Likes
9/14/2013
G510-0010,Android 4.1,Emotion_UI,V100R001C17B173 အတွက် Root and CWM
ကျွှန်တော် http://nyanthu.blogspot.com မှ ကူးယူးထားခြင်းဖြစ်ပါသည်
အနော်ကိုယ်တိုင် တိုင်ပါတ်ခဲ့ရတဲ့ အလုံးလေးတွေပေါ့ဗျာ root ပေါက်ပြီး root access 
ကမရတော့တိုင်တွေပါတ်နေခဲ့ရတာ လိုင်းပေါ်မှာကလဲ tool တွေကအများကြီးဆိုတော့ဘယ်ဟာကိုယူ
ရမလဲမသိဖြစ်ခဲ့ရပါတယ် အခုတော့အဲ့တာတွေအကုန်ရှင်းသွားပါပြီ CWM ကော root ကိုပါ 
တစ်ခုထဲနဲ့ရတာလေးပေါ့ root access လဲရတယ်ဗျ စမ်းပြီးပြီအောက်မှာယူပါ 
လုပ်နည်းပါထည့်ပေးထားပါတယ် 
(တီထွင်သူတွေကျန်းမာချမ်းသာကြပါစေဗျာ) . . .
(or)
Credit to မောင်ဇော် (မြိုင်သားလေး)
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )
Software တွေကို Install လုပ်စရာမလိုဘဲ သုံးလို့ ရစေမယ့် Zero Install
Software တွေကို အင်စတောလုပ်စရာမလိုဘဲ အသုံးပြုလို့ ရတဲ့နည်းတွေ ရှိပါတယ်။
အခု နောက်နည်းတစ်ခု က Zero Install ကို အသုံးပြုပြီး သွားလေရာနေရာမှာ 
Zero Install အလုပ်လုပ်ပုံက ပထမဆုံး Softwares တွေ ရဲ့ 
Caches ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပြီးအဲဒီဆော့ဝဲကို 
အင်စတောမလုပ်ဘဲအသုံးပြုနိုင်တာဖြစ်ပါတယ်။
တစ်နည်းပြောရရင် ဆော့ဝဲတွေကို ၀က်ဆိုက်ကနေ တိုက်ရိုက်အသုံးပြုတာဖြစ်ပါတယ်။
Zero Install က Portable Version လည်းရှိပြီးသွားလေရာယူဆာင်သွားပြီး 
ဆော့ဝဲတွေကို အသုံးပြုနိုင်ပါတယ်။ ဆော့ဝဲတွေကို အင်စတောလုပ်စရာမလိုဘဲသုံးနိုင်တဲ့အတွက်
သင့် System ကို သန့် ရှင်းစေပြီး Performance ကိုကောင်းမွန်စေမှာပါ။
Zero Install ကိုအသုံးပြုခြင်း။
Zero Install ကို Run ပြီးရင် Catalog tab မှာ အသုံးပြုနိုင်မယ့် ဆော့ဝဲတွေကို 
 ဆော့ဝဲကို အသုံးပြုလို့ ရပါပြီ။ပထမဆုံးတစ်ခါပဲဒေါင်းလုပ်လုပ်စရာလို ပါတယ်။ + button ကိုနှိပ်ပြီး My 
applications ထဲထည့်နိုင်ပါတယ်။
ashampoo 02
My applications tab မှာထည့်ထားတဲ့ဆော့ဝဲတွေရဲ့Shortcut တွေပြုလုပ်ဖို့  Modify application 
button ကိုနှိပ်ပါ။Start Menu , Desktop မှာ Shortcut တွေ ထည့်ပေးပါလိမ့်မယ်။ Zero Install Cloud 
Server ကိုအသုံးပြုပြီးဆော့ဝဲတွေကို Sync လုပ်နိုင်ပါတယ်။
ashampoo 03
VirtualBox  ,  Sandboxie  တို့ ကို အသုံးပြုပြီးဆော့ဝဲတွေကို 
အင်စတောလုပ်စရာမလို ဘဲအသုံးပြုနိုင်ပါတယ်။
Portable Applications တွေကိုလည်းအသုံးပြုနိုင်ပါတယ်။
Zero Install ကတော့ နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။
Zero Install ရဲ့ အားနည်းချက်ကတော့အသုံးပြုနိုင်တဲ့ဆော့ဝဲတွေ က အကန့် အသတ်ရှိပါတယ်။
Portable App တွေထက်အားသာတဲ့အချက်က ဆော့ဝဲတွေကို Update လုပ်စရာမလိုဘဲ နောက်ဆုံး 
Version ကို အမြဲတမ်းအသုံးပြုနိုင်တာဖြစ်ပြီး Administrator Privileges မလို ဘဲသုံးနိုင်ပါတယ်။
Zero Install ကိုဒေါင်းလုပ်လုပ်ဖို့ နဲ့  အသုံးပြုနိုင်မယ့် ဆော့ဝဲတွေကို
credit - www.yeuthar.blogspot.com 
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )
G610 Series တွေအတွက် Google app သွင်းနည်းပါ
အားလုံးပဲမင်္ဂလာပါ . . .ကျွန်တော်လည်း စာမေးပွဲဖြေနေရလို့ ပို့စ်မတင်တာကြာပါပြီ။ ဒါကြောင့် မအားတဲ့ကြားက ဒီပို့စ်လေးကိုပြန်တင်ပေးလိုက်ပါတယ်။  G610 Series တွေအတွက် Google app သွင်းနည်းပါ။ ဒီကောင်ကအရင်တုန်းကတင်ထားပါတယ် ဒါပေမယ့် ခုပြန်တင်ပေးလိုက်ပါတယ် လင့်သေတယ်လို့ပြောလို့ပါ။ အရင်တုန်းက တင်ပေးထားတာ ကိုဖြိုးချမ်း(MMSD)ရဲ့ Myandroid 1.3 ပါ။ ခုလည်းဒီကောင်ကို လင့်အသစ်နဲ့တင်ပေးထားပါတယ်။ ခုနောက်ထွက်တဲ့ Myandroid1.4 က G610 ကို Google app သွင်းရင် Error ရှိနေတဲ့အတွက် မသိသေးသူများအဆင်ပြေအောင် ကျွန်တော်စမ်းကြည့်သလောက်အဆင်ပြေတဲ့ Myandroid 1.3 ကိုပဲပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ. . . အဆင်ပြေပြီးသားသူများကတော့ ကျော်သွားလိုက်ပါ။
Password : mmsd
Root မလုပ်ရသေးတဲ့သူများအတွက် V-root English Version 1.6 ကိုဒေါင်းပါ။ ပြီးရင်တော့ ထုံးစံအတိုင်း USB Unknown Source နဲ့ USB Debuggint ကို On ထားပါ။ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး V-root ကိုဖွင့်ပြီး Root ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် Root ရပါပြီ။
အဲဒီမှာပြောချင်တာက Super user Grant permission  တောင်းလို့ရှိရင် ညာဘက်ကဟာကို နှိပ်ပေးပါ။ ကဲဒါဆို root တာပြီးပြီနော် . . . Google app ထည့်ကြမယ် V-root ကိုပိတ်လိုက်လို့ရပါပြီ . . .
ထုံစံအတိုင်းUSB Unknown Source နဲ့ USB Debuggint ကို On ထားပါ . . . ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
Myandroid1.3.exe ကိုဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာမယ်
အဲဒီမှာ အနီရောင်ကွင်းထားတဲ့ G-talkသွင်းရန်ဆိုတာကို နှိပ်လိုက်ပါ။ အောက်ကအတိုင်းထပ်ပေါ်လာပါမယ်
အဲဒီမှာ Version အလိုက်သေချာရွေးပေးပါ။ ခုတော့ Jelly Bean ဖြစ်နေလို့ အနီရောင်ဝိုင်းထားတာကို ရွေးလိုက်ပါတယ်။ ပြီးရင်တော့ Start ဆိုတာကိုနှိပ်လိုက်ပါ။ ခဏစောင့်နေလိုက်ပါ . . . ခဏကြာရင်  Google app များသွင်းပါပြီဆိုပြီး ပုံလေးနဲ့တက်လာပါလိမ့်မယ်။ ဖုန်းလည်း Restart ကျသွားပါမယ် ပြန်တက်လာရင်တော့ ကြည့်လိုက်ပါ။ Google app ကို အောင်မြင်စွာထည့်ပြီးသွားပါပြီ သုံးရတာလည်း အဆင်ပြေပါတယ်။ ဘာကြောင့်ဒီပို့စ်ကိုပြန်တင်သလဲဆိုရင် ကျွန်တော် myandroid 1.4 နဲ့စမ်းတာ G-talk မှာ Error ရှိနေလို့ပါ။ သူငယ်ချင်းများလည်း အဆင်ပြေအောင်  ပြန်တင်ပေးခြင်းဖြစ်ပါတယ်။
credit - ကိုဖြိုးချမ်း(MMSD)
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )
Unordered List
Related Posts Plugin for WordPress, Blogger...