါ ကိုယ်သုံးမယ့် မြန်မာဖုန်းနံပါတ်တစ်ခုကို ထည့်ပါ
ဖုန်းပါတ်ထည့်ပြီးရင် Sending me a text ဆိုတဲ့ စာတမ်းပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ ထဲက
အောက်နားမှာရှိတဲ့ Inspect element ကို ရွေးပါ





အောက်ကပုံအတိုင်း ကုဒ်တွေ ပွင့်လာပါမယ်



ကုဒ်တွေထဲက code_smd ဆိုစားပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး sms ကို voice လို့ ပြင်ပေးလိုက်ပါ .. code_voice လို့ ဖြစ်သွားအောင် ပြင်လိုက်တာပါ



ပြီးရင် enter နှိပ်လိုက်ရင်လည်း ရပါတယ် .. element window ရဲ့ လွတ်နေတဲ့ နေရာကို ကလစ်တစ်ချက်လောက်နှိပ်ပြီး ညာဖက် အစွန်က ကြက်ခြေခပ်လေးကို နှိပ်ပြီး element window ကို ပိတ်လိုက်ပါ
ပြီးရင် Continue ကို နှိပ်လိုက်ပါ ..
နောက်တစ်ဆင့်မှာ ကုဒ် ထည့်ရမယ့်အဆင့်ကို ရောက်သွားရင် အောင်မြင်ပါပြီ .. နည်းနည်းလောက် စောင့်လိုက်ရင် ဖုန်းဝင်လာပါလိမ့်မယ် ..
Facebook က ပြောတဲ့ စကားသံဟာ တော်တော်မြန်တဲ့အတွက် သေချာနားထောင်ဖို့တော့ လိုပါတယ် ..
ကုဒ်ကို လေးလုံး ပြောလာမှာ ဖြစ်ပါတယ် ..




တကယ်လို ကုဒ်ထည့်ရမယ့် အဆင့်ကို မရောက်ပဲ .. အောက်မှ ပြထားသလို Error Message တစ်ခုခု ကျလာခဲ့ရင် Cancel ကိုနှိပ်ပြီး ဖုန်းနံပါတ်ထည့်တဲ့ အဆင့်ကနေ ပြန်လုပ်ပါ ..




အဲဒီလို လုပ်တာမှ Error Message တက်နေတုန်းပဲ ဆိုရင်တော့ အားလုံးကို ပိတ်ပြီး နာရီဝက်လောက်စောင့်ပြီးမှ အစကနေပြန်ဝင်လုပ်ပါ ...
တစ်ခါတစ်ခါ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ရင်း ဖုန်းနံပါတ်ထည့်ရမယ့် အဆင့်မှာ အောက်ကပုံအတိုင်း Giving me a call ဆိုတဲ့ Function တစ်ခု တိုးလာတာကို ကြုံရတတ်ပါတယ် ..
အဲဒါဆိုရင်တော့ အဲဒီ Giving me a call ကို အမှတ်လေးတပ်ပေးပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်တာနဲ့ ခဏလောက်အကြာမှာ ဖုန်းဝင်လာပါလိမ့်မယ် ...
တစ်ခုကြိုပြောချင်တာက စိတ်ရှည်ဖို့ ပါပဲ ...
ကျွန်တော်ဆို .. ဒီပို့စ်ကို တင်ဖို့ ဒီနည်းကို စမ်းတာ ၂ ပါတ်လောက်ကြာပြီး ညတိုင်း မိုးလင်းခဲ့ပါတယ် ..
အခုတော့ .. ၄ ကြိမ်လောက်လုပ်ရင် တစ်ကြိမ်လောက်က ကုဒ်ထည့်တဲ့အဆင့်ကို ရောကပြီး တစ်ကြိမ်လောက်က Giving me a call ဆိုတဲ့ Function ပါလာတာမျိုးကို ကြုံရပါတယ် ..
သတိထားမိတာတစ်ခုက မနက် အစောပိုင်း ( ၄ နာရီနဲ့ ၇ နာရီကြား ) တွေမှာ အခုလို အောင်မြင်တာကို တွေ့ရပါတယ် ..
ကဲ .. အောက်မှာ ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ် .. လေ့လာကြည့်ပါဦး







ဗွီဒီယိုဖိုင်ကို ဒေါင်းယူထားချင်တဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီနေရာ မှာ တင်ပေးထားပါတယ် ..

ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Credit to >> သဇင်ကိုကို 

အိုင်တီမုဆိုး 




အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Facebook 7.0.0.0.21ထွက်ပြီ

                                        


                                     


                                  Download - Facebook 7.0.0.0.21



အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

G730-U00 မှာ မြန်မာ ဆော့ဖ်ဝဲလ်တချို့  မြန်မာလို မပေါ်တာတွေကိုပြင်ပေးထားပါတဲ့ Software တစ်ချိပါ

                  




G730 MMHub Myit Tar ( http://sh.st/PZtR )

G730 MMHub Payate ( http://sh.st/PZt2 )

G730 ShweBook ( http://sh.st/PZyF )

G730 တားရော့ ( http://sh.st/PZui )


သက်ဆိုင်သူအားလုံးကိုလည်း Credit ပေးပါတယ်ဗျာ...



အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Facebook ဆော့ဝဲ ဖွင့်သည့်အခါ Connection Lost Tap to Retry ဆိုပြီး ပြနေသည့်ပြသနာ ဖြစ်နေတဲ့သူများအတွက်ပါ ။


                       


မိမိဖုန်းရဲ့ Language မှာ မြန်မာစာစနစ်ကို ရွေးချယ်ပြောင်းလဲ ထားမယ်ဆိုရင် Facebook ဗားရှင်းအသစ်မှာ အသုံးပြုလို့မရပဲ ထိုကဲ့သို့စာပေါ်နေမှာဖြစ်ပါတယ် ။

အသစ်ထွက် Facebook V5.0.x.x ဗားရှင်းနောက်ပိုင်းကိုက ဖုန်းကိုမြန်မာစာနစ်ချိန်းထားရင် သွားညိနေတာလို့ထင်ပါတယ် ။ FB ဆော့ဝဲနဲ့ မြန်မာစာစနစ်နဲ့ ချိတ်ဆက်မှုရှိနေလို့ ပြသနာဖြစ်နေတာပါ ။ 

ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ ဟိုးအရင်က ကျနော့်ဖုန်းကို မြန်မာစာစနစ်ချိန်းထားပြီး Facebook သုံးရင် အထဲက Menu စာတစ်ချို့တွေ နေ့ရက်ဒိတ်တွေက မြန်မာစာစနစ် သူ့အလိုလိုတွေ ပြောင်းပြီးပြနေတယ် ။ နောက်ပိုင်းဗားရှင်းတွေမှာ အဲ့လိုမပြတော့သလို Facebook V5.0.x.x အဆင့်ရောက်လာတဲ့အခါမှာ ဖွင့်လို့ပါမရတော့တဲ့ ပြသနာဖြစ်လာတော့ပါတယ် ။

ထို့ကြောင်း မိမိဖုန်းရဲ့ Language မှာ မြန်မာစာစနစ်ကိုချိန်းပြီး အသုံးပြုချင်ပါက Facebook ဗားရှင်းအဟောင်းနဲ့ အသုံးပြုလို့ရပါတယ် ။

Facebook V5.0.x.x မထွက်မှီ သူ့ရှေ့ကထွက်ရှိခဲ့တဲ့ Facebook V4.0.0.26.3 ကို လိုချင်သူများအတွက် တင်ပေးလိုက်ပါတယ် ။ 

+++ Official ဖြစ်သည့်အတွက် Video များကို ဖွင့်ရာတွင်လဲ မည်သည့် Player နှင့် ဖွင့်မလဲဆိုတာကိုလဲ ရွေးချယ်ခွင့်ပေါ်မှာဖြစ်ပါတယ် +++ 

Facebook V4.0.0.26.3 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

Facebook V4.0.0.26.3 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ 14 MB ဆိုဒ်က ရှိပါတယ် ။

Facebook V4.0.0.26.3 ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

Facebook V4.0.0.26.3 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

Facebook V4.0.0.26.3 ကို Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။ 



credit - http://freemobilesharing.blogspot.com/


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

ဘယ်နိုင်ငံမဆို PHONE အလကားပြောမယ် MESSAGES အလကားပို့မယ်


                                   

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ကျနော်အခုတင်ပေးမဲ့ ပိုစ့်ကတော့ အားလုံးပဲကြိုက်ကျမယ်လို့မျှော်လင့်ပါတယ်။ သိပြီးသားသူတွေ ရှိပြီးသားသူတွေအတွက်တော့
ဘာမှ မဟုတ်တဲ့ ပိုစ့်တစ်ခုလို့ပဲ သတ်မှတ်ပါခင်ဗျာ။ကျနော်အတွက်ကတော့ မသိရသေးတဲ့
အတွက်အသစ်လို့ပဲ သတ်မှတ်မိတယ်ပါတယ်။အရင်က ကျနော် Phones Free Call ဆိုပြီပိုစ့်တင်ခုတင်ပေးခဲ့ပါသေးတယ်။အဲတုန်းကလည်း တစ်ကယ်ပဲ Free Call ရပါတယ်။
အခုလဲ တစ်ကယ်ရတဲ့ Free Call ရတဲ့ Application တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။
Iphone, Android , Computer အားလုံးမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။
ကိုယ့် ခေါ်မဲ့ ဖုန်းမှာ ဘာအင်တာနက်လိုင်းမှ ရှိစရာမလိုပဲ ဖုန်း Free Call လုပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိကျနော်တင်ပေးလိုက်တဲ့ Android Apk ကိုလဲ ကိုယ့်ခေါ်ဆိုမဲ့ ဖုန်းထဲ့မှာ လုံးဝ ထည့်ထားစရာမလိုပါဘူးခင်ဗျာ။မိမိဖုန်းထဲ့မှာ သာထည့်ထားရုံနဲ့ လုံလောက်ပါတယ်ခင်ဗျာ။
Free Call ခေါ်ဆိုရုံတင်မကပဲ Messages ပါ Free ပို့လို့ရတယ်ဗျာ။
ဘယ်နိုင်ငံမဆို Free Call , Free Messages ပေါ့ဗျာ။
အောက်မှာကျနော် လုပ်ထားတဲ့ Video တင်ပေးထားပါတယ်။
Phone အတွက်လုပ်ပြထားပေးတာဖြစ်ပါတယ်။
ကွန်ပြူတာ သမားတွေအတွက်ကတော့ သိပ်ပြီ မခက်ခဲပါဘူးဗျာ။
Download လုပ်ပြီ မိမိ စက်ထဲ့ မှာ install လုပ်ပါ။ ပြီးရင် Register လုပ်ဖို့ iD
မှာ မိမိကြိုက်နှစ်သက်ရာ နာမည်နဲ့ Mail နေရာမှာ Gmail တစ်ခု Password နေရာမှာတော့
မိမိကြိုက်နှစ်သက်ရာ လှို့ဝှက်နာပါတ်ပေးပြီးရင်တော့...Free Call Free Messages ပေါ့ဗျာ။
ကွန်ပြူတာအတွက် Videos ဖိုင်က ဆိုဒ်နည်းနည်းကြီးနေလို့ Upload မတင်ပေးတာနားလည်ပေးပါခင်ဗျာ။
invite လုပ်ပြီသူငယ်ချင်းများက လက်ခံမယ်ဆိုရင်တော့ အမြဲတမ်း Free Calll ပဲနော်..:)
Messages ပို့တာတော့ နည်းနည်းအလုပ်များနေလို့ မတင်ဖြစ်တော့တာပါ။
ကိုယ့်ဘာသာပဲ စိတ်ကြိုက်ကလိကျပေါ့ဗျာ...ဟီးး..ကျနော်ကတော့ ကောင်းကောင်းကလိနေပြီဗျာ...။
လုံးဝ မိုက်တယ်.....:)
စာရေးပျင်းလို့ Videos လေးပဲ အဓိကထားပြီးတင်ပေးလိုက်တာဖြစ်ပါတယ်။...:P
အဆင်မပြေရင်အော်.....ခဲ့ပါ....:)





Credit to ==> အိုင်တီအိမ်မက်

အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Download Evasi0n7 1.0.5 For UnTethered Jailbreak 7.0.5 Support

                                  Download Evasi0n 7 1.0.5 Jailbreak 7.0.5




Mac          Download Evasi0n7 1.0.5 For UnTethered Jailbreak 7.0.5 Support

Window      Download Evasi0n7 1.0.5 For UnTethered Jailbreak 7.0.5 Support




အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

Unordered List

Related Posts Plugin for WordPress, Blogger...