Likes

1/05/2014

Advanced SystemCare Pro 7.1.0.387 Final+Crack






ဒီကောင်လေးကို အသစ်ထွက်တိုင်း တင်ပေးဖြစ်ပါတယ် ... 

တကယ်ကောင်းတာမို့ အသုံးပြုစေချင်လို့ပါ... ကွန်ပြူတာ 

ကျန်းမာရေးအတွက် System Utility ထဲမှာ ကမ္ဘာ့ top စာရင်းဝင်ဖြစ်ပါတယ် ... 

Iobite ကထုပ်တာဖြစ်ပြီး Free download အဖြစ်

Uninstaller, game booster, Smart Defrag, freeware

တို့ကို တွဲဖက်အသုံးပြုနိုင်ပါသေးတယ် ...internet booster နဲ့registry 

cleaner/defrag တို့က pro အဆင့်အထိပါဝင်ပါတယ်... 

internet speed နဲ့ download speed ကိုလည်း အကောင်းဆုံး 

အခြေအနေတရပ်အထိ တိုးမြှင့်ပေးနိုင်ပါတယ် ... 

လုပ်ဆောင်ပေးနိုင်တာတွေကတော့ Malware removal, Regisity Fix,regisity

Defrag, System Optimization, Startup Optimization, Shortcut Fix, 

Privacy Sweep, Junk files clean, Security 

Defense, Disk Scan, Vulnerability Fix, Disk Defragment စတာတွေကို 

တစ်ချက်နှိပ်ယုံနဲ့ scan and repair 

တစ်ခါတည်းလုပ်နိုင်ပါတယ် ... Toolbox မှာလည်း Clean, Optimize, repair, Security and Control 

ဆိုပြီးအသီးသီးပြည့်စုံအောင်ထည့်ပေးထားပါတယ်... Turbo Boost ကိုလည်း on/off လုပ်ပြီး 

လိုသလိုအသုံးပြုနိုင်ပါတယ် ... 

ကွန်ပြူတာမြန်ဆန်ကောင်းမွန်စေဖို့ တကယ်သုံးသင့်တဲ့ဆော့ဝဲလ်လေးပါ ... Install 

လုပ်တဲ့အချိန်မှာတော့ အွန်လိုင်းကို ဖြုတ်ထားပေးရပါမယ် ...ကွန်ပြူတာမြန်ဆန်ကောင်းမွန်ဖို့ 

သုံးသင့်တဲ့ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ် ... TuneUp သုံးတဲ့သူငယ်ချင်းများတောင် 

ဒီကောင်လေးသုံးပြီးတဲ့အခါမှာ Advanced SystemCare  ဖြစ်သွားကြတာမို့ 

သူငယ်ချင်းများသုံးကြည့်စေချင်ပါတယ်...









ဒေါင်းလုပ်လုပ်နည်း

*Step 1. ပေးထားသော လင့်မှာ click တစ်ချက်နှိပ်ပါ
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4. Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

iPhone, iPad Reset Settings များအကြောင်း


                                          

ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်... 

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်... 

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်... 

Reset All Settings 

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။ 

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။ 

ယခု Settings ကို သုံးမယ်ဆိုရင်တော့.. 
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်) 


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။ 
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။ 

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။ 


Erase All Content and Settings 

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။ 

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်

ယခု Settings ကို သုံးမယ်ဆိုရင်တော့.. 
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။ 


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။ 

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။ 


Reset Network Settings 

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ 

ယခု Settings ကို သုံးမယ်ဆိုရင်တော့.. 
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings 


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ 


Reset Keyboard Dictionary 

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။ 

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။ 

ယခု Settings ကို သုံးမယ်ဆိုရင်တော့.. 
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm 


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။ 


Reset Home Screen Layout 

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့.. 
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm 


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။ 


Reset Location & Privacy 

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။ 

ယခု Settings ကို သုံးမယ်ဆိုရင်တော့.. 
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings 


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်... 

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ... 



( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Status Bar ၏ Carrier Logo ကို မိမိစိတ်ကြိုက် ဖန်တီးနည်း

iOS 7+ ကို Jailbreak ထွက်လာပြီးနောက်မှာတော့ iDevice ကို စိတ်ကြိုက် customize (ကလိ) နိုင်မယ့် Tweaks များကို အပြိုင်အဆိုင် ရှာဖွေသွင်းယူ နေကြတာကတော့ လတ်တလောမှာ Hot အဖြစ်ဆုံးဖြစ်နေပါတယ်... 

သို့ပေမယ့် Tweaks တိုင်းဟာ iOS 7+ နှင့် Competable မဖြစ်သေးတဲ့ အတွက် Tweaks များသွင်းယူရာမှာ သတိထားပြီးမှ သွင်းယူသင့်ပါတယ်။ အခန့်မသင့်ပါက iOS crash ဖြစ်ပြီး Restore/ReJailbreak လုပ်ရတတ်ပါတယ်။ ဒါကြောင့် iOS 7+ အတွက် ပြင်ဆင်ထားပြီးသော Tweaks များ စာရင်းကို အမြဲ Update ပေးနေပါတယ်.. 


ယခုတင်ပြမည့် Carrier Logo ကို စိတ်ကြိုက်ဖန်တီးနည်းတွင် "Zeppelin" tweak ကို အသုံးပြုထားပြီး မိမိနှစ်သက်သော Logo များ ဖန်တီးရန် အတွက်မူ Photo/Image Editing လုပ်နိုင်သော (Photoshop/Illustrator) ကဲ့သို့ အစရှိသော software တစ်ခုခုနှင့် ဖန်တီးရမှာ ဖြစ်ပါတယ်။ 

**Zeppeline သွင်းယူခြင်း** 

  • ပထမဦးစွာ Cydia -> Sources -> Edit -> Add တွင် " http://repo.alexzielenski.com/ " ကို ထည့်သွင်းပါ။
  • Search တွင် "Zeppelin Beta for iOS 7" ဟု ရှာပြီး Install လုပ်ပါ။ 

  • ထို့နောက် Settings -> Zeppelin -> Enable ကို ON ပေးပါ။ 

  • Theme တွင် စိတ်ကြိုက် ရွေးလို့ရပါပြီ...

**စိတ်ကြိုက် Logo ဖန်တီးခြင်း** 

ဤနေရာတွင် လိုအပ်သော Software အသုံးချပြီး Logo ဖန်တီးခြင်း ပညာကိုတော့ ကိုယ်တိုင် သိရှိထားရမှာ ဖြစ်ပါတယ်...
ကျွန်တော့် အနေနှင့် Zeppelin နှင့် အလုပ်လုပ်နိုင်ရန် လိုအပ်ချက်များကိုသာ လမ်းညွှန်သွားမှာဖြစ်ပါတယ်... 

>>Logo file အတွက် လိုအပ်ချက်များ<< 

  • ပုံတစ်ခုကို Image Size နှစ်မျိုးနှင့် သိမ်းပေးရပါမည်။
  • (120 x 40)pixel နှင့် (60 x 20)pixel ဖြစ်ပြီး 72dpi ထားရှိရပါမည်။
  • Logo file ကို (.png) အမျိုးအစား အဖြစ် Save လုပ်ရပါမည်။ 

    Save လုပ်ရာတွင် အောက်ပါအမည်များကိုသာ (ပုံသေ) သုံးရပါမည်။
  • black.png
  • black@2x.png
  • etched.png
  • etched@2x.png
  • silver.png
  • silver@2x.png
  • အဖြစ် စုစုပေါင်း (၆) file ဖန်တီးရပါမည်။ 
  • Image size (120 x 40) အတွက် (.....@2x.png) အဖြစ် Save လုပ်ပါ။
  • Image size (60 x 20) အတွက် (......png) အဖြစ် Save လုပ်ပါ။

>>black, etched, silver စသော file name များ၏ လုပ်ဆောင်ချက်များ<< 

  • "black" file သည် status bar အောက်ခံအနက်ရောင် ဖြစ်သည့် အချိန်မှာ အလုပ်ရန် အတွက်ဖြစ်ပါသည်။
  • "etched" file သည် Notification Center တွင် Zeppelin active ဖြစ်နေချိန်တွင် အလုပ်လုပ်ပါလိမ့်မည်။
  • "silver" file သည် status bar အောက်ခံ အဖြူ/ငွေရောင် ဖြစ်နေစဉ်တွင် အလုပ်ရန် အတွက်ဖြစ်ပါသည်။

ထို့ကြောင့် Logo design ဖန်တီးရာတွင် နောက်ခံ အရောင်များ ပြောင်းချိန်တွင် မိမိ၏ Logo လိုက်လျှောညီစွာ ထင်ရှားအောင် တစ်မျိုးစီ ဖန်တီးဖို့လိုပါတယ်။
ဥပမာ။ ။ "black" file အတွက် ဖန်တီးထားသော Logo စာသားသည် အဖြူရောင် ဖြစ်သင့်သည်၊ ဒါမှသာ နောက်ခံအနက်ရောင်မှာ ပေါ်လွင် ထင်ရှားပါလိမ့်မယ်။ အခြား file များအတွက်လည်း သင့်သလို ပြင်ဆင်ရပါလိမ့်မည်။ 

ဖန်တီးထားသော File (6) ခုလုံးကို Folder တစ်ခုတွင်ထည့်ပြီး Folder ကို မိမိစိတ်ကြိုက် အမည်ပေးပါ (ထိုအမည်သည် Zeppelin ထဲတွင် မိမိ Logo အမည်ဖြစ်မည်) 

>>Zeppelin ထဲသို့ Logo ထည့်သွင်းခြင်း<< 

iFunbox / iTools တစ်ခုခုကို အသုံးပြုပါမည်... 

  • မိမိ၏ iDevice ကို PC နှင့် ချိပ်ဆက်ပြီး iFunBox ကို Run ပါ။
  • Raw File System -> Library -> Zeppelin ထဲသို့ သွားပြီး မိမိဖန်တီးထားသော Folder (file ၆ခုပါ) ကို Copy /Paste လုပ်လိုက်ပါ။ 


    iDevice ၏ Settings -> Zeppelin -> Theme ထဲမှာ တွေ့မြင်ရပါလိမ့်မယ်... 

မိမိကိုယ်တိုင် ဖန်တီးမှုများ မပြုမိ ကျွန်တော် ဖန်တီးပေးထားသော "Myanmar Flag" logo လေးကို အထက်ပါနည်းအတိုင်း အရင်အစမ်း သွင်းကြည့်ကြပါလားဗျာ... 

>> Download Myanmar Flag for Carrier Logo 

အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.... 




credit - မိုးသကြား


( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Unordered List

Related Posts Plugin for WordPress, Blogger...