Likes

12/03/2013

Rommaster v 3.3.3



Rommaster v 3.3.3



ဒါလေးကတော့ computer မှာ ထည့်ဖို့ software တစ်ခုပါ။ နာမည်ကြီး VRoot ကို ဖန်တီးတဲ့ 


Developer တွေ ဖန်တီးထားတဲ့ software လေးပါ။ ကွန်ပျူတာထဲမှာရှိတဲ့ apk တွေကို 

တစ်ချက်နှိပ်ပြီး ဖုန်းထဲ တန်းပြီး install လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ apps တွေကို ဖုန်းထဲ 

ထည့်တဲ့နေရာမှာ phone memory (သို့) SD Card ဆိုပြီး ကြိုက်ရာရွေးချယ်ပြီးလဲ 

တစ်ခါတည်း ထည့်သွင်းနိုင်ပါတယ်။ Chinese version ဆိုပေမယ့် အသုံးပြု လွယ်ကူပြီး 

အဆင်ပြေပါတယ်။ install လုပ်ရာမှာ apps ရဲ့ လက်ခံနိုင်တဲ့ android version ကိုပါ 

တစ်ခါတည်းပြသပါတယ်။ ဒါကြောင့် မိမိ ထည့်ချင်တဲ့ apps က Android version 

ဘယ်လောက်နဲ့ အဆင်ပြေလဲဆိုတာပါ ကြည့်နိုင်ပါတယ်။

နောက်ထပ် လုပ်ဆောင်နိုင်တာတွေက Root လုပ်တာ၊ Cache ရှင်းလင်းတာ၊ apps တွေ အခမဲ့ 

download ဆွဲနိုင်မယ့် Online Market , 

screen lock ဖြည်တာ၊ Custom Rom တွေ ရှာဖွေနိုင်တာ .. စသဖြင့် ..


အသုံးဝင် function များစွာလဲ ပါဝင်ပါသေးတယ်။ ကျွန်တော်ကတော့


apps တွေ ဖုန်းထဲ အလွယ်တကူ install လုပ်ဖို့ပဲ အဓိက သုံးဖြစ်ပါတယ်။


ဒါလေးရှိလို့ ဖုန်းထဲကို apps တွေ install အမြန်လုပ်နိုင်တာပါ။


လိုချင်တဲ့သူများ အောက်က link ကနေ download ဆွဲလိုက်ပါ။


မြှားခေါင်းလေး အောက်ဆိုက်နေတာကို နှိပ်ပြီး download ဆွဲနိုင်ပါတယ်။



မှတ်ချက် - ကွန်ပျုတာကနေ ဖုန်းထဲ app တွေ install လုပ်တဲ့နေရာမှာ ..


ဖုန်း setting ထဲက USB debugging နဲ့ unknown sources ကို on ပေး


ထားရပါမယ်။

download link -

http://adfoc.us/17091135747093

ပျော်ရွှင်ပါစေ။

Mr.AD




( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

TouchRetouch


TouchRetouch

             

ဒီ App လေးကတော့ ဓါတ်ပုံတစ်ပုံမှာ ကိုယ် မလိုချင်တဲ့အရာများကို ..

အလွယ်တကူ ဖျက်နိုင်အောင် ကူညီမယ့် Photo Edit အလန်းစားလေးပါ။

ဖျက်ပုံဖျက်နည်းက လုံးဝမိုက်တယ်ဗျ။ ဖျက်ထားမှန်း မသိသာအောင် ..

ကိုယ် ဖျက်မယ့် အရာရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ပုံရိပ်တွေကို ..

ဖျက်လိုက်တဲ့နေရာမှာ မသိမသာ အစားထိုးပေးသွားပါတယ်။

ဒါကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဖျက်ထားတယ်လို့တောင်

မထင်ရဘူး။ ဘယ်လိုမျိုးတွေမှာ ပိုလန်းလဲဆိုတော့ .. ဥပမာ ..

တစ်ယောက်တည်းပုံရိုက်ရင်း ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် ..

ပါနေတာတို့ .. အလှပုံရိုက်တာ ဘေးနားမှာ သစ်ပင် .. သစ်ကိုင်း ..

တရိစ္ဆာန်.. စသဖြင့် တစ်ခုခု ပါသွားလို့ ဓါတ်ပုံက မလှတော့တာမျိုးမှာ

Touch Retouch နဲ့သာ ဖျက်လိုက်ပါ။ လုံးဝ လန်းသွားပါတယ်။

အသုံးပြုပုံကလဲ လွယ်ကူရိုးရှင်းပါတယ်။ မိမိ ဖျက်ချင်သော အရာကို

Brush tool ဖြင့် သေချာ တိတိကျကျလေး Select မှတ်ပေးလိုက်ပါ။

Select မှတ်နိုင်သော တစ်ခြား Tool များလဲ ပါရှိပါသေးတယ်။

Photoshop မှာ သုံးသလိုမျိုး Select မှတ်ပေးလိုက်ပြီး Start ကို ..

နှိပ်လိုက်တာနဲ့ ဖျက်ချင်တာ ပျက်သွားပြီး ချောမွေ့သွားအောင်

သူ့လိုလို ဖန်တီးပေးသွားပါလိမ့်မယ်။ အမိုက်စား App လေးပါ။

ပုံထဲမှာ ကျွန်တော် ဖျက်ပြထားပါတယ်။ ကွန်ဒိုသုံးခုမှ တစ်ခုကို ဖျက်ကြည့်တာ ဖျက်ထားမှန်း 


မသိသာဘူး။ 

လန်းတယ် 

Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox -http://adfoc.us/17091135746971

copy - http://adfoc.us/17091135747088

ပျော်ရွှင်ပါစေ။



credit - Mr.AD



( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

*** Shazam ***

*** Shazam ***

           

ဒီသီချင်းကြားဖူးတယ် .. နေပါဦးကွာ .. ငါသိတယ် .. အဆိုတော်က ..


ဟာကွာ .. မမှတ်မိတော့ဘူး .. ဘယ်လိုရှာရမှန်းလဲ မသိဘူး။

သီချင်းက ကောင်းလိုက်တာကွာ .. ဘယ်သူဆိုထားတာလဲ .. 


ဒီသီချင်းကို ဘယ်မှာရှာရမလဲ .. သီချင်းသံကြားရုံနဲ့ ဘယ်လိုရှာရမှန်းလဲမသိ။

သီချင်းက မိုက်တယ် .. သီချင်းစာသားတွေ လိုချင်တယ်ကွာ ..


online မှာ သီချင်းစာသားတွေ ဘယ်မှာရှာရမလဲ .. Youtube မှာ ..


ဒီသီချင်း MTV လေး ကြည့်လို့ရရင် မိုက်မယ်။
.................................................

သူတို့ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ Shazam ဆိုတဲ့ App လေးက သီချင်းသံ ကြားရုံနဲ့ သီချင်းနာမည်၊ 


အဆိုတော်၊ စာသား၊ MTV .. စတာတွေ ရှာဖွေပေးနိုင်ပါတယ်။ သီချင်းသံထွက်ပေါ်နေသော စပီကာနားမှာ 

Shazam ကို နားထောင်ခိုင်းလိုက်ပါ။ စက္ကန့်ပိုင်းအတွင်း ရှာဖွေပေးသွားပါမယ်။

အင်တာနက် ဖွင့်ထားပေးရပါမယ်။ နိုင်ငံတကာက သီချင်းတော်တော်များများကို ရှာဖွေပေးနိုင်ပါတယ်။ 


မြန်မာသီချင်းတော့ မရဘူးခင်ဗျ  .. အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ .. စတဲ့ နိုင်ငံတွေက 

သီချင်းတွေကို ဖုန်းကို စပီကာနားကပ်ထားပေးပြီး ..

Shazam ကိုနားထောင်ခိုင်းလိုက်တာနဲ့ ရှာဖွေပေးသွားပါမယ်။


ကျွန်တော် အရင်ကတင်ပေးဖူးတဲ့ SoundHound နဲ့ တူပါတယ်။


ှSoundHound ထက် ပိုပြီး ရှာဖွေပေးနိုင်တယ်လို့လဲ ကြေငြာထားပါတယ်။


တော်တော်လန်းပါတယ်။ သီချင်းသံကြားနေပြီး သီချင်းအကြောင်းသိချင်ရင်


Shazam နဲ့သာ အမြန်ရှာဖွေလိုက်တော့။

download - (7MB)

dropbox -http://adfoc.us/17091135746059

copy - http://adfoc.us/17091135746964

pcloud -http://adfoc.us/17091135746967

ပျော်ရွှင်ပါစေ။

credit - Mr.AD


( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

ကိုယ့်ပုံကို ကာတွန်း Sticker အဖြစ် ဖန်တီးနိုင်မယ့် StikerMe

              



ကိုယ့်ပုံကို ကာတွန်း Sticker အဖြစ် ဖန်တီးနိုင်မယ့် StikerMe

Chatting တွေမှာ Sticker လေးတွေ ပို့တာ နှစ်သက်သူများအတွက်


အလန်းစား Sticker app လေးတစ်ခု တင်ဆက်လိုက်ပါပြီ။ မိုက်မှမိုက်။


ဘယ်လိုလဲဆိုတော့ မိမိ မျက်နှာကို ကာတွန်း Sticker ပုံလေးတွေအဖြစ် ..


ဖန်တီးနိုင်ပါမယ်။ ပုံမှန်အတိုင်း မျက်နှာကို တည်တည်ထားပြီး ဓါတ်ပုံ


ရိုက်လိုက်ရုံပါပဲ။ ခံစားမှု မျိုးစုံ ဖြစ်နေတဲ့ မျက်နှာအမူယာများကို ..


app ကနေ သူ့အလိုလို ဖန်တီးပေးသွားပါတယ်။ ငိုတာ၊ ရယ်တာ၊


စိတ်ညစ်တာ၊ ပျော်တာ .. စသဖြင့် မျက်နှာ အမူယာများကို ...


StikerMe က ဖန်တီးပေးသွားလို့ တော်တော်လန်းတယ်ခင်ဗျ။

Sticker ဒီဇိုင်း များစွာ ဖန်တီးနိုင်ပြီး .. ဖန်တီးထားတဲ့ Sticker တွေကို


facebook, Line, Viber .. အစရှိတဲ့ Social Chatting တွေမှာ ..


အသုံးပြုလို့ရတယ်ဗျာ။ Sticker update များကိုလဲ အမြဲ တင်ပေးပါတယ်။


file size ကတော့ နည်းနည်းကြီးတယ်ဗျ။ 40MB ရှိပါတယ် 


သည်းခံပြီး ဒေါင်းကြပါ။ ကလိပြီးတဲ့အခါ သဘောကျသွားပါလိမ့်မယ်။

အဆင်ပြေတဲ့ link ကနေသာ ဒေါင်းကြပါ။ ကျွန်တော်လဲ 40MB ကိုတင်တာ

တစ်နာရီကျော်လောက် အချိန်ပေးလိုက်ရပါတယ်။

Android 2.3 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။

download - (40MB)

zippyshare - http://adfoc.us/17091135746001

dev-host - http://adfoc.us/17091135746050

pcloud -http://adfoc.us/17091135746054

ပျော်ရွှင်ပါစေ။

credit - Mr.AD



( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

*** ရေလည်လန်းတဲ့ Cool Photo Transfer ***


                   


*** ရေလည်လန်းတဲ့ Cool Photo Transfer ***

လုံးဝ အလန်းကြီးဗျာ။ ဖုန်းထဲက ဓါတ်ပုံများကို ကွန်ပျူတာသို့ ..

ကြိုးမဲ့ ပို့နိုင်မယ့် photo transfer app တစ်ခု ကို တင်ပေးလိုက်ပါတယ်။

ဖုန်းနဲ့ကွန်ပျုတာကို wifi ချိတ်ပြီး ပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်

ကွန်ပျူတာမှာ Cool Photo Transfer server ဆော့ဝဲကို ထည့်ရပါမယ်။

ဆော့ဝဲ ထည့်ပြီးရင် ဖုန်းထဲမှာ install လုပ်ထားတဲ့ App နဲ့ ..

ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဖုန်းကနေ wifi hot spot လွှင့်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ 

ကွန်ပျူတာထဲက server software မှာ IP နံပါတ်များ ဖော်ပြပါလိမ့်မယ်။ 

ဖုန်း App ထဲက Manual Connect ကို နှိပ်ပြီး server software ကနေ ဖော်ပြထားတဲ့ IP နံပါတ်များကို 

ရိုက်ထည့်လိုက်ပါ။ ဒါဆို ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရသွားပါပြီ။

ချိတ်ပြီးသွားရင် ဖုန်းထဲက ပုံများကို ကွန်ပျူတာဆီ ပို့လို့ရပါပြီ။

ပို့လို့ရတဲ့ပုံစံတွေက အလန်းကြီးတွေဗျာ။ ပုံများကို ဘေးကို တွန်းထုတ်လိုက်ရင် ကွန်ပျူတာထဲမှာ animation 

လေးနဲ့ ၀င်သွားတယ်။ ဖုန်းကို shake လုပ်ရင်လဲ ကွန်ပျူတာထဲမှာ ပုံလေးက တုန်ခါသလိုဖြစ်ပြီး ၀င်လာတယ်။ 

အသံနဲ့တောင် ပို့လို့ရသေးဗျာ။ ဖုန်း mic နားကို လက်ခုပ်တီး(သို့)လေချွန်ရင် ပုံပို့လို့ရတယ်။ ကွန်ပျူတာ 

မော်နီတာဆီကို ဖုန်းကို မျက်နှာချင်းဆိုင် ထိလိုက်ရင်လဲ ပုံပို့လို့ရတယ်။

လန်းမှလန်း .. နာမည်နဲ့လိုက်ဖက်အောင် ပို့ဆောင်ပုံတွေက

လန်းလွန်းပါတယ်။ Zoom in , Zoom out ကိုတောင် ဖုန်းကနေ လှမ်းလုပ်နိုင်တယ်။ အသေးစိတ်တော့ 
မရေးတော့ဘူး .. ဒီလောက်ဆို အားလုံး နားလည်မယ်ထင်ပါတယ်။ ကဲ .. ကလိကြည့်ပေတော့ 
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

မှတ်ချက် - server software ရဲ့ setting ထဲကိုသွားပြီး
Photo save option နေရာမှာ auto save ကိုရွေးပေးကာ ..
ဓါတ်ပုံများကို ကွန်ပျူတာထဲ save ချင်သောနေရာကို ရွေးပေးလိုက်ပါ။

download - server software for window

D0wnload - http://adfoc.us/17091135740275
( download portable version ဆိုတာကို ဒေါင်းလိုက်ပါ )
အသုံးပြုပုံလေးကိုလဲ website မှာ video နဲ့ရှင်းပြထားပါတယ်။

....................................................

download - Cool Photo Transfer for android (4MB)

dropbox - http://adfoc.us/17091135745988

copy - http://adfoc.us/17091135745992

dev-host - http://adfoc.us/17091135745997

ကလိကြည့် ရေလည်လန်းတယ်နော် .. ပျော်ရွှင်ပါစေ။


Credit - Mr.AD



( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Y320-C00 Firmware Installation , Stock Recovery Backup,Install & Troubleshoot


Y320-C00 Firmware Installation , Stock Recovery Backup,Install & Troubleshoot



For-huawei-for-HUAWEI-y320-c00-3g-mobile-phone.jpg_350x350


ဖုန်းတစ်လုံးအတွက် stock recovery က ဘယ်လိုအရေးပါလဲဆိုတာ မရှင်းပြတော့ပါဘူး တော်တော်များများသိပြီးသားလည်းဖြစ်မှာပါ
အရင် အရင် ထွက်ခဲ့တဲ့ ဖုန်းတွေ Y210 series Y220 serires U9200 U9500 အစရှိတဲ့ဖုန်းတွေမှာ stock recovery က တော်တော်လေးအရေးပါပါတယ်
ဘာဖြစ်လို့လဲဆိုတော့ stock recovery သာမရှိရင် ဖုန်းကို official firmware ပြန်တင်လို့မရပါဘူး ။
ဒီနေ့လည်း ကျွန်တော့် services ဆိုင်ကို တပည့်တစ်ယောက်ရောက်လာပါတယ် Y320-C00 phone သုံးလုံးလည်းပါလာတာပေါ့။
သုံးလုံးမှာ တစ်လုံးက Dead, နှစ်လုံးက LOGO မှာရပ်နေတာ။ သူက ဆရာတဲ့ သူမလုပ်တတ်တော့လို့ ဒီဟာလေးတွေ firmware ပြန်တင်ပေးဖို့လာပြောတာ။
ကျွန်တော်လည်း အဲ့ဖုန်းတွေကို recovery ၀င်ကြည့်တော့ တစ်လုံးက ၀င်လို့ရတယ် ။ နောက်တစ်လုံးက ၀င်မရဘူး။
အဲ့တာနဲ့ ၀င်လို့ရတဲ့ဖုန်းကို အရင်ဆုံး firmware တင်လိုက်တယ်။ recovery ၀င်နည်းက power ကိုနှိပ်လိုက်ပါ vibreat တုန်ရင် power ကိုလွတ်ပြီး vol down ကိုဖိထား
ပြီးရင် စာတန်းသုံးခုပေါ်လာလိမ့်မယ်။

1. IN FAST BOOT MODE
2. IN RECOVERY MODE
3.EXIT ပါ။

IMG_20131202_191626

fastboot mode ၀င်ချင်ရင် fastboot mode စာကြောင်းကို vol up or down နဲ့ရွေးပြီး ၀င်မယ်ဆိုရင် (ပုံမှန်အတိုင်းဆို power ခလုတ်) အခုဖုန်းကျတော့ vol upခလုတ်ကို နှစ်စက္ကန့်လောက်ဖိထားလိုက်ရင် ၀င်ပါတယ်။ကျွန်တော်ကတော့ firmware တင်ဖို့အတွက် recovery ကိုရွေးပါတယ် ပြီးတော့ ၀င်လိုက်ပါတယ် ။
ပြီးတော့ Y320-C00 firmware ဖိုင်ကိုဒေါင်းလို့ရလာတဲ့ zip ကိုဖြည်လိုက်ရင် အထဲမှာ sdcard_update.zip ဆိုပြီးပါလာပါတယ်။ သူ့ကို ဘာမှ မပြင်ပါဘူး။
ကျွန်တော့်တို့ sdcard ထဲမှာသာ အရင်တုန်းက dload ဆောက်တာ အခု dload မဟုတ်တော့ပဲ image ဖိုင်ဆောက်ရပါတယ်။ အဲ့ image ဖိုင်ထဲမှာမှ
sdcard_update.zip ဆိုပြီးတော့ copy ယူပါတယ် firmware ကို။ ပြီးရင် sdcard ကို ဖုန်းထဲထည့်ပြီး ဒုတိယမြောက်အကြောင်း apply update from external storeage
/image/sdcard_update.zip ဆိုပြီးတင်ပါတယ်။ အောက်မှာ ဘားတန်းလေးပြေးပြီး firmware တင်လို့ပြီးသွားရင် reboot system now ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Y320-C00 firmware တင်ခြင်းပြီးပါပြီး ။
IMG_20131202_192257
IMG_20131202_192322
ကဲနောက်တစ်လုံး recovery ပျက်နေတဲ့အလုံးကိုကျတော့ဘယ်လိုတင်မလဲ ???????????????????
ကျွန်တော်လိုက်ရှာကြည့်ပါတယ် အွန်လိုင်းမှာ stock recovery လည်းမတွေ့သလို custom recovery လည်းမတွေ့ပါဘူး။
အာ့နဲ့ ကျွန်တော်လည်း အကောင်းအလုံးထဲက backup ထုတ်ပါတယ်။ သူ့ recovery partation က block08 ပါ
အကောင်းအလုံးကို usb ကြိုးထိုးပြီးတော့ backup လုပ်ပါတယ်။ backup လုပ်ဖို့ root လိုတယ်နော် ။ root ကတော့သိတယ်မှတ်လား ထုံးစံအတိုင်း (Vroot) ပေါ့ :P (ပျက်မယ်နော်) ခ်ခ်
ကဲရိုက်ကမဲ့ comment လေးက
adb shell su -c “cat /dev/block/mmcblk0p8 > /sdcard/mmcblk0p8.img” ပါ။ ဒါဆိုရင် ကျွန်တော်တို့ sdcard ထဲကို mmcblk0p8 ဆိုတဲ့နာမည်နဲ့ img ဖိုင်လေးတစ်ခုရောက်လာပါပြီ။
ဟုတ်ပြီး အဲ့ img ဖိုင်လေးရပါပြီဆိုရင် ကျွန်တော်ဘာဆက်လုပ်မလဲ ? ခုနက recovery မကောင်းတဲ့ဖုန်းကို flash မှာပေါ့ ? fastboot ကနေပဲ flash ပါမယ်။
power နှိပ် virbreat တုန်ရင် vol down ဖိတယ် ပထမဆုံးအကြောင်းရွေးမယ် ပြီးရင် vol up ကိုဖိထားမယ်
IN FAST BOOT MODE
ဆိုပြီး pink screen မှာငြိမ်နေရင် ကြိုးထိုးလိုက်ပါ။ အဲ့တာ fastboot mode ပါ။
ပြီးရင်တော့ ခုနက recovery.img လေးကို fastboot folder ထဲထည့်ပီး rename ပေးပါ recovery.img ဆိုပြီး။ပြီးရင်
fastboot flash recovery recovery.img ဆိုပြီးရိုက်လိုက်ပါ။အောက်ကပုံအတိုင်းပါ ။
flashing
ပြီးရင်တော့ အပေါ်ကနည်းအတိုင်းပဲ firmware ပြန်တင်လိုက်ပါတော့နော် ok ;)
Y320C firmware ကိုလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။   Download Here !!!!!!!
Y320C stock recovery ကိုလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။ Download Here!!!!!!!
ဒီပို့စ်လေးက ကျွန်တော် ပညာတွေ အချိန်တွေရင်းနှီးပြီး တင်ထားတဲ့ ပို့စ်မို့လို့ copy ယူပြီးဖော်ပြလျှင် creadit ပေးစေချင်ပါတယ်။ အမောပြေအောင်ပါ။
အဲ့လိုမျိုး recovery backup & restore က အလုံးတိုင်းမရပါဘူး။ ဖုန်းတစ်လုံးနဲ့တစ်လုံး သုံးထားတဲ့ cpu ပေါ်မူတည်ပီး block တွေကွာပါတယ်။ တော်ကြာ cbox ကနေ လာပြောနေမှာဆိုးလို့ :P
C8813, C8813D တင်တုန်းက step 2 fail dload လေးလည်း မူရင်းပိုင်ရှင် ဘယ်သူမှန်းမသိတော့တဲ့အဖြစ်တွေ ဖြစ်သွားတာတော့ ကျွန်တော်လုံးဝစိတ်မကောင်းဖြစ်မိပါတယ်။




( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

iOS 7 ၏ ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်းများ



iOS 7 ၏ ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်းများ



ios-7-logo





ကွန်ပြူတာမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းမှာပဲဖြစ်ဖြစ် ဘယ် Operating System မဆို အသစ်ထွက် လာပြီးတဲ့ နောက်မှာတော့ အနည်းနဲ့ အများဆိုသလို ပြဿနာတွေနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ ထိုနည်းတူပါပဲ Apple ရဲ့ ပြောင်းလဲမှုများစွာနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ iOS 7 လည်း Glitch တွေ ၊ Bug တွေ ၊ Problem တွေနဲ့ မကင်းပါဘူး။
ယခုဆိုရင် iPhone နဲ့ iPad သုံးစွဲသူ အားလုံးနည်းပါးဟာ iOS 7 သို့ အဆင့်မြှင့်တင်ပြီးတဲ့ အခြေအနေမှာ ရှိနေပြီး ကြုံတွေ့နေရတဲ့ ပြဿနာများကလည်း တစ်နေ့တစ်ခြား များပြားလို့ လာနေပါတယ်။ အချို့သော ပြဿနာများကတော့ သာမန် Glitch တစ်ခုမျှသာ ဖြစ်သော်လည်း အချို့ပြဿနာများကတော့ ဖုန်းသုံးစွဲမှုကို ရပ်ဆိုင်းသွားစေတဲ့အထိ ကြီးမားတာကို တွေ့ရပါတယ်။
အောက်မှာ ဖော်ပြထားတာကတော့ လက်ရှိ သုံးစွဲသူအများစု ကြုံတွေ့နေရတဲ့ iOS 7 ပြဿနာများနဲ့ ဖြေရှင်းရန် နည်းလမ်းများပဲ ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ ဤဆောင်းပါးတွင် iPhone လို့ အဓိကထား ရည်ညွှန်းရေးသား ထားပေမယ့် ပြဿနာများနဲ့ ဖြေရှင်းနည်းများဟာ iPad နဲ့ iPod Touch များနဲ့လည်း သက်ဆိုင်ပါတယ်။

ပြဿနာ: Apple logo မှ မတက်တော့ခြင်း
iOS 7 ကို update လုပ်ရင်းနဲ့ ဖြစ်တတ်တဲ့ glitch ပါ။ ဤ glitch ကြောင့် ဖုန်းကို reboot လုပ်ပြီးတဲ့အခါမှာ ပြန်ပွင့်မလာတော့ပဲ Apple logo နေရာမှာ ရပ်တန့်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သင့်အနေနဲ့ iTunes နဲ့ ထပ်မံချိတ်ဆက်ပြီး DFU (Device Firmware Upgrade) ပြုလုပ်ကြည့်သင့်ပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Power ခလုတ်အား စက္ကန့် အနည်းငယ်ကြာ ဖိထားပြီး ပိတ်လိုက်ပါ။
၂) မိမိ၏ ကွန်ပြူတာပေါ်တွင် iTunes အားဖွင့်ပြီး ဖုန်းအား ချိတ်ဆက်လိုက်ပါ။
၃) Power ခလုတ်နဲ့ Home ခလုတ်တို့ကို ၁၀ စက္ကန့်ကြာ ပြိုင်တူနှိပ်ထားပြီး Power ခလုတ်အား လွှတ်လိုက်ပါ။ Home ခလုတ်အား ဆက်နှိပ်ထားပါ။
၎) iTunes ပေါ်တွင် “iTunes has detected an iPhone in recovery mode. You must restore this iPhone before it can be used with iTunes.” ဟူသော အသိပေးချက် ပေါ်လာသည်အထိ Home ခလုတ်အား နှိပ်ထားပါ။
၅) ဤအချိန်၌ သင့် iPhone မျက်နှာပြင်ပေါ်သည် Blank ဖြစ်နေရမည်။ Logo (သို့) အခြားစာတန်း တစ်ခုခု ပေါ်နေပါက DFU Mode မဟုတ်ပေ။
၆) iTunes ၏ ဘယ်ဘက်ကော်လံပေါ်၌ iPhone အား ရွေးချယ်ပါ။ ထို့နောက် Summary > Restore အား ရွေးချယ်ပါ။
၇) သင့်အနေနဲ့ iOS 7 Update အား ပြန်လုပ်ရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ပြဿနာ: ဘက္ကထရီ လျင်မြန်စွာ ကုန်ခြင်း
iOS 7 အနေနဲ့ iOS 6 ထက် ဘက္ကထရီ ပိုစားတယ်ဆိုတာ လူတိုင်း သတိထားမှာပါ။ ဖုန်းရဲ့ ဘက္ကထရီသက်တမ်းဟာ မိမိရဲ့ အသုံးပြုပုံအပေါ် မူတည်တယ်ဆိုပေမယ့် အောက်ပါ အချက်များကို ဆောင်ရွက်ခြင်းဖြင့် ဤပြဿနာကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်ပါမယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Parallax Effect လို့ခေါ်တဲ့ Home Screen ရဲ့ 3D ပုံထွက်ကို Settings > General > Accessibility > Reduce Motion သို့သွားပြီး ပိတ်လိုက်ပါ။
၂) အသုံးမများတဲ့ App တွေကို အလိုအလျောက် Refresh လုပ်ခြင်းအား Settings > General > Background App Refresh ၌ ပိတ်ထားပါ။
၃) AirDrop အား မျက်နှာပြင်ကို အောက်မှအထက်သို့ swipe လုပ်ပြီးနောက် Control Center ထဲမှ Toggle အား ရွေးချယ်ခြင်းဖြင့် ပိတ်ထားပါ။
၎) Settings > Notification Center သို့ ဝင်ရောက်ပြီး အလိုမရှိသည့် App များအား ဖယ်ရှားပါ။

ပြဿနာ: Wi-Fi နှင့် Bluetooth အလုပ်မလုပ်ခြင်း
iOS 7 ကို update လုပ်ပြီးတဲ့နောက်မှာ Wi-Fi နဲ့ Bluetooth အလုပ်မလုပ်တဲ့ ပြဿနာကို သုံးစွဲသူ အတော်များများ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။ Setting ထဲမှာလည်း အရောင်မှိန်နေပြီး နှိပ်လိုက်တဲ့အခါမှာလည်း ပွင့်မလာတာ (သို့) ပွင့်လာသည့် ပုံစံမပေါက်ပဲ အရောင်ပြန်မှိန်ပြီး ပိတ်သွားတာနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ သင့်အနေနဲ့ iPhone နဲ့ Router ကို ပိတ်/ဖွင့် လုပ်ကြည့်နိုင်ပါတယ်။ ဒါမှ မရဘူး ဆိုရင်တော့ -
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) ဖုန်းအား Airplane mode သို့ ပြောင်းပါ။ ယင်းနောက် Settings > General > Reset > Reset Network Settings သို့သွားပြီး Reset လုပ်ပါ။
၂) ဒါမှမဟုတ်ရင် Settings > Control Center သို့သွားပြီး Access on Lock Screen အား ပိတ်ပါ။ ပြီးရင် iPhone အား ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ။
၃) သင့်ရဲ့ Wi-Fi စနစ်ကို စစ်ဆေးကြည့်ပါ။ Router ရဲ့ Firmware ကို update လုပ်ပါ။

ပြဿနာ: Keyboard တုန့်ပြန်မှု နှေးကွေးခြင်း
iPhone 4 မှာလည်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာပါ။ သုံးစွဲသူတွေက iOS 7 ကိုက တုန့်ပြန်မှုနှေးတယ်လို့ ပြောနေကြပါတယ်။ အထူးသဖြင့် ဒီ Virtual Keyboard နဲ့ စာရိုက်တဲ့ အချိန်မှာပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
Settings > iCloud သို့သွားပြီး Documents & Data အား ပိတ်လိုက်ပါ။

ပြဿနာ: iTunes Store ဆက်တိုက် Crash ဖြစ်နေခြင်း
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Music app အား ဖွင့်ပါ။ ဘယ်ဖက် အပေါ်ထောင့်မှ Store အား နှိပ်ပါ။ iTunes Store ပွင့်လာဖွယ် ရှိပါတယ်။
၂) Home ခလုတ်အား ၂ ချက်ဆက်နှိပ်ပါ။ Multitasking Menu ပေါ်လာပါလိမ့်မယ်။ iTunes Store ပွင့်နေလျှင် ပိတ်လိုက်ပါ။ ပြီးနောက် Settings > iTunes & App Store သို့သွားပြီး Apple ID အား ရွေးချယ်ပြီး Sign Out လုပ်လိုက်ပါ။ ပြီးလျှင် Log In ပြန်လုပ်ပြီး iTunes Store app အား ဖွင့်ကြည့်ပါ။ ရပါလိမ့်မယ်။

ပြဿနာ: iMessage (သို့) FaceTime အလုပ်မလုပ်ခြင်းသုံးစွဲသူ အတော်များများဟာ iOS 7 သို့ အဆင့်မြှင့်ပြီးတဲ့အခါမှာ iMessage နဲ့ FaceTime ဆက်သွယ်ရေးစနစ်များ အလုပ်မလုပ် တော့တဲ့ Bug နဲ့ ကြုံတွေ့နေရပါတယ်။ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) FaceTime (သို့) iMessage အား Setting သို့ ဝင်ရောက်ပြီး အပိတ်-အဖွင့် လုပ်ကြည့်ပါ။၂) Settings > Cellular ၌ Cellular Data အား ပိတ်ပါ။ ဖုန်းအား Wi-Fi နှင့် ချိတ်ဆက်ပါ။ ပြီးရင် Settings > General > Reset > Reset Network Settings သို့ သွားပြီး Reset လုပ်ပါ။၃) ဒါမှ မရသေးဘူး ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Restore လုပ်ကြည့်ပါ။ Data ကို backup လုပ်ဖို့ မမေ့ပါနဲ့။
ပြဿနာ: Lock Screen အား အခြားသူများက ဖြတ်ကျော်နိုင်ခြင်း
iOS 7 မှာ Lock Screen ကို မသမာသူများက ဖြတ်ကျော်ပြီး မိမိဖုန်းအတွင်းက အချက်အလက် အချို့အား ရယူနိုင်တဲ့ Bug ရှိနေကြောင်း အားလုံးသိရှိပြီး ဖြစ်ပါတယ်။ မသမာသူများရဲ့ ရန်က ကာကွယ်နိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း၁) Settings > Control Center သို့သွားပြီး Access on Lock Screen အား ပိတ်ထားပါ။၂) Apple အနေနဲ့လည်း Bug ကို ဖြေရှင်းပေမယ့် Software Update ကို ထုတ်ထားပြီးပါပြီ။ Settings > General > Software Update သို့သွားပြီး မဖြစ်မနေ Update လုပ်သင့်ပါတယ်။
ပြဿနာ: အသုံးပြုနေသည့် App များက အလိုအလျောက် Logout လုပ်နေခြင်း
သုံးစွဲသူ အများစုဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် Mailbox နဲ့ Snapchat app များမှာပါ။ App တီထွင်သူများကတော့ ဒီပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစာနေကြပေမယ့် iOS 7 ရဲ့ နောက်ကွယ်ကနေ အလိုအလျောက် Refresh လုပ်ပေးတဲ့စနစ်က အဓိက တရာခံလို့ လက်ခံထားကြပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Settings > General > Background App Refresh သို့သွားပြီး ပြဿနာရှိနေသည့် App များအတွက် ပိတ်ထားလိုက်ပါ။

ပြဿနာ: iPhone အား ဖွင့်မရတော့ခြင်း
iOS 7 သို့ အဆင့်မြှင့်ပြီးတဲ့နောက် လူအနည်းစုကတော့ ဤပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ Charger တပ်လည်း အကြောင်းမထူး။ ကွန်ပြူတာနဲ့ ချိတ်ကြည့်လည်း အကြောင်းမထူး ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေက များပြားလှပေမယ့် အောက်ပါ နည်းလမ်းတွေကို စမ်းကြည့်သင့်ပါတယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Apple ရဲ့ ကေဘယ်ကြိုးနဲ့ အားသွင်းခလုတ် “အစစ်”ကို အသုံးပြုပါ။ Apple အနေနဲ့ မကြာမီမှာ ပြင်ပ ကုမ္ပဏီတွေက Apple ထုတ်ပစ္စည်းတွေအတွက် ကေဘယ်ကြိုးတွေ၊ အားသွင်းခလုတ်တွေ ထုတ်လုပ်နေတာကို တားမြစ်ပါတော့မယ်။
၂) Power ခလုတ်အား ၁၀ စက္ကန့် နှိပ်ထားပြီး Reboot ဖြစ်-မဖြစ် စောင့်ကြည့်ပါ။
၃) မူရင်း အခြေအနေ ပြန်ရောက်စေရန် Factor Reset လုပ်ကြည့်ပါ။
၎) အထက်မှာ ဖော်ပြခဲ့သလို ဖုန်းအား ကွန်ပြူတာနှင့် ချိတ်ဆက်ပြီး DFU Mode အား စမ်းကြည့်ပါ။
၅) ဒါမှ မရသေးဘူး ဆိုရင်တော့ Apple Store (သို့) တရားဝင် အရောင်းဆိုင်သို့ အမြန်ဆုံး သွားရောက်ပါ။

ပြဿနာ: မူးဝေအော့အန်ခြင်း
iOS 7 မှာ ပါဝင်လာတဲ့ Parallax Effect ရယ် ၊ အရောင်တောက်ပတဲ့ icon တွေရယ် ၊ မြင်ကွင်းပြောင်းလဲမှုမှာ zoom လုပ်တာတွေရယ်ကြောင့် iOS 7 သုံးစွဲသူ အများစုဟာ မူးဝေခြင်း၊ အော့အန်းခြင်း စတဲ့ဝေဒနာတွေကို ခံစားနေရတာကို တွေ့ရှိရပါတယ်။ iOS 7 ရဲ့ လှုပ်ရှားမှု animation တွေအားလုံးကို ပိတ်ထားဖို့ လက်ရှိအချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။ သက်သာရာ ရပါလိမ့်မယ်။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) Settings > General > Accessibility သို့သွားပြီး Reduce Motion အား နှိပ်ပါ။
၂) Wallpaper ကို လှုပ်ရှားမှု မရှိတဲ့ Static Wallpaper များကိုသာ သုံးစွဲပါ။ Settings > Wallpapers & Brightness သို့သွားပြီး ရွေးချယ်ပါ။
၃) စာလုံးများရဲ့ အရွယ်အစားကို အနည်းငယ် ကြီးလိုက်ပါ။ Settings > General > Text Size မှာ လုပ်ဆောင်နိုင်ပါတယ်။
၎) ဖောက်ထွင်းမြင်ရမှု (Transparency) ကို Settings > General > Accessibility > Increase Contrast မှာ လျော့ချပါ။

ပြဿနာ: Text Message ပို့မရခြင်း
သုံးစွဲံသူ အနည်းငယ် ကြုံတွေ့နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ iOS 7 သို့ ပြောင်းလဲပြီးမှ ဖြစ်တာပါ။
ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်း
၁) မိမိရဲ့ Text Message အား ဖိနှိပ်ပြီး “Send as text message.” ပေါ်လာသည့်အခါ ရွေးချယ်ပြီး နှိပ်လိုက်ပါ။၂) ဒီပြဿနာဟာ iMessage မှာ ဖြစ်နေတယ် ဆိုရင်တာ့ iOS 7 က SMS ပေးပို့မှုစနစ်အား အလိုအလျောက် ပိတ်ထားတာ ဖြစ်နိုင်ပါတယ်။ Settings > Messages သို့သွားပြီး Send as SMS အား နှိပ်ပြီးဖွင့်လိုက်ပါ။၃) အထက်မှာ ဖော်ပြထားတဲ့ iMessage နဲ့ FaceTime ပြဿနာ ဖြေရှင်းနည်းအား စမ်းသပ်ကြည့်ပါ။
ဒီတစ်ခေါက်တော့ ဒီမျှပါပဲ။ လာမည့် ရက်တွေ၊ လတွေမှာ ထပ်မံကြုံတွေ့ လာရတဲ့ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများကိုလည်း ထပ်မံဖော်ပြ ပေးသွားပါမယ်။ သင့်အနေနဲ့လည်း ဤစာရင်းမှာ မပါဝင်တဲ့ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းနိုင်ခဲ့တယ် ဆိုရင်လည်း အခြားစာဖတ်သူများထံ အောက်တွင်ဖော်ပြပြီး မျှဝေပေးပါလို့ တိုက်တွန်းလိုပါတယ်။

credit - www.mmconsumerguide.com

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Viber V4.0.1.2 for android(latest version)

                     


 Android ဖုန်း/Tablet တွေအတွက်ဒီဇင်ဘာလ (2) ရက်နေ့



၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် 


ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် 


ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ပြောလို့ရ ၊ Message Free ပို့လို့ရ ၊ 


Group chat ပြောရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ 


အထူးခြားဆုံးကအခု version အသစ်မှာ Video file,Voice message တွေကိုပါ Share လိုရပါပြီ။ 


Viber v 4.0.1.2 for Android အောက်ကလင့်ခ်မှာ download ရယူနိုင်ပါပြီ။


                         Viber V4.0.1.2 for android(latest version)


                      viber ထဲက Sticker ၀ယ်ရတဲ့ ပာာလေးတွေ Hack ရအောင်


( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

viber ထဲက Sticker ၀ယ်ရတဲ့ ပာာလေးတွေ Hack ရအောင်

                   

တစ်ခု သတိပေးချင်တာက စိတ်ရှည်ရမယ်နော် Myanmar နိုင်ငံက အင်တာနက်လိုင်းကြောင့်ပါ viber ထဲက Sticker ၀ယ်ရတဲ့ ပာာလေးတွေ Hack ရအောင်

အင်တာနက်ကောင်းဖိုတော့ လိုမယ်နော်

          မိမိ ဖုန်းမှာ Root ဖောက်ထားရမယ်နော် 

လိုအပ်တဲ့ ဖိုင်လေးတွေ ကို အောက်က လင့်မှာ ဒေါင်းပါ

Download http://adfoc.us/17091135702534

ဒေါင်းပြီးရင်

VPN_Unlimited_v.2.apk

Freedom-0.9.7.apk

နှစ်ခုလုံးကို install လုပ်ပါ

ပြီးရင် VPN_Unlimited_v.2.apk ကိုဖွင့်ပါ


အပေါ်ဆုံးမှာ system started successfully ဆိုတဲ့ စကြောင်းလေးဖြစ်သွားရင် ရပါပြီ

ပြီးရင် Google Play store ကို Clean data လုပ်ပေးပါနော်

ပြီးရင် Google Play store ကိုဖွင့်ပေးပါ Accect ဆိုတာ နှိပ်ပေးပါ

နောက်တစ်ခု စောနက Freedom-0.9.7.apk ကိုဖွင့်ပါ

setting ထဲဝင်   Freedom  reboot ဆိုတာလေး လုပ်ပေးပါ 

အဲ့ထဲက viber ကိုတစ်ချက်နှိပ်ပေးပါ

Grant ဆိုတာ နှိပ်လိုက်ပါ

ခဏလေးစောင့်ပေးပါ viber ပွင့်လာရင် Sticker  market ကိုဝင်ပါနော်

ဝယ်ရမယ်ဆိုတဲ့ ပာာလေးတွေ ကို တစ်ချက်နှိပ်လိုက်ပါ

ခဏစောင့်ပေးပါ

successfully  ဖြစ်သွားရင် နောက်ထက်တစ်ကြိမ် ၀ယ်ရမဲ့  Sticker  ကို တစ်ချက်ထက်နှိပ်ပါ

ကဲ စတင်ပြီးဒေါင်းနေပါပြီ








( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Unordered List

Related Posts Plugin for WordPress, Blogger...