Likes

11/20/2013

Samsung ဖုန်းတွေအတွက် (11.20.2013) ထုတ် SSOT_LGNPACKnFONTkb လေးပါ


 

Samsung ဖုန်းတွေအတွက် (11.20.2013) ထုတ် SSOT_LGNPACKnFONTkb

Samsung ဖုန်းတချို့ကို Language နေရာမှာ Myanmar(Zawgyi) ဆိုပြီးတော့ ပေါ်စေမှာဖြစ်ပါတယ်။
ဒီကောင်လေးကို အသုံးပြုဖို့အတွက်ကျတော့ Root လုပ်ထားဖို့မလိုပါဘူး။ ဒါပေမဲ့ CWM သွင်းထားဖို့တော့လိုအပ်ပါတယ်။ CWM သွင်းပြီး Install Zip From SD Card လုပ်ပြီး Flash လုပ်ရုံပါပဲ။
သူ့ရဲ့ Features လေးတွေက တော့
(၁) System တစ်ခုလုံးကို မြန်မာလိုမြင် နိုင်မှာပါ။
(၂) မြန်မာ ဖောင့်ကို Website တွေမှာ မြင်စေပါမယ်။
(၃) စာရိုက်ဖို့အတွက် Frozen Keyboard ကို အသုံးပြုထားပါတယ်။


Android Version 4.2 နှင့် 4.3 မှာ စမ်းသပ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Devices အကုန်လုံးမှာတော့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
စမ်းသပ်ပြီးသော Devices များကတော့
Galaxy S3 (GT-I9300) Android 4.2.2 & 4.3 [System 98%, Webpage 100% Correct]

Galaxy Note II (GT-N7100) Android 4.2.2 & 4.3
[System 98%, Webpage 100% Correct]

Galaxy S4 (GT-I9500) Android 4.2.2 & 4.3 [System 96%, Webpage 100% Correct]

Root လုပ်စရာမလိုတဲ့ အတွက် တချို့ CWM သွင်းရပြီး SuperSU ကို Flash လုပ်ပြီး Superuser Request မတောင်းလို့ စိတ်ညစ်ရတဲ့ သူတွေ အတွက် အဆင်ပြေစေမှာပါ။
အခြားသော Jellybean အသုံးပြုထားတဲ့ Samsung Devices တွေမှာလဲ အသုံးပြုလို့ရနိုင်ပါတယ်။ System တစ်ခုလုံး မြန်မာလိုပေါ်ဖို့အတွက်က တော့ အာမမခံပါဘူးးး  ( :P )

Download From Dev-Host 
Download SSOT_LGNPACKnFontKB.zip

အသုံးပြုနည်း
အသုံးပြုဖို့ အတွက် ... ဒေါင်းလို့ရလာတဲ့ SSOT_LGNPACKnFontKB.zip လေးကို မိမိရဲ့ ဖုန်း SD Card ထဲထည့်ထားလိုက်ပါ။ (မှတ်ချက်။     ။ Zip ဖိုင်ကို ဖြည်စရာမလိုပါဘူး)
ပြီးရင် ဖုန်းပာာ CWM Recovery သွင်းပြီးသားဖြစ်နေရပါမယ်။
CWM သွင်းပီးသားဖုန်းဆိုရင်တော့ ပုံမှန်အတိုင်းပဲ Recovery Mode ထဲဝင်လိုက်ပါ။
CWM Recovery နဲ့ တက်လာပြီဆိုရင်တော့ Install Zip > Install Zip from Internal SD Card > SSOT_LGNPACKnFontKB.zip ကိုရွေးပြီး Yes ရွေးပေးကာ Flash လိုက်ရုံပါပဲ။
အပေါ်က လမ်းကြောင်းကတော့ Internal Storage ထဲမှာ ထည့်ထားတဲ့သူတွေအတွက်ပါ။
External SD Card ထဲမှာထည့်ထားသူဆိုရင်တော့ Install Zip From External SD Card ကိုရွေးပေးရမယ်နော်။

ဒီမှာတော့ အပေါ်က Devices သုံးခု ရဲ့ CWM Recovery လေးတွေ နဲ့ Odin ကိုတင်ပေးလိုက်ပါတယ်။

!!~Download Odin3 3.04 Here~!!

For Galaxy S3 (GT-I9300) 4.2.2 & 4.3 CWM Recovery
!!! Download Here !!!

For Galaxy Note 2 (GT-N7100) 4.2.2 & 4.3 CWM Recovery
!!! Download Here !!!

For Galaxy S4 (GT-I9500) 4.2.2 & 4.3 CWM Recovery
!!! Download Here !!!

အဆင်ပြေကြပါစေ။

www.sony-samsung.blogspot.com

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

AnTuTu Tester



Tester လေးပါ။ သူများဆီက ဖုန်းပြန်ဝယ်မယ်ဆိုရင် ဒါလေးနဲ့ အရင်စမ်းသပ်ပြီးမှ ၀ယ်စေချင်ပါတယ်။ ဘာတွေ ကောင်းမကောင်း(သို့)
အလုပ် လုပ်မလုပ် စမ်းသပ်နိုင်လဲ ဆိုတော့ ..

LCD Test -
အနီ၊ အပြာ၊ အစိမ်း၊ အမဲ၊ မီးခိုး၊ အဖြူ .. စတဲ့အရောင်တွေ မှန်ပြင်အပြည့် ဖော်ပြပါမယ်။ အရောင်များကို အမှန်တိုင်းမဖော်ပြရင်
(သို့) အကွက်သေးသေးလေးများ(dead pixel) များရှိနေရင် LCD က အရည်သွေး ကျနေပြီလို့ သတ်မှတ်လို့ရပါတယ်။ အားလုံး အိုကေရင်တော့ မှန်ပြင် ဂွတ်တယ်ပေါ့။

Multi Touch Test -
Multi Touch ဆိုသည်မှာ ဖုန်း screen မှာ နေရာအနှံ့ တပြိုင်တည်း အသုံးပြုချင်းကို ဆိုလိုပါတယ်။ စမ်းသပ်ဖို့အတွက် ဖုန်းကို တစ်နေရာမှာ ချထားပြီး လက်(၁၀)ချောင်းစလုံး ထောက်ကြည့်ပြီး ဟိုဟိုဒီဒီ
နေရာရွေ့ကြည့်ပါ။ အ၀ိုင်းလေးတွေ လက်သွားတဲ့နေရာတိုင်း
ရွေ့လျားနေရင် Multi Touch အိုကေပါတယ်။ ဂိမ်းများဆော့တဲ့အခါ Multi Touch အိုကေမှသာ အဆင်ပြေပါမယ်။ ဒါကြောင့် ၀ယ်မယ်ဆို Multi Touch ကလဲ ကောင်းမကောင်း အရေးကြီးပါတယ်။

Battery Test -
Battery Test ကို စမ်းသပ်ဖို့အတွက် အနည်းဆုံး Battery ကို 95% အားသွင်းထားရပါမယ်။ အားသွင်းနေရင်းလဲ စမ်းသပ်လို့မရပါဘူး။
Battery ခံနိုင်ရည်အား ဘယ်လောက် ရှိသေးလဲဆိုတာ စစ်ဆေးပေးပါမယ်။
စမ်းတဲ့အခါ အချိန်တော့ ပေးရပါတယ်။

Information -
ဒါကတော့ ဖုန်းမှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အချက်လက်များကို
ဖော်ပြမှာဖြစ်ပါတယ်။ ဘာတွေပါလဲ၊ ဘယ်လောက် ပမာဏရှိလဲဆိုတာ
အသေးစိတ် ကြည့်နိုင်မှာဖြစ်ပါတယ်။

ဖုန်းစမ်းသပ်ဖို့ code number တွေ သိစရာမလိုတော့ဘူး။ ကြိုက်တဲ့ဖုန်းထဲ ဒီကောင်လေးကို install လုပ်ပြီး အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။
second ပြန်ဝယ်မယ့်သူတွေ ဒါလေးနဲ့ စမ်းပြီးမှ ၀ယ်ကြပါလို့ အကြံပြုလိုက်ရင်း Android 2.1 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။

download -

dropbox - https://www.dropbox.com/s/6hspva3azlrzey6/Mr.AD%20-%20AnTuTu%20Tester.apk

copy - https://copy.com/G3Z9LApGMNwV

ပျော်ရွှင်ပါစေ။

Mr.AD


( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

GoforFile ( မိမိလိုချင်သော software များကို လိုင်စင်ဗားရှင်း အဖြစ် ယူနိုင်ပြီ )



ကျွန်တော် မိတ်ဆွေများကို  GoforFiles လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...ကိုယ်ပိုင် computer ရှိတဲ့သူတိုင်းအတွက် လိုအပ်တဲ့ software လေးဖြစ်ပါတယ် ...ဒီ GoforFiles က  software တွေကို download ယူတဲ့နေရာမှာ ကိုလွယ်ကူပြီး မိမိလိုချင်တဲ့ software ကို ရှာဖို့ အတွက်လည်း လွယ်ကူပါတယ် ... ဒီ software မှာ  pc game,pc game iso , ps 2 game ,ps2 game iso , software ,ps 3 game ,wallpaper , windows iso , sexy girl wallpaper ,စသဖြင့် အများကြီးရှိပါတယ် မိမိ လိုချင်တဲ့ software name ကို Search box မှာ ရေးထည့်ပြီးရှာလိုက်ရင် ရပြီ အောက်ကပုံလေးမှာ ကြည့်ပါ....
အသုံးပြုနည်းကို မရေပေးတော့ပါဘူး အရမ်းကိုလွယ်ကူပါတယ် .....

မိမိလိုချင်တဲ့ software ကို လိုင်စင်ဗားရှင်း အဖြစ် လိုချင်သူများ အကောင်းဆုံး download ယူနိုင်ကြပါစေ.....

Download <<<<  Mediafire  >>>

ref:http://kyawkothein.blogspot.com

မူရင်း link . ..... http://www.goforfiles.com/ 

မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ..........


credit - www.aungsanmks.com


( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

မြန်မာတွေ ရေးသားထားတဲ့ Myanmar iOS App လေးတွေကိုစုစည်ပေးထားတာပါ။


ဒီပို့ စ်လေးကတော့ မြန်မာတွေ ရေးသားထားတဲ့
 

Myanmar iOS App လေးတွေကိုစုစည်ပေးထားတာပါ။




ကောင်းမယ်ထင်တဲ့ App လေးတွေကို ရွေးထုတ်ထားတာပါ။ အကုန်လုံးတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့  App လေးတွ ထပ်တိုးပေးသွားမှာပါ။

1. PayHlwar Journal App

Screen Shot 2013-11-19 at 9.33.26 PM

Price : $0.99 for each
Type : Journal App
Developer : Zawminsoe (Initial)
Notes : မြန်မာစာကီးဘုတ် အဆင်သင့်ပါဝင်ပြီး Notes , Diary များကိုရေးသားဖန်တီးနိုင်ပါတယ်။iCloud Feature ပါဝင်တဲ့အတွက်ကြောင့် မိမိ Notes , Diary များကို iCloud တွင်မှတ်သားထားနိုင်ပါတယ်။
ထို့အပြင် ပေလွှာဖြင့်ရေးသားထားသော မြန်မာစာသားများကို Facebook , Twitter ပေါ်သို့ တိုက်ရိုက် Post တင်နိုင်ပါတယ်။


2. Gita Myanmar Music App

Screen Shot 2013-11-19 at 9.34.13 PM
Price : $0.99 for each
Type : Music
Developer : Zawminsoe (Initial)
Notes : မြန်မာကီးဘုတ်အဆင်သင့်ပါဝင်ပြီး မိမိ၏ Music Library ထဲမှမြန်မာစာဖြင့် အမည်ပေးထားသော သီချင်းများ ကို ဖတ်နိုင် ၊ ရှာဖွေနိုင်ပြီး နားဆင်နိုင်ပါတယ်။ထို့ အပြင် Lyrics များကိုလည်း မြန်မာလိုဖတ်ရှုနိုင်ပါတယ်။


3. Shweyoe Pro Dictionary
Screen Shot 2013-11-19 at 9.34.43 PM
Price : $0.99 for each
Type : Dictionary
Developer : Zawminsoe (Initial)
Notes : မြန်မာကီးဘုတ်အဆင်သင့်ပါဝင်ပြီး ငါးမျိုးသော ဘာသာစကားများဖြစ်သည့် English , Korea , Russia , Thai , Japan စာလုံးများ၏ အဓိပ္ဗါယ်များကို မြန်မာစာဖြင့်လည်း အပြန်အလှန်ရှာဖွေနိုင်ပါတယ်။
ထို့ အပြင် မိမိ၏ စကားလုံးအသစ်များကိုလည်း အသစ်ထည့်သွင်းနိုင်ပါတယ်။ စာလုံးတွေ၏ အဓိပ္ဗါယ်တွေကိုပါ Wikipedia , Wiktionary များတွင်လည်း ရှာဖွေလို့ ရနိုင်ပါတယ်။ဘာသာစကား ငါးမျိုးစလုံး၏ စာလုံး အသံထွက်များကိုလည်း နားထောင်နိုင်ပါတယ်။


4. Shweyoe Free Dictionary
Screen Shot 2013-11-19 at 9.35.07 PM
Price : Free
Type : Dictionary
Developer : Zawminsoe (Initial)
Notes : မြန်မာကီးဘုတ်အဆင်သင့်ပါဝင်ပြီး ငါးမျိုးသော ဘာသာစကားများဖြစ်သည့် English , Korea , Russia , Thai , Japan စာလုံးများ၏ အဓိပ္ဗါယ်များကို မြန်မာစာဖြင့်လည်း အပြန်အလှန်ရှာဖွေနိုင်ပါတယ်။ဘာသာစကား ငါးမျိုးစလုံး၏ စာလုံး အသံထွက်များကိုလည်း နားထောင်နိုင်ပါတယ်။

5. MMSpeaker
Screen Shot 2013-11-19 at 9.35.18 PM

Price : $0.99
Type : Travel & Tour
Developer : Khant Thu Linn
Notes : MMSpeaker App က နိုင်ငံခြားသားတွေအတွက် အထူးသင့်တော်ပါတယ်။ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကို လာလည်တဲ့ နိုင်ငံခြားသားတွေအတွက် မြန်မာလို နှုတ်ဆက်နည်းများ ၊ ကိန်းဂဏန်းများ ၊ နေရာဒေသ အခေါ်အဝေါ်များ ၊ စားသောက်ဆိုင်အသုံးအနှုန်းများ ၊ မုန့် များမှာယူပုံများ.. စသဖြင့်ပေါ့. အားလုံးကို မြန်မာလို ပြန်ဆိုပေးနိုင်ပါတယ်။ ဥပမာ Good Morning ဆိုရင် MMSpeaker က မင်္ဂလာပါ ဆိုပြီး အသံထွက်ပေးပါတယ်။အသံထွက်အနေနဲ့ ယောင်္ကျားနဲ့ မိန်းမ အသံနှစ်မျိုးပါဝင်ပါတယ်။ထို့ အပြင်မိမိကြိုက်တဲ့ English စာလုံးထည့်ပြီး မြန်မာလိုလည်း အသံထွက်အောင် လုပ်ဆောင်ချက်တွေလည်းပါရှိပါတယ်။


6. MMSub Player
Screen Shot 2013-11-19 at 9.35.27 PM
Price : $0.99
Type : Movie Player
Developer : Khant Thu Linn
Notes : MMSub Player ဆိုတာက မြန်မာတွေအတွက် မြန်မာစာ Subtitle များကိုဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားတဲ့ Movie Player တစ်ခုပဲဖြစ်ပါတယ်။သီချင်းများအတွက်လည်း Facebook Page ပေါ်မှာ Subtitle များကို မကြာခဏ Upload တင်ပေးလေ့ရှိပါတယ်။


7. Ornagai 2
Screen Shot 2013-11-19 at 9.36.00 PM
Price : Free
Type : Dictionary
Developer : Htain Lin Shwe (Saturngod)
Notes : မူလ Ornagai ကို Ornagai 2 အနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။အင်္ဂလိပ်-မြန်မာ နှစ်မျိုးကို အပြန်အလှန်ရှာလို့ ရအောင်ပြုလုပ်ပေးထားပါတယ်။ ထို့ အပြင် မည်သည့်နေရာမှမဆို စာလုံးတစ်လုံးလုံးကို Copy ကူးလိုက်တာနဲ့ Notification Bar မှာသူနဲ့ သက်ဆိုင်တဲ့ စာလုံးလေးတွေကို ပြပေးပါတယ်. Ornagai 2 App ထဲမှာလည်း ပြပေးပါတယ်။


8. Sar
Screen Shot 2013-11-19 at 9.36.05 PM
Price : $1.99
Type : Myanmar Writer
Developer : Htain Lin Shwe (Saturngod)
Notes : Sar App ရဲ့ထူးခြားချက်ကတော့ မြန်မာကီးဘုတ် အဆင်သင့်ပါလာရုံမက Bluetooh Hardware Keyboard ဖြင့်လည်း မြန်မာစာများကို Zawgyi Layout ဖြင့်အလွယ်တကူရိုက်နိုင်ပါတယ်။ထို့ ပြင်ထိုရိုက်ထားသော စာများကိုလည်း iCloud ကိုအသုံးပြုပြီး မှတ်သားထားနိုင်ပါတယ်။Air Printer ဖြင့်လည်း Print ထုတ်လို့ ရအောင် လုပ်ဆောင်ပေးထားပါတယ်။Zawgyi ဖြင့်ရိုက်သော်လည်း Unicode သို့အလွယ်တကူပြောင်းလဲလို့ ရအောင် လုပ်ဆောင်ချက်ပါဝင်ပါတယ်။


9. NSMag
mag

Price : Free
Type : Mobile Developer Magazine
Developer : Htain Lin Shwe (Saturngod)
Notes : NSMag ကတော့ iOS ရဲ့ Newstand App တစ်ခုဖြစ်ပါတယ်။ iOS Developer တွေအတွက် သိသင့်သိထိုက်သော အချက်အလက်များကို လစဉ် Magazine အဖြစ်နဲ့ ထုတ်လုပ်ပေးနေခြင်းဖြစ်ပါတယ်။ iOS Developer တွေအတွက် လစဉ် ဖတ်ရှုသင့်တဲ့ Magazine တစ်ခုပဲဖြစ်ပါတယ်။


10. Mogok Browser
Screen Shot 2013-11-19 at 9.36.10 PM
Price : Free and in App Purchsed Price is $1.99
Type : Myanmar Browser
Developer : Thant Thet Khin Zaw
Notes : Mogok Browser ကတော့ မြန်မာလို ဇော်ဂျီ ၊ ယူနီကုတ် ၊ မွန်စာ နှင့် ရှမ်း စာများကို အသင့်ပါ မြန်မာ ကီးဘုတ်ဖြင့် ရေးသားနိုင် ၊ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားတဲ့ မြန်မာ Browser တစ်ခုဖြစ်ပါတယ်။

11. Likebook
Screen Shot 2013-11-19 at 9.36.15 PM
Price : $2.99
Type : Myanmar Facebook
Developer : Thant Thet Khin Zaw
Notes : Likebook ကတော့ မိမိ၏ Facebook ကို မြန်မာလို ဇော်ဂျီ ၊ ယူနီကုတ် ၊ မွန်စာ နှင့် ရှမ်းစာများကို အသင့်ပါ မြန်မာကီးဘုတ် ဖြင့် ရေးသားနိုင် ၊ ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားတဲ့ မြန်မာ Facebook App တစ်ခုဖြစ်ပါတယ်။


12. MyanChat
Screen Shot 2013-11-19 at 9.36.19 PM
Price : $1.99
Type : Gtalk Chatting
Developer : Thant Thet Khin Zaw
Notes : MyanChat ကတော့ မိမိ၏ Gtalk Account ဖြင့် မြန်မာလို ဇော်ဂျီ ၊ ယူနီကုတ် ၊ မွန်စာ နှင့် ရှမ်းစာများကို အသင့်ပါ မြန်မာကီးဘုတ် ဖြင့် ရေးသားနိုင် ၊ ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားတဲ့ မြန်မာ Gtalk App တစ်ခုဖြစ်ပါတယ်။

13. Myanmar Dhamma

 Screen Shot 2013-11-19 at 9.37.18 PM

Price : Free
Type : Dhamma Audio
Developer : Aung Aung Phyo
Notes : မြတ်ဗုဒ္ဓ၏ တရား ဓမ္မများကို Online ပေါ်မှ နားဆင်နိုင်ပါတယ်။

14. iAbidan
Screen Shot 2013-11-19 at 9.37.23 PM
Price : Free
Type : Dictionary
Developer : Sei Thu Htun
Notes : မြန်မာ – အင်္ဂလိပ် စာလုံးများကို စုံလင်စွာထည့်သွင်းထားကာ စုံလင်စွာရှာဖွေနိုင်သော Free ပေးထားသည့် Dictionary ကောင်းတစ်ခုဖြစ်ပါတယ်။


15. iDhamma
Screen Shot 2013-11-19 at 9.37.29 PM
Price : Free
Type : Dhamma Audio
Developer : Pye Phyo Han
Notes : မြတ်ဗုဒ္ဓ၏ တရား ဓမ္မများကို Online ပေါ်မှ နားဆင်နိုင်ပါတယ်။


16. MMNews
Screen Shot 2013-11-19 at 9.38.27 PM
Price : Free
Type : News
Developer : Aung Khaing Phyo
Notes : မြန်မာနိုင်ငံနှင့်သက်ဆိုင်သော သတင်းများသာမက နိုင်ငံခြားသတင်းများကိုပါ ဖတ်ရှုနိုင်သော App ကောင်းတစ်ခုဖြစ်ပါတယ်။


17. Ywat Sote
Screen Shot 2013-11-19 at 9.38.39 PM
Price : Free
Type : Myanmar Calendar
Developer : Nyi Aye
Notes : မြန်မာ့ ရွက်ဆုတ် ပြက္ခဒိန် ဖြစ်ပါတယ်။


18. The Voice Weekly
Screen Shot 2013-11-19 at 9.38.48 PM
Price : Free
Type : News
Developer : Thet Lynn Han
Notes : The Voice ဂျာနယ်မှ သတင်းများကို iOS ပေါ်တွင်ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားခြင်းဖြစ်ပါတယ်။


19. Shwe Property
Screen Shot 2013-11-19 at 9.38.54 PM
Price : Free
Type : LifeStyle
Developer : Kaung Thu Win
Notes : အိမ်ခြံမြေနဲ့ သက်ဆိုင်သော သတင်းများ ၊ အိမ်ခြံမြေရှာဖွေရေး ၊ ကြိုပွိုင့်များ ၊ အကျိုးဆောင်များ ၊ ဓာတ်ပုံများ စသော အိမ်ခြံမြေနှင့်သက်ဆိုင်သော အရာများကို စုံလင်စွာသိရှိနိုင်ပါတယ်။


20. YTalk
Screen Shot 2013-11-19 at 9.38.59 PM
Price : Free
Type : Social Networking
Developer : Aung Tum
Notes : YTalk ကိုအသုံးပြုပြီး ကမ္ဘာတစ်ဝှမ်း YTalk Top-Up Cards ကို ငွေပေးချေပြီး ဖုန်းခေါ်လို့ ရပါတယ်။


21. The Hot News
Screen Shot 2013-11-19 at 9.39.03 PM
Price : Free
Type : News
Developer : Thet Lynn Han
Notes : မြန်မာနိုင်ငံနှင့်သက်ဆိုင်သော သတင်းများသာမက နိုင်ငံခြားသတင်းများကိုပါ ဖတ်ရှုနိုင်သော App ကောင်းတစ်ခုဖြစ်ပါတယ်။


22. Myanmar People Magazine
Screen Shot 2013-11-19 at 9.39.09 PM
Price : Free ဖြစ်သော်လည်း လစဉ် Magazine များကို ဝယ်ယူရမည်။ဈေးနှုန်း တူညီမှုမရှိပါ။
Type : Magazine
Developer : Asia Information Matrix Pte., Ltd
Notes : Myanmar People Magazine များကို မိမိ၏ iOS Devices ထဲမှ လစဉ် ဝယ်ယူဖတ်ရှုနိုင်ပါသည်။


23. KgLay Currency
Screen Shot 2013-11-19 at 9.40.12 PM
Price : Free
Type : Currency
Developer : KgLay Ko Phyo
Notes : မြန်မာ ကျပ်ငွေနှင့် US Dollar , Singapore Dollar , Euro အစရှိသည့် ငွေလဲနှုန်းများကို နေ့ စဉ်သိရှိနိုင်မည်ဖြစ်သည်။


24. Me Note
Screen Shot 2013-11-19 at 9.40.20 PM
Price : Free
Type : Notes
Developer : Htoon Lin
Notes : အသင့်ပါ ကီးဘုတ်ဖြင့် မြန်မာစာ ရိုက်နိုင်မှတ်သားနိုင်ပါတယ်။ထို့ အပြင် Facebook နှင့် Twitter ပေါ်သို့ လည်း မိမိ၏ မြန်မာစာများကို တိုက်ရိုက် တင်နိုင်ပါတယ်။


25. Myanmar Bible
Screen Shot 2013-11-19 at 9.40.24 PM
Price : Free
Type : Books
Developer : Bue Bu
Notes : ခရစ်ယာန် ကျမ်းစာများ (ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း) ကို iOS ပေါ်တွင် အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။


27. MyBLK Myanmar Room Finder
Screen Shot 2013-11-19 at 9.40.33 PM
Price : Free
Type : Room Finder
Developer : Myo Kyaw
Notes : အိမ်ခန်းများကို ရှာဖွေနိုင်သည့် App ဖြစ်ပါတယ်။


28. Learn Myanmar
Screen Shot 2013-11-19 at 9.41.55 PM
Price : Free & Pro version is S$ 9.98
Type : Travel & Tour
Developer : Thu Wai
Notes : မြန်မာစာသားများနှင့် စကားလုံးများကို လေ့လာသင်ယူနိုင်ပါတယ်။ အသံထွက်များကိုလည်း စုံလင်အောင် ထည့်သွင်းပေးထားတဲ့ မြန်မာစာ သင်ပေးနိုင်တဲ့ App ကောင်းတစ်ခုဖြစ်ပါတယ်။


29. Dream of Burma
Screen Shot 2013-11-19 at 9.40.38 PM
Price : Free
Type : Travel & Tour
Developer : Fotonauts Inc
Notes : မြန်မာ့အလှ ၊ မြန်မာ့ ရှုခင်းများကို Photo များ ၊ Wallpaper များ ၊ Slide Show များဖြင့် စုံလင်စွာ ရသမြောက်အောင် ဖော်ပြပေးထားတဲ့ အလွန်ကောင်းမွန်တဲ့ App တစ်ခုပါ။


26.  7Day News Journal
7day
Price : Free ပါ. ဒါပေမဲ့ Journal တွေအတွက်တော့ ဝယ်ဖတ်ရပါတယ်။
Type : News
Developer : Asia Information Matrix Pte., Ltd.
Notes : 7Day ဂျာနယ်မှ သတင်းများကို မိမိ iOS Device များပေါ်တွင် ဖတ်ရှုနိုင်ပါတယ်။


27. We Browse
Screen Shot 2013-11-19 at 9.41.25 PM
Price : Free & Paid Version is $1.99
Type : Browser
Developer : Chan Nyein That
Notes : အသင့်ပါ မြန်မာကီးဘုတ်ဖြင့် မြန်မာစာ ရေးနိုင် ၊ ဖတ်နိုင်သော မြန်မာ Browser တစ်ခုဖြစ်ပါတယ်။


28. 7Online Radio
Screen Shot 2013-11-19 at 9.40.46 PM
Price : Free
Type : Radio
Developer : Aung Thiha Kyaw
Notes : မြန်မာ Online Radio App တစ်ခုဖြစ်ပါတယ်။


29. Offline Map Burma : City Navigator Maps
Screen Shot 2013-11-19 at 9.40.52 PM
Price : $1.99
Type : Maps
Developer : City Navigator Maps Corp
Notes : မြန်မာပြည်မြေပုံနှင့် မြို့ များကို Offline ဖြင့် ကြည့်ရှုနိုင်ပါတယ်။


30. ငတက်ပြား Game 2
Screen Shot 2013-11-19 at 9.41.34 PM
Price : Free
Type : Game
Developer : Rival Edge
Notes : မြန်မာ့ ရာဇဝင် သူခိုးကြီး ငတက်ပြား Game ဖြစ်ပါတယ်။ လေပေါ်တွင် ပျံပြီး Coin တွေကို ရှာဖွေစုဆောင်းရပါတယ်။တစ်ဖက်မှလည်း ဓား၊လှံ၊လေး၊မြှားတွေနဲ့ ပစ်ခွင်းတာကို ရှောင်ပြီး ရနိုင်သလောက် Coin များကို ရှာဖွေစုဆောင်းရမှာဖြစ်ပါတယ်။

credit - Apple4MM

( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )

Unordered List

Related Posts Plugin for WordPress, Blogger...