Likes

2/03/2014

sm³ DIR Application ကို 2014 ခုနှစ်အတွက် v3.1 အဖြစ် ဗားရှင်းအသစ်မြှင့်တင်ပြီး


             


sm³ DIR Application ကို 2014 ခုနှစ်အတွက် v3.1 အဖြစ် ဗားရှင်းအသစ်မြှင့်တင်ပြီး 

ထုတ်လုပ်ထားပါသည်။

ယခုဗားရှင်းတွင် Directory ကဏ္ဍများအပြင်၊ ဈေးကွက်သတင်းနှင့် ဈေးနှုန်းများ၊


ဖျာ်ဖြေရေးကဏ္ဍအတွက် ရုပ်ရှင်သတင်းများ၊ promotion သတင်းများပါ 

ထပ်မံတိုးချဲ့ထားပါသဖြင့် စမ်းသပ်သုံးစွဲနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။**

(** Android ဗားရှင်းအတွက် စတင်ထုတ်လုပ်ထားပြီး iOS နှင့် Windows Phone များအတွက် 

မကြာမီ အသုံးပြုနိုင်ပါမည်)


လူကြီးမင်းဖုန်းနှင့် ကိုက်ညီမည့် App ကို အောက်ဖော်ပြပါ link မှတဆင့် Download ချ 



အသုံးပြုနိုင်ပါသည်။


Google Play Store (v3.1.0111) http://sh.st/IJYt



sm³ Direct Link (v3.1.0111) http://sh.st/IJY2



iTunes Store (v1.71) http://sh.st/IJUS



Windows Phone (v1.0.7) http://sh.st/IJIy


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Cydia Source များ iOS 7 တွင် install လုပ်၍မရခြင်းအား ဖြေရှင်းရန်


                    




Cydia Source များ iOS 7 တွင် install လုပ်၍မရခြင်းအား ဖြေရှင်းရန်
----------------------------------------------------------------------
Jailbreak လုပ်ထားပြီးတဲ့ iOS 7 device တွေပေါ်မှာ တချို့တွေက Cydia Source တွေ 

Download ချလို့မရတာတွေ ဖြစ်တက်ပါတယ်
.
အဲ့ဒီ ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိပါတယ်။ အဆင်ပြေကြတဲ့သူတွေ များပါတယ်။
.
ဖြေရှင်းနည်းကတော့ jailbreak လုပ်ထားတဲ့ Device ကို ကွန်ပျူတာနဲ့ပြန်ချိန်ပါ။

 ေ
နာက်ပြီး Evasi0n နဲ့နောက်တစ်ကြိမ် jailbreak ပြန်လုပ်ပါ။
.
Evasi0n မှာ အဆင့်တစ်ဆင့်ရှိပါတယ်။ Device ထဲကနေ Evasi0n ဆိုတဲ့ App ကလေးကို run ပေးတဲ့ အဆင့်ပါ။
.
အဲ့ဒီ အဆင့်ကိုရောက်ရင် Evasi0n ကို အရင်လို မဖွင့်ပေးဘဲနဲ့။ Evasi0n ကိုဖိပြီး ဖျက်လိုက်ပါ။

နာက်ပြီး ကွန်ပျူတာထဲမှာ run နေတဲ့ Evasi0n ကို task manager ထဲကနေ ပိတ်လိုက်ပါ
.
နောက်ပြီးတော့ Cydia ကိုပြန်ဖွင့်ပါ။ Cydia မှာ source update လုပ်ဖို့ Noti ပြလာရင် 

Update All ကိုရွေးပြီး source လုပ်ပါ။
.
ဒါဆိုရင်တော့ Cydia ထဲကနေ ကျွန်တော်တို့လိုချင်တဲ့ Source တွေကို Download ချလို့ရပါပြီ။

credit - Cloud Myanmar

အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။

AT&T Galaxy Note 3 SM-N900A Android 4.4.2 KitKat Firmware



                      at&t galaxy note 3 kitkat leaked fw




     Download - AT&T Galaxy Note 3 SM-N900A Android 4.4.2 KitKat Firmware


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...


                                                         


Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။
ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

>>Reset Password<<

နည်းလမ်း (၁)

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။



၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။



၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။



၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့်
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ)



၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။






နည်းလမ်း (၂)

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။



၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။



၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။





၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။



နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ...


*****************************************


>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။



Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။



Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။




  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။


နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။




Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ....


credit - မိုးသကြား


အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Unordered List

Related Posts Plugin for WordPress, Blogger...